< ဟေရှာယ 58 >
1 ၁ ``ကျယ်နိုင်သမျှကျယ်စွာတံပိုးမှုတ်သကဲ့ သို့အော်ဟစ်၍ ငါ၏လူမျိုးတော်အားသူ တို့၏အပြစ်များကိုဖော်ပြလော့။-
၁အသံ မ လျော့ ဘဲ ကြွေးကြော် လော့။ တံပိုး သံကဲ့သို့ အသံ ကိုလွှင့် ၍ ၊ ယာကုပ် အမျိုးသား ဖြစ်သော ငါ ၏ လူ တို့အား ၊ သူ တို့ဒုစရိုက်အပြစ် ကို ဘော်ပြ လော့။
2 ၂ သူတို့သည်ငါ၏တရားတော်ကိုလိုက်လျှောက် ကျင့်သုံးပါသည်ဟူ၍လည်ကောင်း၊ မှန်ကန်ရာ ကိုပြုကျင့်ပါသည်ဟူ၍လည်းကောင်းပြော ဆိုကာ ငါ့အားနေ့စဉ်ဝတ်ပြုကိုးကွယ်ကြ၏။ ငါ၏သွန်သင်ချက်များကိုသိရှိလိုကြ၏။ သူတို့သည်ငါ့ကိုကိုးကွယ်ဝတ်ပြုလိုကြ လျက် ငါ၏ထံတွင်တရားမျှတသည့်စည်း မျဉ်းဥပဒေသများကိုတောင်းခံကြ၏။
၂သူတို့သည် တရား ကျင့် သောအမျိုး၊ မိမိ ဘုရား သခင်၏ပညတ် တို့ကို မ စွန့် သောအမျိုး ကဲ့သို့ ၊ နေ့ တိုင်း ငါ့ ကိုရှာ ၍ ငါ ၏တရားလမ်း ၌ မွေ့လျော် ကြသည်တကား။ ဖြောင့်မတ် စွာ တရား စီရင်ချက်တို့ကို ငါ့ ထံမှာအစဉ် မေးမြန်း ၍၊ ဘုရား သခင့်ထံသို့ချဉ်းကပ် ရာ၌ မွေ့လျော် ကြသည်တကား။
3 ၃ သူတို့က``အကယ်၍ထာဝရဘုရားသည် ငါတို့ကိုအဘယ်အခါ၌မျှမြင်တော်မ မူလျှင် ငါတို့အဘယ်ကြောင့်အစာရှောင် ကြပါတော့မည်နည်း။ ကိုယ်တော်သည်ငါတို့ နှိမ့်ချသည်ကိုမြင်တော်မမူလျှင် အဘယ် ကြောင့်ငါတို့ဒုက္ခခံကြပါမည်နည်း'' ဟု ဆိုကြ၏။ ထာဝရဘုရားကသူတို့အား``အဖြစ်မှန် မှာသင်တို့သည်အစာရှောင်လျက်နေစဉ်၌ ပင်ကိုယ်ကျိုးရှာလျက် မိမိတို့ငယ်သား များကိုလည်းနှိပ်စက်ညှင်းဆဲကြ၏။-
၃အကျွန်ုပ်တို့သည် အစာ ရှောင်ခြင်း အကျင့်ကို ကျင့်သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့် မြင် တော်မ မူသနည်း။ အကျွန်ုပ် တို့သည် ခြိုးခြံ စွာကျင့် သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့်သိမှတ် တော်မ မူ သနည်းဟုဆိုသော်၊ သင် တို့သည် အစာ ရှောင်သောနေ့ ၌ ကိုယ်တိုင် ပျော်မွေ့ ၍ ၊ ကျွန် တို့ကိုပင်ပန်း စွာ လုပ်စေကြ၏။
4 ၄ သင်တို့အစာရှောင်ခြင်းသည်သင်တို့အား အစဉ်အမြဲအချင်းများစေလျက်ခိုက်ရန် ဒေါသဖြစ်ကာအကြမ်းဖက်စေကြ၏။ ဤ နည်းအားဖြင့်သင်တို့တောင်းလျှောက်ကြသည့် ဆုတောင်းပတ္ထနာများသည် ငါ့ကိုနားညောင်း စေနိုင်လိမ့်မည်ဟုသင်တို့ထင်မှတ်ကြပါ သလော။-
