< ဟေရှာယ 44 >
1 ၁ ထာဝရဘုရားက ``ငါ၏အစေခံဣသရေလအမျိုးသားတို့၊ ငါရွေးချယ်ထားသောလူမျိုးတော်၊ ယာကုပ်၏ သားမြေးတို့၊ယခုနားထောင်ကြလော့။
しかし、わがしもべヤコブよ、わたしが選んだイスラエルよ、いま聞け。
2 ၂ ငါသည်သင်တို့ကိုဖန်ဆင်းတော်မူသော ဘုရားသခင်ဖြစ်၏။ သင်တို့မွေးဖွားချိန်မှအစပြု၍ငါသည် သင်တို့အားကူမခဲ့လေပြီ။ မကြောက်ကြနှင့်၊ သင်တို့သည် ငါ၏အစေခံ၊ ငါချစ်မြတ်နိုး၍ရွေးချယ်ထားသည့် လူမျိုးတော်ဖြစ်ကြ၏။
あなたを造り、あなたを胎内に形造り、あなたを助ける主はこう言われる、『わがしもべヤコブよ、わたしが選んだエシュルンよ、恐れるな。
3 ၃ ``ငါသည်ရေငတ်သည့်ပြည်တွင်မိုးရွာသွန်းစေမည်။ သဲကန္တာရတွင်စမ်းရေများပေါက်စေမည်။ သင်တို့၏သားသမီးများအပေါ်တွင်ငါ၏ တန်ခိုးတော်ကိုလည်းကောင်း၊ သင်တို့သားမြေးများအပေါ်တွင်ငါ၏ ကောင်းချီး မင်္ဂလာများကိုလည်းကောင်းသွန်းလောင်းမည်။
わたしは、かわいた地に水を注ぎ、干からびた地に流れをそそぎ、わが霊をあなたの子らにそそぎ、わが恵みをあなたの子孫に与えるからである。
4 ၄ သူတို့သည်ရေကောင်းစွာရသည့်မြက်များ ကဲ့သို့ ရေစီးသောချောင်းအနီးရှိမိုးမခပင်များကဲ့သို့ စိမ်းလန်းဝေဆာလျက်နေကြလိမ့်မည်။
こうして、彼らは水の中の草のように、流れのほとりの柳のように、生え育つ。
5 ၅ ``လူတို့သည်တစ်ယောက်ပြီးတစ်ယောက် `ငါသည်ထာဝရဘုရား၏လူဖြစ်ပါသည်' ဟု ပြောဆိုကြလိမ့်မည်။ သူတို့သည်ဣသရေလအမျိုးသားများနှင့် အတူ လာရောက်နေထိုင်ကြလိမ့်မည်။ သူတို့သည်ကိုယ်စီကိုယ်ငှလက်မောင်းတွင် ထာဝရဘုရား၏နာမတော်ကိုရေးမှတ်ကာ၊ မိမိတို့ကိုယ်ကိုထာဝရဘုရား၏လူမျိုး တော်ဟု မှည့်ခေါ်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ある人は「わたしは主のものである」と言い、ある人はヤコブの名をもって自分を呼び、またある人は「主のものである」と手にしるして、イスラエルの名をもって自分を呼ぶ』」。
6 ၆ ဣသရေလအမျိုးကိုအစိုးရ၍ကာကွယ် စောင့်ရှောက်တော်မူသောထာဝရဘုရား၊ အနန္တတန်ခိုးရှင်ထာဝရဘုရားက ``ငါသည်ကပ်ကာလအစမှအဆုံးတိုင် အောင် တည်နေတော်မူသောအရှင်၊ တစ်ဆူတည်းသောဘုရားသခင်ဖြစ်တော် မူ၏။ ငါမှတစ်ပါးအခြားအဘယ်ဘုရားမျှမရှိ။
主、イスラエルの王、イスラエルをあがなう者、万軍の主はこう言われる、「わたしは初めであり、わたしは終りである。わたしのほかに神はない。
