< ဟေရှာယ 57 >
1 ၁ သူတော်ကောင်းတို့သည်သေရကြ၏။ ထိုသူတို့ ယင်းသို့သေသည့်အကြောင်းကိုအဘယ်သူမျှ နားမလည်ကြ။ ဂရုလည်းမစိုက်ကြ။ သို့ရာ တွင်သူတို့သည်သေသောအခါအတိဒုက္ခ ကင်းငြိမ်းရာအရပ်သို့ရောက်ရှိကြလေသည်။-
義人死去,沒有人放在心上;虔誠的人被收去,沒有人予以注意:義人被接去,是為了脫離災難,
2 ၂ သူတော်ကောင်းတို့သည်သေလွန်သောအခါ ငြိမ်းချမ်းစွာနားနေခွင့်ကိုရရှိကြ၏။
而進入安息;躬行正直的人,將安眠於自己的處所。
3 ၃ အချင်းဆိုးညစ်၍အပြစ်ကူးသူတို့၊ တရား စီရင်ခြင်းကိုခံရန်ဤအရပ်သို့လာကြလော့။ သင်တို့သည်သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ ပြည့်တန်ဆာများ၊ စုန်းအတတ်ပညာ သည်များနှင့်အတူတူပင်ဖြစ်၏။-
巫女的兒子,姦婦淫女的後裔,你們近前來!
4 ၄ သင်တို့သည်အဘယ်သူကိုပျက်ရယ်ပြု၍နေ ကြပါသနည်း။ အချင်းလူလိမ်တို့၊ သင်တို့ သည်အဘယ်သူကိုပြောင်လှောင်လျက်နေ ကြပါသနည်း။-
你們戲謔誰呢﹖你們向誰張口吐舌呢﹖不是你們這些反叛的兒子,不忠的後裔,
5 ၅ မိမိတို့၏အထွဋ်အမြတ်သစ်ပင်များအောက် တွင် ကာမရာဂစပ်ယှက်ခြင်းအားဖြင့် မြေသြဇာ နတ်ဘုရားတို့ကိုကိုးကွယ်ကြ၏။ မိမိတို့၏ သားသမီးများကိုမြစ်ချောင်းဝှမ်းအနီးရှိ ကျောက်ဂူများတွင်ယဇ်ပူဇော်ကြ၏။-
在橡樹林中,在一切綠樹下慾火中燒;在山谷中,在磐石的夾縫裏祭殺嬰兒嗎﹖
6 ၆ ထိုအရပ်မှချောမွတ်သည့်ကျောက်ခဲများကို ယူ၍ သင်တို့၏ဘုရားများအဖြစ်ကိုးကွယ် ကြ၏။ သင်တို့သည်စပျစ်ရည်ကိုသွန်းလောင်း၍ ထိုဘုရားတို့ကိုပူဇော်ကြ၏။ ဘောဇဉ်သကာကို ဆက်သကြ၏။ ဤသို့သင်တို့ပြုသည်ကိုငါ နှစ်သက်တော်မူသည်ဟု သင်တို့ထင်မှတ်ကြ ပါသလော။-
山谷中的光石竟是你的家產,它們竟成了你的產業;並且你還給它們奠了酒,獻了供物,對這些事我豈能容忍﹖
7 ၇ သင်တို့သည်တောင်မြင့်ပေါ်သို့တက်၍ယဇ် ပူဇော်လျက်ကာမရာဂစပ်ယှက်ကြ၏။-
在巍峨高聳的山上,你安置了你的床榻,並且上那裏去奉獻犧牲。
8 ၈ မိမိတို့၏ရုပ်တုများကိုအိမ်တံခါးနှင့် တံခါးတိုင်အတွင်းဘက်တွင်ကပ်၍ထား ကြ၏။ သင်တို့သည်ငါ့ကိုစွန့်ပစ်ကြ၏။ မိမိ တို့၏အဝတ်ဖုံးများကိုဖယ်ရှားပြီးလျှင် အိပ်ရာကြီးများပေါ်သို့ချစ်သူများနှင့် အတူတက်၍မိမိတို့၏ရာဂစိတ်ကို ရောင့်ရဲစေကြ၏။ သင်တို့သည်ထိုသူတို့ နှင့်အိပ်စက်ရန်အခကြေးငွေကိုလည်း ပေးရကြ၏။-
