< ဟေရှာယ 59 >
1 ၁ ထာဝရဘုရားသည်သင်တို့အားမကယ်နိုင် လောက်အောင်အားအင်ချည့်နဲ့တော်မူသည် မဟုတ်။ ကူမတော်မူပါဟုသင်တို့ဟစ်အော် တောင်းလျှောက်သံကိုမကြားနိုင်လောက်အောင် နားမလေး။-
Nana, kihai i mutua te ringa o Ihowa, te tau ai te whakaora; kihai ano i taimaha tona taringa, te rongo ai ia.
2 ၂ ကိုယ်တော်ကြားတော်မမူခြင်းမှာသင်တို့ အပြစ်များကြောင့်ဖြစ်သည်။ သင်တို့အား ကိုယ်တော်နှင့်ကင်းကွာစေသည့်အရာမှာ လည်းသင်တို့အပြစ်များပင်ဖြစ်၏။-
Engari na o koutou he i wehe koutou ko to koutou Atua, na o koutou hara ano i huna ai tona mata ki a koutou, te whakarongo ai ia.
3 ၃ သင်တို့သည်လိမ်လည်ကောက်ကျစ်စွာပြော ဆိုမှု၊ သင်တို့၏လက်များနှင့်လက်ချောင်း များသည် သွေးများပေကျံမှု၊ လူသတ်မှု တို့အတွက်အပြစ်ရှိကြ၏။
Kua poke hoki o koutou ringa i te toto, o koutou maihao i te he; ko o koutou ngutu kua korero teka, ko o koutou arero kei te whakapuaki i te whanoke.
4 ၄ သင်တို့သည်တရားရုံးတော်သို့သွားသော် လည်း တရားမျှတမှုမရှိ၊ တရားသည့် ဘက်၌မနေကြ။ မိမိတို့အမှုနိုင်ရန် အတွက်မုသားစကားပြောဆိုလျက် အကြောင်းမဲ့ငြင်းခုံတတ်ကြ၏။
Kahore he karanga ki te tika, kahore he tohe ki te pono; ko te horihori to ratou okiokinga, e korero teka ana ratou; ko to ratou hapu he nanakia, whanau ake te kino.
5 ၅ သင်တို့၏ဆိုးရွားသောအကြံစည်များသည် မြွေဆိုးဥများကဲ့သို့ပေါက်ပွားစေ၏။ တစ် ခုကိုဖျက်ဆီးလိုက်လျှင် မြွေဆိုးတစ်ကောင် ပေါက်လာတတ်ပါသည်တကား။ သင်တို့၏ အကြံအစည်များသည်သင်တို့ကိုအကျိုး ပေးလိမ့်မည်မဟုတ်။-
E paoa ana e ratou nga hua o te neke, e hanga ana e ratou te whare pungawerewere: ko te tangata e kai ana i a ratou hua ka mate, a ki te kopengia tetahi, ka puta he waipera.
6 ၆ ယင်းတို့သည်ပင့်ကူမြှေးဖြင့်ယက်လုပ်သော အထည်ကဲ့သို့ အချည်းနှီးသာလျှင်ဖြစ်ကြ ၏။ မိမိတို့ယက်လုပ်သောအရာသည် လုံခြုံ မှုကိုမပေးနိုင်၊ ဆိုးညစ်၍အကြမ်းဖက် သောအမှုတို့ပြုလုပ်ကြ၏။-
E kore o ratou whare pungawerewere e tau hei kakahu, e kore ano ratou e whai hipoki i a ratou mahi: ko a ratou mahi he mahi na te kino, he mahi nanakia kei o ratou ringa.
7 ၇ သင်တို့သည်မကောင်းမှုတစ်ခုခုကိုထာဝ စဉ်ကြံစည်လျက် အပြစ်ကိုမဆိုင်းမတွ ပြုကျင့်တတ်ကြ၏။ အပြစ်မရှိသောသူ ကိုသတ်ရန်ပင်လျှင်လက်မနှေးကြ။ သင် တို့ရောက်လေရာအရပ်တိုင်း၌ဆုံးပါး ပျက်စီးမှုသာလျှင်ကျန်ရှိခဲ့တတ်၏။-
E rere ana o ratou waewae i te kino, hohoro tonu hoki ratou ki te whakaheke i te toto harakore: ko o ratou whakaaro he whakaaro ki te kino, he whakamoti, he wawahi kei o ratou ara.
8 ၈ သင်တို့ရောက်ရှိနေချိန်၌လည်းအဘယ်သူ မျှအသက်စည်းစိမ်လုံခြုံမှုမရှိ။ သင်တို့ ပြုသောအမှုမှန်သမျှသည်မတရား သောအမှုများဖြစ်၏။ သင်တို့သည်လမ်း ကောက်ကိုလိုက်တတ်ကြ၏။ ထိုလမ်းကို လိုက်သောသူတိုင်းအဘယ်အခါ၌မျှ ဘေးမဲ့လုံခြုံမှုရှိလိမ့်မည်မဟုတ်။
Kahore o ratou matauranga ki te ara o te rangimarie, kahore hoki he whakawa i o ratou ara; ko o ratou huarahi, whakakopikopikoa ake e ratou: ko te hunga katoa e haere ana na reira, e kore e mohio ki te rangimarie.