7 ၇ ငါပြုခဲ့သည့်အမှုတို့ကိုပြုနိုင်၍ကပ် ကာလအစမှ အဆုံးတိုင်အောင်ဖြစ်ပျက်မည့်အမှုအရာ မှန်သမျှကို ပြတ်သားစွာကြိုတင်ဖော်ပြနိုင်သူတစ်စုံ တစ်ယောက် ရှိပါသလော'' ဟုမိန့်တော်မူ၏။
だれかわたしに等しい者があるか。その者はそれを示し、またそれを告げ、わが前に言いつらねよ。だれが、昔から、きたるべき事を聞かせたか。その者はやがて成るべき事をわれわれに告げよ。
8 ၈ အို ငါ၏လူမျိုးတော်၊ မကြောက်ကြနှင့်၊ ငါသည်ရှေးပဝေသဏီကာလမှစ၍ ယခုတိုင်အောင်ဖြစ်ပျက်မည့်အမှုအရာမှန် သမျှကို ကြိုတင်ကြေညာခဲ့သည်ကိုသင်တို့သိကြ၏။ သင်တို့သည်ငါ၏အသိသက်သေများဖြစ် ကြပါသည်တကား။ ငါမှတစ်ပါးအခြားအဘယ်ဘုရားရှိပါ သနည်း။ အဘယ်အခါ၌မျှငါမကြားဘူးသည့် တန်ခိုးတော်ရှင်ဘုရားသခင်ရှိပါသလော။
恐れてはならない、またおののいてはならない。わたしはこの事を昔から、あなたがたに聞かせなかったか、また告げなかったか。あなたがたはわが証人である。わたしのほかに神があるか。わたしのほかに岩はない。わたしはそのあることを知らない」。
9 ၉ ရုပ်တုဆင်းတုပြုလုပ်သူအပေါင်းတို့သည် တန်ဖိုးမဲ့သူများဖြစ်၍ သူတို့အမြတ်တနိုး ထားသည့်ဘုရားများသည်လည်းအသုံးမဝင် ကြ။ ထိုဘုရားများကိုကိုးကွယ်ဝတ်ပြုကြ သောသူတို့သည်မျက်စိကန်းသူများ၊ အသိ ပညာကင်းမဲ့သူများဖြစ်၏။ သူတို့သည် အသရေပျက်ကြလိမ့်မည်။-
偶像を造る者は皆むなしく、彼らの喜ぶところのものは、なんの役にも立たない。その信者は見ることもなく、また知ることもない。ゆえに彼らは恥を受ける。
10 ၁၀ ဘုရားအဖြစ်ဝတ်ပြုကိုးကွယ်ရန်အတွက် ရုပ်တုကိုသွန်းလုပ်မှုသည်အကျိုးမရှိ ပါတကား။-
だれが神を造り、またなんの役にも立たない偶像を鋳たか。
11 ၁၁ ထိုရုပ်တုကိုဝတ်ပြုကိုးကွယ်သူမှန်သမျှ သည် ရှုတ်ချခြင်းကိုခံရလိမ့်မည်။ ရုပ်တုဆင်း တုများကိုသွန်းလုပ်သူတို့သည် သာမန်လူ သားများသာလျှင်ဖြစ်ပေသည်။ သူတို့သည် ငါ၏ရှေ့တော်သို့လာရောက်၍အစစ်အဆေး ခံကြပါလေစေ။ သူတို့သည်ထိတ်လန့် တုန်လှုပ်ကာအရှက်ကွဲရကြလိမ့်မည်။
見よ、その仲間は皆恥を受ける。その細工人らは人間にすぎない。彼らが皆集まって立つとき、恐れて共に恥じる。
12 ၁၂ ပန်းပဲသမားသည်သံကိုယူပြီးလျှင်မီးတွင် ဖုတ်၏။ ထိုနောက်မိမိ၏သန်မာသောလက်ရုံး ကိုလွှဲ၍သံတူနှင့်ထုကာပုံဖော်ပေး၏။ သူ သည်အစာရေစာမွတ်သိပ်၍မောပန်းတတ် သူဖြစ်၏။
鉄の細工人はこれを造るのに炭の火をもって細工し、鎚をもってこれを造り、強い腕をもってこれを鍛える。彼が飢えれば力は衰え、水を飲まなければ疲れはてる。
