< ဟေရှာယ 50 >
1 ၁ ထာဝရဘုရားက၊ ``ဇနီးသည်ကိုကွာရှင်းပစ် လိုက်သည့် ယောကျာ်းကဲ့သို့၊ ငါသည်မိမိ၏လူမျိုးတော်အားနှင်ထုတ်လိုက် သည်ဟု သင်တို့ထင်မှတ်ကြပါသလော။ ယင်းသို့နှင်ထုတ်လိုက်ပါမူဖြတ်စာများကား အဘယ်မှာရှိပါသနည်း။ မိမိ၏သားသမီးများကိုကျွန်အဖြစ် ရောင်းစားသူကဲ့သို့၊ငါသည်သင်တို့အား သုံ့ပန်းအဖြစ်ဖြင့်ရောင်းချလိုက်သည်ဟုသင်တို့ ထင်မှတ်ကြပါသလော။ သင်တို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြ သည်မှာ သင်တို့၏အပြစ်များကြောင့်ဖြစ်ပေသည်။ သင်တို့သည်မိမိတို့ကူးလွန်ကြသည့် ရာဇဝတ်မှုများကြောင့်အနှင်ခံရကြခြင်း ဖြစ်၏။
Angraeng mah, Ka pakhrak ving ih nam no hoi ampraekhaih ca loe naa ah maw oh? To tih ai boeh loe mi ih laiba maw ka tawnh moe, nang to laiba tawnkung khaeah kang zawh? Khenah, na zaehaih mah misong ah ang zawh boeh, sakpazaehaih pongah ni nam no to ka pakhrak ving.
2 ၂ ``ငါသည်မိမိ၏လူမျိုးတော်အားကယ်ရန် လာစဉ်အခါက၊ အဘယ်ကြောင့်သူတို့သည်ငါ့အားတုံ့ပြန် ဖြေကြားမှုမပြုကြပါသနည်း။ ငါခေါ်သောအခါအဘယ်ကြောင့်မထူးကြ ပါသနည်း။ ငါသည်သူတို့ကိုကယ်နိုင်စွမ်းမရှိအောင်ပင် အားအင်ချည့်နဲ့၍နေပါသလော။ ပင်လယ်ကိုအမိန့်ပေး၍ငါခန်းခြောက်စေနိုင်၏။ မြစ်များကိုသဲကန္တာရအဖြစ်သို့ပြောင်းလဲစေနိုင်၏။ ထိုမြစ်တို့တွင်ရေမရှိသဖြင့်ငါးများ သေကြကုန်၏။
Tipongah kang zoh naah, kami maeto doeh na om o ai moe, kang kawk o naah mi mah doeh nang pathim o ai loe? Nangcae akrang thaih han ai khoek to ka ban hae duemtet maw? To tih ai boeh loe nangcae loisak hanah ka tha zok boeh maw? Khenah, ka thuitaek naah tuipui to kang moe, vapuinawk doeh praezaek ah kang coengsak; tui om ai pongah tui thung ih tanganawk loe tui anghaeh hoiah duek o moe, qong o boeh.
3 ၃ မိုးကောင်းကင်သည်သူသေအတွက် ဝမ်းနည်းပူဆွေးသည့်အမှတ်လက္ခဏာကို ပြသည့်အလား မှောင်မဲ၍လာအောင်ငါပြုနိုင်၏။''
Kai mah ni vannawk to vinghaih hoiah ka khuk moe, khukhaih buri kahni doeh ka sak pae, tiah thuih.
4 ၄ မောပန်းနွမ်းနယ်သူအား၊အားအင်ဖြည့်တင်းပေး နိုင်ရန် အဘယ်သို့ပြောဆိုရမည်ကို ငါ့အားထာဝရအရှင်ဘုရားသခင် သွန်သင်ပေးတော်မူလေပြီ။ မိမိသွန်သင်တော်မူမည့်အရာကိုနားထောင်ရန် ကိုယ်တော်သည်ငါ့အားနံနက်တိုင်းစိတ်စောလျက် နေစေတော်မူ၏။
Thazok kaminawk khaeah lok ka thuih thai hanah, patuk tangcae ah kaom pahni to Angraeng Sithaw mah ang paek; anih mah akhawnbang kruek ang pathawk, ca amtuk kami baktiah tahngaih hanah ka naa hae thacaksak.
5 ၅ ထာဝရဘုရားသည်ငါ့အားနားလည်နိုင်သော သဘောကိုပေးတော်မူပြီဖြစ်၍၊ ငါသည်ကိုယ်တော်ကိုမပုန်ကန်။ အထံတော်မှလည်းသွေရှောင်၍မသွားပါ။
Angraeng Sithaw mah ka naa hae ang paongh pae, kang maa pae ai; hnukbangah doeh kang qoi taak ai.
