< ဟေရှာယ 55 >

1 ရေ​ငတ်​သူ​အ​ပေါင်း​တို့၊လာ​ကြ​လော့။ ဤ​အ​ရပ်​တွင်​ရေ​ရှိ​၏။ ကြေး​ငွေ​မ​ရှိ​သူ​တို့​လာ​၍​ဂျုံ​စ​ပါး​ကို ဝယ်​ယူ​စား​သုံး​ကြ​လော့။ နို့​နှင့်​ပျား​ရည်​ကို​ဝယ်​ယူ​ကြ​လော့။ အ​ဖိုး​ငွေ​တစ်​ပြား​တစ်​ချပ်​မျှ​သင်​တို့ ကုန်​ကျ​ရ​လိမ့်​မည်​မ​ဟုတ်။
ה֤וֹי כָּל־צָמֵא֙ לְכ֣וּ לַמַּ֔יִם וַאֲשֶׁ֥ר אֵֽין־ל֖וֹ כָּ֑סֶף לְכ֤וּ שִׁבְרוּ֙ וֶֽאֱכֹ֔לוּ וּלְכ֣וּ שִׁבְר֗וּ בְּלוֹא־כֶ֛סֶף וּבְל֥וֹא מְחִ֖יר יַ֥יִן וְחָלָֽב׃
2 အ​စာ​အာ​ဟာ​ရ​မ​ဖြစ်​သည့်​အ​ရာ​အ​တွက် အ​ဘယ်​ကြောင့်​ငွေ​အ​ကုန်​အ​ကျ​ခံ​ကြ​ပါ မည်​နည်း။ သင်​၏​လုပ်​အား​ခ​များ​ကို​အ​ကုန်​ခံ​ကာ အ​ဘယ်​ကြောင့်​မွတ်​သိပ်​လျက်​နေ​ကြ​ပါ မည်​နည်း။ ငါ့​စ​ကား​ကို​နား​ထောင်​လျက်၊ငါ​ပြော​သည့်​အ​တိုင်း ပြု​လုပ်​ကြ​ပါ​မူ သင်​တို့​သည်​အ​မွန်​မြတ်​ဆုံး​သော​အ​စား​အ​စာ များ​ကို စား​သောက်​ရ​ကြ​လိမ့်​မည်။
לָ֤מָּה תִשְׁקְלוּ־כֶ֙סֶף֙ בְּֽלוֹא־לֶ֔חֶם וִיגִיעֲכֶ֖ם בְּל֣וֹא לְשָׂבְעָ֑ה שִׁמְע֨וּ שָׁמ֤וֹעַ אֵלַי֙ וְאִכְלוּ־ט֔וֹב וְתִתְעַנַּ֥ג בַּדֶּ֖שֶׁן נַפְשְׁכֶֽם׃
3 ``အို ငါ​၏​လူ​မျိုး​တော်၊ငါ့​စ​ကား​ကို​နား​ထောင်​၍ ငါ့​ထံ​သို့​လာ​ကြ​လော့။ ဤ​သို့​ပြု​လျှင်​သင်​တို့​သည်​အ​သက်​ရှင်​ခွင့် ရ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​သင်​တို့​နှင့်​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု​ပြီး​လျှင်၊ ဒါ​ဝိဒ်​အား​က​တိ​ထား​ခဲ့​သည့်​ကောင်း​ချီး မင်္ဂ​လာ​များ​ကို​သင်​တို့​အား​ချ​ပေး​မည်။
הַטּ֤וּ אָזְנְכֶם֙ וּלְכ֣וּ אֵלַ֔י שִׁמְע֖וּ וּתְחִ֣י נַפְשְׁכֶ֑ם וְאֶכְרְתָ֤ה לָכֶם֙ בְּרִ֣ית עוֹלָ֔ם חַֽסְדֵ֥י דָוִ֖ד הַנֶּאֱמָנִֽים׃
4 ငါ​သည်​သူ့​ကို​လူ​မျိုး​တ​ကာ​တို့​၏​ခေါင်း​ဆောင် ဗိုလ်​ချုပ်​အ​ဖြစ်​ခန့်​ထား​စေ​ပြီး​လျှင်၊ ငါ​၏ တန်​ခိုး​တော် ကို​လူ​တို့​ရှေ့​၌​သက်​သေ​ဖြစ်​စေ​မည်။
הֵ֛ן עֵ֥ד לְאוּמִּ֖ים נְתַתִּ֑יו נָגִ֥יד וּמְצַוֵּ֖ה לְאֻמִּֽים׃