13 ၁၃ ပန်းပုသမားသည်သစ်သားကိုတိုင်းတာပြီး လျှင် ရုပ်ပုံတစ်ခုကိုမြေဖြူနှင့်ရေးဆွဲ၍ မိမိ ၏တန်ဆာပလာများဖြင့်ထုလုပ်တတ်၏။ သူ သည်ဝတ်ပြုကိုးကွယ်ရာဌာနတွင်ထားရှိ ရန်အတွက် လှပသောလူရုပ်တစ်ခုကိုထု လုပ်လေသည်။-
木の細工人は線を引き、鉛筆でえがき、かんなで削り、コンパスでえがき、それを人の美しい姿にしたがって人の形に造り、家の中に安置する。
14 ၁၄ သူသည်မိမိအသုံးပြုရန်အာရဇ်ပင်(သစ်ကတိုး) ကိုခုတ်လှဲရ၏။ တောမှဝက်သစ်ချသား၊ သို့မ ဟုတ်ထင်းရှူးသားကိုရွေးချယ်ရာ၏။ ထိုသို့ မဟုတ်သေးလျှင်လည်းသပိတ်ပင်ကိုစိုက်ပျိုး ကာအပင်ပေါက်၍ရင့်သန်လာစေရန်မိုး ကိုစောင့်မျှော်တတ်၏။-
彼は香柏を切り倒し、あるいはかしの木、あるいはかしわの木を選んで、それを林の木の中で強く育てる。あるいは香柏を植え、雨にそれを育てさせる。
15 ၁၅ လူသည်သစ်ပင်တစ်ပိုင်းကိုထင်းအဖြစ်ဖြင့် လည်းကောင်း၊ အခြားတစ်ပိုင်းကိုရုပ်တုထု လုပ်ရန်လည်းကောင်းအသုံးပြုတတ်၏။ သစ် ပင်တစ်ပိုင်းဖြင့်မီးလှုံရန်နှင့်မုန့်ဖုတ်ရန်မီး ကိုမွှေး၍အခြားတစ်ပိုင်းဖြင့် နတ်ဘုရား ရုပ်တုလုပ်ကာဝတ်ပြုကိုးကွယ်တတ်လေ သည်။-
こうして人はその一部をとって、たきぎとし、これをもって身を暖め、またこれを燃やしてパンを焼き、また他の一部を神に造って拝み、刻んだ像に造ってその前にひれ伏す。
16 ၁၆ သူသည်သစ်သားအချို့ဖြင့်မီးကိုမွှေးပြီး လျှင် အမဲသားကိုကင်၍စားကာရောင့်ရဲ လျက်နေတတ်၏။ သူသည်မီးလှုံလျက်နေ ရင်း``ယခုငါသည်ပူနွေး၍လာလေပြီ။ ဤမီးသည်အလွန်နှစ်သက်ဖွယ်ကောင်း ပါသည်တကား'' ဟုဆိုတတ်၏။-
その半ばは火に燃やし、その半ばで肉を煮て食べ、あるいは肉をあぶって食べ飽き、また身を暖めて言う、「ああ、暖まった、熱くなった」と。
17 ၁၇ ထိုနောက်သူသည်အခြားကျန်ရှိသောသစ် သားဖြင့်ရုပ်တုတစ်ခုကိုထုလုပ်ပြီးလျှင် ဦးချဝတ်ပြု၍ ထိုရုပ်တုအား``အရှင်သည် ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကယ်မတော်မူပါ'' ဟု ဆုတောင်းပတ္ထနာပြုတတ်၏။
そしてその余りをもって神を造って偶像とし、その前にひれ伏して拝み、これに祈って、「あなたはわが神だ、わたしを救え」と言う。
18 ၁၈ ဤသို့သောလူတို့သည်မိုက်မဲထုံထိုင်းလှ သဖြင့် မိမိတို့အဘယ်အမှုကိုပြုလျက် နေသည်ကိုပင်မသိကြ။ အမှန်တရားကို မမြင်မသိနိုင်ရန် မိမိတို့၏မျက်စိများ နှင့်စိတ်နှလုံးတံခါးများကိုပိတ်ထား ကြ၏။-
これらの人は知ることがなく、また悟ることがない。その目はふさがれて見ることができず、その心は鈍くなって悟ることができない。
