< ဟေရှာယ 57 >

1 သူ​တော်​ကောင်း​တို့​သည်​သေ​ရ​ကြ​၏။ ထို​သူ​တို့ ယင်း​သို့​သေ​သည့်​အ​ကြောင်း​ကို​အ​ဘယ်​သူ​မျှ နား​မ​လည်​ကြ။ ဂ​ရု​လည်း​မ​စိုက်​ကြ။ သို့​ရာ တွင်​သူ​တို့​သည်​သေ​သော​အ​ခါ​အ​တိ​ဒုက္ခ ကင်း​ငြိမ်း​ရာ​အရပ်​သို့​ရောက်​ရှိ​ကြ​လေ​သည်။-
ဖြောင့်မတ် သောသူသည် ဆုံး ၍ ကျေးဇူး ပြုတတ် သောသူ တို့ သည် ပယ်ရှား ခြင်းကို ခံရသောအခါ၊ ဖြောင့်မတ် သောသူကို မကောင်း သော အမှုအရာထဲက ရုပ်သိမ်း ပြီဟု အဘယ်သူ မျှမဆင်ခြင် ၊ အဘယ်သူမျှမအောက်မေ့ကြ။
2 သူ​တော်​ကောင်း​တို့​သည်​သေ​လွန်​သော​အ​ခါ ငြိမ်း​ချမ်း​စွာ​နား​နေ​ခွင့်​ကို​ရ​ရှိ​ကြ​၏။
ထိုသို့သောသူသည် ချမ်းသာ ထဲသို့ ဝင် ရ၏။ ဖြောင့်မတ် စွာကျင့် လျက်မိမိ အိပ်ရာ ပေါ် မှာ ငြိမ် ရ၏။
3 အ​ချင်း​ဆိုး​ညစ်​၍​အ​ပြစ်​ကူး​သူ​တို့၊ တ​ရား စီ​ရင်​ခြင်း​ကို​ခံ​ရန်​ဤ​အ​ရပ်​သို့​လာ​ကြ​လော့။ သင်​တို့​သည်​သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ ပြည့်​တန်​ဆာ​များ၊ စုန်း​အ​တတ်​ပ​ညာ သည်​များ​နှင့်​အ​တူ​တူ​ပင်​ဖြစ်​၏။-
စုန်းမ သား ၊ မျောက်မထား သော မိန်းမသား၊ ပြည်တန်ဆာ မသားတို့၊ ချဉ်းကပ် ကြလော့။
4 သင်​တို့​သည်​အ​ဘယ်​သူ​ကို​ပျက်​ရယ်​ပြု​၍​နေ ကြ​ပါ​သ​နည်း။ အ​ချင်း​လူ​လိမ်​တို့၊ သင်​တို့ သည်​အ​ဘယ်​သူ​ကို​ပြောင်​လှောင်​လျက်​နေ ကြ​ပါ​သ​နည်း။-
သင်တို့သည် အဘယ်သူ ကို ကျီစယ် ကြသနည်း။ အဘယ်သူ အား နှုတ် ကိုဖွင့် ၍ လျှာ ကို ထုတ် ပြကြသနည်း။ သင် တို့သည် ဖောက်ပြန် သောအမျိုး၊ သစ္စာ ပျက်သော အမျိုး ဖြစ်ကြသည်မ ဟုတ်လော။
5 မိ​မိ​တို့​၏​အ​ထွဋ်​အ​မြတ်​သစ်​ပင်​များ​အောက် တွင် ကာ​မ​ရာ​ဂ​စပ်​ယှက်​ခြင်း​အား​ဖြင့် မြေ​သြ​ဇာ နတ်​ဘု​ရား​တို့​ကို​ကိုး​ကွယ်​ကြ​၏။ မိ​မိ​တို့​၏ သား​သ​မီး​များ​ကို​မြစ်​ချောင်း​ဝှမ်း​အ​နီး​ရှိ ကျောက်​ဂူ​များ​တွင်​ယဇ်​ပူ​ဇော်​ကြ​၏။-
စိမ်းသော သစ်ပင် ရှိသမျှ အောက် မှာ ရုပ်တု ဆင်းတု၌ တပ်မက် သောသူ၊ ချိုင့် ထဲ ၊ ကျောက် စောင်း အောက်မှာ သူငယ် ကိုသတ် သောသူမဟုတ်လော။