9 ၉ လူတို့က``ဘုရားသခင်သည်ငါတို့အား မတရားပြုသူတို့လက်မှအဘယ်ကြောင့် ကယ်တော်မမူကြောင်းကိုလည်းငါတို့သိ ရပြီ။ ငါတို့သည်မိမိလျှောက်သွားရန်လမ်း ခရီးအတွက် အလင်းရောင်ကိုမျှော်လင့်တောင့် တကြသော်လည်းမှောင်မိုက်အရိပ်ကိုသာ လျှင်ရရှိကြ၏။-
Na reira matara noa atu te whakawa i a tatou, te mau tatou i te tika: e taria atu ana e tatou te marama, na ko te pouri; te tiaho, na kei te haere nei tatou i te pouri.
10 ၁၀ ငါတို့သည်မျက်မမြင်များကဲ့သို့လက်နှင့် စမ်း၍သွားလာရကြ၏။ မွန်းတည့်ချိန်၌ပင် ငါတို့သည်ညဥ့်အခါမှာကဲ့သို့ သန်စွမ်းသူ တို့၏အလယ်၌ မှောင်မိုက်ရာမရဏာနိုင်ငံ သို့ရောက်ရှိနေဘိသကဲ့သို့ခြေချော်၍ လဲကျကြ၏။-
E whawha ana tatou ki te taiepa ano he matapo, ae ra, me te mea ko te hunga kahore he kanohi: e tutuki ana o tatou waewae i te poutumarotanga me te mea i te ahiahi; he rite tatou ki te tupapaku i roto i nga tangata pakari.
11 ၁၁ ငါတို့သည်ကြောက်လန့်တုန်လှုပ်လျက်စိတ် သောကရောက်ရကြ၏။ မိမိတို့ကိုမတရား ပြုသူများလက်မှကယ်တော်မူရန် ဘုရားသခင်အားတမ်းတကြပါသော်လည်း အလွန် ဝေးကွာနေလျက်အချည်းနှီးပင်ဖြစ်ပါ၏။
Kei te ngengere tatou katoa ano he pea; ko to tatou rite kei te kukupa e tumutumu tonu ana. E tatari ana tatou ki te whakawa, heoi kua kahore; ki te whakaora, otiia kei tawhiti atu i a tatou.
12 ၁၂ ``အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားကျွန် တော်မျိုးတို့ပြစ်မှားသည့်အပြစ်များသည် များလှပါ၏။ ထိုအပြစ်များကကျွန်တော် မျိုးတို့အားစွဲချက်တင်သည်ဖြစ်၍ကျွန်တော် မျိုးတို့သည်မိမိတို့၏အပြစ်များကိုကောင်း စွာသိရကြပါ၏။-
Kua nui hoki o matou poka ke i tou aroaro, e whakaatu ana hoki o matou hara i to matou he; kei a matou nei hoki o matou poka ke, a ko o matou kino, e mohiotia ana era e matou;
13 ၁၃ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ကိုပုန်ကန် ကြပါ၏။ ကိုယ်တော်ရှင်ကိုပစ်ပယ်ကာနောက် တော်သို့လိုက်ရန်ငြင်းဆန်ခဲ့ကြပါ၏။ ကျွန် တော်မျိုးတို့သည်သူတစ်ပါးတို့အားနှိပ်စက် ညှင်းဆဲ၍ကိုယ်တော်ရှင်ကိုလည်းပုန်ကန်ကြ ပါပြီ။ ကျွန်တော်မျိုးတို့၏အကြံအစည် များသည်မူမမှန်ပါ။ ကျွန်တော်မျိုးတို့၏ စကားများသည်လည်းမုသားဖြစ်ပါ၏။-
He poka ke, he whakakahore ki a Ihowa, he peka atu i te whai i to matou Atua, he whanoke nga korero, he whakakeke; kua hapu, kua puaki i te ngakau he kupu teka.
14 ၁၄ တရားမျှတမှုသည်အဝေးသို့အနှင်ခံရ လျက် အမှန်တရားသည်လည်းအနီးသို့မချဉ်း ကပ်နိုင်ပါ။ တရားစီရင်ရာဌာနများ၌အမှန် တရားမရှိ၊ သစ္စာတရားသည်ရပ်တည်၍မ နေနိုင်။-
Kua tahuri atu nei ki muri te whakawa, ko te tika tu mai ana i tawhiti; kua hinga hoki te pono i te waharoa, a kahore he tomokanga mo te tika.