၄သင်တို့သည် ငြင်းခုံ ရန်တွေ့ လျက်၊ အဓမ္မ လက် ဆုပ်နှင့် ထိုး လျက် အစာ ရှောင်ကြ၏။ မြင့် သော အရပ်၌ မိမိ တို့ အသံ ကို ကြား စေခြင်းငှါ ၊ ယခုကာလ အခါ အစာ ရှောင်ကြသည်မ ဟုတ်။
5 ၅ သင်တို့သည်အစာရှောင်လျက်တစ်ရက်တာမျှ မိမိကိုယ်ကိုနှိမ့်ချခြင်းကိုငါနှစ်သက်သည် ဟုထင်မှတ်ကြသလော။ ဒုက္ခခံလျက်မြက်ပင် များသဖွယ်ဦးခေါင်းများကိုကိုင်းညွှတ်၍ မိမိတို့ထိုင်ရန်လျှော်တေအဝတ်နှင့်ပြာ ကိုခင်းတတ်ကြ၏။ ဤအပြုအမူကား အစာရှောင်ခြင်းဟု သင်တို့ခေါ်ဆိုကြသည့် အရာပေလော။ ယင်းသို့သင်တို့ပြုမူသော နေ့ရက်ကို ငါနှစ်သက်မြတ်နိုးတော်မူ သည်ဟုသင်တို့ထင်မှတ်ကြပါသလော။
၅ငါနှစ်သက် သော အစာရှောင် ခြင်းသည် ထို သို့ သော လက္ခဏာရှိ သလော။ လူ သည် တ ရက်တွင် ခြိုးခြံ စွာကျင့် ခြင်း၊ ကိုင်း ပင်ကဲ့သို့ ဦးချ ခြင်း၊ အိပ်ရာဘို့ လျော်တေ နှင့်ပြာ ကို ခင်း ခြင်း၊ လက္ခဏာရှိလျှင်၊ အစာရှောင် ခြင်း ဟူ၍၎င်း ၊ ထာဝရဘုရား နှစ်သက် တော်မူသော နေ့ ရက်ဟူ၍၎င်း မှည့် အပ်သလော။
6 ၆ ``ငါနှစ်သက်မြတ်နိုးသည့်အစာရှောင်ခြင်း မှာနှိပ်စက်ညှင်းဆဲမှုတည်းဟူသောနှောင် ကြိုးကိုဖြတ်၍ မတရားစိုးမိုးမှုကိုဖယ်ရှား ကာအနှိပ်စက်ခံရသူတို့အားကယ်နုတ်ခြင်း၊-
၆ငါနှစ်သက် သောအစာရှောင် ခြင်းဟူမူကား ၊ မတရား သော အချည် အနှောင်ကို ချွတ် ခြင်း၊ လေးသော ဝန် ကိုချ ခြင်း၊ ညှဉ်းဆဲ ခံရသောသူတို့ ကို လွှတ် ခြင်း၊ ထမ်းဘိုး ရှိသမျှ ကို ချိုး ခြင်းမ ဟုတ်လော။
7 ၇ ဆာငတ်မွတ်သိပ်သူတို့ကိုကျွေးမွေးခြင်း၊ နေ စရာမရှိသည့်ဆင်းရဲသားတို့အားနေရာ ထိုင်ခင်းပေးအပ်ခြင်း၊ အဝတ်အစားချို့တဲ့ သူတို့အားပေးကမ်း၍သင်တို့အမျိုးသား များအားကူညီမစရမည့်တာဝန်ကိုမ ရှောင်မလွှဲဘဲနေခြင်းတို့ပင်ဖြစ်ပေသည်။
၇မွတ်သိပ် သောသူကို အစာ ကျွေး ခြင်း၊ နေရာ မရှိ၊ ဆင်းရဲ သောသူတို့ကို ကိုယ်အိမ် သို့ ဆောင် ခြင်း၊ အဝတ် မရှိသော သူကိုမြင် လျှင် ၊ အဝတ် ကိုပေး ခြင်း၊ ကိုယ် အသား ကို မ ရှောင် ဘဲနေခြင်းမ ဟုတ်လော။
8 ၈ ``သင်တို့သည်ဤအတိုင်းပြုကျင့်ကြပါမူ ငါ၏ကျေးဇူးတော်အလင်းသည်တက်သစ်စ နေရောင်ခြည်သဖွယ် သင်တို့အပေါ်သို့သက် ရောက်၍သင်တို့အနာရောဂါများသည်လည်း လျင်မြန်စွာပျောက်ကင်းသွားလိမ့်မည်။ ဖြောင့် မတ်သောအရှင်သည်သင်တို့နှင့်ထာဝစဉ် အတူရှိနေမည်။ အဘက်ဘက်မှနေ၍ငါ ၏ဘုန်းတော်သည် သင်တို့အားကာကွယ် စောင့်ရှောက်မည်။-