5 ယ​ခု​တွင်​နိုင်​ငံ​ခြား​အ​မျိုး​သား​တို့​ကို​သင်​သည်​ဆင့်​ခေါ်​မည်။ အ​ခါ​တစ်​ပါး​က​သူ​တို့​သည်​သင်​တို့​ကို မ​သိ​ကြ​သော်​လည်း၊ ယ​ခု​အ​ခါ​၌​မူ​သင်​တို့​ထံ​သို့​ပြေး​၍ ဝင်​လာ​ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဘု​ရား​ဖြစ်​တော်​မူ​သော​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ဤ​အ​မှု​အ​ရာ​အ​ပေါင်း​ကို ဖြစ်​ပျက်​စေ​တော်​မူ​လိမ့်​မည်။ ငါ​သည်​သင်​တို့​အား​ဂုဏ်​အ​သ​ရေ​နှင့် ဘုန်း​အ​သ​ရေ​ကို​ပေး​တော်​မူ​မည်။''
הֵ֣ן גּ֤וֹי לֹֽא־תֵדַע֙ תִּקְרָ֔א וְג֥וֹי לֹֽא־יְדָע֖וּךָ אֵלֶ֣יךָ יָר֑וּצוּ לְמַ֙עַן֙ יְהוָ֣ה אֱלֹהֶ֔יךָ וְלִקְד֥וֹשׁ יִשְׂרָאֵ֖ל כִּ֥י פֵאֲרָֽךְ׃ ס
6 ထာ​ဝ​ရ​ဘု​ရား​သည်​ယ​ခု​သင်​တို့​အ​နီး​တွင် ရှိ​တော်​မူ​ပြီ​ဖြစ်​၍၊ အ​ထံ​တော်​သို့​လှည့်​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ကြ​လော့။
דִּרְשׁ֥וּ יְהוָ֖ה בְּהִמָּצְא֑וֹ קְרָאֻ֖הוּ בִּֽהְיוֹת֥וֹ קָרֽוֹב׃
7 သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​သော အ​ကျင့်​များ​ကို​စွန့်​လွှတ်​၍၊ မိ​မိ​တို့​၏​စိတ်​နေ​သ​ဘော​ထား​များ​ကို​လည်း ပြောင်း​လဲ​ကြ​ရာ​၏။ သူ​တို့​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​လှည့်​ကြ​ရာ​၏။ ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​တတ်​၍​လျင်​မြန်​စွာ အ​ပြစ်​လွှတ်​တော်​မူ​တတ်​၏။
יַעֲזֹ֤ב רָשָׁע֙ דַּרְכּ֔וֹ וְאִ֥ישׁ אָ֖וֶן מַחְשְׁבֹתָ֑יו וְיָשֹׁ֤ב אֶל־יְהוָה֙ וִֽירַחֲמֵ֔הוּ וְאֶל־אֱלֹהֵ֖ינוּ כִּֽי־יַרְבֶּ֥ה לִסְלֽוֹחַ׃
8 ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​၏​အ​ကြံ​အ​စည်​တော်​များ​သည်​သင်​တို့ အ​ကြံ​အ​စည်​များ​နှင့်​မ​တူ။ ငါ​၏​နည်း​နာ​များ​သည်​လည်း​သင်​တို့ နည်း​နာ​များ​နှင့်​ခြား​နား​၏။
כִּ֣י לֹ֤א מַחְשְׁבוֹתַי֙ מַחְשְׁב֣וֹתֵיכֶ֔ם וְלֹ֥א דַרְכֵיכֶ֖ם דְּרָכָ֑י נְאֻ֖ם יְהוָֽה׃
9 မိုး​ကောင်း​ကင်​သည်​ကမ္ဘာ​မြေ​ကြီး​ထက် မြင့်​မား​သ​ကဲ့​သို့၊ ငါ​၏​အ​ကြံ​အ​စည်​တော်​များ​သည်​သင်​တို့​၏ အ​ကြံ​အ​စည်​များ​ထက်​မြင့်​မား​သ​တည်း။
כִּֽי־גָבְה֥וּ שָׁמַ֖יִם מֵאָ֑רֶץ כֵּ֣ן גָּבְה֤וּ דְרָכַי֙ מִדַּרְכֵיכֶ֔ם וּמַחְשְׁבֹתַ֖י מִמַּחְשְׁבֹתֵיכֶֽם׃
