< ဟေရှာယ 44 >

1 ထာ​ဝ​ရ​ဘု​ရား​က ``ငါ​၏​အ​စေ​ခံ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ​ရွေး​ချယ်​ထား​သော​လူ​မျိုး​တော်၊ ယာ​ကုပ်​၏ သား​မြေး​တို့၊ယ​ခု​နား​ထောင်​ကြ​လော့။
And now, hear, O Jacob, My servant, And Israel, whom I have fixed on:
2 ငါ​သည်​သင်​တို့​ကို​ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​ဖြစ်​၏။ သင်​တို့​မွေး​ဖွား​ချိန်​မှ​အ​စ​ပြု​၍​ငါ​သည် သင်​တို့​အား​ကူ​မ​ခဲ့​လေ​ပြီ။ မ​ကြောက်​ကြ​နှင့်၊ သင်​တို့​သည် ငါ​၏​အ​စေ​ခံ၊ ငါ​ချစ်​မြတ်​နိုး​၍​ရွေး​ချယ်​ထား​သည့် လူ​မျိုး​တော်​ဖြစ်​ကြ​၏။
Thus said Jehovah, thy Maker, and thy Former, From the womb He doth help thee; Fear not, my servant Jacob, And Jeshurun, whom I have fixed on.
3 ``ငါ​သည်​ရေ​ငတ်​သည့်​ပြည်​တွင်​မိုး​ရွာ​သွန်း​စေ​မည်။ သဲ​ကန္တာ​ရ​တွင်​စမ်း​ရေ​များ​ပေါက်​စေ​မည်။ သင်​တို့​၏​သား​သ​မီး​များ​အ​ပေါ်​တွင်​ငါ​၏ တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ သင်​တို့​သား​မြေး​များ​အ​ပေါ်​တွင်​ငါ​၏ ကောင်း​ချီး မင်္ဂ​လာ​များ​ကို​လည်း​ကောင်း​သွန်း​လောင်း​မည်။
For I pour waters on a thirsty one, And floods on a dry land, I pour My Spirit on thy seed, And My blessing on thine offspring.
4 သူ​တို့​သည်​ရေ​ကောင်း​စွာ​ရ​သည့်​မြက်​များ ကဲ့​သို့ ရေ​စီး​သော​ချောင်း​အ​နီး​ရှိ​မိုး​မ​ခ​ပင်​များ​ကဲ့​သို့ စိမ်း​လန်း​ဝေ​ဆာ​လျက်​နေ​ကြ​လိမ့်​မည်။
And they have sprung up as among grass, As willows by streams of water.
5 ``လူ​တို့​သည်​တစ်​ယောက်​ပြီး​တစ်​ယောက် `ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​ဖြစ်​ပါ​သည်' ဟု ပြော​ဆို​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့် အ​တူ လာ​ရောက်​နေ​ထိုင်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ကိုယ်​စီ​ကိုယ်​ငှ​လက်​မောင်း​တွင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​ရေး​မှတ်​ကာ၊ မိ​မိ​တို့​ကိုယ်​ကို​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ဟု မှည့်​ခေါ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ၏။
This [one] saith, For Jehovah I [am], And this calleth [himself] by the name of Jacob, And this [one] writeth [with] his hand, 'For Jehovah,' and by the name of Israel surnameth himself.
6 ဣ​သ​ရေ​လ​အ​မျိုး​ကို​အ​စိုး​ရ​၍​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​ကပ်​ကာ​လ​အ​စ​မှ​အ​ဆုံး​တိုင် အောင် တည်​နေ​တော်​မူ​သော​အ​ရှင်၊ တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​မျှ​မ​ရှိ။
Thus said Jehovah, king of Israel, And his Redeemer, Jehovah of Hosts: 'I [am] the first, and I the last, And besides Me there is no God.
7 ငါ​ပြု​ခဲ့​သည့်​အ​မှု​တို့​ကို​ပြု​နိုင်​၍​ကပ် ကာ​လ​အ​စ​မှ အ​ဆုံး​တိုင်​အောင်​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ မှန်​သ​မျှ​ကို ပြတ်​သား​စွာ​ကြို​တင်​ဖော်​ပြ​နိုင်​သူ​တစ်​စုံ တစ်​ယောက် ရှိ​ပါ​သ​လော'' ဟု​မိန့်​တော်​မူ​၏။
And who as I, doth call and declare it, And arrange it for Me, Since My placing the people of antiquity, And things that are coming, And those that do come, declare they to them?
