< ဟေရှာယ 58 >

1 ``ကျယ်​နိုင်​သ​မျှ​ကျယ်​စွာ​တံ​ပိုး​မှုတ်​သ​ကဲ့ သို့​အော်​ဟစ်​၍ ငါ​၏​လူ​မျိုး​တော်​အား​သူ တို့​၏​အ​ပြစ်​များ​ကို​ဖော်​ပြ​လော့။-
"Cry aloud, do not spare, lift up your voice like a trumpet, and declare to my people their disobedience, and to the house of Jacob their sins.
2 သူ​တို့​သည်​ငါ​၏​တ​ရား​တော်​ကို​လိုက်​လျှောက် ကျင့်​သုံး​ပါ​သည်​ဟူ​၍​လည်​ကောင်း၊ မှန်​ကန်​ရာ ကို​ပြု​ကျင့်​ပါ​သည်​ဟူ​၍​လည်း​ကောင်း​ပြော ဆို​ကာ ငါ့​အား​နေ့​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ ငါ​၏​သွန်​သင်​ချက်​များ​ကို​သိ​ရှိ​လို​ကြ​၏။ သူ​တို့​သည်​ငါ့​ကို​ကိုး​ကွယ်​ဝတ်​ပြု​လို​ကြ လျက် ငါ​၏​ထံ​တွင်​တ​ရား​မျှ​တ​သည့်​စည်း မျဉ်း​ဥ​ပ​ဒေ​သ​များ​ကို​တောင်း​ခံ​ကြ​၏။
Yet they seek me daily, and delight to know my ways: as a nation that did righteousness, and did not forsake the ordinance of their God, they ask of me righteous judgments; they delight to draw near to God.
3 သူ​တို့​က``အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​အ​ဘယ်​အ​ခါ​၌​မျှ​မြင်​တော်​မ မူ​လျှင် ငါ​တို့​အ​ဘယ်​ကြောင့်​အ​စာ​ရှောင် ကြ​ပါ​တော့​မည်​နည်း။ ကိုယ်​တော်​သည်​ငါ​တို့ နှိမ့်​ချ​သည်​ကို​မြင်​တော်​မ​မူ​လျှင် အ​ဘယ် ကြောင့်​ငါ​တို့​ဒုက္ခ​ခံ​ကြ​ပါ​မည်​နည်း'' ဟု ဆို​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​သူ​တို့​အား``အ​ဖြစ်​မှန် မှာ​သင်​တို့​သည်​အ​စာ​ရှောင်​လျက်​နေ​စဉ်​၌ ပင်​ကိုယ်​ကျိုး​ရှာ​လျက် မိ​မိ​တို့​ငယ်​သား များ​ကို​လည်း​နှိပ်​စက်​ညှင်း​ဆဲ​ကြ​၏။-
'Why have we fasted,' say they, 'and you do not see? Why have we afflicted our soul, and you take no knowledge?' "Look, in the day of your fast you find pleasure, and exact all your labors.
4 သင်​တို့​အ​စာ​ရှောင်​ခြင်း​သည်​သင်​တို့​အား အ​စဉ်​အ​မြဲ​အ​ချင်း​များ​စေ​လျက်​ခိုက်​ရန် ဒေါ​သ​ဖြစ်​ကာ​အ​ကြမ်း​ဖက်​စေ​ကြ​၏။ ဤ နည်း​အား​ဖြင့်​သင်​တို့​တောင်း​လျှောက်​ကြ​သည့် ဆု​တောင်း​ပတ္ထ​နာ​များ​သည် ငါ့​ကို​နား​ညောင်း စေ​နိုင်​လိမ့်​မည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​ပါ သ​လော။-
Look, you fast for strife and contention, and to strike with the fist of wickedness: you do not fast this day so as to make your voice to be heard on high.
5 သင်​တို့​သည်​အ​စာ​ရှောင်​လျက်​တစ်​ရက်​တာ​မျှ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​ခြင်း​ကို​ငါ​နှစ်​သက်​သည် ဟု​ထင်​မှတ်​ကြ​သ​လော။ ဒုက္ခ​ခံ​လျက်​မြက်​ပင် များ​သ​ဖွယ်​ဦး​ခေါင်း​များ​ကို​ကိုင်း​ညွှတ်​၍ မိ​မိ​တို့​ထိုင်​ရန်​လျှော်​တေ​အ​ဝတ်​နှင့်​ပြာ ကို​ခင်း​တတ်​ကြ​၏။ ဤ​အ​ပြု​အ​မူ​ကား အ​စာ​ရှောင်​ခြင်း​ဟု သင်​တို့​ခေါ်​ဆို​ကြ​သည့် အ​ရာ​ပေ​လော။ ယင်း​သို့​သင်​တို့​ပြု​မူ​သော နေ့​ရက်​ကို ငါ​နှစ်​သက်​မြတ်​နိုး​တော်​မူ သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​ပါ​သ​လော။
Is such the fast that I have chosen? the day for a man to afflict his soul? Is it to bow down his head as a rush, and to spread sackcloth and ashes under him? Will you call this a fast, and an acceptable day to the LORD?