10 ၁၀ ``ငါ​၏​နှုတ်​က​ပတ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို ရေ​ပေး​ရန်​သက်​ရောက်​လာ​သည့် မိုး​နှင့်​မိုး​ပွင့်​များ​ကဲ့​သို့​ဖြစ်​၏။ ထို​အ​ရာ​တို့​သည်​ကောက်​ပဲ​သီး​နှံ​ပင်​များ​ကို ပေါက်​စေ​တတ်​၏။ စိုက်​ပျိုး​ရန်​မျိုး​စေ့​များ​နှင့်​စား​သုံး​ရန် အ​စား​အ​စာ​များ​ကို​ဖြစ်​ပွား​စေ​တတ်​၏။
כִּ֡י כַּאֲשֶׁ֣ר יֵרֵד֩ הַגֶּ֨שֶׁם וְהַשֶּׁ֜לֶג מִן־הַשָּׁמַ֗יִם וְשָׁ֙מָּה֙ לֹ֣א יָשׁ֔וּב כִּ֚י אִם־הִרְוָ֣ה אֶת־הָאָ֔רֶץ וְהוֹלִידָ֖הּ וְהִצְמִיחָ֑הּ וְנָ֤תַן זֶ֙רַע֙ לַזֹּרֵ֔עַ וְלֶ֖חֶם לָאֹכֵֽל׃
11 ၁၁ ငါ​မြွက်​ဆို​သည့်​နှုတ်​က​ပတ်​စ​ကား​သည်​လည်း ဤ​နည်း​အ​တိုင်း​ဖြစ်​လိမ့်​မည်။ ထို​နှုတ်​က​ပတ်​တော်​သည်​ငါ​၏​အ​ကြံ​အ​စည် တော်​ကို ပြည့်​စုံ​စေ​လိမ့်​မည်။ ငါ​စေ​ခိုင်း​သ​မျှ​သော​အ​မှု​တို့​ကို​ပြု​လိမ့်​မည်။
כֵּ֣ן יִֽהְיֶ֤ה דְבָרִי֙ אֲשֶׁ֣ר יֵצֵ֣א מִפִּ֔י לֹֽא־יָשׁ֥וּב אֵלַ֖י רֵיקָ֑ם כִּ֤י אִם־עָשָׂה֙ אֶת־אֲשֶׁ֣ר חָפַ֔צְתִּי וְהִצְלִ֖יחַ אֲשֶׁ֥ר שְׁלַחְתִּֽיו׃
12 ၁၂ ``သင်​တို့​သည်​ဗာ​ဗု​လုန်​ပြည်​မှ​ဝမ်း​မြောက်​စွာ ထွက်​ခွာ​ရ​ကြ​လိမ့်​မည်။ မြို့​ထဲ​မှ​ငြိမ်း​ချမ်း​စွာ​ထုတ်​ဆောင်​ခေါ်​ယူ​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ တောင်​ကြီး​တောင်​ငယ်​တို့​သည်​ဟစ်​အော်​၍ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ သစ်​ပင်​များ​သည်​လည်း​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လိမ့်​မည်။
כִּֽי־בְשִׂמְחָ֣ה תֵצֵ֔אוּ וּבְשָׁל֖וֹם תּֽוּבָל֑וּן הֶהָרִ֣ים וְהַגְּבָע֗וֹת יִפְצְח֤וּ לִפְנֵיכֶם֙ רִנָּ֔ה וְכָל־עֲצֵ֥י הַשָּׂדֶ֖ה יִמְחֲאוּ־כָֽף׃
13 ၁၃ ယ​ခု​ဆူး​ပင်​များ​ပေါက်​လျက်​ရှိ​ရာ​အ​ရပ်​တွင် အာ​ရဇ်​ပင်(သစ်​က​တိုး) များ​ပေါက်​၍​လာ​လိမ့်​မည်။ ဆူး​ခြုံ​များ​ရှိ​ရာ​အ​ရပ်​တွင်​မု​ရ​တု​ပင်​များ ပေါက်​ရောက်​လာ​လိမ့်​မည်။ ဤ​အ​မှု​အ​ရာ​သည်၊ငါ​ထာ​ဝ​ရ​ဘု​ရား​၏ လက်​ရာ​တော်​ကို​အောက်​မေ့​သ​တိ​ရ​စေ​ရန် ထာ​ဝ​စဉ်​တည်​မြဲ​သည့်​အ​မှတ်​လက္ခ​ဏာ​တစ်​ရပ် ဖြစ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
תַּ֤חַת הַֽנַּעֲצוּץ֙ יַעֲלֶ֣ה בְר֔וֹשׁ תחת הַסִּרְפַּ֖ד יַעֲלֶ֣ה הֲדַ֑ס וְהָיָ֤ה לַֽיהוָה֙ לְשֵׁ֔ם לְא֥וֹת עוֹלָ֖ם לֹ֥א יִכָּרֵֽת׃ ס

< ဟေရှာယ 55 >