< ဟေရှာယ 51 >
1 ၁ ထာဝရဘုရားက၊ ``ကယ်တင်ခြင်းခံလိုသူတို့၊အကူအညီတောင်းခံရန် ငါ့ထံသို့လာရောက်သူတို့၊သင်တို့သည် ငါ့ပြောစကားကိုနားထောင်ကြလော့။ သင်တို့ကိုထွင်းထုတ်ယူရာကျောက်ကို ကြည့်ရှုကြလော့။ သင်တို့ကိုတူးဖော်ရာကျောက်တွင်းကို ကြည့်ရှုကြလော့။
Kuwiinna xaqnimada raaca oo Rabbiga doondoonow, bal i maqla. Bal eega dhagaxii laydinka gooyay iyo godkii laydinka soo qoday.
2 ၂ သင်တို့၏ဘိုးအေအာဗြဟံနှင့်ဘွားအေစာရာတို့၏ အကြောင်းကိုအောက်မေ့ဆင်ခြင်ကြလော့။ အာဗြဟံအားငါခေါ်ယူစဉ်အခါက သူ့မှာသားသမီးမရှိ။ သို့ရာတွင်ငါသည်သူ့အားသားသမီးများဖြင့် ကောင်းချီးပေး၍၊ သူ၏အဆက်အနွယ်တို့ကိုများပြားစေတော်မူ၏။
Bal eega aabbihiin Ibraahim, iyo Saarahdii idin dhashay, waayo, markuu mid qudha ahaa ayaan u yeedhay, waanan barakeeyey, oo tarmiyey.
3 ၃ ``ငါသည်ဇိအုန်မြို့နှင့်ထိုမြို့၏ပျက်စီးယိုယွင်းလျက် ရှိသည့်အဆောက်အဦများတွင် နေထိုင်သူတို့အားကရုဏာပြမည်။ ဇိအုန်ဒေသသည်တောကန္တာရပင်ဖြစ်သော်လည်း ငါသည်ယင်းကိုဧဒင်အရပ်မှာကဲ့သို့ ထာဝရဘုရား၏ဥယျာဉ်ဖြစ်စေမည်။ ထိုအရပ်တွင်လူတို့သည်ဝမ်းမြောက်ရွှင်လန်းလျက်၊ ထောမနာသီချင်းဆိုလျက်၊ငါ၏ကျေးဇူးတော်ကို ချီးမွမ်းလျက်နေကြလိမ့်မည်။
Waayo, Rabbigu Siyoon wuu u qalbi qabowjiyey, oo meelaheeda baabba'ay oo dhanna wuu u qalbi qabowjiyey, cidladeedana wuxuu ka dhigay sidii Ceeden oo kale, oo lamadegaankeedana sidii beertii Rabbiga oo kale, oo dhexdeedana waxaa laga heli doonaa farxad iyo rayrayn, iyo mahadnaqid iyo cod heeseed.
4 ၄ ``အို ငါ၏လူမျိုးတော်၊ငါ့စကားကိုဂရုပြု ကြလော့။ ငါပြောသည်ကိုနားထောင်ကြလော့။ ငါသည်လူမျိုးတကာတို့အားဆုံးမ သြဝါဒပေး၍ ငါ၏တရားဒေသနာများသည်သူတို့အတွက် အလင်းဖြစ်လိမ့်မည်။
Dadkaygow, i maqla, oo quruuntaydoy, dhegta ii dhiga, waayo, sharci baa iga soo bixi doona, oo caddaaladdaydana waxaan ka dhigi doonaa inay dadyowga iftiin u noqoto.
5 ၅ ငါသည်လျင်မြန်စွာလာ၍သူတို့အားကယ်တင်မည်။ ငါအောင်ပွဲခံရန်အချိန်သည်နီးကပ်၍လာလေပြီ။ လူမျိုးတကာတို့အားငါကိုယ်တိုင်ပင် အုပ်စိုးတော်မူမည်။ နိုင်ငံရပ်ခြားတိုင်းတစ်ပါးသားတို့သည် ငါလာမည်ကိုစောင့်မျှော်လျက်ရှိ၏။ မိမိတို့အားကယ်တင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့်၊သူတို့သည်ငါ့ကို စောင့်မျှော်လျက်နေကြ၏။
Xaqnimadaydii way soo dhowdahay, badbaadintaydiina way soo baxday, oo gacmahayguna dadyowgay u garsoori doonaan, gasiiraduhuna anigay i sugi doonaan, oo gacantayday isku hallayn doonaan.