8 အို ငါ​၏​လူ​မျိုး​တော်၊ မ​ကြောက်​ကြ​နှင့်၊ ငါ​သည်​ရှေး​ပ​ဝေ​သ​ဏီ​ကာ​လ​မှ​စ​၍ ယ​ခု​တိုင်​အောင်​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​မှန် သ​မျှ​ကို ကြို​တင်​ကြေ​ညာ​ခဲ့​သည်​ကို​သင်​တို့​သိ​ကြ​၏။ သင်​တို့​သည်​ငါ​၏​အ​သိ​သက်​သေ​များ​ဖြစ် ကြ​ပါ​သည်​တ​ကား။ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​ရှိ​ပါ သ​နည်း။ အ​ဘယ်​အ​ခါ​၌​မျှ​ငါ​မ​ကြား​ဘူး​သည့် တန်​ခိုး​တော်​ရှင်​ဘု​ရား​သ​ခင်​ရှိ​ပါ​သ​လော။
Fear not, nor be afraid, Have I not from that time caused thee to hear, and declared? And ye [are] My witnesses, Is there a God besides Me? yea, there is none, A Rock I have not known.
9 ရုပ်​တု​ဆင်း​တု​ပြု​လုပ်​သူ​အ​ပေါင်း​တို့​သည် တန်​ဖိုး​မဲ့​သူ​များ​ဖြစ်​၍ သူ​တို့​အ​မြတ်​တ​နိုး ထား​သည့်​ဘု​ရား​များ​သည်​လည်း​အ​သုံး​မ​ဝင် ကြ။ ထို​ဘု​ရား​များ​ကို​ကိုး​ကွယ်​ဝတ်​ပြု​ကြ သော​သူ​တို့​သည်​မျက်​စိ​ကန်း​သူ​များ၊ အ​သိ ပ​ညာ​ကင်း​မဲ့​သူ​များ​ဖြစ်​၏။ သူ​တို့​သည် အ​သ​ရေ​ပျက်​ကြ​လိမ့်​မည်။-
Framers of a graven image [are] all of them emptiness, And their desirable things do not profit, And their own witnesses they [are], They see not, nor know, that they may be ashamed.
10 ၁၀ ဘု​ရား​အဖြစ်​ဝတ်​ပြု​ကိုး​ကွယ်​ရန်​အ​တွက် ရုပ်​တု​ကို​သွန်း​လုပ်​မှု​သည်​အ​ကျိုး​မ​ရှိ ပါ​တ​ကား။-
Who hath formed a god, And a molten image poured out — not profitable?
11 ၁၁ ထို​ရုပ်​တု​ကို​ဝတ်​ပြု​ကိုး​ကွယ်​သူ​မှန်​သ​မျှ သည် ရှုတ်​ချ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ရုပ်​တု​ဆင်း တု​များ​ကို​သွန်း​လုပ်​သူ​တို့​သည် သာ​မန်​လူ သား​များ​သာ​လျှင်​ဖြစ်​ပေ​သည်။ သူ​တို့​သည် ငါ​၏​ရှေ့​တော်​သို့​လာ​ရောက်​၍​အ​စစ်​အ​ဆေး ခံ​ကြ​ပါ​လေ​စေ။ သူ​တို့​သည်​ထိတ်​လန့် တုန်​လှုပ်​ကာ​အ​ရှက်​ကွဲ​ရ​ကြ​လိမ့်​မည်။
Lo, all his companions are ashamed, As to artisans — they [are] of men, All of them gather together, they stand up, They fear, they are ashamed together.
