< ဟေရှာယ 5 >

1 နား​ထောင်​လော့။ ငါ​၏​မိတ်​ဆွေ​နှင့်​သူ​၏​စ​ပျစ်​ဥ​ယျာဉ်​အ​ကြောင်း ဤ​သီ​ချင်း​ကို​သင့်​အား​ငါ​သီ​ဆို​၍​ပြ​မည်။ အ​လွန်​မြေ​သြ​ဇာ​ကောင်း​သည့် တောင်​ကုန်း​တစ်​ခု​ပေါ်​တွင်၊ ငါ့​မိတ်​ဆွေ​၏​စ​ပျစ်​ဥ​ယျာဉ်​တစ်​ခု​ရှိ​၏။
내가 나의 사랑하는 자를 위하여 노래 하되 나의 사랑하는 자의 포도원을 노래하리라 나의 사랑하는 자에게 포도원이 있음이여 심히 기름진 산에로다
2 သူ​သည်​မြေ​ကို​တူး​ဆွ​၍​ကျောက်​ခဲ​များ​ကို ဖယ်​ရှား​ပစ်​ကာ၊ မျိုး​ကောင်း​မျိုး​သန့်​စ​ပျစ်​ပင်​များ​ကို​စိုက်​၏။ သူ​သည်​ထို​အ​ပင်​တို့​စောင့်​ကြပ်​ကြည့်​ရှု​ရန် လင့်​စင်​တစ်​ခု​ကို​တည်​ဆောက်​၏။ စ​ပျစ်​သီး​နယ်​ရန်​ကျင်း​တစ်​ခု​ကို​လည်း တူး​၏။ သူ​သည်​စ​ပျစ်​သီး​မှည့်​ချိန်​ကို​စောင့်​ဆိုင်း​လျက် နေ​၏။ သို့​ရာ​တွင်​စ​ပျစ်​သီး​မှန်​သ​မျှ​သည်​ချဉ်​၍ နေ​တော့​၏။
땅을 파서 돌을 제하고 극상품 포도나무를 심었도다 그 중에 망대를 세웠고 그 안에 술틀을 팠었도다 좋은 포도 맺기를 바랐더니 들 포도를 맺혔도다
3 သို့​ဖြစ်​၍​ငါ​၏​မိတ်​ဆွေ​က``အ​ချင်း​ယေ​ရု ရှ​လင်​မြို့​သား​များ​နှင့်​ယု​ဒ​ပြည်​သူ​တို့၊ ငါ နှင့်​ငါ့​စ​ပျစ်​ဥ​ယျာဉ်​၏​အ​မှု​ကို​စီ​ရင်​ဆုံး ဖြတ်​ကြ​လော့။-
예루살렘 거민과 유다 사람들아 구하노니 이제 나와 내 포도원 사이에 판단하라
4 ထို​ဥ​ယျာဉ်​ကို​ပြု​စု​ရာ​တွင်​ငါ့​မှာ​အ​ဘယ် လစ်​ဟင်း​မှု​ရှိ​ပါ​သ​နည်း။ သို့​ပါ​လျက်​စ​ပျစ် ပင်​များ​သည် အ​ဘယ်​ကြောင့်​ငါ​မျှော်​လင့်​သည့် အ​တိုင်း​စ​ပျစ်​သီး​ကောင်း​များ​အ​စား​စ​ပျစ် သီး​ချဉ်​များ​ကို​သီး​ရ​ပါ​သ​နည်း။
내가 내 포도원을 위하여 행한 것 외에 무엇을 더할 것이 있었으랴 내가 좋은 포도 맺기를 기다렸거늘 들포도를 맺힘은 어찜인고
5 ``ငါ​သည်​ထို​စ​ပျစ်​ဥ​ယျာဉ်​ကို​ဤ​သို့​ပြု​မည်။ ယင်း​၏​ခြံ​စည်း​ရိုး​ကို​ဖယ်​ရှား​ပစ်​ပြီး​လျှင် အုတ်​ရိုး​ကို​လည်း​ဖြို​ချ​ကာ​တော​တိ​ရစ္ဆာန် များ​အား​စား​သောက်​နင်း​ချေ​စေ​မည်။-
이제 내가 내 포도원에 어떻게 행할 것을 너희에게 이르리라 내가 그 울타리를 걷어 먹힘을 당케 하며 그 담을 헐어 짓밟히게 할 것이요
