< ဟေရှာယ 59 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​မ​ကယ်​နိုင် လောက်​အောင်​အား​အင်​ချည့်​နဲ့​တော်​မူ​သည် မ​ဟုတ်။ ကူ​မ​တော်​မူ​ပါ​ဟု​သင်​တို့​ဟစ်​အော် တောင်း​လျှောက်​သံ​ကို​မ​ကြား​နိုင်​လောက်​အောင် နား​မ​လေး။-
הֵ֛ן לֹֽא־קָצְרָ֥ה יַד־יְהוָ֖ה מֵֽהֹושִׁ֑יעַ וְלֹא־כָבְדָ֥ה אָזְנֹ֖ו מִשְּׁמֹֽועַ׃
2 ကိုယ်​တော်​ကြား​တော်​မ​မူ​ခြင်း​မှာ​သင်​တို့ အ​ပြစ်​များ​ကြောင့်​ဖြစ်​သည်။ သင်​တို့​အား ကိုယ်​တော်​နှင့်​ကင်း​ကွာ​စေ​သည့်​အ​ရာ​မှာ လည်း​သင်​တို့​အ​ပြစ်​များ​ပင်​ဖြစ်​၏။-
כִּ֤י אִם־עֲוֹנֹֽתֵיכֶם֙ הָי֣וּ מַבְדִּלִ֔ים בֵּינֵכֶ֕ם לְבֵ֖ין אֱלֹֽהֵיכֶ֑ם וְחַטֹּֽאותֵיכֶ֗ם הִסְתִּ֧ירוּ פָנִ֛ים מִכֶּ֖ם מִשְּׁמֹֽועַ׃
3 သင်​တို့​သည်​လိမ်​လည်​ကောက်​ကျစ်​စွာ​ပြော ဆို​မှု၊ သင်​တို့​၏​လက်​များ​နှင့်​လက်​ချောင်း များ​သည် သွေး​များ​ပေ​ကျံ​မှု၊ လူ​သတ်​မှု တို့​အ​တွက်​အ​ပြစ်​ရှိ​ကြ​၏။
כִּ֤י כַפֵּיכֶם֙ נְגֹאֲל֣וּ בַדָּ֔ם וְאֶצְבְּעֹותֵיכֶ֖ם בֶּֽעָוֹ֑ן שִׂפְתֹֽותֵיכֶם֙ דִּבְּרוּ־שֶׁ֔קֶר לְשֹׁונְכֶ֖ם עַוְלָ֥ה תֶהְגֶּֽה׃
4 သင်​တို့​သည်​တ​ရား​ရုံး​တော်​သို့​သွား​သော် လည်း တ​ရား​မျှ​တ​မှု​မ​ရှိ၊ တ​ရား​သည့် ဘက်​၌​မ​နေ​ကြ။ မိ​မိ​တို့​အ​မှု​နိုင်​ရန် အ​တွက်​မု​သား​စ​ကား​ပြော​ဆို​လျက် အ​ကြောင်း​မဲ့​ငြင်း​ခုံ​တတ်​ကြ​၏။
אֵין־קֹרֵ֣א בְצֶ֔דֶק וְאֵ֥ין נִשְׁפָּ֖ט בֶּאֱמוּנָ֑ה בָּטֹ֤וחַ עַל־תֹּ֙הוּ֙ וְדַבֶּר־שָׁ֔וְא הָרֹ֥ו עָמָ֖ל וְהֹולֵ֥יד אָֽוֶן׃
5 သင်​တို့​၏​ဆိုး​ရွား​သော​အ​ကြံ​စည်​များ​သည် မြွေ​ဆိုး​ဥ​များ​ကဲ့​သို့​ပေါက်​ပွား​စေ​၏။ တစ် ခု​ကို​ဖျက်​ဆီး​လိုက်​လျှင် မြွေ​ဆိုး​တစ်​ကောင် ပေါက်​လာ​တတ်​ပါ​သည်​တ​ကား။ သင်​တို့​၏ အ​ကြံ​အ​စည်​များ​သည်​သင်​တို့​ကို​အ​ကျိုး ပေး​လိမ့်​မည်​မ​ဟုတ်။-
בֵּיצֵ֤י צִפְעֹונִי֙ בִּקֵּ֔עוּ וְקוּרֵ֥י עַכָּבִ֖ישׁ יֶאֱרֹ֑גוּ הָאֹכֵ֤ל מִבֵּֽיצֵיהֶם֙ יָמ֔וּת וְהַזּוּרֶ֖ה תִּבָּקַ֥ע אֶפְעֶֽה׃