你在門和門框後安置了你的記號,瞞著我裸體上了床,舖開了你的床榻,你喜歡與誰同寢,便與他茍合,且看了他的手。
9 ၉ သင်တို့သည်ဆီမွှေးနှင့်နံ့သာများကို လိမ်းကျံလျက် မောလုပ်ဘုရားကိုဝတ်ပြု ကိုးကွယ်ရန်သွားရောက်ကြ၏။ ရပ်နီးရပ်ဝေး နှင့်မရဏာနိုင်ငံသို့တိုင်အောင်ပင် သံတမန် များစေလွှတ်၍ဘုရားများကိုရှာဖွေစေ ကြ၏။- (Sheol )
你擦滿了香膏,加多了香料,往摩肋客那裏去,又遣發使者到遠方去,你甚至深入了陰間。 (Sheol )
10 ၁၀ သင်တို့သည်အခြားဘုရားများကိုရှာဖွေရ သဖြင့် ပင်ပန်းနွမ်းနယ်၍လာသော်လည်းအ ဘယ်အခါ၌မျှလက်မလျော့ကြ။ မိမိတို့ ၏ရုပ်တုများထံမှခွန်အားကိုရရှိသည် ဟု ထင်မှတ်ကာသင်တို့သည်အဘယ်အခါ ၌မျှအားမလျော့ကြ။
你因路途遙遠,已感疲倦,但總不說:「絕望了!」因為你找著了你新生的力量,所以你不覺困乏。
11 ၁၁ ထာဝရဘုရားက``ငါ့အားလိမ်လည်ပြော ဆို၍လုံးဝမေ့လျော့၍အမှတ်မရကြ သည့်တိုင်အောင် သင်တို့ကြောက်လန့်ကြသည့် ဘုရားများကားအဘယ်သူများပေနည်း။ ငါသည်ကြာမြင့်စွာဆိတ်ဆိတ်နေခဲ့သဖြင့် သင်တို့သည်ငါ့ကိုမကြောက်တော့ဘဲရှိနေ ကြပါသလော။-
你害怕誰,畏懼誰,竟使你失去忠信,而不懷念我,不關心我﹖難道因為我久不作聲,你就不怕我了嗎﹖
12 ၁၂ သင်တို့ကမိမိတို့ပြုသည့်အမှုကိုမှန်သည် ဟုထင်မှတ်ကြ၏။ သို့ရာတွင်သင်တို့၏အကျင့် ကို ငါဖွင့်ဟထုတ်ဖော်လိုက်သောအခါ သင်တို့ ၏ရုပ်တုများသည်သင်တို့အားကူမနိုင် ကြလိမ့်မည်မဟုတ်။-
我要披露你的義舉,以及與你毫無裨益的行為。
13 ၁၃ မိမိတို့အားကူမပါရန်သင်တို့ဟစ်အော် တောင်းခံကြသောအခါ ထိုရုပ်တုများသည် သင်တို့ကိုကယ်ကြပါလေစေ။ ယင်းတို့သည် လေတစ်ချက်မှုတ်လိုက်လျှင် လွင့်စင်၍သွား ကြပေလိမ့်မည်။ သို့ရာတွင်ငါ့ကိုယုံကြည် ကိုးစားသူတို့မူကားပြည်တော်တွင်နေထိုင် ရလျက် ငါ၏သန့်ရှင်းသောဗိမာန်တော်တွင် ဝတ်ပြုကိုးကွယ်ရကြလိမ့်မည်'' ဟုမိန့် တော်မူ၏။
當你呼求時,讓你那一夥救你罷!但是一陣風要把它們全部捲走,一口氣要把他們吹去。唯有那依賴我的,將承受地業,繼承我的聖山。
14 ၁၄ ထာဝရဘုရားက ``ငါ၏လူမျိုးတော်အား ငါ့ထံပြန်စေကြလော့။ ငါ့လူမျိုးတော်တို့ ၏လမ်းခရီးမှဆူးညှောင့်ခလုတ်ရှိသမျှ ကိုပယ်ရှားကြလော့။ လမ်းကိုဖောက်လုပ် ၍အသင့်ပြင်ကြလော့။
