< ဟေရှာယ 46 >

1 ဤ​ကား​ဗာ​ဗု​လုန်​ဘု​ရား​တို့​၏​ဇာတ်​သိမ်း​ခန်း ပေ​တည်း။ အ​ခါ​တစ်​ပါး​က​လူ​တို့​သည်​ဗေ​လ​ဘု​ရား နှင့်​နေ​ဗော ဘု​ရား​တို့​ကို​ကိုး​ကွယ်​ဝတ်​ပြု​ခဲ့​ကြ​၏။ ယ​ခု​အ​ခါ​၌​သူ​တို့​ကို​မြည်း​များ​ပေါ်​တွင် တင်​၍၊ မော​ပန်း​နေ​သည့်​တိ​ရစ္ဆာန်​များ​သယ်​ဆောင်​ရန် ဝန်​ထုပ်​ဝန်​ပိုး​ဖြစ်​စေ​ကြ​၏။
conflatus est Bel contritus est Nabo facta sunt simulacra eorum bestiis et iumentis onera vestra gravi pondere usque ad lassitudinem
2 ထို​ရုပ်​တု​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​မ​ကယ် နိုင်​ကြ။ သူ​တို့​သည်​ဖမ်း​ဆီး​သိမ်း​ယူ​ခြင်း​ကို ခံ​ရ​ကြ​တော့​၏။ ဤ​ကား​ဗာ​ဗု​လုန်​ဘု​ရား​တို့​၏​ဇာတ်​သိမ်း​ခန်း ပင်​တည်း။
contabuerunt et contrita sunt simul non potuerunt salvare portantem et anima eorum in captivitatem ibit
3 ``အို ယာ​ကုပ်​သား​မြေး​တို့၊ငါ​၏​ဣ​သ​ရေ​လ လူ​မျိုး​တော်​အ​နက်​မှ ကြွင်း​ကျန်​နေ​သူ​တို့၊ငါ​ပြော​သည်​ကို နား​ထောင်​ကြ​လော့။ သင်​တို့​သန္ဓေ​တည်​၍​မွေး​ဖွား​ချိန်​မှ​အ​စ​ပြု​၍ ငါ​သည်​သင်​တို့​အား​ကြည့်​ရှု​စောင့်​ရှောက်​ခဲ့ ပေ​သည်။
audite me domus Iacob et omne residuum domus Israhel qui portamini a meo utero qui gestamini a mea vulva
4 ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​၏။ သင်​တို့​အို​မင်း​၍​ဆံ​ပင်​ဖြူ​သည်​တိုင်​အောင်၊ သင်​တို့​အား​ငါ​ကြည့်​ရှု​စောင့်​ရှောက်​ပို့​ဆောင် မည်။ သင်​တို့​အား​ငါ​ကူ​မ​မည်။ ကယ်​တင်​မည်။
usque ad senectam ego ipse et usque ad canos ego portabo ego feci et ego feram et ego portabo et salvabo
5 ``သင်​တို့​သည်​ငါ့​အား​အ​ဘယ်​သူ​နှင့် နှိုင်း​ယှဉ်​ကြ​ပါ​မည်​နည်း။ ငါ​နှင့်​တူ​သော​အ​ခြား​ဘု​ရား​ရှိ​ပါ​သေး သ​လော။
cui adsimilastis me et adaequastis et conparastis me et fecistis similem
6 လူ​တို့​သည်​မိ​မိ​တို့​၏​ရွှေ​အိတ်​များ​မှ​ရွှေ များ​ကို သွန်​ချ​ကာ၊ ငွေ​များ​ကို​လည်း​ချိန်​ခွင်​နှင့်​ချိန်​တွယ်​ပြီး​လျှင်၊ ဘု​ရား​သွန်း​လုပ်​ရန်​ပန်း​ထိမ်​သည်​ကို​ငှား​ရမ်း ကြ​၏။ ထို​နောက်၊ထို​ဘု​ရား​အား​ဦး​ညွှတ်​ဝတ်​ပြု​ကိုး​ကွယ် ကြ​ပါ​သည်​တ​ကား။
qui confertis aurum de sacculo et argentum statera ponderatis conducentes aurificem ut faciat deum et procidunt et adorant
7 သူ​တို့​သည်​ထို​ဘု​ရား​ကို​ပ​ခုံး​ထက်​တွင် ထမ်း​၍ ဆောင်​ယူ​ကာ​နေ​ရာ​ချထား​၏။ ဘု​ရား​သည်​လည်း​မိ​မိ​တည်​ရှိ​သည့် နေ​ရာ​မှ မ​ရွေ့​မ​လျား​နိုင်​ရပ်​လျက်​သာ​နေ​၏။ အ​ကယ်​၍​သူ့​အား​တစ်​စုံ​တစ်​ယောက်​သော သူ​က ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မူ​သူ​သည်​အ​ဖြေ မ​ပေး​နိုင်။ ထို​သူ့​အား​ဘေး​အန္တရာယ်​မှ​လည်း​မ​ကယ်​နိုင်။