6 ၆ မိုးကောင်းကင်ကိုကြည့်ရှုကြလော့။ ကမ္ဘာမြေကြီးကိုလည်းကြည့်ရှုကြလော့။ မိုးကောင်းကင်သည်မီးခိုးသဖွယ် ပျောက်ကွယ်၍သွားလိမ့်မည်။ ကမ္ဘာမြေကြီးသည်ဟောင်းနွမ်းသည့်အဝတ်ကဲ့သို့ တဖြည်းဖြည်းပျက်ပြုန်းသွားလိမ့်မည်။ ဤကမ္ဘာမြေကြီးသားအပေါင်းတို့သည်လည်း ယင်ကောင်ကဲ့သို့သေကြေပျက်စီးကြလိမ့်မည်။ သို့ရာတွင်ငါ၏ကယ်တင်ခြင်းကျေးဇူးသည် အစဉ်အမြဲတည်လိမ့်မည်။ ငါ၏အောင်မြင်မှုသည်လည်းအဘယ်အခါ၌မျှ ပျက်ပြယ်ရလိမ့်မည်မဟုတ်။
Bal indhihiinna samooyinka ku taaga, oo haddana dhulka hoose fiiriya, waayo, samooyinku sida qiiq oo kale bay u libdhi doonaan, oo dhulkuna sida dhar buu u duugoobi doonaa, oo kuwa degganuna sidaas oo kalay u dhiman doonaan, laakiinse badbaadintaydu weligeedba way sii waari doontaa, oo xaqnimadayduna weligeed ma dhammaan doonto.
7 ၇ ``အမှန်တရားကိုသိရှိသူတို့၊ငါ၏သြဝါဒကို စွဲမြဲစွာမှတ်ကြုံးထားသူတို့၊ သင်တို့သည်ငါပြောသည့်စကားကို နားထောင်ကြလော့။ သင်တို့အားကရော်ကမည်ပြု၍၊လူတို့စော်ကား ပြောဆိုကြသောအခါမကြောက်ကြနှင့်။
Kuwiinna xaqnimada yaqaanow, dadka sharcigaygu qalbigooda ku jirow, bal i maqla. Dadka canaantiisa ha ka cabsanina, caydiisana ha ka qalbi jabina.
8 ၈ ထိုသို့သောလူတို့သည်ပိုးကိုက်သည့်အဝတ် ကဲ့သို့ပျောက်ကွယ်၍သွားလိမ့်မည်။ သို့ရာတွင်ငါ၏ဖြောင့်မတ်ခြင်းကားထာဝစဉ် တည်လိမ့်မည်။ ငါ၏ကယ်တင်ခြင်းတန်ခိုးသည်လည်းကာလ အစဉ်အဆက်တည်လိမ့်မည်'' ဟုမိန့်တော်မူ၏။
Waayo, aboor baa sida dhar oo kale u cuni doona, oo dixiri baa sida dhogor oo kale u cuni doona, laakiinse xaqnimadaydu weligeedba way sii waari doontaa, oo badbaadintayduna tan iyo ab ka ab way sii jiri doontaa.
9 ၉ အို ထာဝရဘုရား၊နိုးထတော်မူ၍ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ နိုးထတော်မူ၍ရှေးပဝေသဏီကာလ၌ ကဲ့သို့ပင် တန်ခိုးတော်ကိုအသုံးပြုတော်မူပါ။ ပင်လယ်နဂါးကြီးရာခပ်အား အပိုင်းပိုင်းဖြတ်တော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။
Gacanta Rabbigoy, toos oo toos, oo xoog yeelo, oo u toos sidii waayihii hore, iyo sidii qarniyadii hore. Miyaadan ahayn tii Rahab googooysay oo bahalbadeeddii mudday?
10 ၁၀ မိမိကယ်တင်နေဆဲလူစုကူးဖြတ်နိုင်ရန် ပင်လယ်ကိုခန်းခြောက်စေ၍၊ လမ်းဖောက်ပေးတော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။
Miyaadan ahayn tii engejisay baddii ahayd biyihii moolka dheeraa? Sow ma aad tihid tii badda moolkeeda jidka ka samaysay in kuwa la soo furtay ay ku gudbaan?
11 ၁၁ ကိုယ်တော်ရှင်ကယ်ဆယ်တော်မူလိုက်သည့် သူတို့သည်အားရရွှင်လန်းစွာသီဆိုကြွေး ကြော်လျက်၊ ယေရုရှလင်မြို့သို့ရောက်ရှိလာကြပါလိမ့်မည်။ သူတို့သည်ထာဝစဉ်ဝမ်းမြောက်ရွှင်လန်းရကြ၍၊ ထာဝစဉ်ဝမ်းနည်းကြေကွဲမှုနှင့်ကင်းလွတ်ရကြ ပါလိမ့်မည်။
Oo kuwa Rabbigu soo furtay way soo noqon doonaan, iyagoo gabyaya ayay Siyoon iman doonaan, oo madaxoodana farxad weligood ah ayaa saarnaan doonta, oo waxay heli doonaan farxad iyo rayrayn, oo tiiraanyo iyo taahna way carari doonaan.