15 ၁၅ ထိုအရပ်တွင်ရိုးသားဖြောင့်မှန်သူနည်းပါး လှသည်ဖြစ်၍ မကောင်းမှုကိုရှောင်ကြဉ်သူ သည်သူရူးဟုပင်အထင်ခံရတတ်ပါ၏။'' ဤအဖြစ်သနစ်ကိုမြင်တော်မူသဖြင့် ထာဝရဘုရားသည်တရားမျှတခြင်း ကင်းမဲ့မှုကိုနှစ်သက်တော်မမူ။-
Ae ra, kua kore te pono; a ko te tangata e whakarere ana i te kino ka waiho hei taonga parau. Na ka kite a Ihowa, ka kino ki tana titiro, no te mea kahore he whakawa.
16 ၁၆ အနှိပ်အစက်ခံရသူတို့အားကယ်မမည့်သူ မရှိသည်ကိုလည်းမြင်တော်မူ၍အံ့သြတော် မူ၏။ သို့ဖြစ်၍ကိုယ်တော်သည်သူတို့အားလက် တော်ဖြင့်ကယ်တော်မူ၍ ကိုယ်တော်ရှင်၏ဖြောင့် မတ်တော်မူခြင်းအားဖြင့်အောင်ပွဲခံတော်မူ လိမ့်မည်။-
Na titiro rawa mai ia, kahore he tangata, miharo ana ia no te mea kahore he kaiwawao; na, kei tona ringa he whakaora mona; ko tona tika, na tera ia i tautoko ake.
17 ၁၇ ကိုယ်တော်သည်တရားမျှတမှုတည်းဟူသော သံချပ်အင်္ကျီကိုဝတ်ဆင်လျက် ကယ်တင်တော်မူ ခြင်းတည်းဟူသောသံခမောက်လုံးကိုဆောင်း တော်မူလိမ့်မည်။ ပြင်းပြသောမေတ္တာတော်တည်း ဟူသောဝတ်လုံကိုလည်းကောင်း လူတို့ခံကြ သည့်မတရားမှုများအတွက်လက်စားချေ တော်မူခြင်းတည်းဟူသောအဝတ်ကိုလည်း ကောင်း ဝတ်ဆင်တော်မူလိမ့်မည်။-
I kakahuria hoki e ia te tika hei pukupuku, ko te whakaora hei potae ki tona mahunga; kakahuria ana e ia nga kakahu o te rapu utu hei kakahu, ropia mai ana te hae hei koroka.
18 ၁၈ မိမိတို့အပြစ်အလျောက်ဒဏ်ခတ်တော်မူ လိမ့်မည်။ ကိုယ်တော်ရှင်၏ရန်သူများသည် အမျက်တော်ကိုခံရ၍ အကျိုးအပြစ်ကို ပေးဆပ်ရမည်။ ရပ်ဝေးတွင်နေထိုင်လျက်ရှိ ကြသူများပင်လျှင် ထိုအပြစ်ဒဏ်နှင့် ကင်းလွတ်ကြလိမ့်မည်မဟုတ်။-
Ko tana utu ka rite ki a ratou mahi, he riri ki ona hoa whawhai, he utu ki ona hoariri; ki nga motu hoki ka homai e ia he utu.
19 ၁၉ အရှေ့မျက်နှာမှသည်အနောက်မျက်နှာသို့ တိုင်အောင် လူအပေါင်းတို့သည်ကိုယ်တော်၏ နာမတော်နှင့်ဘုန်းတန်ခိုးတော်တို့ကိုကြောက် ရွံ့လေးစားကြလိမ့်မည်။ ကိုယ်တော်သည်အရှိန် ပြင်းသည့်ချောင်းရေကဲ့သို့လည်းကောင်း၊ အဟုန် ကြီးသည့်လေကဲ့သို့လည်းကောင်းကြွလာ တော်မူလိမ့်မည်။
Na ka wehingia te ingoa o Ihowa i te uru, tona kororia i te rawhiti. Ka haere mai hoki ia ano he awa e taheke ana, e aia ana e te manawa o Ihowa.
20 ၂၀ ထာဝရဘုရားကမိမိ၏လူမျိုးတော် အား``ငါသည်အပြစ်များမှနောင်တရသူ ဣသရေလအမျိုးသားအပေါင်းတို့အား ကယ်တင်ရန်ဇိအုန်မြို့သို့ကြွလာတော်မူ မည်။-
A ka haere mai te kaihoko ki Hiona, ki te hunga o Hakopa e tahuri atu ana i te poka ke, e ai ta Ihowa.
21 ၂၁ သင်တို့နှင့်ပဋိညာဉ်ပြုမည်။ ငါသည်သင်တို့ အားငါ၏ဝိညာဉ်တော်နှင့်သြဝါဒများကို ပေးအပ်ခဲ့လေပြီ။ ယင်းတို့ကိုယခုမှစ၍ သင်တို့နှင့်သင်တို့၏သားမြေးများသည် ကာလအစဉ်အဆက်လိုက်နာစောင့်ထိန်း ရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Ko ahau nei, ko taku kawenata tenei ki a ratou, e ai ta Ihowa: Ko toku wairua i a koe na, me aku kupu i hoatu e ahau ki tou mangai, e kore e neke atu i tou mangai, i te mangai o ou uri, i te mangai ano o nga uri o ou uri, e ai ta Ihowa, aianei a ake tonu atu.