< ဟေရှာယ 5 >
1 ၁ နားထောင်လော့။ ငါ၏မိတ်ဆွေနှင့်သူ၏စပျစ်ဥယျာဉ်အကြောင်း ဤသီချင်းကိုသင့်အားငါသီဆို၍ပြမည်။ အလွန်မြေသြဇာကောင်းသည့် တောင်ကုန်းတစ်ခုပေါ်တွင်၊ ငါ့မိတ်ဆွေ၏စပျစ်ဥယျာဉ်တစ်ခုရှိ၏။
Zpívati již budu milému svému píseň milého svého o vinici jeho: Vinici má milý můj na vrchu úrodném.
2 ၂ သူသည်မြေကိုတူးဆွ၍ကျောက်ခဲများကို ဖယ်ရှားပစ်ကာ၊ မျိုးကောင်းမျိုးသန့်စပျစ်ပင်များကိုစိုက်၏။ သူသည်ထိုအပင်တို့စောင့်ကြပ်ကြည့်ရှုရန် လင့်စင်တစ်ခုကိုတည်ဆောက်၏။ စပျစ်သီးနယ်ရန်ကျင်းတစ်ခုကိုလည်း တူး၏။ သူသည်စပျစ်သီးမှည့်ချိန်ကိုစောင့်ဆိုင်းလျက် နေ၏။ သို့ရာတွင်စပျစ်သီးမှန်သမျှသည်ချဉ်၍ နေတော့၏။
Kterouž ohradil, a kamení z ní vybral, a vysadil ji vinným kmenem výborným, a ustavěl věži u prostřed ní, také i pres udělal v ní, a očekával, aby nesla hrozny, ale vydala plané víno.
3 ၃ သို့ဖြစ်၍ငါ၏မိတ်ဆွေက``အချင်းယေရု ရှလင်မြို့သားများနှင့်ယုဒပြည်သူတို့၊ ငါ နှင့်ငါ့စပျစ်ဥယျာဉ်၏အမှုကိုစီရင်ဆုံး ဖြတ်ကြလော့။-
Nyní tedy, obyvatelé Jeruzalémští a muži Judští, suďte medle mezi mnou a vinicí mou.
4 ၄ ထိုဥယျာဉ်ကိုပြုစုရာတွင်ငါ့မှာအဘယ် လစ်ဟင်းမှုရှိပါသနည်း။ သို့ပါလျက်စပျစ် ပင်များသည် အဘယ်ကြောင့်ငါမျှော်လင့်သည့် အတိုင်းစပျစ်သီးကောင်းများအစားစပျစ် သီးချဉ်များကိုသီးရပါသနည်း။
Což ještě činěno býti mělo vinici mé, ješto bych jí neučinil? Proč, když jsem očekával, aby nesla hrozny, plodila plané víno?
5 ၅ ``ငါသည်ထိုစပျစ်ဥယျာဉ်ကိုဤသို့ပြုမည်။ ယင်း၏ခြံစည်းရိုးကိုဖယ်ရှားပစ်ပြီးလျှင် အုတ်ရိုးကိုလည်းဖြိုချကာတောတိရစ္ဆာန် များအားစားသောက်နင်းချေစေမည်။-
A protož oznámím vám, co já učiním vinici své: Odejmu plot její, a přijde na spuštění; rozbořím hradbu její, i přijde na pošlapání.
6 ၆ ငါသည်ထိုစပျစ်ဥယျာဉ်ကိုပေါင်းပင်များ နှင့်ပြည့်နှက်နေစေမည်။ စပျစ်ခက်တို့ကိုရှင်း လင်း၍မြေကိုတူးဆွ၍ပေးလိမ့်မည်မဟုတ်။ ဆူးပင်အမျိုးမျိုးကိုပေါက်စေမည်။ ထိုဥယျာဉ် အပေါ်သို့မိုးမရွာစေရန် မိုးတိမ်များကိုပင် ငါပိတ်ပင်ဆီးတားမည်'' ဟုမြွက်ဆို၏။
Zapustím ji, nebude řezána, ani kopána, i vzroste na ní bodláčí a trní; oblakům také zapovím, aby nevydávali více na ni deště.
7 ၇ ဣသရေလပြည်သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ဥယျာဉ်ဖြစ်၏။ ယုဒပြည်သူတို့မှာကိုယ်တော်စိုက်ပျိုးသည့် စပျစ်ပင်များဖြစ်ကြ၏။ သူတို့သည်သုစရိုက်ကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့ကလူသတ်မှုကို ကူးလွန်ကြလေသည်။ သူတို့သည်ဖြောင့်မှန်ရာကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့၏အနှိပ်အစက်ခံရကြ သူတို့သည် တရားမျှတမှုရရှိရန်အော်ဟစ်လျက် နေကြလေသည်။
Vinice zajisté Hospodina zástupů dům Izraelský jest, a muži Judští révové milí jemu. Očekával pak soudu, a aj, nátisk; spravedlnosti, a aj, křik.