12 ၁၂ ထာဝရဘုရားက၊ ``သင်တို့ကိုခွန်အားဖြင့်ပြည့်ဝစေသူမှာငါပင် ဖြစ်၏။ မြက်ပင်တမျှသာအသက်ရှည်သူ သေမျိုးလူသားအား၊သင်တို့သည်အဘယ်ကြောင့် ကြောက်လန့်ရပါမည်နည်း။
Aniga qudhayda weeye kan ku qalbi qaboojiya. Maxaad tahay waadiga nin dhimanaya iyo binu-aadmi sida caws oo kale u baabba'aya ka cabsanayee?
13 ၁၃ မိုးကောင်းကင်ကိုဖြန့်ကြက်၍ကမ္ဘာမြေကြီးကို အုတ်မြစ်ချကာ၊ သင်တို့ကိုဖန်ဆင်းတော်မူသောထာဝရဘုရားအား၊ သင်တို့သည်မေ့လျော့ကြလေပြီလော။ သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူများ၊သင်တို့ကို သုတ်သင် ဖျက်ဆီးပစ်ရန်အသင့်ရှိသူများအား၊ အဘယ်ကြောင့်သင်တို့သည်အစဉ်အမြဲကြောက်၍ နေရကြပါမည်နည်း။ သူတို့၏အမျက်ဒေါသသည်သင်တို့အား အဘယ်အခါ၌မျှဘေးဥပဒ်မဖြစ်စေနိုင်။
Ma waxaad illooday Rabbiga ku sameeyey oo samooyinka kala bixiyey, oo dhulka aasaaskiisa dhigay, oo ma waxaad had iyo goor maalin kasta ka cabsanaysaa kan wax dulma cadhadiisa, sidii isagoo diyaar u ah inuu wax baabbi'iyo? Haddaba bal meeday kan wax dulma cadhadiisu?
14 ၁၄ အကျဉ်းခံနေရသောသူတို့သည်မကြာမီ လွတ်မြောက်လာကြလိမ့်မည်။ လူတို့သည်ထောင်တွင်း၌မသေဆုံးတော့ဘဲ၊ မိမိတို့လိုအပ်သည့်အစားအစာမှန်သမျှကို ရရှိကြလိမ့်မည်။
Maxbuuska la masaafuriyey dhaqso baa loo furi doonaa, oo ma uu dhiman doono, yamayskana ma geli doono, cuntadiisana ma uu waayi doono.
15 ၁၅ ``ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ပင်လယ်ရေကိုငါမွှေနှောက်၍လှိုင်းတံပိုးသံ များကို ဖြစ်ပေါ်စေ၏။ ငါ၏နာမတော်သည်အနန္တတန်ခိုးရှင်ထာဝရ ဘုရား ဖြစ်ပါသည်တကား။
Laakiinse anigu waxaan ahay Rabbiga Ilaahaaga ah oo badda isku walaaqa si ay mawjadaheedu u guuxaan. Magiciisa waxaa la yidhaahdaa Rabbiga ciidammada.
16 ၁၆ ငါသည်မိုးကောင်းကင်ကိုဖြန့်ကြက်၍ ကမ္ဘာမြေကြီးကိုအုတ်မြစ်ချ၏။ ဇိအုန်မြို့သူမြို့သားတို့အား`သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်၏။ ငါသည်မိမိ၏တရားတော်ကိုသင်တို့အား ပေးအပ်၍ လက်တော်ဖြင့် သင်တို့ကိုကာကွယ်စောင့်ရှောက်၏' ဟု ငါမြွက်ဆိုပြီ'' ဟူ၍မိန့်တော်မူ၏။
Oo erayadaydii ayaan afkaaga geliyey, hooskii gacantaydana waan kugu daboolay si aan samooyinka u kala bixiyo, oo aan aasaaska dhulka u dhigo, oo aan reer Siyoonna ugu idhaahdo, Dadkayga baad tihiin.
