< ဟေရှာယ 53 >

1 ပြည်​သူ​တို့​က၊ ``ငါ​တို့​ယ​ခု​ဖော်​ပြ​သည့်​သ​တင်း​ကို​အ​ဘယ် သူ​သည် ယုံ​ကြည်​ပါ​လိမ့်​မည်​နည်း။ ဤ​အ​ဖြစ်​အ​ပျက်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏ လက်​ရာ​တော်​ကို​အ​ဘယ်​သူ​တွေ့​မြင်​နိုင် ပါ​လိမ့်​မည်​နည်း။
આપણે જે સાંભળ્યું તે કોણે માન્યું છે? અને યહોવાહનો ભુજ, તે કોની આગળ પ્રગટ થયેલો છે?
2 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ​အား သွေ့​ခြောက်​သည့်​မြေ​တွင်​အ​မြစ်​စွဲ​သည့် အ​ပင်​ငယ်​ကဲ့​သို့​ရှင်​သန်​စေ​ရန်​အ​လို​တော် ရှိ​ပါ​၏။ ထို​သူ​၌​ပ​မာ​ဏ​ပြု​လောက်​သည့်​ဂုဏ်​အ​သ​ရေ​နှင့် အ​ဆင်း​သဏ္ဌာန်​လည်း​မ​ရှိ။ ချစ်​ခင်​နှစ်​လို​ဖွယ်​ကောင်း​သည့်​ရုပ်​ရည်​လည်း​မ​ရှိ။ မိ​မိ​ဘက်​သို့​ပါ​အောင်​ဆွဲ​ဆောင်​နိုင်​စွမ်း​လည်း​မ​ရှိ။
તે યહોવાહની સમક્ષ રોપાની જેમ ઊગી નીકળ્યો અને સૂકી ભૂમિમાં ફણગાની જેમ ફૂટી નીકળ્યો; તેની પાસે કોઈ સૌંદર્ય કે વૈભવ ન હતા; જયારે આપણે તેને જોયો, તેનામાં આપણને આકર્ષી શકે તેવી સુંદરતા નહોતી.
3 ငါ​တို့​သည်​သူ့​အား​စက်​ဆုတ်​ရွံ​ရှာ​၍​ပစ်​ပယ် ထား​ကြ​၏။ သူ​သည်​ဆင်း​ရဲ​ဒုက္ခ​နှင့်​ဝေ​ဒ​နာ​ကို​ခံ​ရ​၏။ သူ့​ကို​လှည့်​၍​ပင်​ကြည့်​မည့်​သူ​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ။ ငါ​တို့​သည်​သူ့​အား​တန်​ဖိုး​မဲ့​သူ​အ​လား လျစ်​လူ​ရှု​၍​ထား​ကြ​၏။
તે માણસોથી ધિક્કારાયેલો તથા નકારાયેલો હતો; દુ: ખી પુરુષ અને દર્દનો અનુભવી. જેને જોઈને માણસો પોતાનું મુખ ફેરવી લે, એવો ધિક્કાર પામેલો તે હતો; અને આપણે તેની કદર કરી નહિ.
4 ``သို့​ရာ​တွင်​သူ​သည်​ငါ​တို့​ခံ​ထိုက်​သည့်​ဆင်း​ရဲ ဒုက္ခ​ကို​လည်း​ကောင်း၊ ငါ​တို့​ခံ​ရ​မည့်​ဝေ​ဒ​နာ​ကို​လည်း​ကောင်း​ခံ​ပေ​သည်။ ယင်း​သို့​သူ​ခံ​စား​လျက်​နေ​ရ​သည့်​ဒုက္ခ​ဝေ​ဒ​နာ ကို​ပင်​လျှင်၊ သူ့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​သည့် အ​ပြစ်​ဒဏ်​ဟု​ငါ​တို့​ထင်​မှတ်​ကြ​၏။
પણ નિશ્ચે તેણે આપણી માંદગી માથે લીધી અને આપણાં દુ: ખ વેઠ્યાં છે; પણ આપણે તો તેને ઈશ્વરથી શિક્ષા પામેલો, ઈશ્વર દ્વારા મારવામાં આવેલો તથા પીડિત થયેલો માન્યો.