12 ၁၂ ပန်း​ပဲ​သ​မား​သည်​သံ​ကို​ယူ​ပြီး​လျှင်​မီး​တွင် ဖုတ်​၏။ ထို​နောက်​မိ​မိ​၏​သန်​မာ​သော​လက်​ရုံး ကို​လွှဲ​၍​သံ​တူ​နှင့်​ထု​ကာ​ပုံ​ဖော်​ပေး​၏။ သူ သည်​အ​စာ​ရေ​စာ​မွတ်​သိပ်​၍​မော​ပန်း​တတ် သူ​ဖြစ်​၏။
He hath wrought iron [with] an axe, And hath wrought with coals, And with hammers doth form it, And doth work it by his powerful arm, Yea, he is hungry, and there is no power, He doth not drink water, and he is wearied.
13 ၁၃ ပန်း​ပု​သ​မား​သည်​သစ်​သား​ကို​တိုင်း​တာ​ပြီး လျှင် ရုပ်​ပုံ​တစ်​ခု​ကို​မြေ​ဖြူ​နှင့်​ရေး​ဆွဲ​၍ မိ​မိ ၏​တန်​ဆာ​ပ​လာ​များ​ဖြင့်​ထု​လုပ်​တတ်​၏။ သူ သည်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​တွင်​ထား​ရှိ ရန်​အ​တွက် လှ​ပ​သော​လူ​ရုပ်​တစ်​ခု​ကို​ထု လုပ်​လေ​သည်။-
He hath wrought [with] wood, He hath stretched out a rule, He doth mark it out with a line, He maketh it with carving tools, And with a compass he marketh it out, And maketh it according to the form of a man, According to the beauty of a man, To remain in the house.
14 ၁၄ သူ​သည်​မိ​မိ​အသုံး​ပြု​ရန်​အာ​ရဇ်​ပင်(သစ်​က​တိုး) ကို​ခုတ်​လှဲ​ရ​၏။ တော​မှ​ဝက်​သစ်​ချ​သား၊ သို့​မ ဟုတ်​ထင်း​ရှူး​သား​ကို​ရွေး​ချယ်​ရာ​၏။ ထို​သို့ မ​ဟုတ်​သေး​လျှင်​လည်း​သ​ပိတ်​ပင်​ကို​စိုက်​ပျိုး ကာ​အ​ပင်​ပေါက်​၍​ရင့်​သန်​လာ​စေ​ရန်​မိုး ကို​စောင့်​မျှော်​တတ်​၏။-
Cutting down to himself cedars, He taketh also a cypress, and an oak, And he strengtheneth [it] for himself Among the trees of a forest, He hath planted an ash, and the shower doth nourish [it].
15 ၁၅ လူ​သည်​သစ်​ပင်​တစ်​ပိုင်း​ကို​ထင်း​အ​ဖြစ်​ဖြင့် လည်း​ကောင်း၊ အ​ခြား​တစ်​ပိုင်း​ကို​ရုပ်​တု​ထု လုပ်​ရန်​လည်း​ကောင်း​အ​သုံး​ပြု​တတ်​၏။ သစ် ပင်​တစ်​ပိုင်း​ဖြင့်​မီး​လှုံ​ရန်​နှင့်​မုန့်​ဖုတ်​ရန်​မီး ကို​မွှေး​၍​အ​ခြား​တစ်​ပိုင်း​ဖြင့် နတ်​ဘု​ရား ရုပ်​တု​လုပ်​ကာ​ဝတ်​ပြု​ကိုး​ကွယ်​တတ်​လေ သည်။-
And it hath been for man to burn, And he taketh of them, and becometh warm, Yea, he kindleth [it], and hath baked bread, Yea, he maketh a god, and boweth himself, He hath made it a graven image, And he falleth down to it.
16 ၁၆ သူ​သည်​သစ်​သား​အ​ချို့​ဖြင့်​မီး​ကို​မွှေး​ပြီး လျှင် အ​မဲ​သား​ကို​ကင်​၍​စား​ကာ​ရောင့်​ရဲ လျက်​နေ​တတ်​၏။ သူ​သည်​မီး​လှုံ​လျက်​နေ ရင်း``ယ​ခု​ငါ​သည်​ပူ​နွေး​၍​လာ​လေ​ပြီ။ ဤ​မီး​သည်​အ​လွန်​နှစ်​သက်​ဖွယ်​ကောင်း ပါ​သည်​တ​ကား'' ဟု​ဆို​တတ်​၏။-
Half of it he hath burnt in the fire, By [this] half of it he eateth flesh, He roasteth a roasting, and is satisfied, Yea, he is warm, and saith: 'Aha, I have become warm, I have enjoyed the light.