6 ထို​အ​ရပ်​မှ​ချော​မွတ်​သည့်​ကျောက်​ခဲ​များ​ကို ယူ​၍ သင်​တို့​၏​ဘု​ရား​များ​အ​ဖြစ်​ကိုး​ကွယ် ကြ​၏။ သင်​တို့​သည်​စ​ပျစ်​ရည်​ကို​သွန်း​လောင်း​၍ ထို​ဘု​ရား​တို့​ကို​ပူ​ဇော်​ကြ​၏။ ဘော​ဇဉ်​သကာ​ကို ဆက်​သ​ကြ​၏။ ဤ​သို့​သင်​တို့​ပြု​သည်​ကို​ငါ နှစ်​သက်​တော်​မူ​သည်​ဟု သင်​တို့​ထင်​မှတ်​ကြ ပါ​သလော။-
ချိုင့် ထဲမှာ ချော သောကျောက်ခဲတို့တွင် သင် ၏ တာ ရှိ၏။ ထို သို့သော အရာတို့သည် သင် ၏အမွေ ဖြစ်၏။ ထို သို့သော အရာရှေ့ မှာ သွန်းလောင်း ရာ ပူဇော် သက္ကာ နှင့် ဘောဇဉ် ပူဇော်သက္ကာကို ပြု တတ်၏။ ထို အမှုတို့ကို ငါနှစ်သက် တတ်သလော။
7 သင်​တို့​သည်​တောင်​မြင့်​ပေါ်​သို့​တက်​၍​ယဇ် ပူ​ဇော်​လျက်​ကာ​မ​ရာ​ဂ​စပ်​ယှက်​ကြ​၏။-
မြင့် လှသော တောင် ကြီးပေါ် မှာ သင် ၏ခုတင် ကို ထား ပြီးလျှင် ၊ ထို အရပ်သို့ တက် ၍ ယဇ်ပူဇော် တတ်၏။
8 မိ​မိ​တို့​၏​ရုပ်​တု​များ​ကို​အိမ်​တံ​ခါး​နှင့် တံ​ခါး​တိုင်​အ​တွင်း​ဘက်​တွင်​ကပ်​၍​ထား ကြ​၏။ သင်​တို့​သည်​ငါ့​ကို​စွန့်​ပစ်​ကြ​၏။ မိ​မိ တို့​၏​အ​ဝတ်​ဖုံး​များ​ကို​ဖယ်​ရှား​ပြီး​လျှင် အိပ်​ရာ​ကြီး​များ​ပေါ်​သို့​ချစ်​သူ​များ​နှင့် အ​တူ​တက်​၍​မိ​မိ​တို့​၏​ရာ​ဂ​စိတ်​ကို ရောင့်​ရဲ​စေ​ကြ​၏။ သင်​တို့​သည်​ထို​သူ​တို့ နှင့်​အိပ်​စက်​ရန်​အ​ခ​ကြေး​ငွေ​ကို​လည်း ပေး​ရ​ကြ​၏။-
သင်အောက်မေ့စရာသက်သေကို တံခါး နှင့် တိုင် နောက် မှာထား ပြီး။ ငါ မှ တပါးအခြားသူတို့အား အဝတ်ကို ချွတ် ၍ ၊ အိပ်ရာပေါ်သို့ တက် လေပြီ။ မိမိ ခုတင် ကို ကျယ် စေ၍ သူ တို့နှင့် ဝန်ခံ ပြီ။ သူ တို့ခုတင် ကိုလည်း တပ်မက် ၍၊ နေရာအရပ်ကို ရှာ လေပြီ။
9 သင်​တို့​သည်​ဆီ​မွှေး​နှင့်​နံ့​သာ​များ​ကို လိမ်း​ကျံ​လျက် မော​လုပ်​ဘု​ရား​ကို​ဝတ်​ပြု ကိုး​ကွယ်​ရန်​သွား​ရောက်​ကြ​၏။ ရပ်​နီး​ရပ်​ဝေး နှင့်​မ​ရ​ဏာ​နိုင်​ငံ​သို့​တိုင်​အောင်​ပင် သံ​တ​မန် များ​စေ​လွှတ်​၍​ဘု​ရား​များ​ကို​ရှာ​ဖွေ​စေ ကြ​၏။- (Sheol h7585)
ဆီ မွှေးပါ လျက်၊ ရှင်ဘုရင့် ထံသို့ သွား ပြီ။ နံ့သာ မျိုးများကို သုံး ပြီ။ တမန် တို့ကို ဝေး သော အရပ်သို့ စေလွှတ် ၍ ၊ မရဏာ နိုင်ငံတိုင်အောင် မိမိကိုမိမိ နှိမ့်ချ ပြီ။ (Sheol h7585)
