< ဟေရှာယ 56 >

1 ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော်​အား``ငါ သည်​မ​ကြာ​မီ​သူ​တို့​ကို​ကယ်​တင်​မည်။ သို့​ဖြစ် ၍​သင်​တို့​သည်​ဖြောင့်​မတ်​မှန်​ကန်​ရာ​ကို​ပြု​လုပ် ကြ​လော့။
Thus says Jehovah, "Keep justice, and do righteousness; for my salvation is near to come, and my righteousness to be revealed.
2 ဥ​ပုသ်​နေ့​ကို​အ​လွဲ​သုံး​စား​မ​ပြု​ဘဲ​ကောင်း စွာ​စောင့်​ထိန်း​သူ​တို့​နှင့် အ​ဘယ်​မ​ကောင်း​မှု ကို​မျှ​မ​ပြု​သူ​တို့​ကို​ကောင်း​ချီး​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။
Blessed is the man who does this, and the son of man who holds it fast; who keeps the Sabbath from profaning it, and keeps his hand from doing any evil."
3 ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​တွင်​ပါ​ဝင်​လာ သူ​လူ​မျိုး​ခြား​တစ်​စုံ​တစ်​ယောက်​သည်``ငါ့​အား ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တော်​နှင့်​အ​တူ ဝတ်​ပြု​ကိုး​ကွယ်​ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်'' ဟု မ​ဆို​သင့်။ မိန်း​မ​စိုး​တစ်​စုံ​တစ်​ယောက်​က​လည်း မိ​မိ​သည် သား​သ​မီး​မ​ရ​နိုင်​သ​ဖြင့်၊ ဘု​ရား​သ​ခင်​၏ လူ​မျိုး​တော်​တွင်​အ​ပါ​အ​ဝင်​မ​ဖြစ်​နိုင်​ဟု အ​ဘယ်​အ​ခါ​၌​မျှ​မ​ဆို​အပ်။-
Neither let the foreigner, who has joined himself to Jehovah, speak, saying, "Jehovah will surely separate me from his people"; neither let the eunuch say, "Look, I am a dry tree."
4 ထာ​ဝ​ရ​ဘု​ရား​က​ထို​သူ​တို့​အား``သင်​တို့ သည်​ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း​ကာ​ငါ​နှစ်​သက် သည့်​အ​မှု​ကို​ပြု​၍ ငါ​၏​ပ​ဋိ​ညာဉ်​တော်​ကို သစ္စာ​စောင့်​ကြ​မည်​ဆို​ပါ​မူ၊-
For thus says Jehovah, "To the eunuchs who keep my Sabbaths, and choose the things that please me, and hold fast my covenant:
5 ငါ​၏​ထံ​မှ​သား​သ​မီး​များ​ထက်​မွန်​မြတ် သည့်​ဆု​ကျေး​ဇူး​ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။ ငါ​၏​ဗိ​မာန်​တော်​၌​လည်း​ကောင်း၊ ငါ​၏​လူ မျိုး​တော်​ထဲ​၌​လည်း​ကောင်း​မ​မေ့​မ​ပျောက် နိုင်​သော​အ​မည်​နာ​မ​ကို​ခံ​ယူ​ရ​ရှိ​ကြ​လိမ့် မည်။ လူ​တို့​သည်​သင်​တို့​ကို​အ​ဘယ်​အ​ခါ ၌​မျှ​မေ့​လျော့​ကြ​လိမ့်​မည်​မ​ဟုတ်'' ဟု မိန့်​တော်​မူ​၏။
to them I will give in my house and within my walls a memorial and a name better than of sons and of daughters; I will give them an everlasting name, that shall not be cut off.