19 ၁၉ ``ငါသည်သစ်သားအချို့ကိုမီးဆိုက်လိုက် ၏။ မီးကျီးခဲများဖြင့်မုန့်ကိုဖုတ်ကာအမဲ သားကိုကင်၍စား၏။ ကျန်ရှိနေသောသစ် သားဖြင့်ရုပ်တုတစ်ခုကိုပြုလုပ်၏။ ယခု ငါသည်ထိုသစ်သားတုံး၏ရှေ့၌ဦးညွှတ် ပြပ်ဝပ်လျက်နေပါသည်တကား'' ဟုပြော ဆိုနိုင်လောက်အောင်ရုပ်တုထုလုပ်သူတွင် အသိအလိမ္မာဉာဏ်အမြော်အမြင်မရှိ။
その心のうちに思うことをせず、また知識がなく、悟りがないために、「わたしはその半ばを火に燃やし、またその炭火の上でパンを焼き、肉をあぶって食べ、その残りの木をもって憎むべきものを造るのか。木のはしくれの前にひれ伏すのか」と言う者もない。
20 ၂၀ သူပြုသောအမှုသည်မီးဖိုပြာကိုစားသ ကဲ့သို့ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့ပေ၏။ မိမိ ၏မိုက်မှားသောအတွေးအခေါ်များက သူ့ကိုလမ်းလွဲ၍နေစေ၏။ သို့ဖြစ်၍သူ့ အားကူညီပြုစုပေးရန်ပင်မဖြစ်နိုင် တော့ပေ။ သူသည်မိမိလက်တွင်ကိုင်ထား သည့်ရုပ်တုမှာဘုရားလုံးဝမဟုတ် ကြောင်းကိုမသိ။
彼は灰を食い、迷った心に惑わされて、おのれを救うことができず、また「わが右の手に偽りがあるではないか」と言わない。
21 ၂၁ ထာဝရဘုရားက ``အို ဣသရေလအမျိုးသားတို့၊ ဤအကြောင်းအရာများကို အောက်မေ့သတိရကြလော့။ သင်တို့သည်ငါ၏အစေခံများဖြစ်သည် ကို အောက်မေ့သတိရကြလော့။ သင်တို့အားငါ့၏အစေခံများအဖြစ်ဖြင့် ငါဖန်ဆင်းခဲ့၏။ သို့ဖြစ်၍ငါသည်သင်တို့ကို အဘယ်အခါ၌မျှမေ့လျော့လိမ့်မည်မဟုတ်။
ヤコブよ、イスラエルよ、これらの事を心にとめよ。あなたはわがしもべだから。わたしはあなたを造った、あなたはわがしもべだ。イスラエルよ、わたしはあなたを忘れない。
22 ၂၂ ငါသည်သင်တို့၏အပြစ်များကို မိုးတိမ်သဖွယ် လွင့်စင်သွားစေပြီ။ ငါ့ထံသို့ပြန်လာကြလော့။ သင်တို့ကို ကယ်တင်သူကားငါပင်ဖြစ်၏။''
わたしはあなたのとがを雲のように吹き払い、あなたの罪を霧のように消した。わたしに立ち返れ、わたしはあなたをあがなったから。
23 ၂၃ အချင်းမိုးကောင်းကင်၊ ဝမ်းမြောက်ရွှင်လန်း စွာ ကြွေးကြော်ကြလော့။ ကမ္ဘာမြေကြီးရှိနက်ရှိုင်းရာအရပ်တို့၊ ကြွေးကြော်ကြလော့။ တောင်များနှင့်တောမှသစ်ပင်အပေါင်းတို့၊ ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော်ကြလော့။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ဣသရေလအမျိုးသားတို့အားကယ်တော် မူ၍၊ မိမိ၏ ဘုန်းအာနုဘော်တော်ကိုပြတော်မူပြီ။