6 ၆ ငါသည်မိမိကိုရိုက်နှက်သူတို့အားကျောခင်း ၍ ပေးပါ၏။ ငါ၏မုတ်ဆိတ်မွေးတို့ကိုဆွဲနုတ်ပြီးလျှင် ငါ၏မျက်နှာကိုတံတွေးနှင့်ထွေး၍၊ ငါ့ကိုသူတို့စော်ကားကြသောအခါငါသည် သူတို့အားဆီးတားမှုကိုမပြု။
Boh hanah nihcae khaeah kaeng ka patueng pae moe, amui aphong hanah tangbaeng to ka patueng pae; hnaphnaehaih hoiah tamtuih ang pathoih o thuih naah mikhmai ka hawk ai.
7 ၇ သို့ရာတွင်ထာဝရအရှင်ဘုရားသခင်သည် ငါ့အားကူမတော်မူသည်ဖြစ်၍၊ ထိုသူတို့၏စော်ကားမှုများသည်ငါ့ကို ဘေးအန္တရာယ်မဖြစ်စေနိုင်။ ထိုအရာတို့ကိုခံနိုင်ရန်ငါသည်အားတင်း၍ ထားပါ၏။
Angraeng Sithaw mah ang bomh pongah, dawnrai hoiah ka om mak ai; azathaih ka tongh tang mak ai, tiah ka panoek pongah, ka mikhmai hae thlung hmaisaae baktiah kam taksak.
8 ၈ ဘုရားသခင်သည်ငါ၏အနီးတွင်ရှိတော်မူ၍၊ ငါ၌အပြစ်မဲ့ပုံကိုသက်သေခံအထောက်အထား ပြတော်မူမည်ဖြစ်သဖြင့်၊ ငါသည်အသရေပျက်ရလိမ့်မည်မဟုတ်ကြောင်းကို သိပါ၏။ ငါ့အားစွပ်စွဲပြောဆိုရဲသူတစ်စုံတစ်ယောက်ရှိပါမူ၊ ရုံးတော်သို့သွားကြကုန်အံ့။ ထိုသူသည်မိမိ၏စွပ်စွဲချက်ကိုယူဆောင်ခဲ့ပါစေ။
Ka zaehaih toengsakkung loe zoi boeh; mi mah maw kai hae na khing thai tih? Nawnto angdoe o si! Ka misa loe mi aa? Ka hmaa ah angzo noek nasoe!
9 ၉ ထာဝရအရှင်ဘုရားသခင်ကိုယ်တော်တိုင်ပင် ငါ၏ဘက်မှခုခံလျှောက်လဲတော်မူမည်ဖြစ်၍ ငါ၌အပြစ်ရှိကြောင်း၊အဘယ်သူသည်သက်သေခံ အထောက်အထားပြနိုင်ပါမည်နည်း။ ငါ့အားစွပ်စွဲပြောဆိုသူမှန်သမျှသည် ပျောက်ကွယ်သွားကြလိမ့်မည်။ သူတို့သည်ပိုးကိုက်သည့်အဝတ်ကဲ့သို့ ပျောက်ပျက်သွားလိမ့်မည်။
Khenah, Angraeng Sithaw mah na bom tih; mi mah maw zaehaih na net tih? Khenah, nihcae loe kahni baktiah prawn o ueloe, karaa mah caa boih tih.
10 ၁၀ ထာဝရဘုရားအားကြောက်ရွံ့ရိုသေ၍၊ ကိုယ်တော်အစေခံ၏စကားကိုနားထောင်သူ အပေါင်းတို့၊ သင်တို့လျှောက်ရသည့်လမ်းသည်မှောင်လျက် နေကောင်းနေလိမ့်မည်။ သို့ရာတွင်သင်တို့သည်ထာဝရဘုရားကို ယုံကြည်ကိုးစားကြလော့။ သင်တို့၏ဘုရားသခင်ကိုမှီခိုအားကိုးကြလော့။
Nangcae thungah mi maw Sithaw zii moe, a tamna ih lok tahngai kami kaom? Aanghaih tawn ai ah vinghaih thungah paqai kami loe mi maw? To kami loe Angraeng ih ahmin to oep nasoe loe, angmah ih Sithaw nuiah amha nasoe.
11 ၁၁ သူတစ်ပါးတို့အားသုတ်သင်ဖျက်ဆီးရန်လျှို့ဝှက် ကြံစည်သူအပေါင်းတို့၊ သင်တို့သည်မိမိတို့၏လျှို့ဝှက်ကြံစည်မှုဖြင့်ပင် ဆုံးပါးပျက်စီးရကြလိမ့်မည်။ ထာဝရဘုရားကိုယ်တော်တိုင်ဤအမှုအရာတို့ကို ဖြစ်စေမည်။ သူတို့သည်အတိဒုက္ခနှင့်ကြုံတွေ့ရကြလိမ့်မည်။
Khenah, hmai paaang moe, hmaithaw thlaek takui kami nang, Caeh ah loe na paaang ih hmai hoiah na thlaek ih hmaithaw aanghaih thungah paqai ah; ka ban thung hoi na hnuk o han koi hmuen loe hae tiah oh; palungsethaih hoiah ni na dueh o tih.