6 ငါ​သည်​ထို​စ​ပျစ်​ဥ​ယျာဉ်​ကို​ပေါင်း​ပင်​များ နှင့်​ပြည့်​နှက်​နေ​စေ​မည်။ စ​ပျစ်​ခက်​တို့​ကို​ရှင်း လင်း​၍​မြေ​ကို​တူး​ဆွ​၍​ပေး​လိမ့်​မည်​မ​ဟုတ်။ ဆူး​ပင်​အ​မျိုး​မျိုး​ကို​ပေါက်​စေ​မည်။ ထို​ဥ​ယျာဉ် အ​ပေါ်​သို့​မိုး​မ​ရွာ​စေ​ရန် မိုး​တိမ်​များ​ကို​ပင် ငါ​ပိတ်​ပင်​ဆီး​တား​မည်'' ဟု​မြွက်​ဆို​၏။
내가 그것으로 황무케 하리니 다시는 가지를 자름이나 북을 돋우지 못하여 질려와 형극이 날 것이며 내가 또 구름을 명하여 그 위에 비를 내리지 말라 하리라 하셨으니
7 ဣ​သ​ရေ​လ​ပြည်​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​ဖြစ်​၏။ ယု​ဒ​ပြည်​သူ​တို့​မှာ​ကိုယ်​တော်​စိုက်​ပျိုး​သည့် စ​ပျစ်​ပင်​များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​သု​စ​ရိုက်​ကို​ပြု​လိမ့်​မည်​ဟု ကိုယ်​တော်​မျှော်​လင့်​တော်​မူ​ခဲ့​၏။ သို့​ရာ​တွင်​သူ​တို့​က​လူ​သတ်​မှု​ကို ကူး​လွန်​ကြ​လေ​သည်။ သူ​တို့​သည်​ဖြောင့်​မှန်​ရာ​ကို​ပြု​လိမ့်​မည်​ဟု ကိုယ်​တော်​မျှော်​လင့်​တော်​မူ​ခဲ့​၏။ သို့​ရာ​တွင်​သူ​တို့​၏​အ​နှိပ်​အ​စက်​ခံ​ရ​ကြ သူ​တို့​သည် တ​ရား​မျှ​တ​မှု​ရ​ရှိ​ရန်​အော်​ဟစ်​လျက် နေ​ကြ​လေ​သည်။
대저 만군의 여호와의 포도원은 이스라엘 족속이요 그의 기뻐하시는 나무는 유다 사람이라 그들에게 공평을 바라셨더니 도리어 포학이요 그들에게 의로움을 바라셨더니 도리어 부르짖음이었도다
8 သင်​တို့​သည်​အမင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ​တို့​တွင် ရှိ​ပြီး​အိမ်​များ၊ လယ်​ယာ​များ​ကို​အ​ရေ​အ​တွက် တိုး​ပွား​အောင်​ပြု​ကြ​သူ​တို့။ မ​ကြာ​မီ​ပင် အ​ခြား​သူ​များ​အ​တွက် နေ​ရာ​ထိုင်​ခင်း​ကျန် ရှိ​တော့​မည်​မ​ဟုတ်။ သင်​တို့​ချည်း​သာ​လျှင် ပြည်​တော်​တွင်​နေ​ထိုင်​ရ​ကြ​ပေ​တော့​အံ့။-
가옥에 가옥을 연하며 전토에 전토를 더하여 빈 틈이 없도록 하고 이 땅 가운데서 홀로 거하려 하는 그들은 화 있을진저
9 အ​နန္တ​တန်ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဤ​ကြီး ကျယ်​လှ​ပ​သည့်​အိမ်​များ​သည်​လူ​သူ​မ​ရှိ သည့်​အိမ်​ပျက်​များ​ဖြစ်​ရ​ကြ​လိမ့်​မည်။-
만군의 여호와께서 내 귀에 말씀하시되 정녕히 허다한 가옥이 황폐하리니 크고 아름다울지라도 거할 자가 없을 것이며
10 ၁၀ ငါး​ဧ​က​ရှိ​သည့်​စ​ပျစ်​ခြံ​မှ​စ​ပျစ်​ရည် သည် တစ်​ဂါ​လံ​မျှ​သာ​ရ​ရှိ​လိမ့်​မည်။ မျိုး စေ့​ဆယ်​တင်း​ကြဲ​သော်​လည်း​တစ်​တင်း သာ​လျှင်​ပြန်​လည်​ရ​ရှိ​လိမ့်​မည်။''