6 ယင်း​တို့​သည်​ပင့်​ကူ​မြှေး​ဖြင့်​ယက်​လုပ်​သော အ​ထည်​ကဲ့​သို့ အ​ချည်း​နှီး​သာ​လျှင်​ဖြစ်​ကြ ၏။ မိ​မိ​တို့​ယက်​လုပ်​သော​အ​ရာ​သည် လုံ​ခြုံ မှု​ကို​မ​ပေး​နိုင်၊ ဆိုး​ညစ်​၍​အ​ကြမ်း​ဖက် သော​အ​မှု​တို့​ပြု​လုပ်​ကြ​၏။-
קֽוּרֵיהֶם֙ לֹא־יִהְי֣וּ לְבֶ֔גֶד וְלֹ֥א יִתְכַּסּ֖וּ בְּמַֽעֲשֵׂיהֶ֑ם מַֽעֲשֵׂיהֶם֙ מַֽעֲשֵׂי־אָ֔וֶן וּפֹ֥עַל חָמָ֖ס בְּכַפֵּיהֶֽם׃
7 သင်​တို့​သည်​မ​ကောင်း​မှု​တစ်​ခု​ခု​ကို​ထာ​ဝ စဉ်​ကြံ​စည်​လျက် အ​ပြစ်​ကို​မ​ဆိုင်း​မ​တွ ပြု​ကျင့်​တတ်​ကြ​၏။ အ​ပြစ်​မ​ရှိ​သော​သူ ကို​သတ်​ရန်​ပင်​လျှင်​လက်​မ​နှေး​ကြ။ သင် တို့​ရောက်​လေ​ရာ​အ​ရပ်​တိုင်း​၌​ဆုံး​ပါး ပျက်​စီး​မှု​သာ​လျှင်​ကျန်​ရှိ​ခဲ့​တတ်​၏။-
רַגְלֵיהֶם֙ לָרַ֣ע יָרֻ֔צוּ וִֽימַהֲר֔וּ לִשְׁפֹּ֖ךְ דָּ֣ם נָקִ֑י מַחְשְׁבֹֽותֵיהֶם֙ מַחְשְׁבֹ֣ות אָ֔וֶן שֹׁ֥ד וָשֶׁ֖בֶר בִּמְסִלֹּותָֽם׃
8 သင်​တို့​ရောက်​ရှိ​နေ​ချိန်​၌​လည်း​အ​ဘယ်​သူ မျှ​အ​သက်​စည်း​စိမ်​လုံ​ခြုံ​မှု​မ​ရှိ။ သင်​တို့ ပြု​သော​အ​မှု​မှန်​သ​မျှ​သည်​မ​တ​ရား သော​အ​မှု​များ​ဖြစ်​၏။ သင်​တို့​သည်​လမ်း ကောက်​ကို​လိုက်​တတ်​ကြ​၏။ ထို​လမ်း​ကို လိုက်​သော​သူ​တိုင်း​အ​ဘယ်​အ​ခါ​၌​မျှ ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လိမ့်​မည်​မ​ဟုတ်။
דֶּ֤רֶךְ שָׁלֹום֙ לֹ֣א יָדָ֔עוּ וְאֵ֥ין מִשְׁפָּ֖ט בְּמַעְגְּלֹותָ֑ם נְתִיבֹֽותֵיהֶם֙ עִקְּשׁ֣וּ לָהֶ֔ם כֹּ֚ל דֹּרֵ֣ךְ בָּ֔הּ לֹ֥א יָדַ֖ע שָׁלֹֽום׃
9 လူ​တို့​က``ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား မ​တ​ရား​ပြု​သူ​တို့​လက်​မှ​အ​ဘယ်​ကြောင့် ကယ်​တော်​မ​မူ​ကြောင်း​ကို​လည်း​ငါ​တို့​သိ ရ​ပြီ။ ငါ​တို့​သည်​မိ​မိ​လျှောက်​သွား​ရန်​လမ်း ခ​ရီး​အ​တွက် အ​လင်း​ရောင်​ကို​မျှော်​လင့်​တောင့် တ​ကြ​သော်​လည်း​မှောင်​မိုက်​အ​ရိပ်​ကို​သာ လျှင်​ရ​ရှိ​ကြ​၏။-
עַל־כֵּ֗ן רָחַ֤ק מִשְׁפָּט֙ מִמֶּ֔נּוּ וְלֹ֥א תַשִּׂיגֵ֖נוּ צְדָקָ֑ה נְקַוֶּ֤ה לָאֹור֙ וְהִנֵּה־חֹ֔שֶׁךְ לִנְגֹהֹ֖ות בָּאֲפֵלֹ֥ות נְהַלֵּֽךְ׃