6 ထို​နောက်၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ဖြစ် ခံယူ​ကြ​သူ၊ ကိုယ်​တော်​ကို​ချစ်​၍​အ​စေ​ခံ လျက် ကိုး​ကွယ်​ဝတ်​ပြု​သူ၊ ဥ​ပုသ်​နေ့​ကို မ​ညစ်​ညူး​စေ​အံ့​ငှာ စောင့်​ထိန်း​၍​ပ​ဋိ​ညာဉ် တော်​ကို​သစ္စာ​စောင့်​သူ​လူ​မျိုး​ခြား​တို့​အား ထာ​ဝ​ရ​ဘု​ရား​က၊-
Also the foreigners who join themselves to Jehovah, to minister to him, and to love the name of Jehovah, to be his servants, everyone who keeps the Sabbath from profaning it, and holds fast my covenant;
7 ``ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် တောင်​သို့​သင်​တို့​အား​ပို့​ဆောင်​မည်။ ငါ့​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​တွင် သင် တို့​သည်​ဝမ်း​မြောက်​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ ငါ​၏​ယဇ်​ပလ္လင်​တွင်​သင်​တို့​တင်​လှူ​ပူ​ဇော် သည့်​မီး​ရှို့​ရာ​ယဇ်​တို့​ကို ငါ​လက်​ခံ​မည်။ ငါ ၏​ဗိ​မာန်​တော်​ကို​လူ​မျိုး​တ​ကာ​တို့ ဆု​တောင်း ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ်​သ​မုတ် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
even them will I bring to my holy mountain, and make them joyful in my house of prayer: their burnt offerings and their sacrifices shall be accepted on my altar; for my house will be called a house of prayer for all peoples."
8 မိ​မိ​၏​လူ​မျိုး​တော်​အား​ပြည်​နှင်​ဒဏ်​သင့် ရာ​မှ​သူ​တို့​၏​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင်​လာ တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် သည် အ​ခြား​အ​မျိုး​သား​တို့​ကို​လည်း​ထို လူ​စု​နှင့်​အ​တူ​စု​ပေါင်း​နေ​ထိုင်​ရန်​ခေါ် ဆောင်​လာ​တော်​မူ​လိမ့်​မည်။
Jehovah, who gathers the outcasts of Israel, says, "Yet will I gather others to him, besides his own who are gathered."
9 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​ခြား​တို့​အား သား​ရဲ​တိ​ရစ္ဆာန်​များ​သ​ဖွယ်​လာ​၍ မိ​မိ​၏ လူ​မျိုး​တော်​ကို​သတ်​ဖြတ်​စေ​တော်​မူ​၏။-
All you animals of the field, come to devour, all you animals in the forest.
10 ၁၀ ကိုယ်​တော်​က``ငါ​၏​လူ​မျိုး​တော်​အား​ကြို​တင် သ​တိ​ပေး​သင့်​သူ​များ​ဖြစ်​သည့်​ခေါင်း​ဆောင် တို့​သည်​မျက်​စိ​ကန်း​လျက်​နေ​ကြ​၏။ သူ​တို့ သည်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​သိ။ မ​ဟောင်​တတ် သည့်​အိမ်​စောင့်​ခွေး​များ​နှင့်​တူ​ကြ​၏။ သူ​တို့ သည်​လဲ​လျောင်း​ကာ​အိပ်​မက်​ဝင်​လျက်​သာ နေ​တတ်​ကြ​၏။ သူ​တို့​သည်​အ​လွန်​အ​အိပ် မက်​သူ​များ​ဖြစ်​ပါ​သည်​တ​ကား။-
His watchmen are blind, they are all without knowledge; they are all mute dogs, they can't bark; dreaming, lying down, loving to slumber.
11 ၁၁ သူ​တို့​သည်​စား​၍​အား​မ​ရ​နိုင်၊ လော​ဘ​ကြီး သည့်​ခွေး​များ​နှင့်​တူ​ကြ​၏။ သူ​တို့​သည်​ကား အ​သိ​တ​ရား​ကင်း​မဲ့​သည့်​ခေါင်း​ဆောင်​များ တည်း။ မိ​မိ​တို့​နှစ်​သက်​ရာ​ကို​ကိုယ်​စီ​ကိုယ်​ငှ ဆောင်​ရွက်​ကြ​လျက်​ကိုယ်​ကျိုး​ကို​သာ​လျှင် ရှာ​ကြံ​တတ်​ကြ​၏။-
Yes, the dogs are greedy, they can never have enough; and these are shepherds who can't understand: they have all turned to their own way, each one to his gain, from every quarter.
12 ၁၂ ဤ​သေ​သောက်​ကြူး​တို့​က`လာ​ကြ၊ ငါ​တို့​သည် စ​ပျစ်​ရည်​ကို​ယူ​၍​အ​စွမ်း​ကုန်​သောက်​ကြ ကုန်​အံ့။ နက်​ဖြန်​နေ့​သည်​ယ​နေ့​ထက်​ပင်​ပို ၍​မွေ့​လျော်​ဖွယ်​ကောင်း​လိမ့်​မည်' ဟု​ဆို တတ်​ကြ​၏။''
"Come," say they, "I will get wine, and we will fill ourselves with strong drink; and tomorrow shall be as this day, great beyond measure."

< ဟေရှာယ 56 >