열흘갈이 포도원에 겨우 포도주 한 바트가 나겠고 한 호멜지기에는 간신히 한 에바가 나리라 하시도다
11 ၁၁ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် သေ​ရည်​သေ​ရက်​သောက်​ရန် စော​စော​ထ​၍ ည နေ​ချိန်​၌​လည်း​ကြာ​မြင့်​စွာ​မူး​ယစ်​၍​နေ တတ်​ကြ​၏။-
아침에 일찌기 일어나 독주를 따라가며 밤이 깊도록 머물러 포도주에 취하는 그들은 화 있을진저
12 ၁၂ သင်​တို့​၏​ပွဲ​လမ်း​သ​ဘင်​များ​တွင်​စောင်း​များ၊ ပတ်​သာ​များ၊ ပ​လွေ​များ​နှင့်​စ​ပျစ်​ရည်​ပါ တတ်​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ် သို့​ပြု​တော်​မူ​လျက်​နေ​သည်​ကို သင်​တို့​မ​သိ ကြ။-
그들이 연회에는 수금과 비파와 소고와 저와 포도주를 갖추었어도 여호와의 행하심을 관심치 아니하며 그의 손으로 하신 일을 생각지 아니하는도다
13 ၁၃ ထို့​ကြောင့်​သင်​တို့​သည်​သုံ့​ပန်း​များ​အ​ဖြစ် ဖြင့်​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ သင်​တို့​၏​ခေါင်း​ဆောင်​များ​သည် အ​စာ​ငတ်​၍​သေ​ဆုံး​ကြ​လိမ့်​မည်။ လူ​အ​ပေါင်း တို့​သည်​ရေ​ငတ်​ကြ​လိမ့်​မည်။-
이러므로 나의 백성이 무지함을 인하여 사로잡힐 것이요 그 귀한자는 주릴 것이요 무리는 목마를 것이며
14 ၁၄ မ​ရ​ဏ​နိုင်​ငံ​သည်​သူ​တို့​အား​ဝါး​မျို​လို သ​ဖြင့် မိ​မိ​၏​ပါး​စပ်​ကို​ကျယ်​စွာ​ဟ​လျက် နေ​၏။ ယေ​ရု​ရှ​လင်​မြို့​မှ​မှူး​မတ်​များ​ကို​လည်း ယောက်​ယက်​ခတ်​ဆူ​ညံ​နေ​သော​ဆင်း​ရဲ​သား လူ​အုပ်​ကြီး​နှင့်​အ​တူ​မျို​ချ​လိုက်​လေ​သည်။ (Sheol h7585)
음부가 그 욕망을 크게 내어 한량 없이 그 입을 벌린즉 그들의 호화로움과 그들의 많은 무리와 그들의 떠드는 것과 그 중에서 연락하는 자가 거기 빠질 것이라 (Sheol h7585)
15 ၁၅ လူ​တိုင်း​ပင်​အ​ရှက်​ကွဲ​၍​မာန်​မာ​န​ကြီး​သူ မှန်​သ​မျှ​တို့​သည်​လည်း ရှုတ်​ချ​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။-
천한 자는 굴복되고 귀한 자는 낮아지고 오만한 자의 눈도 낮아질 것이로되
16 ၁၆ သို့​ရာ​တွင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​ဖြောင့်​မှန်​စွာ​ပြု​တော်​မူ​ခြင်း​အား​ဖြင့် မိ​မိ​၏​ကြီး​မြတ်​မှု​ကို​ဖော်​ပြ​တော်​မူ​လိမ့် မည်။ မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​မှု​ကို​ထင်​ရှား စေ​တော်​မူ​လိမ့်​မည်။-