17 ၁၇ အို ယေရုရှလင်မြို့၊နိုးထလော့။ မိမိကိုယ်ကိုနှိုး၍ထပါလော့။ ထာဝရဘုရားအမျက်တော်ထွက်သဖြင့် သင့်အားပေးတော်မူသော၊ခွက်ဖလားမှအပြစ် ဒဏ် စပျစ်ရည်ကိုသင်သည်သောက်သုံးခဲ့လေပြီ။ ယင်းကိုသောက်သုံးသဖြင့်ယိမ်းယိုင်လျက်နေခဲ့၏။
Yeruusaalemay tii gacanta Rabbiga koobkii cadhadiisa ka cabtayay, toos oo toos, oo sara joogso. Waxaad cabtay koobka lagu dhacdhaco, waadna heensatay.
18 ၁၈ သင့်ကိုလမ်းပြခေါ်ဆောင်ပေးမည့်သူ တစ်ဦးတစ်ယောက်မျှမရှိ။ သင့်အမျိုးသားများထဲမှသင့်ကိုလက်ဆွဲ ခေါ်ယူပေးမည့်သူတစ်ဦးတစ်ယောက်မျှမရှိ။
Wiilashii ay dhashay oo dhan laguma arko mid iyada haga, oo wiilashii ay korisay oo dhanna laguma arko mid iyada gacanta qabta.
19 ၁၉ သင်သည်ဘေးအန္တရာယ်နှစ်ဆကြုံတွေ့ရလေပြီ။ သင်၏ပြည်သည်စစ်ဒဏ်ကြောင့်ပျက်ပြုန်းသွား လေပြီ။ သင့်မြို့သူမြို့သားတို့သည်လည်းအစာရေစာ ငတ်မွတ်ကြလေပြီ။ သင့်အားကိုယ်ချင်းစာတရားထားရှိမည့်သူ တစ်စုံတစ်ယောက်မျှမရှိ။
Labadan waxyaalood ayaa kugu dhacay. Bal yaa kuu barooran doona? Baabba' iyo halaag, iyo abaar iyo seef. Haddaba bal sidee baan kuu qalbi qabowjin doonaa?
20 ၂၀ အားအင်ချည့်နဲ့မှုကြောင့်သင်၏လူတို့သည်၊ လမ်းဆုံလမ်းခွတိုင်းတွင်လဲကျကြ၏။ သူတို့သည်မုဆိုး၏ပိုက်ကွန်တွင်ဖမ်းမိသည့် သမင်ကဲ့သို့ဖြစ်လိမ့်မည်။ သူတို့သည်ဘုရားသခင်၏အမျက်တော် အရှိန်ကိုခံကြလေပြီ။
Wiilashaadii aad bay u daaleen, waxayna dhinac yaalliin jidadka oo dhan sida biciid dabin ku dhacay. Waxay ka wabxeen cadhadii Rabbiga iyo canaantii Ilaahaaga.
21 ၂၁ ဒုက္ခရောက်လျက်နေသောအချင်းယေရုရှလင် မြို့သူမြို့သားတို့၊ သေသောက်ကြူးသဖွယ် ယိမ်းယိုင်လျက်နေကြသူတို့၊
Haddaba taada dhibaataysan oo ku sakhraantay wax aan khamri ahaynay, bal waxan maqal:
22 ၂၂ သင်တို့ဘုရားသခင်ထာဝရဘုရားသည်၊သင် တို့အား ကာကွယ်စောင့်ရှောက်တော်မူ၍၊ ``ငါသည်အမျက်ထွက်သဖြင့်သင်တို့အား ပေးအပ်ခဲ့သည့်ခွက်ဖလားကို သင်တို့လက်မှပြန်လည်ရုပ်သိမ်းတော်မူမည်။ သင်တို့အားယိမ်းယိုင်မူးဝေစေသည့်စပျစ်ရည်ကို သင်တို့သောက်ရကြတော့မည်မဟုတ်။
Sayidkaaga Rabbiga ah oo ah Ilaahaaga dacwada dadkiisa u muddaca wuxuu leeyahay, Bal eeg, waxaan gacantaada ka bixiyey koobka lagu dhacdhaco, kaasoo ah koobka cadhadayda. Adigu mar dambe innaba ma aad cabbi doontid.
23 ၂၃ ထိုစပျစ်ရည်ကိုသင်တို့အားညှဉ်းဆဲနှိပ်စက် သူများ၊ သင်တို့အားလမ်းများပေါ်တွင်လဲလျောင်းစေ၍၊ မြေမှုန့်သဖွယ်ခြေနှင့်နင်းကြသူများအား ငါပေးအပ်မည်'' ဟုမိန့်တော်မူပါ၏။
Laakiinse waxaan gacanta u gelin doonaa kuwa ku dhiba, oo naftaada ku yidhi, Dhambacaadso aan kugu gudubnee, oo adna kuwii gudbayay ayaad dhabarkaagii uga dhigtay sida dhulka oo kale, iyo sida jidka oo kale.