8 ၈ သင်တို့သည်အမင်္ဂလာရှိကြ၏။ မိမိတို့တွင် ရှိပြီးအိမ်များ၊ လယ်ယာများကိုအရေအတွက် တိုးပွားအောင်ပြုကြသူတို့။ မကြာမီပင် အခြားသူများအတွက် နေရာထိုင်ခင်းကျန် ရှိတော့မည်မဟုတ်။ သင်တို့ချည်းသာလျှင် ပြည်တော်တွင်နေထိုင်ရကြပေတော့အံ့။-
Běda vám, kteříž připojujete dům k domu, a pole s polem spojujete, tak že místa jiným není, jako byste sami rozsazeni byli k přebývání u prostřed země.
9 ၉ အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဤကြီး ကျယ်လှပသည့်အိမ်များသည်လူသူမရှိ သည့်အိမ်ပျက်များဖြစ်ရကြလိမ့်မည်။-
V uši mé řekl Hospodin zástupů: Jistě žeť domové mnozí zpustnou, velicí a krásní bez obyvatele budou.
10 ၁၀ ငါးဧကရှိသည့်စပျစ်ခြံမှစပျစ်ရည် သည် တစ်ဂါလံမျှသာရရှိလိမ့်မည်။ မျိုး စေ့ဆယ်တင်းကြဲသော်လည်းတစ်တင်း သာလျှင်ပြန်လည်ရရှိလိမ့်မည်။''
Nadto deset dílců viničných vydá láhvici jednu, a semena chomer vydá efi.
11 ၁၁ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် သေရည်သေရက်သောက်ရန် စောစောထ၍ ည နေချိန်၌လည်းကြာမြင့်စွာမူးယစ်၍နေ တတ်ကြ၏။-
Běda těm, kteříž ráno vstávajíce, chodí po opilství, a trvají při tom do večera, až je víno i rozpaluje.
12 ၁၂ သင်တို့၏ပွဲလမ်းသဘင်များတွင်စောင်းများ၊ ပတ်သာများ၊ ပလွေများနှင့်စပျစ်ရည်ပါ တတ်၏။ သို့ရာတွင်ထာဝရဘုရားအဘယ် သို့ပြုတော်မူလျက်နေသည်ကို သင်တို့မသိ ကြ။-
A harfa, loutna a buben, a píšťalka, a víno bývá na hodech jejich; na skutky pak Hospodinovy nehledí, a díla rukou jeho nespatřují.
13 ၁၃ ထို့ကြောင့်သင်တို့သည်သုံ့ပန်းများအဖြစ် ဖြင့်ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံရ ကြလိမ့်မည်။ သင်တို့၏ခေါင်းဆောင်များသည် အစာငတ်၍သေဆုံးကြလိမ့်မည်။ လူအပေါင်း တို့သည်ရေငတ်ကြလိမ့်မည်။-
Protož v zajetí půjde lid můj, nebo jest bez umění; a slavní jeho budou hladovití, a množství jeho žízní usvadne.
14 ၁၄ မရဏနိုင်ငံသည်သူတို့အားဝါးမျိုလို သဖြင့် မိမိ၏ပါးစပ်ကိုကျယ်စွာဟလျက် နေ၏။ ယေရုရှလင်မြို့မှမှူးမတ်များကိုလည်း ယောက်ယက်ခတ်ဆူညံနေသောဆင်းရဲသား လူအုပ်ကြီးနှင့်အတူမျိုချလိုက်လေသည်။ (Sheol )
Pročež rozšířilo i peklo hrdlo své, a rozedřelo nad míru ústa svá, i sstoupí do něho slavní její a množství její, i hluk její, i ti, kteříž se veselí v ní. (Sheol )
15 ၁၅ လူတိုင်းပင်အရှက်ကွဲ၍မာန်မာနကြီးသူ မှန်သမျှတို့သည်လည်း ရှုတ်ချခြင်းကိုခံရ ကြလိမ့်မည်။-
A tak sehnut bude člověk, a ponížen muž, a oči pyšných sníženy budou,
16 ၁၆ သို့ရာတွင်အနန္တတန်ခိုးရှင်ထာဝရဘုရား သည်ဖြောင့်မှန်စွာပြုတော်မူခြင်းအားဖြင့် မိမိ၏ကြီးမြတ်မှုကိုဖော်ပြတော်မူလိမ့် မည်။ မိမိ၏သန့်ရှင်းမြင့်မြတ်မှုကိုထင်ရှား စေတော်မူလိမ့်မည်။-
Hospodin pak zástupů vyvýšen bude v soudu, a Bůh silný a svatý ukáže se svatý v spravedlnosti.