10 ၁၀ ငါ​တို့​သည်​မျက်​မ​မြင်​များ​ကဲ့​သို့​လက်​နှင့် စမ်း​၍​သွား​လာ​ရ​ကြ​၏။ မွန်း​တည့်​ချိန်​၌​ပင် ငါ​တို့​သည်​ညဥ့်​အ​ခါ​မှာ​ကဲ့​သို့ သန်​စွမ်း​သူ တို့​၏​အ​လယ်​၌ မှောင်​မိုက်​ရာ​မ​ရ​ဏာ​နိုင်​ငံ သို့​ရောက်​ရှိ​နေ​ဘိ​သ​ကဲ့​သို့​ခြေ​ချော်​၍ လဲ​ကျ​ကြ​၏။-
נְגַֽשְׁשָׁ֤ה כַֽעִוְרִים֙ קִ֔יר וּכְאֵ֥ין עֵינַ֖יִם נְגַשֵּׁ֑שָׁה כָּשַׁ֤לְנוּ בַֽצָּהֳרַ֙יִם֙ כַּנֶּ֔שֶׁף בָּאַשְׁמַנִּ֖ים כַּמֵּתִֽים׃
11 ၁၁ ငါ​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​လျက်​စိတ် သော​က​ရောက်​ရ​ကြ​၏။ မိ​မိ​တို့​ကို​မ​တ​ရား ပြု​သူ​များ​လက်​မှ​ကယ်​တော်​မူ​ရန် ဘု​ရား​သ​ခင်​အား​တမ်း​တ​ကြ​ပါ​သော်​လည်း အ​လွန် ဝေး​ကွာ​နေ​လျက်​အ​ချည်း​နှီး​ပင်​ဖြစ်​ပါ​၏။
נֶהֱמֶ֤ה כַדֻּבִּים֙ כֻּלָּ֔נוּ וְכַיֹּונִ֖ים הָגֹ֣ה נֶהְגֶּ֑ה נְקַוֶּ֤ה לַמִּשְׁפָּט֙ וָאַ֔יִן לִֽישׁוּעָ֖ה רָחֲקָ֥ה מִמֶּֽנּוּ׃
12 ၁၂ ``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ကျွန် တော်​မျိုး​တို့​ပြစ်​မှား​သည့်​အ​ပြစ်​များ​သည် များ​လှ​ပါ​၏။ ထို​အ​ပြစ်​များ​က​ကျွန်​တော် မျိုး​တို့​အား​စွဲ​ချက်​တင်​သည်​ဖြစ်​၍​ကျွန်​တော် မျိုး​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ​ကို​ကောင်း စွာ​သိ​ရကြ​ပါ​၏။-
כִּֽי־רַבּ֤וּ פְשָׁעֵ֙ינוּ֙ נֶגְדֶּ֔ךָ וְחַטֹּאותֵ֖ינוּ עָ֣נְתָה בָּ֑נוּ כִּֽי־פְשָׁעֵ֣ינוּ אִתָּ֔נוּ וַעֲוֹנֹתֵ֖ינוּ יְדַֽעֲנֽוּם׃
13 ၁၃ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ကို​ပုန်​ကန် ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ကို​ပစ်​ပယ်​ကာ​နောက် တော်​သို့​လိုက်​ရန်​ငြင်း​ဆန်​ခဲ့​ကြ​ပါ​၏။ ကျွန် တော်​မျိုး​တို့​သည်​သူ​တစ်​ပါး​တို့​အား​နှိပ်​စက် ညှင်း​ဆဲ​၍​ကိုယ်​တော်​ရှင်​ကို​လည်း​ပုန်​ကန်​ကြ ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​၏​အ​ကြံ​အ​စည် များ​သည်​မူ​မ​မှန်​ပါ။ ကျွန်​တော်​မျိုး​တို့​၏ စ​ကား​များ​သည်​လည်း​မု​သား​ဖြစ်​ပါ​၏။-
פָּשֹׁ֤עַ וְכַחֵשׁ֙ בַּֽיהוָ֔ה וְנָסֹ֖וג מֵאַחַ֣ר אֱלֹהֵ֑ינוּ דַּבֶּר־עֹ֣שֶׁק וְסָרָ֔ה הֹרֹ֧ו וְהֹגֹ֛ו מִלֵּ֖ב דִּבְרֵי־שָֽׁקֶר׃
