< ဟေရှာယ 54 >

1 အို ယေ​ရု​ရှ​လင်​မြို့၊သင်​သည်​သား​သ​မီး​မ​ရ သည့် အ​မျိုး​သ​မီး​နှင့်​တူ​၍​နေ​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ဝမ်း​မြောက်​ရွှင်​လန်း​စွာ သီ​ချင်း​ဆို​၍​ကြွေး​ကြော်​နိုင်​လေ​ပြီ။ ယ​ခု​သင်​သည်​ခင်​ပွန်း​ဖြစ်​သူ​၏​စွန့်​ပစ်​မှု​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​ခံ​ရ​ဘူး​သည့် အ​မျိုး​သ​မီး​ထက်​ပင်​ပို​၍​သား​သ​မီး​များ​ကို ရ​ရှိ​ပေ​လိမ့်​မည်။
E OLI oe, e ka mea pa, ka mea i hanau ole hoi; E oli i ke oli, a e hauoli hoi, e ka mea kuakoko ole; No ka mea, ua nui aku na keiki a ka mea i neoneo, i na keiki a ka wahine i mareia, wahi a Iehova.
2 သင်​နေ​ထိုင်​သည့်​တဲ​ကို​တိုး​ချဲ့​ပါ​လော့။ တဲ​၏​ကု​လား​ကာ​များ​ကို​ဆန့်​ထုတ်​လော့၊ မ​တွန့်​ဆုတ်​နှင့်။ တဲ​ကြိုး​တို့​ကို​ရှည်​အောင်​ပြု​၍​ပန္နက်​တိုင်​များ​ကို ခိုင်​မြဲ​အောင်​ရိုက်​လော့။
A hoakea i kahi o kou halelewa, E hoopalahalaha hoi lakou i na paku o kou wahi e noho ai; Mai aua, e hooloihi i kou mau kaula, E hoopaa loa hoi i kou mau makia;
3 သင်​သည်​မိ​မိ​၏​နယ်​နိ​မိတ်​များ​ကို​အ​ဘက်​ဘက်​မှ တိုး​ချဲ့​ရ​လိမ့်​မည်။ ယ​ခု​အ​ခါ၊လူ​မျိုး​ခြား​တို့​နေ​ထိုင်​ရာ​ပြည်​ကို သင်​၏​အ​မျိုး​သား​တို့​သည်​ပြန်​လည်​ရ​ရှိ​ကြ​လိမ့်​မည်။ ယ​ခု​အ​ခါ​လူ​သူ​ဆိတ်​ငြိမ်​လျက်​နေ​သော​မြို့​တို့​သည် စည်​ကား​၍​လာ​လိမ့်​မည်။
No ka mea, e poha aku auanei oe, ma ka lima akau, a ma ka lima hema; A e ili mai ko na aina na kau poe mamo, A ia lakou no e hoonohoia na kulanakauhale neoneo.
4 မ​ကြောက်​နှင့်၊သင်​သည်​နောက်​တစ်​ဖန် အ​သ​ရေ​ပျက်​ရ​တော့​မည်​မ​ဟုတ်။ ရှုတ်​ချ​ခြင်း​ကို​လည်း​ခံ​ရ​လိမ့်​မည်​မ​ဟုတ်။ သင်​သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က​သစ္စာ​မဲ့​သည့် ဇ​နီး ဖြစ်​ခဲ့​မှု​ကို​လည်း​ကောင်း၊ မု​ဆိုး​မ​အ​ဖြစ်​ဖြင့်​မ​ကြံ​တတ်​အောင်​ပင် ကိုယ်​တိုင်​ကြုံ​ခဲ့​ရ​သည်​ကို​လည်း​ကောင်း၊ မေ့​လျော့​သွား​လိမ့်​မည်။
Mai makau oe, no ka mea, aole oe e hilahila, Mai hoopalaimaka, no ka mea, aole oe hoohilahilaia; E hoopoina no hoi oe i ka hilahila o kou wa opiopio, Aole hoi e mauao hou i ka hoowahawahaia o kou noho wahine kane make ana.
5 သင့်​ကို​ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​သည်၊ သင်​၏​ခင်​ပွန်း​ပ​မာ​သင့်​အား​ကြည့်​ရှု​စောင့်​ရှောက် တော်​မူ​လိမ့်​မည်။ ထို​အ​ရှင်​၏​နာ​မ​တော်​ကား၊အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​သ​တည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ်​သော ဘု​ရား​သ​ခင်​သည်​သင့်​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ကမ္ဘာ​လော​က​ကို အ​စိုး​ရ​တော်​မူ​ပါ​သည်​တ​ကား။
No ka mea, o ka mea nana oe i hana, oia kau kane, O Iehova o na kaua kona inoa; A o kou Hoolapanai, o ka Mea Hemolele ia o ka Iseraela; E kapaia no hoi oia, ke Akua o ka honua a pau.
