< ဟေရှာယ 52 >
1 ၁ ဇိအုန်မြို့၊သင်သည်တစ်ဖန်ပြန်လည်ကြံ့ခိုင် ခမ်းနားကြီးကျယ်၍လာလော့။ အို ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့်မြို့တော်၊ သင်၏ကိုယ်ကိုဘုန်းအသရေနှင့်လွှမ်းခြုံပါလော့။ တိုင်းတစ်ပါးသားတို့သည် နောက်တစ်ဖန်အဘယ်အခါ၌မျှသင်၏ တံခါးထဲ၌ဝင်ရကြတော့မည်မဟုတ်။
Awake, awake, put on your strength, Zion; put on your beautiful garments, Jerusalem, the holy city, for there shall no more enter into you the uncircumcised and the unclean.
2 ၂ အို ယေရုရှလင်မြို့၊သင်၏ကိုယ်ကိုရုန်းခါ၍ လွတ်မြောက်အောင်ပြုလော့။ မြေမှုန့်ထဲမှထ၍သင်၏ပလ္လင်ပေါ်တွင်ထိုင်လော့။ အို သုံ့ပန်းဇိအုန်မြို့သူမြို့သားတို့၊သင်တို့အား ချည်နှောင်ထားသည့်သံကြိုးများကိုဖြေကြလော့။
Shake yourself from the dust. Arise, sit up, Jerusalem. Release yourself from the bonds of your neck, captive daughter of Zion.
3 ၃ ထာဝရဘုရားကမိမိ၏လူမျိုးတော်အား``သင် တို့သည်ငွေဖြင့်ရောင်းချမှုကိုမခံရသော်လည်း ကျွန်ဘဝသို့ရောက်ရှိသွားကြ၏။ ထို့ကြောင့်သင် တို့အားရွေးနုတ်ရာတွင်လည်းအဖိုးငွေပေးရ လိမ့်မည်မဟုတ်။ သင်တို့သည်အခမဲ့လွတ်လပ် ခွင့်ကိုရရှိကြလိမ့်မည်။-
For thus says YHWH, "You were sold for nothing; and you shall be redeemed without money."
4 ၄ ထာဝရအရှင်ဘုရားသခင်က အခါတစ်ပါး ကသင်တို့သည်အီဂျစ်ပြည်တွင် လူမျိုးခြား များအဖြစ်ဖြင့်နေထိုင်ခဲ့ရကြ၏။ ထိုနောက် အာရှုရိအမျိုးသားတို့သည်သင်တို့အား အကြောင်းမဲ့နှိပ်စက်ညှဉ်းဆဲကြ၏။-
For thus says YHWH, "My people went down at the first into Egypt to live there, and the Assyrian oppressed them without cause.
5 ၅ ထာဝရဘုရားကယခုအခါဗာဗုလုန်ပြည် တွင်လည်း ဤအတိုင်းပင်ဖြစ်ပြန်လေပြီ။ သင် တို့သည်ထိုပြည်တွင်အကြောင်းမဲ့သုံ့ပန်းများ ဖြစ်လျက်နေကြရ၏။ သင်တို့ကိုအုပ်စိုးသူ များသည်ပြောင်လှောင်ကာ ငါ့နာမတော်ကို အစဉ်ပင်မထီမဲ့မြင်ပြုကြ၏ဟုမိန့်တော် မူသည်။-
"Now therefore, what do I do here," says YHWH, "seeing that my people are taken away for nothing? Those who rule over them mock," says YHWH. "Because of you, my name is continually all the day blasphemed among the nations.
6 ၆ သို့ရာတွင်ငါသည်ဘုရားသခင်ဖြစ်တော်မူ ကြောင်း၊ ငါ၏လူတို့သည်ငါ၏နာမတော်ကို သိ၍ သင်တို့အားဗျာဒိတ်ပေးတော်မူခဲ့သူ မှာ ငါဖြစ်ကြောင်းနောင်အခါ၌သင်တို့သိ မှတ်လာကြလိမ့်မည်။
Therefore my people shall know my name; in that day they will know that I am he who speaks; look, it is I."
7 ၇ ငြိမ်းချမ်းရေးတည်းဟူသောသတင်းကောင်းကို ယူဆောင်လာသူ၊စေတမန်တစ်ဦး တောင်ရိုးကိုဖြတ်ကျော်နေသည်ကိုတွေ့မြင်ရပုံမှာ ကျက်သရေရှိလှပါသည်တကား။ ထိုစေတမန်သည်ကယ်တင်ခြင်းသတင်းကို ကြေညာလျက်၊ ဇိအုန်မြို့အား``သင်၏ဘုရားသခင်သည် ဘုရင်ဖြစ်တော်မူ၏'' ဟုဆို၏။
How beautiful on the mountains are the feet of him who brings good news, who publishes peace, who brings good news of good things, who publishes salvation, who says to Zion, "Your God reigns."