有個聲音說:「修路,修路!把路修平,把我民族道路上的障礙除去!」
15 ၁၅ ``ငါသည်ထာဝရအသက်ရှင်သောဘုရား၊ ချီးမြှောက်ခြင်းကိုခံရ၍သန့်ရှင်းမြင့်မြတ် သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်း မြင့်မြတ်ရာအထက်ဘုံတွင်စံနေတော်မူ သော်လည်းစိတ်နှလုံးကြေကွဲသူ၊ စိတ်နှိမ့်ချ သူတို့စိတ်ဝိညာဉ်ပြန်လည်လန်းဆန်းအား တက်လာကြစေရန်ထိုသူတို့ထံတွင်လည်း ကျိန်းဝပ်တော်မူ၏။-
因為至高者,卓越者,居於永遠者,名為聖者的這樣說:「我雖居於高處及聖所,但我也與懺悔和心靈謙卑的人在一起,為振奮謙卑者的心情,甦醒懺悔者的心靈。
16 ၁၆ ငါသည်မိမိလူမျိုးတော်အားအသက်ရှင် ခွင့်ကိုပေး၏။ သူတို့အားဆက်လက်၍ပြစ် တင်စွပ်စွဲလျက်အစဉ်အမြဲအမျက်ထွက် လျက်နေလိမ့်မည်မဟုတ်။-
我不願永遠爭辯,也不願永久發怒,因為生氣是由我而出,靈魂是由我而造。
17 ၁၇ ငါသည်သူတို့၏အပြစ်များနှင့်လောဘ လွန်ကူးမှုများအတွက်အမျက်ထွက်သဖြင့် သူတို့အားအပြစ်ဒဏ်ခတ်၍သူတို့ထံမှ လွှဲရှောင်ခဲ့၏။ သို့သော်လည်းသူတို့သည်ခေါင်း မာလျက် မိမိတို့ပြုလိုရာပင်ပြုကျင့်လျက် နေကြ၏။
因了她的罪惡我一時發怒,打擊了她,在怒氣中掩住我的面;可是她仍背叛,走她隨心所欲的道路。
18 ၁၈ ``သူတို့အဘယ်သို့ပြုမူကျင့်ကြံကြသည် ကိုငါမြင်ရပြီ။ သို့ရာတွင်ငါသည်သူတို့ အားကုစားမည်။ ရှေ့ဆောင်လမ်းပြ၍ကူမ မည်။ သူတို့အားငါနှစ်သိမ့်စေမည်။-
我看見了她的行為,我要醫治她,我要引她回來,將安慰賜給她和她的憂傷者。
19 ၁၉ ဣသရေလနိုင်ငံရှိဝမ်းနည်းပူဆွေးလျက် နေသူတို့၏နှုတ်မှကျေးဇူးတော်ချီးမွမ်း ကြစေ၊ ရပ်နီးရပ်ဝေးရှိလူအပေါင်းတို့အား ငြိမ်းချမ်းသာယာမှုကိုငါပေး၏။ ငြိမ်သက် ခြင်းကိုငါပေး၏။ ငါ၏လူမျိုးတော်ကိုငါ ကုစားမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။-
在他們的口唇上安放讚頌之辭:「平安,平安歸於遠近的人 !」上主說。【我要醫好她。】
20 ၂၀ သို့ရာတွင်ဆိုးညစ်သူတို့သည်အမြဲလှုပ်ရှား လျက် လှိုင်းလုံးများဖြင့်အဆက်မပြတ်ရိုက် ခတ်ကာ၊ ရွှံ့နှင့်အမှိုက်သရိုက်များကိုယူ ဆောင်လာတတ်သောပင်လယ်ရေနှင့်တူကြ၏။-
但惡人將如翻騰的大海,不能平息,它的海浪捲起黃土與淤泥。
21 ၂၁ သူယုတ်မာတို့သည်ငြိမ်းချမ်းစွာနေရကြ လိမ့်မည်မဟုတ်'' ဟုငါ၏ဘုရားသခင် မိန့်တော်မူ၏။
我的天主說:惡人決無平安!