17 ၁၇ ပျက်စီးယိုယွင်းနေသောမြို့များတွင်သိုးငယ် တို့သည်မြက်များကိုစားလျက်၊ ဆိတ်ငယ်တို့ သည်လည်းစားကျက်များကိုတွေ့ရှိကြလိမ့် မည်။
I pásti se budou beránkové podlé obyčeje svého, a ostatky těch tučných, navrátíce se, jísti budou.
18 ၁၈ သင်တို့သည်အမင်္ဂလာရှိကြ၏။ မိမိတို့အပြစ် များ၏အနှောင်အဖွဲ့မှသင်တို့မရုန်းမထွက် နိုင်ကြ။-
Běda těm, kteříž táhnou nepravost za provazy marnosti, a jako provazem u vozu hřích;
19 ၁၉ သင်တို့က၊``ငါတို့တွေ့မြင်ရကြစေရန်ထာဝရ ဘုရားသည် မိမိမိန့်တော်မူသည့်အတိုင်းအလျင် အမြန်ပြုတော်မူပါစေသော။ ဣသရေလအမျိုး သားတို့၏သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင်သည် မိမိ၏အကြံအစည်တော်တို့ကို အကောင်အထည်ဖော်တော်မူပါစေသော။ ကိုယ်တော်၏အကြံအစည်တော်ကိုငါ တို့ကြည့်ကြကုန်အံ့'' ဟုဆိုချေသည်။
Kteříž říkají: Nechať pospíší, a nemešká dílem svým, abychom viděli, a nechať se přiblíží, a přijde rada toho Svatého Izraelského, abychom zvěděli.
20 ၂၀ သင်တို့သည်အမင်္ဂလာရှိကြ၏။ အကောင်း ကိုအဆိုး၊ အဆိုးကိုအကောင်းဟုသင်တို့ ခေါ်ဆိုတတ်ကြ၏။ အမှောင်ကိုအလင်း အဖြစ်သို့၊ အလင်းကိုအမှောင်အဖြစ်သို့ ပြောင်းလဲတတ်ကြ၏။ သင်တို့ကအချိုကို အခါး၊ အခါးကိုအချိုဖြစ်စေတတ်ကြ၏။
Běda těm, kteříž říkají zlému dobré, a dobrému zlé, kladouce tmu za světlo, a světlo za tmu, pokládajíce hořké za sladké, a sladké za hořké.
21 ၂၁ သင်တို့သည်အမင်္ဂလာရှိကြ၏။ မိမိတို့ ကိုယ်ကိုအလွန်ပညာရှိသည်။ တတ်သိလိမ္မာ သည်ဟုထင်မှတ်တတ်ကြ၏။
Běda těm, kteříž jsou moudří sami u sebe, a vedlé zdání svého opatrní.
22 ၂၂ သင်တို့သည်အမင်္ဂလာရှိကြ၏။ အချင်းအရက် ပုလင်းသူရဲကောင်းတို့၊ သင်တို့သည်အရက် ရောစပ်မှုတွင်သတ္တိကောင်း၍ကြောက်စိတ်ကင်း ကြပါသည်တကား။-
Běda těm, kteříž jsou silní ku pití vína, a muži udatní k smíšení nápoje opojného;
23 ၂၃ သို့ရာတွင်သင်တို့သည်တံစိုးလက်ဆောင်ရ ခဲ့သော် အပြစ်ရှိသူတို့ကိုအပြစ်မပေးဘဲ လွှတ်ပစ်ကာ၊ အပြစ်မဲ့သူတို့ကိုမူတရား မျှတစွာစီရင်ဆုံးဖြတ်၍မပေးကြ။-
Kteříž ospravedlňují bezbožného pro dary, spravedlnost pak spravedlivých odjímají od nich.
24 ၂၄ ထို့ကြောင့်ကောက်ရိုးနှင့်မြက်ခြောက်တို့သည် မီး လျှံတွင်တွန့်လိမ်လောင်ကျွမ်းသွားသကဲ့သို့၊ သင်တို့၏အမြစ်များသည်ဆွေးမြေ့လျက် အပွင့်များသည်လည်းခြောက်သွေ့လွင့်စင်လျက် သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သင်တို့ သည်ငါတို့အား ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအနန္တတန်ခိုး ရှင်ထာဝရဘုရားဟောပြောသွန်သင်တော်မူ သည့်တရားတော်ကိုပစ်ပယ်ကြသောကြောင့် ဖြစ်၏။-
Z té příčiny, jakož plamen ohně zžírá strniště, a plevy plamen v nic obrací, tak kořen jejich bude jako shnilina, a květ jejich jako prach vzejde; nebo zavrhli zákon Hospodina zástupů, a řečí svatého Izraelského pohrdli.