10 ၁၀ သင်​တို့​သည်​အ​ခြား​ဘု​ရား​များ​ကို​ရှာ​ဖွေ​ရ သ​ဖြင့် ပင်​ပန်း​နွမ်း​နယ်​၍​လာ​သော်​လည်း​အ ဘယ်​အ​ခါ​၌​မျှ​လက်​မ​လျော့​ကြ။ မိ​မိ​တို့ ၏​ရုပ်​တု​များ​ထံ​မှ​ခွန်​အား​ကို​ရ​ရှိ​သည် ဟု ထင်​မှတ်​ကာ​သင်​တို့​သည်​အ​ဘယ်​အ​ခါ ၌​မျှ​အား​မ​လျော့​ကြ။
၁၀ဝေးစွာခရီး သွား၍ ပင်ပန်း သော်လည်းစိတ် မ ပျက်။ ကြိုးစား၍ အသက် လွတ် သောကြောင့် အားလျော့ ခြင်းမ ရှိ။
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​က``ငါ့​အား​လိမ်​လည်​ပြော ဆို​၍​လုံး​ဝ​မေ့​လျော့​၍​အ​မှတ်​မ​ရ​ကြ သည့်​တိုင်​အောင် သင်​တို့​ကြောက်​လန့်​ကြ​သည့် ဘု​ရား​များ​ကား​အ​ဘယ်​သူ​များ​ပေ​နည်း။ ငါ​သည်​ကြာ​မြင့်​စွာ​ဆိတ်​ဆိတ်​နေ​ခဲ့​သ​ဖြင့် သင်​တို့​သည်​ငါ့​ကို​မ​ကြောက်​တော့​ဘဲ​ရှိ​နေ ကြ​ပါ​သ​လော။-
၁၁သင်သည် သစ္စာပျက် သည်တိုင်အောင် ၎င်း၊ ငါ့ ကို မေ့လျော့ ၍ သတိ မ ပြုဘဲ နေသည်တိုင်အောင်၎င်း၊ အဘယ်သူ ကို ကြောက်ရွံ့ သနည်း။ ငါသည် ရှေး ကာလမှ စ၍တိတ်ဆိတ် စွာနေသောကြောင့် ၊ သင်သည် ငါ့ ကို မ ကြောက် ဘဲနေသည်မဟုတ်လော။
12 ၁၂ သင်​တို့​က​မိ​မိ​တို့​ပြု​သည့်​အ​မှု​ကို​မှန်​သည် ဟု​ထင်​မှတ်​ကြ​၏။ သို့​ရာ​တွင်​သင်​တို့​၏​အ​ကျင့် ကို ငါ​ဖွင့်​ဟ​ထုတ်​ဖော်​လိုက်​သော​အ​ခါ သင်​တို့ ၏​ရုပ်​တု​များ​သည်​သင်​တို့​အား​ကူ​မ​နိုင် ကြ​လိမ့်​မည်​မ​ဟုတ်။-
၁၂သင် ၏ကုသိုလ် နှင့် ၊ သင် ပြုသောအမှု တို့ကို ငါ ဘော်ပြ မည်။
13 ၁၃ မိ​မိ​တို့​အား​ကူ​မ​ပါ​ရန်​သင်​တို့​ဟစ်​အော် တောင်း​ခံ​ကြ​သော​အ​ခါ ထို​ရုပ်​တု​များ​သည် သင်​တို့​ကို​ကယ်​ကြ​ပါ​လေ​စေ။ ယင်း​တို့​သည် လေ​တစ်​ချက်​မှုတ်​လိုက်​လျှင် လွင့်​စင်​၍​သွား ကြ​ပေ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ့​ကို​ယုံ​ကြည် ကိုး​စား​သူ​တို့​မူ​ကား​ပြည်​တော်​တွင်​နေ​ထိုင် ရ​လျက် ငါ​၏​သန့်​ရှင်း​သော​ဗိ​မာန်​တော်​တွင် ဝတ်​ပြု​ကိုး​ကွယ်​ရ​ကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
၁၃ထိုသို့သော အမှုသည် အကျိုး ကို မ ပေးနိုင်။ သင် သည် အော်ဟစ် သောအခါ ၊ သင် ၏အလုံး အရင်းတို့ သည် ကယ်နှုတ် ကြစေ။ လေ သည် သူ တို့ကို တိုက် သွားလိမ့်မည်။ လေ တမှုတ်နှင့် လွင့် ကြလိမ့်မည်။ ငါ့ ကို ကိုးစား သော သူမူကား ၊ ပြည် တော်ကို ပိုင် ၍ ၊ ငါ ၏သန့်ရှင်း သော တောင် ကို အမွေ ခံရလိမ့်မည်။