6 ``ငါ​နှစ်​သက်​မြတ်​နိုး​သည့်​အ​စာ​ရှောင်​ခြင်း မှာ​နှိပ်​စက်​ညှင်း​ဆဲ​မှု​တည်း​ဟူ​သော​နှောင် ကြိုး​ကို​ဖြတ်​၍ မ​တ​ရား​စိုး​မိုး​မှု​ကို​ဖယ်​ရှား ကာ​အ​နှိပ်​စက်​ခံ​ရ​သူ​တို့​အား​ကယ်​နုတ်​ခြင်း၊-
"Isn't this the fast that I have chosen: to release the bonds of wickedness, to undo the bands of the yoke, and to let the oppressed go free, and that you break every yoke?
7 ဆာ​ငတ်​မွတ်​သိပ်​သူ​တို့​ကို​ကျွေး​မွေး​ခြင်း၊ နေ စ​ရာ​မ​ရှိ​သည့်​ဆင်း​ရဲ​သား​တို့​အား​နေ​ရာ ထိုင်​ခင်း​ပေး​အပ်​ခြင်း၊ အ​ဝတ်​အ​စား​ချို့​တဲ့ သူ​တို့​အား​ပေး​ကမ်း​၍​သင်​တို့​အ​မျိုး​သား များ​အား​ကူ​ညီ​မ​စ​ရ​မည့်​တာ​ဝန်​ကို​မ ရှောင်​မ​လွှဲ​ဘဲ​နေ​ခြင်း​တို့​ပင်​ဖြစ်​ပေ​သည်။
Isn't it to distribute your bread to the hungry, and that you bring the poor who are cast out to your house? When you see the naked, that you cover him; and that you not hide yourself from your own flesh?
8 ``သင်​တို့​သည်​ဤ​အ​တိုင်း​ပြု​ကျင့်​ကြ​ပါ​မူ ငါ​၏​ကျေး​ဇူး​တော်​အ​လင်း​သည်​တက်​သစ်​စ နေ​ရောင်​ခြည်​သ​ဖွယ် သင်​တို့​အ​ပေါ်​သို့​သက် ရောက်​၍​သင်​တို့​အ​နာ​ရော​ဂါ​များ​သည်​လည်း လျင်​မြန်​စွာ​ပျောက်​ကင်း​သွား​လိမ့်​မည်။ ဖြောင့် မတ်​သော​အ​ရှင်​သည်​သင်​တို့​နှင့်​ထာ​ဝ​စဉ် အ​တူ​ရှိ​နေ​မည်။ အ​ဘက်​ဘက်​မှ​နေ​၍​ငါ ၏​ဘုန်း​တော်​သည် သင်​တို့​အား​ကာ​ကွယ် စောင့်​ရှောက်​မည်။-
Then your light shall break forth as the morning, and your healing shall spring forth speedily; and your righteousness shall go before you; the glory of the LORD shall be your rear guard.
9 သင်​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ နား​ညောင်း​မည်။ သင်​တို့​အ​ကူ​အ​ညီ​တောင်း သော​အ​ခါ​ငါ​ထူး​မည်။ ``အ​ကယ်​၍​သင်​တို့​သည်​နှိပ်​စက်​ညှင်း​ဆဲ​မှု ကို​ရပ်​စဲ​၍​မ​တ​ရား​စွပ်​စွဲ​မှု​ကို​ရှောင်​ရှား ပြီး​ဆိုး​ညစ်​သည့်​စ​ကား​မှန်​သ​မျှ​ကို​ဖယ် ရှား​ကာ၊-
Then you shall call, and the LORD will answer; you shall cry, and he will say, 'Here I am.' "If you take away from the midst of you the yoke, the putting forth of the finger, and speaking wickedly;
10 ၁၀ ဆာ​ငတ်​မွတ်​သိပ်​သူ​တို့​အား​အ​စား​အ​စာ ကျွေး​မွေး​လျက် ချို့​တဲ့​သူ​တို့​၏​လို​အင်​ဆ​န္ဒ ကို​ဖြည့်​ကြ​မည်​ဆို​ပါ​မူ သင်​၏​အ​လင်း​သည် သင်​၏​ပတ်​ဝန်း​ကျင်​ရှိ​မှောင်​မိုက်​ကို​လင်း​လိမ့် မည်။ သင်​၏​ည​သည်​မွန်း​တည့်​အ​လင်း​ရောင် အ​ဖြစ်​သို့​ပြောင်း​လဲ​၍​သွား​လိမ့်​မည်။-
and if you draw out your soul to the hungry, and satisfy the afflicted soul: then your light shall rise in darkness, and your obscurity be as the noonday;
11 ၁၁ ငါ​သည်​လည်း​သင်​တို့​ကို​ထာ​ဝ​စဉ်​လမ်း​ပြ ပို့​ဆောင်​ကာ နေ​ပူ​ပြင်း​လျက်​ခြောက်​သွေ့​ရာ ဒေ​သ​၌​ကောင်း​မြတ်​သည့်​အ​စား​အ​စာ များ​အား​ဖြင့်​ရောင့်​ရဲ​စေ​မည်။ သင်​တို့​အား ကျန်း​မာ​သန်​စွမ်း​စေ​မည်။ သင်​တို့​သည်​ရေ အ​လုံ​အ​လောက်​ရ​ရှိ​သည့်​ဥ​ယျာဉ်​ကဲ့​သို့ လည်း​ကောင်း၊ အ​ဘယ်​အ​ခါ​၌​မျှ​မ​ခန်း မ​ခြောက်​သည့်​စမ်း​ချောင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။-
and the LORD will guide you continually, and satisfy your soul in dry places, and make strong your bones; and you shall be like a watered garden, and like a spring of water, whose waters do not fail.