오직 만군의 여호와는 공평하므로 높임을 받으시며 거룩하신 하나님은 의로우시므로 거룩하다 함을 받으시리니
17 ၁၇ ပျက်​စီး​ယို​ယွင်း​နေ​သော​မြို့​များ​တွင်​သိုး​ငယ် တို့​သည်​မြက်​များ​ကို​စား​လျက်၊ ဆိတ်​ငယ်​တို့ သည်​လည်း​စား​ကျက်​များ​ကို​တွေ့​ရှိ​ကြ​လိမ့် မည်။
그 때에는 어린 양들이 자기 초장에 있는 것 같이 먹을 것이요 살찐 자의 황무한 밭의 소산은 유리하는 자들이 먹으리라
18 ၁၈ သင်​တို့​သည်​အမင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ​တို့​အ​ပြစ် များ​၏​အ​နှောင်​အ​ဖွဲ့​မှ​သင်​တို့​မ​ရုန်း​မ​ထွက် နိုင်​ကြ။-
거짓으로 끈을 삼아 죄악을 끌며 수레 줄로 함 같이 죄악을 끄는 자는 화 있을찐저
19 ၁၉ သင်​တို့​က၊``ငါ​တို့​တွေ့​မြင်​ရကြ​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​မိန့်​တော်​မူ​သည့်​အ​တိုင်း​အ​လျင် အ​မြန်​ပြု​တော်​မူ​ပါ​စေ​သော။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သည့်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏​အ​ကြံ​အ​စည်​တော်​တို့​ကို အ​ကောင်​အ​ထည်​ဖော်​တော်​မူ​ပါ​စေ​သော။ ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော်​ကို​ငါ တို့​ကြည့်​ကြ​ကုန်​အံ့'' ဟု​ဆို​ချေ​သည်။
그들이 이르기를 그는 그 일을 속속히 이루어 우리로 보게 할 것이며 이스라엘의 거룩한 자는 그 도모를 속히 임하게 하여 우리로 알게 할 것이라 하는도다
20 ၂၀ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကောင်း ကို​အ​ဆိုး၊ အ​ဆိုး​ကို​အ​ကောင်း​ဟု​သင်​တို့ ခေါ်​ဆို​တတ်​ကြ​၏။ အ​မှောင်​ကို​အ​လင်း အ​ဖြစ်​သို့၊ အ​လင်း​ကို​အ​မှောင်​အ​ဖြစ်​သို့ ပြောင်း​လဲ​တတ်​ကြ​၏။ သင်​တို့​က​အ​ချို​ကို အ​ခါး၊ အ​ခါး​ကို​အ​ချို​ဖြစ်​စေ​တတ်​ကြ​၏။
악을 선하다 하며 선을 악하다 하며 흑암으로 광명을 삼으며 광명으로 흑암을 삼으며 쓴 것으로 단 것을 삼으며 단 것으로 쓴 것을 삼는 그들은 화 있을진저
21 ၂၁ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ​တို့ ကိုယ်​ကို​အ​လွန်​ပညာ​ရှိ​သည်။ တတ်​သိ​လိမ္မာ သည်​ဟု​ထင်​မှတ်​တတ်​ကြ​၏။