8 ၈ မြို့စောင့်တပ်သားများသည်အသံကျယ်စွာနှင့် အားရရွှင်လန်းစွာတညီတညွတ်တည်း ကြွေးကြော်လျက်နေကြ၏။ ဇိအုန်မြို့သို့ထာဝရဘုရားပြန်လည် ကြွလာတော်မူမည်ကို၊သူတို့ကိုယ်တိုင်ပင် တွေ့မြင်နိုင်ကြလေသည်။
The voice of your watchmen. They lift up the voice, together do they sing; for they shall see eye to eye, when YHWH returns to Zion with compassion.
9 ၉ အချင်းယိုယွင်းပျက်စီးလျက်ရှိသည့် ယေရုရှလင်အဆောက်အဦတို့၊အားရရွှင်လန်းစွာ ကြွေးကြော်ကြလော့။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား နှစ်သိမ့်စေတော်မူပြီ။ ကိုယ်တော်သည်ယေရုရှလင်မြို့တော်ကို ကယ်တင်တော်မူပြီ။
Break forth into joy, sing together, you waste places of Jerusalem; for YHWH has comforted his people, he has redeemed Jerusalem.
10 ၁၀ ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် လက်တော်အားဖြင့်၊နိုင်ငံအသီးသီး၏ရှေ့တွင် မိမိ၏လူမျိုးတော်ကိုကယ်တင်တော်မူပြီဖြစ်၍၊ ထိုအချင်းအရာကိုကမ္ဘာတစ်ဝှမ်းလုံးပင် တွေ့မြင်ရကြလေပြီ။
YHWH has made bare his holy arm in the eyes of all the nations; and every part of the earth has seen the salvation of our God.
11 ၁၁ သန့်ရှင်းမြင့်မြတ်သည့်ခွက်ဖလားများကို ကိုင်ဆောင်လာသူအပေါင်းတို့၊ ဗာဗုလုန်ပြည်မှချက်ချင်းထွက်ခွာလာကြလော့။ တားမြစ်ထားသည့်အရာများကိုလက်နှင့်မျှ မတို့ကြနှင့်။ သင်တို့ကိုယ်ကိုသန့်စွာထား၍မြို့ထဲမှ ထွက်ခွာသွားကြလော့။
Depart, depart, go out from there, and touch no unclean thing. Go out from their midst, and be separate, you who bear the vessels of YHWH.
12 ၁၂ ယခုတစ်ကြိမ်တွင်သင်တို့သည်အဆောတလျင် ထွက်ခွာသွားရန်လိုလိမ့်မည်မဟုတ်။ သင်တို့သည်ထွက်ပြေးရန်ကြိုးစားရကြ လိမ့်မည်မဟုတ်။ ဣသရေလအမျိုးတို့၏ဘုရားသခင် ထာဝရ ဘုရားသည် သင်တို့ကိုလမ်းပြပို့ဆောင်တော်မူ၍၊ အဘက်ဘက်မှကာကွယ်တော်မူလိမ့်မည်။
For you shall not depart in haste, nor shall you leave in flight; for YHWH will go before you, and the God of Israel will be your rear guard.
13 ၁၃ ထာဝရဘုရားက ``ငါ၏အစေခံသည်မိမိပြုသောအမှုတွင် ပညာရှိစွာပြုမူလိမ့်မည်။ သူသည်ချီးမြှောက်ခြင်းခံရ၍ကြီးမြတ်သော ဂုဏ်အသရေရှိလိမ့်မည်။
Look, my servant shall deal wisely, he shall be exalted and lifted up, and shall be very high.
14 ၁၄ လူအများပင်သူ့ကိုတွေ့မြင်သောအခါ လိပ်ပြာလန့်၍သွားကြ၏။ သူသည်လွန်စွာရုပ်ပျက်ဆင်းပျက်ဖြစ်၍နေ သဖြင့် လူနှင့်ပင်မတူတော့။
Just as many were astonished at you (his appearance was marred more than any man, and his form more than the sons of men),
15 ၁၅ သို့ရာတွင်ယခုအခါသူသည်လူမျိုးတကာ တို့ကို သန့်ရှင်းစေလိမ့်မည်။ ရှင်ဘုရင်များသည်လည်းမိန်းမောတွေဝေ၍ နေကြလိမ့်မည်။ သူတို့သည်မိမိတို့အဘယ်အခါကမျှ မသိမမြင်ဘူးသောအရာ မကြားဘူးသောအရာတို့ကိုတွေ့မြင်သိရှိ နားလည်လာကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
so shall he sprinkle many nations; kings shall shut their mouths at him. For that which was not told about him, they will see, and what they have not heard, they will understand.