၈သို့ပြုလျှင် သင် ၏အလင်း သည် မိုဃ်းသောက် သော အလင်းကဲ့သို့ ပေါ်ထွန်း ၍ ၊ အလျင် အမြန်ကျန်းမာ ခြင်းသို့ ရောက်လိမ့်မည်။ သင် ၏ဖြောင့်မတ် ခြင်း ပါရမီ သည် သင့် ရှေ့ ၌ သွား ၍ ၊ ထာဝရဘုရား ၏ဘုန်း တော် သည် နောက်၌ လုံခြုံ စေလိမ့်မည်။
9 ၉ သင်တို့ဆုတောင်းပတ္ထနာပြုသောအခါ နားညောင်းမည်။ သင်တို့အကူအညီတောင်း သောအခါငါထူးမည်။ ``အကယ်၍သင်တို့သည်နှိပ်စက်ညှင်းဆဲမှု ကိုရပ်စဲ၍မတရားစွပ်စွဲမှုကိုရှောင်ရှား ပြီးဆိုးညစ်သည့်စကားမှန်သမျှကိုဖယ် ရှားကာ၊-
၉သို့ပြုလျှင် ၊ ထာဝရဘုရား သည်၊ သင်ခေါ် သောအခါ ထူး တော်မူလိမ့်မည်။ အော်ဟစ် သောအခါ ၊ ငါ ရှိ သည်ဟု မိန့် တော်မူလိမ့်မည်။ သင်သည် သင် ၏အထဲ က ထမ်းဘိုး ကို၎င်း၊ လက်ညှိုး ထိုး ခြင်းကို၎င်း၊ ကဲ့ရဲ့ သော စကားကို၎င်းပယ်ရှား ၍၊
10 ၁၀ ဆာငတ်မွတ်သိပ်သူတို့အားအစားအစာ ကျွေးမွေးလျက် ချို့တဲ့သူတို့၏လိုအင်ဆန္ဒ ကိုဖြည့်ကြမည်ဆိုပါမူ သင်၏အလင်းသည် သင်၏ပတ်ဝန်းကျင်ရှိမှောင်မိုက်ကိုလင်းလိမ့် မည်။ သင်၏ညသည်မွန်းတည့်အလင်းရောင် အဖြစ်သို့ပြောင်းလဲ၍သွားလိမ့်မည်။-
၁၀မွတ်သိပ် သော သူနှင့် ဆင်းရဲ ခံရသောသူကို သနားသောစိတ်နှင့်ချမ်းသာ ပေးလျှင်၊ မရှင်းလင်းသော အရာမှာ သင်၏အလင်း သည် ပေါ်ထွန်း ၍၊ သင် ၏ မှောင်မိုက် သည် မွန်းတည့် အလင်းကဲ့သို့ ဖြစ်လိမ့်မည်။
11 ၁၁ ငါသည်လည်းသင်တို့ကိုထာဝစဉ်လမ်းပြ ပို့ဆောင်ကာ နေပူပြင်းလျက်ခြောက်သွေ့ရာ ဒေသ၌ကောင်းမြတ်သည့်အစားအစာ များအားဖြင့်ရောင့်ရဲစေမည်။ သင်တို့အား ကျန်းမာသန်စွမ်းစေမည်။ သင်တို့သည်ရေ အလုံအလောက်ရရှိသည့်ဥယျာဉ်ကဲ့သို့ လည်းကောင်း၊ အဘယ်အခါ၌မျှမခန်း မခြောက်သည့်စမ်းချောင်းကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။-
၁၁ထာဝရဘုရား သည် သင့် ကို အစဉ် ပဲ့ပြင် တော်မူ မည်။ အစာခေါင်းပါး သည် ကာလ၌ ဝ စွာ ကျွေး၍ ၊ သင် ၏အရိုး တို့ကို ခိုင်ခံ့ စေတော်မူမည်။ သင်သည် ရေ လောင်းသော ဥယျာဉ် ကဲ့သို့ ၎င်း၊ ရေ မ ပြတ် နိုင်သော စမ်း ရေ တွင်းကဲ့သို့ ၎င်း ဖြစ် လိမ့်မည်။