6 အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊သင်​တို့​သည်၊ ခင်​ပွန်း​ဖြစ်​သူ​စွန့်​ပစ်​သ​ဖြင့်၊အ​လွန်​စိတ်​ဒုက္ခ ရောက်​လျက်​နေ​သည့်​ဇ​နီး​ငယ်​တစ်​ဦး​နှင့်​တူ​ကြ​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို ပြန်​လည်​ခေါ်​ယူ​တော်​မူ​ပါ​၏။
No ka mea, ua hea aku o Iehova ia oe, E like me ka wahine i haaleleia, a kaumaha hoi ma ka naau, Ka wahine hoi i ka wa opiopio; No ka mea, e hooleia oia, wahi a ke Akua ou.
7 ``ငါ​သည်​သင်​တို့​အား​ခေတ္တ​မျှ​စွန့်​ပယ်​ခဲ့​သော်​လည်း နက်​နဲ​သည့်​မေတ္တာ​ဖြင့်​ပြန်​လည်​သိမ်း​ပိုက်​မည်။
No ka manawa uuku, ua haalele aku au ia oe; Aka, me ka lokomaikai he nui loa, e hoiliili au ia oe.
8 ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​ထံ​မှ မျက်​နှာ​လွှဲ​၍​နေ​ခဲ့​၏။ သို့​ရာ​တွင်​မေတ္တာ​တော်​ကို​သင်​တို့​အား​ထာ​ဝ​စဉ် ငါ​ပြ​မည်'' ဟု သင်​တို့​ကို​ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပါ​၏။
I ka hu ana o ka huhu, huna no wau i ko'u maka ia oe i kekahi minute; Aka, me ke aloha mau loa, e lokomaikai aku ai au ia oe, Wahi a Iehova, kou Hoolapanai.
9 ``ငါ​သည်​ကမ္ဘာ​မြေ​ကြီး​ကို​နောက်​တစ်​ဖန် ရေ​လွှမ်း​မိုး​စေ​လိမ့်​မည်​မ​ဟုတ်​ဟု နော​ဧ​၏​လက်​ထက်​၌​က​တိ​ပြု​ခဲ့​၏။ သင်​တို့​အား​နောက်​တစ်​ဖန် အ​မျက်​ထွက်​တော်​မူ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ယ​ခု​ငါ​က​တိ​ပြု​ပါ​၏။ ငါ​သည်​သင်​တို့​အား​ပြစ်​တင်​ဆုံး​မ​မှု​နှင့် အ​ပြစ်​ဒဏ်​ခတ်​မှု​ကို​ပြု​လိမ့်​မည်​မ​ဟုတ်​ပါ။
No ka mea, e like me na wai o Noa, pela no keia ia'u; Me au i hoohiki ai, aole e hoohalana hou na wai o Noa i ka honua, Pela no wau i hoohiki ai, aole au e huhu aku ia oe, Aole hoi au e paipai ikaika aku ia oe.
10 ၁၀ တောင်​ကြီး​တောင်​ငယ်​တို့​သည်​ပြို​ကွဲ ပျက်​စီး​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​အ​ပေါ်​၌​ထား​ရှိ​သည့် ငါ​၏​မေတ္တာ​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ ပျက်​သုဉ်း​လိမ့်​မည်​မ​ဟုတ်။ ငြိမ်း​ချမ်း​ရေး​ဆိုင်​ရာ​က​တိ​တော်​ကို​ငါ​သည် အ​စဉ်​တည်​မြဲ​စေ​မည်'' ဟု သင်​တို့​ကို​ချစ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပါ​၏။
No ka mea, e lilo auanei na kuahiwi, A e hooneeneeia na mauna; Aka, aole e lilo aku ko'u lokomaikai, Aole hoi e hooneeneeia ka berita o ko'u malu, Wahi a Iehova, ka mea i aloha mai ia oe.
11 ၁၁ ``အို ယေ​ရု​ရှ​လင်​မြို့၊ဒုက္ခ​ရောက်​လျက်၊ အား​ကိုး​ရာ​မဲ့​ဖြစ်​ကာ၊ နှစ်​သိမ့်​မည့်​သူ မ​ရှိ​သည့်​မြို့၊ ငါ​သည်​သင်​၏​အုတ်​မြစ်​များ​ကို​အ​ဖိုး​တန် ကျောက်​များ​ဖြင့်​ပြန်​လည်​တည်​ဆောက်​မည်။
E ka mea popilikia i hooalealeia, Aole hoi i alohaia! E hoonoho wau i kou mau pohaku maloko o ka pena, A e hookumu wau ia oe ma ua pohaku sapeiro.