25 ၂၅ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အားအမျက်ထွက်တော်မူ၍ အပြစ်ဒဏ်ခတ် တော်မူရန်လက်တော်ကိုဆန့်တော်မူသဖြင့် တောင်တို့သည်တုန်လှုပ်ကြလိမ့်မည်။ သေသော သူတို့၏အလောင်းများသည်လမ်းများပေါ် တွင်အမှိုက်သရိုက်ကဲ့သို့ကျန်ရစ်လိမ့်မည်။ ထိုအခါ၌ပင်ထာဝရဘုရား၏အမျက် တော်သည်ပြေငြိမ်းလိမ့်မည်မဟုတ်။ ကိုယ်တော် သည်အပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကို ဆန့်လျက်ပင်ထားရှိလိမ့်ဦးမည်။
Pročež rozpáliv se prchlivostí Hospodin na lid svůj, a vztáh ruku svou na něj, porazil jej, tak že se hory zatřásly, a těla mrtvá jejich jako hnůj u prostřed ulic. V tom však ve všem neodvrátila se prchlivost jeho, ale předce ruka jeho jest vztažená.
26 ၂၆ ထာဝရဘုရားသည်အချက်ပြ၍ရပ်ဝေး နေလူမျိုးခြားတို့အားခေါ်ယူတော်မူလိမ့် မည်။ ကိုယ်တော်သည်သူတို့အားကမ္ဘာမြေကြီး စွန်းမှလာရောက်ကြရန်လေချွန်သံဖြင့် အချက်ပေးတော်မူလိမ့်မည်။ ထိုသူတို့သည် လည်းဤအရပ်သို့အလျင်အမြန်လာ ရောက်ကြလိမ့်မည်။-
Nebo vyzdvihne korouhev národu dalekému, a zahvízdne naň od končin země, a aj, rychle a prudce přijde.
27 ၂၇ သူတို့တွင်မောပန်းသူ၊ ခြေချော်သူဟူ၍ မရှိ။ ငိုက်မြည်းသူ၊ အိပ်ပျော်သူလည်းမရှိ။ သူတို့၏ခါးစည်းများသည်မပြေ။ ဖိနပ် ကြိုးများသည်လည်းမပြတ်။-
Žádného ustalého ani klesajícího nebude mezi nimi; nebude dřímati ani spáti, aniž se rozepne pás bedr jeho, aniž se strhá řemen obuví jeho.
28 ၂၈ သူတို့၏မြားများသည်ထက်လျက်၊ လေးတို့ သည်လည်းတင်ရန်အသင့်ရှိကြ၏။ သူတို့ ၏မြင်းခွာများသည်မီးခတ်ကျောက်ကဲ့သို့ မာ၍ရထားဘီးများသည်လည်းလေဗွေ ကဲ့သို့လျင်မြန်စွာလည်ကြ၏။-
Střely jeho ostré, a všecka lučiště jeho natažená; kopyta koňů jeho jako škřemen souzena budou, a kola jeho jako vichřice.
29 ၂၉ သူတို့၏ကြွေးကြော်သံသည်သားကောင်လိုက် သတ်ဆွဲယူကာ မိမိတို့လက်မှအဘယ်သူမျှ လုမယူနိုင်စေရန်မာန်ဖီတတ်သည့်ခြင်္သေ့တို့ ၏ဟောက်သံနှင့်တူ၏။
Řvání jeho jako řvání lva, a řváti bude jako lvíčata; a mumlati bude, a pochytí loupež a uteče, aniž bude, kdo by vydřel.
30 ၃၀ ထိုကာလ၌သူတို့သည်ပင်လယ်မြည်ဟည်းသံ ကဲ့သို့ ကျယ်စွာဣသရေလပြည်တွင်ကြွေးကြော် ကြလိမ့်မည်။ ထိုပြည်ကိုကြည့်ရှုကြလော့။ ယင်း သည်မှောင်အတိ၊ ဆင်းရဲဒုက္ခအတိဖြစ်၍နေလိမ့် မည်။ အလင်းကားအမှောင်တွင်ကွယ်ပျောက် သွားလေတော့သတည်း။
A zvučeti bude nad ním v ten den, jako zvučí moře. Tehdy pohledíme na zemi, a aj, mrákota a úzkost; nebo se i světlo zatmí při pohubení jejím.