14 ၁၄ တ​ရား​မျှ​တ​မှု​သည်​အ​ဝေး​သို့​အ​နှင်​ခံ​ရ လျက် အ​မှန်​တ​ရား​သည်​လည်း​အ​နီး​သို့​မ​ချဉ်း ကပ်​နိုင်​ပါ။ တ​ရား​စီ​ရင်​ရာ​ဌာ​န​များ​၌​အ​မှန် တ​ရား​မ​ရှိ၊ သစ္စာ​တ​ရား​သည်​ရပ်​တည်​၍​မ နေ​နိုင်။-
וְהֻסַּ֤ג אָחֹור֙ מִשְׁפָּ֔ט וּצְדָקָ֖ה מֵרָחֹ֣וק תַּעֲמֹ֑ד כִּֽי־כָשְׁלָ֤ה בָֽרְחֹוב֙ אֱמֶ֔ת וּנְכֹחָ֖ה לֹא־תוּכַ֥ל לָבֹֽוא׃
15 ၁၅ ထို​အ​ရပ်​တွင်​ရိုး​သား​ဖြောင့်​မှန်​သူ​နည်း​ပါး လှ​သည်​ဖြစ်​၍ မ​ကောင်း​မှု​ကို​ရှောင်​ကြဉ်​သူ သည်​သူ​ရူး​ဟု​ပင်​အ​ထင်​ခံ​ရ​တတ်​ပါ​၏။'' ဤ​အ​ဖြစ်​သ​နစ်​ကို​မြင်​တော်​မူ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား​မျှ​တ​ခြင်း ကင်း​မဲ့​မှု​ကို​နှစ်​သက်​တော်​မ​မူ။-
וַתְּהִ֤י הָֽאֱמֶת֙ נֶעְדֶּ֔רֶת וְסָ֥ר מֵרָ֖ע מִשְׁתֹּולֵ֑ל וַיַּ֧רְא יְהוָ֛ה וַיֵּ֥רַע בְּעֵינָ֖יו כִּֽי־אֵ֥ין מִשְׁפָּֽט׃
16 ၁၆ အ​နှိပ်​အ​စက်​ခံ​ရ​သူ​တို့​အား​ကယ်​မ​မည့်​သူ မ​ရှိ​သည်​ကို​လည်း​မြင်​တော်​မူ​၍​အံ့​သြ​တော် မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား​လက် တော်​ဖြင့်​ကယ်​တော်​မူ​၍ ကိုယ်​တော်​ရှင်​၏​ဖြောင့် မတ်​တော်​မူ​ခြင်း​အား​ဖြင့်​အောင်​ပွဲ​ခံ​တော်​မူ လိမ့်​မည်။-
וַיַּרְא֙ כִּֽי־אֵ֣ין אִ֔ישׁ וַיִּשְׁתֹּומֵ֖ם כִּ֣י אֵ֣ין מַפְגִּ֑יעַ וַתֹּ֤ושַֽׁע לֹו֙ זְרֹעֹ֔ו וְצִדְקָתֹ֖ו הִ֥יא סְמָכָֽתְהוּ׃
17 ၁၇ ကိုယ်​တော်​သည်​တ​ရား​မျှ​တ​မှု​တည်း​ဟူ​သော သံ​ချပ်​အင်္ကျီ​ကို​ဝတ်​ဆင်​လျက် ကယ်​တင်​တော်​မူ ခြင်း​တည်း​ဟူ​သော​သံ​ခ​မောက်​လုံး​ကို​ဆောင်း တော်​မူ​လိမ့်​မည်။ ပြင်း​ပြ​သော​မေတ္တာ​တော်​တည်း ဟူ​သော​ဝတ်​လုံ​ကို​လည်း​ကောင်း လူ​တို့​ခံ​ကြ သည့်​မ​တ​ရား​မှု​များ​အ​တွက်​လက်​စား​ချေ တော်​မူ​ခြင်း​တည်း​ဟူ​သော​အ​ဝတ်​ကို​လည်း ကောင်း ဝတ်​ဆင်​တော်​မူ​လိမ့်​မည်။-
וַיִּלְבַּ֤שׁ צְדָקָה֙ כַּשִּׁרְיָ֔ן וְכֹ֥ובַע יְשׁוּעָ֖ה בְּרֹאשֹׁ֑ו וַיִּלְבַּ֞שׁ בִּגְדֵ֤י נָקָם֙ תִּלְבֹּ֔שֶׁת וַיַּ֥עַט כַּמְעִ֖יל קִנְאָֽה׃