12 ၁၂ သင်​၏​ပြ​အိုး​များ​ကို​ပတ္တ​မြား​ဖြင့်​လည်း​ကောင်း၊ သင်​၏​တံ​တိုင်း​တို့​ကို​ကျောက်​မျက်​ရ​တ​နာ များ​ဖြင့်​လည်း​ကောင်း၊ သင်​၏​နံ​ရံ​များ​ကို​အ​ဖိုး​တန်​ရ​တ​နာ များ​ဖြင့်​လည်း​ကောင်း၊ပြန်​လည်​တည်​ဆောက်​မည်။
A hana no wau i kou mau puupuu kaua i pohaku paea, A me kou mau pukapa i pohaku ula, A me kou mau mokuna a pau i pohaku maikai.
13 ၁၃ ``သင်​၏​လူ​တို့​အား​ငါ​ကိုယ်​တိုင်​ဆုံး​မ​သွန်​သင်​မည်။ သင်​၏​သား​သ​မီး​တို့​အား​ချမ်း​သာ​ကြွယ်​ဝ​မှု​နှင့် ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ငါ​ပေး​မည်။
E aoia no hoi kau mau keiki a pau e Iehova, A e nui loa auanei ka pomaikai o kau mau keiki.
14 ၁၄ သင်​သည်​သူ​တော်​ကောင်း​တ​ရား​တွင်​အ​ခြေ​ခံ သ​ဖြင့် တည်​တံ့​ခိုင်​မြဲ​လိမ့်​မည်။ နှိပ်​စက်​ညှင်း​ဆဲ​မှု၊ထိတ်​လန့်​တုန်​လှုပ်​မှု​တို့​နှင့် ကင်း​ဝေး​ရ​လိမ့်​မည်။
Ma ka pono no oe e hookumuia'i: E mamao aku oe i ka hookaumaha, No ka mea, aole oe e makau ana; A i ka weliweli hoi, no ka mea, aole ia e hookokoke mai ia oe.
15 ၁၅ အ​ကယ်​၍​သင့်​အား​ထိ​ပါး​တိုက်​ခိုက်​လာ​သူ တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​မူ၊ ထို​သူ​သည်​ငါ​၏​ခွင့်​ပြု​ချက်​ကို​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်။ သင့်​အား​စစ်​ပြိုင်​လာ​သူ​မှန်​သ​မျှ​သည် ကျ​ဆုံး​ရ​ကြ​လိမ့်​မည်။
Aia hoi, e hookipikipi no lakou, aole nae mamuli o ka'u olelo ana, O ka mea kipi aku ia oe, e haule no ia mamuli ou.
16 ၁၆ ``မီး​ကို​မွှေး​၍​လက်​နက်​များ​ကို​ပြု​လုပ်​သူ ပန်း​ပဲ​ဆ​ရာ​ကို​ငါ​ဖန်​ဆင်း​၏။ သတ်​ဖြတ်​ရန်​အ​တွက်​ထို​လက်​နက်​များ​ကို အ​သုံး​ပြု​သူ​စစ်​သူ​ရဲ​ကို​လည်း​ငါ​ဖန်​ဆင်း​၏။
Aia hoi, na'u no i hana i ka amara nana e puhi i ka lanahu i ke ahi, A hoopuka mai la oia i mea hana no kana hana; A na'u hoi i hana i ka mea make e make ai.
17 ၁၇ သို့​ရာ​တွင်​အ​ဘယ်​လက်​နက်​မျှ​သင့်​အား​အ​နာ​တ​ရ ဖြစ်​စေ​နိုင်​လိမ့်​မည်​မဟုတ်။ သင်​သည်​မိ​မိ​အား​ပြစ်​တင်​စွပ်​စွဲ​သူ​မှန်​သ​မျှ​ကို ပြန်​လည်​ချေ​ပ​နိုင်​လိမ့်​မည်။ ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​များ​ကာ​ကွယ်​စောင့်​ရှောက်​ရန် အောင်​ပွဲ​ကို​ပေး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ​သော စ​ကား​ပင်​ဖြစ်​သ​တည်း။
O na mea hoeha a pau i hanaia e ku e ia oe, aole lakou e lanakila, A o na elelo a pau e ala mai e ku e ia oe, nau no ia e hoahewa aku. Oia ka hooilina o na kanwa a Iehova, A na'u hoi ko lakou pono, wahi a Iehova.

< ဟေရှာယ 54 >

A Dove is Sent Forth from the Ark
A Dove is Sent Forth from the Ark