天よ、歌え、主がこの事をなされたから。地の深き所よ、呼ばわれ。もろもろの山よ、林およびその中のもろもろの木よ、声を放って歌え。主はヤコブをあがない、イスラエルのうちに栄光をあらわされたから。
24 ၂၄ ``ငါသည်သင်တို့ကို ဖန်ဆင်းတော်မူသောအရှင်ကယ်တင်ရှင်၊ ထာဝရဘုရားဖြစ်တော်မူ၏။ ငါသည်ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းသည့် ထာဝရဘုရားတည်း။ မိုးကောင်းကင်ကိုငါတစ်ပါးတည်းဖြန့်ကြက်ခဲ့၏။ ကမ္ဘာမြေကြီးကိုငါဖန်ဆင်းသောအခါ အဘယ်သူမျှငါ့အားမကူညီခဲ့ကြ။
あなたをあがない、あなたを胎内に造られた主はこう言われる、「わたしは主である。わたしはよろずの物を造り、ただわたしだけが天をのべ、地をひらき、だれがわたしと共にいたか
25 ၂၅ ငါသည်ဗေဒင်ဆရာတို့ကိုအရူးဖြစ်စေ၍ နက္ခတ်ဆရာတို့၏ဟောကြားချက်များကို ပျက်ပြားစေ၏။ ပညာရှိတို့၏စကားများကိုချေပ၍သူတို့ ပညာရှိမှုသည်မိုက်မဲမှုဖြစ်နေပုံကိုပြသ ပေး၏။
偽る物のしるしをむなしくし、占う者を狂わせ、賢い者をうしろに退けて、その知識を愚かにする。
26 ၂၆ သို့ရာတွင်ကြိုတင်ဟောကြားမှုတစ်စုံတစ်ရာကို ငါ၏အစေခံပြုသောအခါ၌လည်းကောင်း၊ ငါ၏အကြံအစည်တော်များကိုဖော်ပြရန် တမန်တော်တစ်ဦးဦးကိုငါစေလွှတ် သောအခါ၌လည်းကောင်း၊ ငါသည်ထိုအကြံအစည်များနှင့် ကြိုတင်ဟောကြားမှုတို့ကိုအကောင်အထည် ပေါ်စေပါ၏။ ယေရုရှလင်မြို့တွင်လူတို့တစ်ဖန်ပြန်၍ နေထိုင်ကြလိမ့်မည်။ ယုဒမြို့များကိုပြန်လည်ထူထောင်ကြလိမ့် မည်ဟူ၍ ထိုမြို့အသီးသီးတို့အားငါပြောကြားပါ၏။ ထိုမြို့တို့သည်ပြိုပျက်ရာမှပြန်လည်စည်ကား တိုးတက်၍လာလိမ့်မည်။
わたしは、わがしもべの言葉を遂げさせ、わが使の計りごとを成らせ、エルサレムについては、『これは民の住む所となる』と言い、ユダのもろもろの町については、『ふたたび建てられる、わたしはその荒れ跡を興そう』と言い、
27 ၂၇ ငါသည်အမိန့်ပေး၍သမုဒ္ဒရာကိုခန်းခြောက် စေ၏။
また淵については、『かわけ、わたしはあなたのもろもろの川を干す』と言い、
28 ၂၈ ကုရုဘုရင်အားလည်း`သင်သည်ငါ၏ကိုယ် စား အုပ်စိုးရမည့်သူဖြစ်၏။ သင်သည်ငါအလိုရှိသည့်အမှုတို့ကိုပြုရမည်။ ယေရုရှလင်မြို့ကိုပြန်လည်တည်ထောင်ရန်နှင့် ဗိမာန်တော်အုတ်မြစ်များကိုချရန် အမိန့်ပေးရမည်ဟုငါဆို၏' '' ဟူ၍ မိန့်တော်မူ၏။
またクロスについては、『彼はわが牧者、わが目的をことごとくなし遂げる』と言い、エルサレムについては、『ふたたび建てられる』と言い、神殿については、『あなたの基がすえられる』と言う」。