스스로 지혜롭다 하며 스스로 명철하다 하는 그들은 화 있을진저
22 ၂၂ သင်​တို့​သည်​အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ချင်း​အ​ရက် ပု​လင်း​သူ​ရဲ​ကောင်း​တို့၊ သင်​တို့​သည်​အ​ရက် ရော​စပ်​မှု​တွင်​သတ္တိ​ကောင်း​၍​ကြောက်​စိတ်​ကင်း ကြ​ပါ​သည်​တ​ကား။-
포도주를 마시기에 용감하며 독주를 빚기에 유력한 그들은 화 있을진저
23 ၂၃ သို့​ရာ​တွင်​သင်​တို့​သည်​တံ​စိုး​လက်​ဆောင်​ရ ခဲ့​သော် အ​ပြစ်​ရှိ​သူ​တို့​ကို​အ​ပြစ်​မ​ပေး​ဘဲ လွှတ်​ပစ်​ကာ၊ အ​ပြစ်​မဲ့​သူ​တို့​ကို​မူ​တ​ရား မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ်​၍​မ​ပေး​ကြ။-
그들은 뇌물로 인하여 악인을 의롭다 하고 의인에게서 그 의를 빼았는도다
24 ၂၄ ထို့​ကြောင့်​ကောက်​ရိုး​နှင့်​မြက်​ခြောက်​တို့​သည် မီး လျှံ​တွင်​တွန့်​လိမ်​လောင်​ကျွမ်း​သွား​သ​ကဲ့​သို့၊ သင်​တို့​၏​အ​မြစ်​များ​သည်​ဆွေး​မြေ့​လျက် အ​ပွင့်​များ​သည်​လည်း​ခြောက်​သွေ့​လွင့်​စင်​လျက် သွား​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့ သည်​ငါ​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​ဟော​ပြော​သွန်​သင်​တော်​မူ သည့်​တ​ရား​တော်​ကို​ပစ်​ပယ်​ကြ​သော​ကြောင့် ဖြစ်​၏။-
이로 인하여 불꽃이 그루터기를 삼킴 같이, 마른 풀이 불 속에 떨어짐 같이 그들의 뿌리가 썩겠고 꽃이 티끌처럼 날리니 그들이 만군의 여호와의 율법을 버리며 이스라엘의 거룩하신 자의 말씀을 멸시하였음이라
25 ၂၅ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား​အ​မျက်​ထွက်​တော်​မူ​၍ အ​ပြစ်​ဒဏ်​ခတ် တော်​မူ​ရန်​လက်​တော်​ကို​ဆန့်​တော်​မူ​သ​ဖြင့် တောင်​တို့​သည်​တုန်​လှုပ်​ကြ​လိမ့်​မည်။ သေ​သော သူ​တို့​၏​အ​လောင်း​များ​သည်​လမ်း​များ​ပေါ် တွင်​အ​မှိုက်​သ​ရိုက်​ကဲ့​သို့​ကျန်​ရစ်​လိမ့်​မည်။ ထို​အ​ခါ​၌​ပင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက် တော်​သည်​ပြေ​ငြိမ်း​လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော် သည်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက်​တော်​ကို ဆန့်​လျက်​ပင်​ထား​ရှိ​လိမ့်​ဦး​မည်။