12 ၁၂ သင်​တို့​အ​မျိုး​သား​များ​သည်​လည်း​ကြာ​မြင့် စွာ​ယို​ယွင်း​ပျက်​စီး​နေ​ခဲ့​သည့်​အ​ဆောက်​အ​ဦ များ​ကို​အုတ်​မြစ်​ဟောင်း​များ​အ​ပေါ်​တွင်​ပြန် လည်​တည်​ဆောက်​ရကြ​လိမ့်​မည်။ သင်​တို့​သည် ပြို​ပျက်​လျက်​ရှိ​သည့်​မြို့​ရိုး​များ​ကို​ပြု​ပြင် လျက်၊ ယို​ယွင်း​ပျက်​စီး​နေ​သော​အ​ဆောက် အ​ဦ​များ​နှင့် လမ်း​များ​ကို​ပြန်​လည်​တည် ဆောက်​သူ​များ​ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း ကို​ခံ​ရကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Those who shall be of you shall build the old waste places; you shall raise up the foundations of many generations; and you shall be called The repairer of the breach, The restorer of paths to dwell in.
13 ၁၃ ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​သင်​တို့​သည် ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​မြင့်​မြတ်​သည့်​နေ့​အ ဖြစ်​ထား​ရှိ​လျက်၊ ထို​နေ့​၌​ကိုယ်​ကျိုး​ရှာ​လုပ် ငန်း​များ​ကို​ရှောင်​ရှား​ကြ​မည်​ဆို​လျှင်​လည်း ကောင်း၊ အ​ကယ်​၍​သင်​တို့​သည်​မိ​မိ​နှစ်​သက် သော​ခ​ရီး​သွား​ခြင်း၊ နှစ်​သက်​သော​အ​လုပ် လုပ်​ခြင်း၊ သို့​မ​ဟုတ်​အ​ကျိုး​မ​ရှိ​သော​စ​ကား များ​ကို​ပြော​ဆို​ခြင်း​တို့​ကို​ရှောင်​ကြဉ်​၍၊ ငါ​၏ မြင့်​မြတ်​သန့်​ရှင်း​သည့်​နေ့​တော်​ကို​နှစ်​သက် လျက် တန်​ဖိုး​ထား​ကာ​ရို​သေ​လေး​စား​ကြ မည်​ဆို​လျှင်​လည်း​ကောင်း၊-
"If you turn away your foot from the Sabbath, from doing your pleasure on my holy day; and call the Sabbath a delight, and the holy of the LORD honorable; and shall honor it, not doing your own ways, nor finding your own pleasure, nor speaking your own words:
14 ၁၄ ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု​မှ​ရ​ရှိ​အပ်​သော စိတ္တ​သု​ခ​ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့​အား​ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင်​ဂုဏ်​အ​သ ရေ​ရှိ​စေ​မည်။ သင်​တို့​သည်​လည်း​မိ​မိ​တို့​ဘိုး ဘေး​ယာ​ကုပ်​အား​ပေး​အပ်​ခဲ့​သည့်​ပြည်​တော် တွင်​ပျော်​မွေ့​စွာ​နေ​ရ​ကြ​လိမ့်​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
then you shall delight yourself in the LORD; and I will make you to ride on the high places of the earth; and I will feed you with the heritage of Jacob your father:" for the mouth of the LORD has spoken it.

< ဟေရှာယ 58 >