portant illud in umeris gestantes et ponentes in loco suo et stabit ac de loco suo non movebitur sed et cum clamaverint ad eum non audiet de tribulatione non salvabit eos
8 ``အ​ချင်း​အ​ပြစ်​ကူး​လွန်​သူ​တို့၊​ဤ​အ​ချင်း အ​ရာ​ကို အောက်​မေ့​သ​တိ​ရ​ကြ​လော့။ ငါ​ပြု​ခဲ့​သည့်​အ​မှု​ကို​စဉ်း​စား​ဆင်​ခြင်​ကြ​လော့။
mementote istud et fundamini redite praevaricatores ad cor
9 ရှေး​ပ​ဝေ​သ​ဏီ​အ​ခါ​က​ဖြစ်​ပျက်​ခဲ့​သည့် အ​မှု​ကို အောက်​မေ့​သ​တိ​ရ​ကြ​လော့။ ငါ​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​နှင့်​တူ​သော​အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း ကို​လည်း​ကောင်း​သိ​မှတ်​ဝန်​ခံ​ကြ​လော့။
recordamini prioris saeculi quoniam ego sum Deus et non est ultra Deus nec est similis mei
10 ၁၀ ငါ​သည်​အ​စ​အ​ဦး​မှ​တင်​ကူး​၍​နိ​ဂုံး​ကို ဖော်​ပြ​ခဲ့​၏။ ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​ကို​ရှေး​ကာ​လ​မှ​ပင်​လျှင် ကြို​တင်​ဟော​ကြား​ခဲ့​၏။ ငါ​၏​အ​ကြံ​အ​စည်​များ​သည်​အ​ဘယ်​အ​ခါ ၌​မျှ ပျက်​ပြား​ရ​လိမ့်​မည်​မ​ဟုတ်​ဟု ငါ​ဆို​ခဲ့​သည့်​အ​တိုင်း၊ငါ​ရည်​ရွယ်​ထား​သည့် အ​မှု​အ​ရာ​မှန်​သ​မျှ​ကို​ငါ​ပြု​မည်။
adnuntians ab exordio novissimum et ab initio quae necdum facta sunt dicens consilium meum stabit et omnis voluntas mea fiet
11 ၁၁ ငါ​သည်​အ​ရှေ့​အ​ရပ်​မှ​လူ​တစ်​ဦး​ကို​ခေါ် ယူ​မည်။ သူ​သည်​စွန်​ရဲ​ကဲ့​သို့​ထိုး​ဆင်း​လာ​ပြီး​လျှင် ငါ​ကြံ​စည်​ထား​သည့်​အ​မှု​တို့​ကို​ဆောင်​ရွက် ပေး​လိမ့်​မည်။ ဤ​ကား​ငါ​မြွက်​ဆို​သည့်​စ​ကား​ဖြစ်​၍​ဤ အ​တိုင်း ဖြစ်​ပျက်​ရ​လိမ့်​မည်။
vocans ab oriente avem et de terra longinqua virum voluntatis meae et locutus sum et adducam illud creavi et faciam illud
12 ၁၂ ငါ​တို့​လွတ်​မြောက်​ရန်​အ​ချိန်​ကာ​လ​သည် ဝေး​သေး​သည်​ဟု​ဆို​သူ အ​ချင်း​ခေါင်း​မာ​သည့်​လူ​စု၊ငါ​ပြော​သည်​ကို နား​ထောင်​ကြ​လော့။
audite me duro corde qui longe estis a iustitia
13 ၁၃ ငါ​သည်​သင်​တို့​လွတ်​မြောက်​ရန်​အ​ချိန်​ကာ​လ ကို နီး​ကပ်​၍​လာ​စေ​မည်။ ထို​ကာ​လ​သည်​လုံး​ဝ​မ​ဝေး​တော့​ပြီ။ ငါ​သည်​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​လည်း ဆိုင်း​ငံ့​၍ ထား​လိမ့်​မည်​မ​ဟုတ်။ ယေ​ရု​ရှ​လင်​မြို့​ကို​ငါ​ကယ်​တင်​၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဂုဏ်​အ​သ​ရေ​ရှိ​စေ​မည်။''
prope feci iustitiam meam non elongabitur et salus mea non morabitur dabo in Sion salutem et Israheli gloriam meam

< ဟေရှာယ 46 >