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​က ``ငါ​၏​လူ​မျိုး​တော်​အား ငါ့​ထံ​ပြန်​စေ​ကြ​လော့။ ငါ့​လူ​မျိုး​တော်​တို့ ၏​လမ်း​ခ​ရီး​မှ​ဆူး​ညှောင့်​ခ​လုတ်​ရှိ​သ​မျှ ကို​ပယ်​ရှား​ကြ​လော့။ လမ်း​ကို​ဖောက်​လုပ် ၍​အ​သင့်​ပြင်​ကြ​လော့။
၁၄ထိုအခါ မြေကို ဖို့ ကြ။ မြေကို ဖို့ ကြ။ လမ်း ကို ပြင် ကြ။ ငါ့ လူ တို့၏ လမ်း ခရီး၌ အဆီးအတားမရှိစေနှင့် ဟု ငါပြောဆိုရ၏။
15 ၁၅ ``ငါ​သည်​ထာ​ဝ​ရ​အ​သက်​ရှင်​သော​ဘု​ရား၊ ချီး​မြှောက်​ခြင်း​ကို​ခံ​ရ​၍​သန့်​ရှင်း​မြင့်​မြတ် သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​သန့်​ရှင်း မြင့်​မြတ်​ရာ​အ​ထက်​ဘုံ​တွင်​စံ​နေ​တော်​မူ သော်​လည်း​စိတ်​နှ​လုံး​ကြေ​ကွဲ​သူ၊ စိတ်​နှိမ့်​ချ သူ​တို့​စိတ်​ဝိ​ညာဉ်​ပြန်​လည်​လန်း​ဆန်း​အား တက်​လာ​ကြ​စေ​ရန်​ထို​သူ​တို့​ထံ​တွင်​လည်း ကျိန်း​ဝပ်​တော်​မူ​၏။-
၁၅အကြောင်း မူကား၊ သန့်ရှင်း ခြင်းဟု နာမ ရှိတော် မူထသော၊ အနန္တ ကာလတည်းဟူသောဘုံဗိမာန်၌ စံ တော်မူထသော၊ အထွဋ် အမြတ်ဖြစ်တော်မူသောဘုရားမိန့် တော်မူသည်ကား ၊ ငါသည် မြင့်မြတ်သန့်ရှင်း သော အရပ် ၌နေ ၏။ စိတ် နှိမ့်ချ သောသူနှင့်၊ နှလုံးကြေကွဲ သောသူတို့ ၏စိတ် ဝိညာဉ်အသက် ရှင်စေ ခြင်းငှါ၊ ကြေကွဲ နှိမ့်ချ သောစိတ် သဘောရှိသောသူတို့၌လည်း ငါနေ၏။
16 ၁၆ ငါ​သည်​မိ​မိ​လူ​မျိုး​တော်​အား​အ​သက်​ရှင် ခွင့်​ကို​ပေး​၏။ သူ​တို့​အား​ဆက်​လက်​၍​ပြစ် တင်​စွပ်​စွဲ​လျက်​အ​စဉ်​အ​မြဲ​အ​မျက်​ထွက် လျက်​နေ​လိမ့်​မည်​မ​ဟုတ်။-
၁၆ငါသည် အစဉ် မပြတ်တရား တွေ့မည်မ ဟုတ်။ အစဉ် မပြတ်အမျက် ထွက်မည်မ ဟုတ်။ ထိုသို့ဟုတ်လျှင်၊ အသက် သည် ငါ့ ရှေ့ မှာ ပျောက် ၍ ၊ ငါ ဖန်ဆင်း သော ဝိညာဉ် သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
17 ၁၇ ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ​နှင့်​လော​ဘ လွန်​ကူး​မှု​များ​အ​တွက်​အ​မျက်​ထွက်​သ​ဖြင့် သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​၍​သူ​တို့​ထံ​မှ လွှဲ​ရှောင်​ခဲ့​၏။ သို့​သော်​လည်း​သူ​တို့​သည်​ခေါင်း မာ​လျက် မိ​မိ​တို့​ပြု​လို​ရာ​ပင်​ပြု​ကျင့်​လျက် နေ​ကြ​၏။