5 သို့​နှင့်​လည်း​သူ​သည်​ငါ​တို့​၏​အ​ပြစ်​များ​အ​တွက် ထိုး​နှက်​သည့်​ဒဏ်​ရာ​များ​ကို​ရ​ရှိ​လျက်၊ ငါ​တို့​ပြု​သည်​မ​ကောင်း​မှု​များ​အ​တွက် ရိုက်​နှက်​ခြင်း​ကို​ခံ​ရ​၏။ သူ​သည်​ယင်း​သို့​အ​ပြစ်​ဒဏ်​ခံ​ယူ​သည်​ဖြစ်​၍ ငါ​တို့​သည်​အ​ပြစ်​ဖြေ​လွှတ်​ခွင့်​ကို​ရ​ရှိ​ကြ​၏။ သူ​ခံ​ရ​သော​ဒဏ်​ရာ​ဒဏ်​ချက်​အား​ဖြင့်​ငါ တို့​သည် အ​နာ​ပျောက်​ကင်း​ခွင့်​ကို​ရ​ရှိ​ကြ​၏။
પણ આપણા અપરાધોને લીધે તે વીંધાયો; આપણા પાપોને લીધે તે કચડાયો. આપણને શાંતિ પ્રાપ્ત કરાવવાને માટે તેને શિક્ષા થઈ અને તેના સોળથી આપણને સાજાપણું મળ્યું છે.
6 ငါ​တို့​ရှိ​သ​မျှ​သည်​သိုး​များ​ကဲ့​သို့​လမ်း​လွဲ​ကာ မိ​မိ​တို့​သွား​လို​ရာ​လမ်း​သို့​လိုက်​လျက်​နေ​ကြ သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ခံ​ယူ​ထိုက်​သည့် အ​ပြစ်​ဒဏ်​ကို​ထို​သူ​၏​အ​ပါ်​သို့​တင်​တော်​မူ​၏။
આપણે સર્વ ઘેટાંની જેમ ભટકી ગયા છીએ; આપણે દરેક પોતપોતાને માર્ગે વળી ગયા છીએ અને યહોવાહે તેના પર આપણા સર્વના પાપનો ભાર મૂક્યો છે.
7 ``သူ​သည်​ညှဉ်း​ပန်း​နှိပ်​စက်​မှု​ကို​ခံ​ရ​သော်​လည်း သူ​သည်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော။ သတ်​ရန်​ယူ​ဆောင်​သွား​သည့်​သိုး​သ​ငယ် ကဲ့​သို့​လည်း​ကောင်း၊ အ​မွေး​ညှပ်​ခံ​ရ​အံ့​ဆဲ​ဆဲ​ဖြစ်​သော သိုး​ကဲ့​သို့​လည်း​ကောင်း၊ သူ​သည်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော။
તેના પર જુલમ ગુજારવામાં આવ્યો; તો પણ તેણે નમ્ર થઈને પોતાનું મુખ ઉઘાડ્યું નહિ; જેમ હલવાનને વધ કરવા માટે લઈ જવામાં આવે છે અને જેમ ઘેટું પોતાના કાતરનારની આગળ મૂંગું રહે છે, તેમ તેણે પોતાનું મુખ ખોલ્યું નહિ.
8 လူ​တို့​သည်​သူ့​ကို​ဖမ်း​ဆီး​ပြီး​လျှင်​သေ​ဒဏ် စီ​ရင်​ကြ​၏။ ထို​နောက်​အ​သေ​ခံ​စေ​ရန်​ထုတ်​ဆောင်​သွားကြ​၏။ သို့​ရာ​တွင်​သူ​ကြုံ​တွေ့​ရ​မည့်​ကံ​ကြ​မ္မာ​ကို အ​ဘယ်​သူ​မျှ​ဂ​ရု​မ​စိုက်​ကြ။ သူ​သည်​ငါ​တို့​အ​မျိုး​သား​တို့​၏​အ​ပြစ်​များ အ​တွက် သေ​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​၏။
જુલમથી તથા ન્યાયચુકાદાથી તેને અપરાધી ઠરાવવામાં આવ્યો; તેની પેઢીનાં માણસોમાંથી કોણે તેના વિષે કંઈ વિચાર કર્યો? પણ તેને જીવતાઓની ભૂમિમાંથી કાપી નાખવામાં આવ્યો; મારા લોકોના અપરાધોને લીધે તેને શિક્ષા થઈ.
9 သူ​သည်​ရာ​ဇ​ဝတ်​မှု​တစ်​စုံ​တစ်​ရာ​ကို​မျှ ကူး​လွန်​ခဲ့​ဖူး​သည်​မ​ရှိ။ မု​သား​ကို​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​မ​သုံး စွဲ​ခဲ့။ သို့​ရာ​တွင်​သူ​သည်​ငါ​တို့​အ​မျိုး​သား​တို့ ၏ အ​ပြစ်​များ​အ​တွက်​သေ​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ရ​၍၊ ရာ​ဇ​ဝတ်​ကောင်​များ​နှင့်​အ​တူ​သင်္ဂြိုဟ်​ခြင်း ကို​လည်း​ကောင်း၊ သူ​ဌေး​သူ​ကြွယ်​များ​နှင့်​အ​တူ​မြှုပ်​နှံ​ခြင်း ကို​လည်း​ကောင်း​ခံ​ရ​လေ​သည်။''
તેની કબર ગુનેગારોની સાથે ઠરાવેલી હતી, તેની મરણાવસ્થામાં તે ધનિકની સાથે હતો, તેમ છતાં તેણે કોઈ હિંસા કરી નહિ કે તેના મુખમાં કોઈ કપટ નહોતું.