12 ၁၂ သင်တို့အမျိုးသားများသည်လည်းကြာမြင့် စွာယိုယွင်းပျက်စီးနေခဲ့သည့်အဆောက်အဦ များကိုအုတ်မြစ်ဟောင်းများအပေါ်တွင်ပြန် လည်တည်ဆောက်ရကြလိမ့်မည်။ သင်တို့သည် ပြိုပျက်လျက်ရှိသည့်မြို့ရိုးများကိုပြုပြင် လျက်၊ ယိုယွင်းပျက်စီးနေသောအဆောက် အဦများနှင့် လမ်းများကိုပြန်လည်တည် ဆောက်သူများဟုခေါ်ဝေါ်သမုတ်ခြင်း ကိုခံရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
၁၂သင် ၏အမျိုးအနွယ်သည် ရှေး ပြိုပျက် ရာတို့ကို ပြုပြင် ကြလိမ့်မည်။ ရှေးကာလ၌တည်ဘူးသော တိုက်မြစ် များအပေါ်မှာ ထပ်ဆင့်၍ တည်ဆောက် ကြလိမ့်မည်။ သင် သည်လည်း ၊ ပြိုပျက်သော မြို့ရိုး ကို ပြုပြင် သောသူ၊ လူနေ ရာ လမ်း များကို ပြင်ဆင် သော သူဟူ၍ သမုတ် ခြင်း ကိုခံရလိမ့်မည်။
13 ၁၃ ထာဝရဘုရားက``အကယ်၍သင်တို့သည် ဥပုသ်နေ့ကိုသန့်ရှင်းမြင့်မြတ်သည့်နေ့အ ဖြစ်ထားရှိလျက်၊ ထိုနေ့၌ကိုယ်ကျိုးရှာလုပ် ငန်းများကိုရှောင်ရှားကြမည်ဆိုလျှင်လည်း ကောင်း၊ အကယ်၍သင်တို့သည်မိမိနှစ်သက် သောခရီးသွားခြင်း၊ နှစ်သက်သောအလုပ် လုပ်ခြင်း၊ သို့မဟုတ်အကျိုးမရှိသောစကား များကိုပြောဆိုခြင်းတို့ကိုရှောင်ကြဉ်၍၊ ငါ၏ မြင့်မြတ်သန့်ရှင်းသည့်နေ့တော်ကိုနှစ်သက် လျက် တန်ဖိုးထားကာရိုသေလေးစားကြ မည်ဆိုလျှင်လည်းကောင်း၊-
၁၃သင်သည် ဥပုသ် နေ့ကို မရှုတ်ချ။ ငါသန့်ရှင်း သောနေ့ မှာ ကိုယ် အလို သို့မလိုက် ၊ ဥပုသ် နေ့ကို မွေ့လျော် ရာနေ့၊ ထာဝရဘုရား အဘို့ သန့်ရှင်း သောနေ့၊ ရိုသေ ဘွယ်သောနေ့ဟူ၍ခေါ် သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ် အလို သို့မလိုက် ၊ ကိုယ်စကား ကို မပြော ဘဲ နေ၍ ထို နေ့ကို ရိုသေ လျှင်၊
14 ၁၄ ငါ့အားဝတ်ပြုကိုးကွယ်မှုမှရရှိအပ်သော စိတ္တသုခကိုခံစားရကြလိမ့်မည်။ ငါသည် သင်တို့အားကမ္ဘာတစ်ဝှမ်းလုံးတွင်ဂုဏ်အသ ရေရှိစေမည်။ သင်တို့သည်လည်းမိမိတို့ဘိုး ဘေးယာကုပ်အားပေးအပ်ခဲ့သည့်ပြည်တော် တွင်ပျော်မွေ့စွာနေရကြလိမ့်မည်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
၁၄သင်သည် ထာဝရဘုရား ၌ ပျော်မွေ့ ရလိမ့်မည်။ မြေကြီး ပေါ် မှာ မြင့် သော အရပ်တို့ကို ငါစီး စေ၍ ၊ သင့် အဘ ယာကုပ် ၏အမွေ ဥစ္စာနှင့် ငါကျွေး မည်ဟု ထာဝရဘုရား ၏ နှုတ် တော်ထွက်အမိန့် တော်ရှိ၏။