၁၇သူ ၏လောဘ လွန်ကျူးခြင်း အပြစ် ကြောင့် ၊ ငါသည် အမျက် ထွက်၍ ဒဏ်ခတ် လေ၏။ အမျက် ထွက်၍ မျက်နှာကို လွှဲ လေ၏။ သူသည်လည်း မိမိ အလို ရှိရာ လမ်း သို့ လွှဲ သွားလေ၏။
18 ၁၈ ``သူ​တို့​အ​ဘယ်​သို့​ပြု​မူ​ကျင့်​ကြံ​ကြ​သည် ကို​ငါ​မြင်​ရ​ပြီ။ သို့​ရာ​တွင်​ငါ​သည်​သူ​တို့ အား​ကု​စား​မည်။ ရှေ့​ဆောင်​လမ်း​ပြ​၍​ကူ​မ မည်။ သူ​တို့​အား​ငါ​နှစ်​သိမ့်​စေ​မည်။-
၁၈သူ ၏အကျင့် ဓလေ့တို့ကို ငါမြင် ပြီ။ သူ့ ကို အနာ ပျောက်စေ၍ လမ်းပြ ဦးမည်။ သူ့ ကို ၎င်း ၊ သူ နှင့်အတူ စိတ် ညှိုးငယ်သောသူတို့ ကို၎င်း၊ ချမ်းသာ ပေးဦးမည်။
19 ၁၉ ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​ဝမ်း​နည်း​ပူ​ဆွေး​လျက် နေ​သူ​တို့​၏​နှုတ်​မှ​ကျေး​ဇူး​တော်​ချီး​မွမ်း ကြ​စေ၊ ရပ်​နီး​ရပ်​ဝေး​ရှိ​လူ​အ​ပေါင်း​တို့​အား ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ငါ​ပေး​၏။ ငြိမ်​သက် ခြင်း​ကို​ငါ​ပေး​၏။ ငါ​၏​လူ​မျိုး​တော်​ကို​ငါ ကု​စား​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-
၁၉ငါသည် နှုတ်ခမ်း အသီး ကို ဖန်ဆင်း ၏။ ဝေး သောသူ၌ ၎င်း၊ နီး သောသူ၌ ၎င်း ငြိမ်သက် ခြင်းဖြစ်စေ၊ ငြိမ်သက် ခြင်းဖြစ်စေ၊ သူ ၏အနာ ကို ငါပျောက်စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
20 ၂၀ သို့​ရာ​တွင်​ဆိုး​ညစ်​သူ​တို့​သည်​အ​မြဲ​လှုပ်​ရှား လျက် လှိုင်း​လုံး​များ​ဖြင့်​အ​ဆက်​မ​ပြတ်​ရိုက် ခတ်​ကာ၊ ရွှံ့​နှင့်​အ​မှိုက်​သ​ရိုက်​များ​ကို​ယူ ဆောင်​လာ​တတ်​သော​ပင်​လယ်​ရေ​နှင့်​တူ​ကြ​၏။-
၂၀မတရား သောသူတို့ မူကား ၊ မ ငြိမ် နိုင် ဘဲ လှုပ်ရှား ၍၊ ရွှံ့ နှင့် အမှိုက် ကို ပက် သောပင်လယ် ရေနှင့် တူ ကြ ၏။
21 ၂၁ သူ​ယုတ်​မာ​တို့​သည်​ငြိမ်း​ချမ်း​စွာ​နေ​ရ​ကြ လိမ့်​မည်​မ​ဟုတ်'' ဟု​ငါ​၏​ဘု​ရား​သ​ခင် မိန့်​တော်​မူ​၏။
၂၁မတရား သောသူတို့ ၌ ငြိမ်သက် ခြင်းမ ရှိဟု ငါ ၏ဘုရား သခင်မိန့် တော်မူ၏။

< ဟေရှာယ 57 >