그러므로 여호와께서 자기 백성에게 노를 발하시고 손을 들어 그들을 치신지라 산들은 진동하며 그들의 시체는 거리 가운데 분토같이 되었으나 그 노가 돌아서지 아니하였고 그 손이 오히려 펴졌느니라
26 ၂၆ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ချက်​ပြ​၍​ရပ်​ဝေး နေ​လူ​မျိုး​ခြား​တို့​အား​ခေါ်​ယူ​တော်​မူ​လိမ့် မည်။ ကိုယ်​တော်​သည်​သူ​တို့​အား​ကမ္ဘာ​မြေ​ကြီး စွန်း​မှ​လာ​ရောက်​ကြ​ရန်​လေ​ချွန်​သံ​ဖြင့် အ​ချက်​ပေး​တော်​မူ​လိမ့်​မည်။ ထို​သူ​တို့​သည် လည်း​ဤ​အ​ရပ်​သို့​အ​လျင်​အ​မြန်​လာ ရောက်​ကြ​လိမ့်​မည်။-
기를 세우시고 먼 나라들을 불러 땅 끝에서부터 오게 하실 것이라 보라 그들이 빨리 달려 올 것이로되
27 ၂၇ သူ​တို့​တွင်​မော​ပန်း​သူ၊ ခြေ​ချော်​သူ​ဟူ​၍ မ​ရှိ။ ငိုက်​မြည်း​သူ၊ အိပ်​ပျော်​သူ​လည်း​မ​ရှိ။ သူ​တို့​၏​ခါး​စည်း​များ​သည်​မ​ပြေ။ ဖိ​နပ် ကြိုး​များ​သည်​လည်း​မ​ပြတ်။-
그 중에 곤핍하여 넘어지는 자도 없을 것이며 조는 자나 자는 자도 없을 것이며 그들의 허리띠는 풀리지 아니하며 그들의 신들메는 끊어지지 아니하며
28 ၂၈ သူ​တို့​၏​မြား​များ​သည်​ထက်​လျက်၊ လေး​တို့ သည်​လည်း​တင်​ရန်​အ​သင့်​ရှိ​ကြ​၏။ သူ​တို့ ၏​မြင်း​ခွာ​များ​သည်​မီး​ခတ်​ကျောက်​ကဲ့​သို့ မာ​၍​ရ​ထား​ဘီး​များ​သည်​လည်း​လေ​ဗွေ ကဲ့​သို့​လျင်​မြန်​စွာ​လည်​ကြ​၏။-
그들의 살은 날카롭고 모든 활은 당기어졌으며 그 말굽은 부싯돌같고 차 바퀴는 회리바람 같을 것이며
29 ၂၉ သူ​တို့​၏​ကြွေး​ကြော်​သံ​သည်​သား​ကောင်​လိုက် သတ်​ဆွဲ​ယူ​ကာ မိ​မိ​တို့​လက်​မှ​အ​ဘယ်​သူ​မျှ လု​မ​ယူ​နိုင်​စေ​ရန်​မာန်​ဖီ​တတ်​သည့်​ခြင်္သေ့​တို့ ၏​ဟောက်​သံ​နှင့်​တူ​၏။
그 부르짖는 것은 암사자 같을 것이요 그 소리지름은 어린 사자들과 같을 것이라 그들이 부르짖으며 물건을 움키어 염려 없이 가져가도 건질 자가 없으리로다
30 ၃၀ ထို​ကာ​လ​၌​သူ​တို့​သည်​ပင်​လယ်​မြည်​ဟည်း​သံ ကဲ့​သို့ ကျယ်​စွာ​ဣ​သ​ရေ​လ​ပြည်​တွင်​ကြွေး​ကြော် ကြ​လိမ့်​မည်။ ထို​ပြည်​ကို​ကြည့်​ရှု​ကြ​လော့။ ယင်း သည်​မှောင်​အ​တိ၊ ဆင်း​ရဲ​ဒုက္ခ​အ​တိ​ဖြစ်​၍​နေ​လိမ့် မည်။ အ​လင်း​ကား​အ​မှောင်​တွင်​ကွယ်​ပျောက် သွား​လေ​တော့​သ​တည်း။
그 날에 그들이 바다 물결 소리 같이 백성을 향하여 부르짖으리니 사람이 그 땅을 바라보면 흑암과 고난이 있고 빛은 구름에 가리워져서 어두우리라

< ဟေရှာယ 5 >