18 ၁၈ မိ​မိ​တို့​အ​ပြစ်​အ​လျောက်​ဒဏ်​ခတ်​တော်​မူ လိမ့်​မည်။ ကိုယ်​တော်​ရှင်​၏​ရန်​သူ​များ​သည် အ​မျက်​တော်​ကို​ခံ​ရ​၍ အ​ကျိုး​အ​ပြစ်​ကို ပေး​ဆပ်​ရ​မည်။ ရပ်​ဝေး​တွင်​နေ​ထိုင်​လျက်​ရှိ ကြ​သူ​များ​ပင်​လျှင် ထို​အ​ပြစ်​ဒဏ်​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်​မ​ဟုတ်။-
כְּעַ֤ל גְּמֻלֹות֙ כְּעַ֣ל יְשַׁלֵּ֔ם חֵמָ֣ה לְצָרָ֔יו גְּמ֖וּל לְאֹֽיְבָ֑יו לָאִיִּ֖ים גְּמ֥וּל יְשַׁלֵּֽם׃
19 ၁၉ အ​ရှေ့​မျက်​နှာ​မှ​သည်​အ​နောက်​မျက်​နှာ​သို့ တိုင်​အောင် လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏ နာ​မ​တော်​နှင့်​ဘုန်း​တန်​ခိုး​တော်​တို့​ကို​ကြောက် ရွံ့​လေး​စား​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​အ​ရှိန် ပြင်း​သည့်​ချောင်း​ရေ​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟုန် ကြီး​သည့်​လေ​ကဲ့​သို့​လည်း​ကောင်း​ကြွ​လာ တော်​မူ​လိမ့်​မည်။
וְיִֽירְא֤וּ מִֽמַּעֲרָב֙ אֶת־שֵׁ֣ם יְהוָ֔ה וּמִמִּזְרַח־שֶׁ֖מֶשׁ אֶת־כְּבֹודֹ֑ו כִּֽי־יָבֹ֤וא כַנָּהָר֙ צָ֔ר ר֥וּחַ יְהוָ֖ה נֹ֥סְסָה בֹֽו׃
20 ၂၀ ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော် အား``ငါ​သည်​အ​ပြစ်​များ​မှ​နောင်​တ​ရ​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ကယ်​တင်​ရန်​ဇိ​အုန်​မြို့​သို့​ကြွ​လာ​တော်​မူ မည်။-
וּבָ֤א לְצִיֹּון֙ גֹּואֵ֔ל וּלְשָׁבֵ֥י פֶ֖שַׁע בְּיַֽעֲקֹ֑ב נְאֻ֖ם יְהוָֽה׃
21 ၂၁ သင်​တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​မည်။ ငါ​သည်​သင်​တို့ အား​ငါ​၏​ဝိ​ညာဉ်​တော်​နှင့်​သြ​ဝါ​ဒ​များ​ကို ပေး​အပ်​ခဲ့​လေ​ပြီ။ ယင်း​တို့​ကို​ယ​ခု​မှ​စ​၍ သင်​တို့​နှင့်​သင်​တို့​၏​သား​မြေး​များ​သည် ကာ​လ​အ​စဉ်​အ​ဆက်​လိုက်​နာ​စောင့်​ထိန်း ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
וַאֲנִ֗י זֹ֣את בְּרִיתִ֤י אֹותָם֙ אָמַ֣ר יְהוָ֔ה רוּחִי֙ אֲשֶׁ֣ר עָלֶ֔יךָ וּדְבָרַ֖י אֲשֶׁר־שַׂ֣מְתִּי בְּפִ֑יךָ לֹֽא־יָמ֡וּשׁוּ מִפִּיךָ֩ וּמִפִּ֨י זַרְעֲךָ֜ וּמִפִּ֨י זֶ֤רַע זַרְעֲךָ֙ אָמַ֣ר יְהוָ֔ה מֵעַתָּ֖ה וְעַד־עֹולָֽם׃ ס

< ဟေရှာယ 59 >