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​က၊ ``ထို​သူ​သည်​ငါ​၏​အ​လို​တော်​အ​ရ​ဝေ​ဒ​နာ ခံ​ရ​ခြင်း​ဖြစ်​၏။ သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​မိ​မိ​ကိုယ် ကို တင်​လှူ​ပူ​ဇော်​သည်​ဖြစ်​၍ မိ​မိ​၏​သား​မြေး​အ​မြောက်​အ​မြား​ကို​တွေ့​မြင်​ခွင့် ရ​ရှိ​လိမ့်​မည်။ သူ​သည်​အ​သက်​ရှည်​လိမ့်​မည်။ ငါ​၏​အ​ကြံ​အ​စည်​တော်​အောင်​မြင်​မှု​ကို​လည်း အ​ထောက်​အ​ကူ​ပြု​လိမ့်​မည်။
૧૦તોપણ યહોવાહની મરજી તેને ઘાયલ કરીને કચરવાની હતી; જો તમે લોકો તેના જીવનને પાપનું બલિદાન બનાવો, તો તે પોતાનાં સંતાન જોશે, તે દીર્ઘાયુ થશે અને યહોવાહનો હેતુ તેના દ્વારા સફળ થશે.
11 ၁၁ သူ​သည်​ဝေ​ဒ​နာ​ခံ​စား​နေ​ရာ​မှ​ဝမ်း​မြောက် ရွှင်​လန်း​ခွင့်​ကို​ပြန်​လည်​ရ​ရှိ​လိမ့်​မည်။ မိ​မိ​ခံ​စား​ခဲ့​ရ​သည့်​ဝေ​ဒ​နာ​မှာ​အ​ချည်း​နှီး မ​ဖြစ်​ကြောင်း​ကို​လည်း​သိ​ရှိ​လာ​လိမ့်​မည်။ သူ​သည်​ငါ​၏​အ​စေ​ခံ​သူ​တော်​ကောင်း​ဖြစ်​၏။ လူ​အ​များ​၏​အ​ပြစ်​ဝန်​ကို​ထမ်း​ဆောင်​လျက်၊ ထို​ဆောင်​ရွက်​မှု​ကြောင့်​ထို​သူ​တို့​အား အ​ပြစ်​လွှတ်​ခြင်း​အ​ခွင့်​ကို​ငါ​ပေး​မည်။
૧૧તે પોતાના આત્માનાં કષ્ટનું ફળ જોશે અને તેના ડહાપણથી સંતોષ પામશે. મારો ન્યાયી સેવક ઘણાનો ઇનસાફ કરશે; અને તેઓના અપરાધો પોતાને માથે લઈ લેશે.
12 ၁၂ သို့​ဖြစ်​၍​ငါ​သည်​သူ့​အား​ကြီး​မြတ်​သူ၊ တန်​ခိုး​ကြီး သူ​များ​နှင့်​အ​တူ၊ ဂုဏ်​ထူး​ဆောင်​နေ​ရာ​ကို​ပေး​အပ်​တော်​မူ​မည်။ သူ​သည်​မိ​မိ​၏​အ​သက်​ကို​သဒ္ဓာ​ကြည်​ဖြူ​စွာ စွန့်​လှူ​ပြီး​လျှင်၊ ရာ​ဇ​ဝတ်​ကောင်​တို့​၏​ကံ​ကြမ္မာ​ကို​ခံ​ယူ​၏။ သူ​သည်​အ​ပြစ်​ကူး​သူ​များ​ကို​ကိုယ်​စား​ပြု​၍ ထို​သူ​တို့​ခံ​ထိုက်​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​ယူ ပေ​သည်'' ဟု​မိန့်​တော်​မူ​၏။
૧૨તેથી હું તેને મહાન પુરુષોની સાથે તેનો હિસ્સો વહેંચી આપીશ અને તે લૂંટ ઘણાની સાથે લૂંટ વહેંચશે, કારણ કે તેણે પોતાનો આત્મા મરણ પામતાં સુધી રેડી દીધો અને તેની ગણતરી અપરાધીઓમાં થઈ. તેણે ઘણાંઓનાં પાપ માથે લીધાં અને અપરાધીઓને માટે મધ્યસ્થી કરી.

< ဟေရှာယ 53 >