17 ၁၇ ထို​နောက်​သူ​သည်​အ​ခြား​ကျန်​ရှိ​သော​သစ် သား​ဖြင့်​ရုပ်​တု​တစ်​ခု​ကို​ထု​လုပ်​ပြီး​လျှင် ဦး​ချ​ဝတ်​ပြု​၍ ထို​ရုပ်​တု​အား``အ​ရှင်​သည် ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ကယ်​မ​တော်​မူ​ပါ'' ဟု ဆု​တောင်း​ပတ္ထ​နာ​ပြု​တတ်​၏။
And its remnant for a god he hath made — For his graven image, He falleth down to it, and worshippeth, And prayeth unto it, and he saith, 'Deliver me, for my god thou [art].'
18 ၁၈ ဤ​သို့​သော​လူ​တို့​သည်​မိုက်​မဲ​ထုံ​ထိုင်း​လှ သ​ဖြင့် မိ​မိ​တို့​အ​ဘယ်​အ​မှု​ကို​ပြု​လျက် နေ​သည်​ကို​ပင်​မ​သိ​ကြ။ အ​မှန်​တ​ရား​ကို မ​မြင်​မ​သိ​နိုင်​ရန် မိ​မိ​တို့​၏​မျက်​စိ​များ နှင့်​စိတ်​နှ​လုံး​တံ​ခါး​များ​ကို​ပိတ်​ထား ကြ​၏။-
They have not known, nor do they understand, For He hath daubed their eyes from seeing, Their heart from acting wisely.
19 ၁၉ ``ငါ​သည်​သစ်​သား​အ​ချို့​ကို​မီး​ဆိုက်​လိုက် ၏။ မီး​ကျီး​ခဲ​များ​ဖြင့်​မုန့်​ကို​ဖုတ်​ကာ​အ​မဲ သား​ကို​ကင်​၍​စား​၏။ ကျန်​ရှိ​နေ​သော​သစ် သား​ဖြင့်​ရုပ်​တု​တစ်​ခု​ကို​ပြု​လုပ်​၏။ ယ​ခု ငါ​သည်​ထို​သစ်​သား​တုံး​၏​ရှေ့​၌​ဦး​ညွှတ် ပြပ်​ဝပ်​လျက်​နေ​ပါ​သည်​တ​ကား'' ဟု​ပြော ဆို​နိုင်​လောက်​အောင်​ရုပ်​တု​ထု​လုပ်​သူ​တွင် အ​သိ​အ​လိမ္မာ​ဉာဏ်​အ​မြော်​အ​မြင်​မ​ရှိ။
And none doth turn [it] back unto his heart, Nor hath knowledge nor understanding to say, 'Half of it I have burned in the fire, Yea, also, I have baked bread over its coals, I roast flesh and I eat, And its remnant for an abomination I make, To the stock of a tree I fall down.'
20 ၂၀ သူ​ပြု​သော​အ​မှု​သည်​မီး​ဖို​ပြာ​ကို​စား​သ ကဲ့​သို့ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကင်း​မဲ့​ပေ​၏။ မိ​မိ ၏​မိုက်​မှား​သော​အ​တွေး​အ​ခေါ်​များ​က သူ့​ကို​လမ်း​လွဲ​၍​နေ​စေ​၏။ သို့​ဖြစ်​၍​သူ့ အား​ကူ​ညီ​ပြု​စု​ပေး​ရန်​ပင်​မ​ဖြစ်​နိုင် တော့​ပေ။ သူ​သည်​မိ​မိ​လက်​တွင်​ကိုင်​ထား သည့်​ရုပ်​တု​မှာ​ဘု​ရား​လုံး​ဝ​မ​ဟုတ် ကြောင်း​ကို​မ​သိ။
Feeding on ashes, the heart is deceived, It hath turned him aside, And he delivereth not his soul, nor saith: 'Is there not a lie in my right hand?'
21 ၂၁ ထာ​ဝ​ရ​ဘု​ရား​က ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဤ​အ​ကြောင်း​အ​ရာ​များ​ကို အောက်​မေ့​သ​တိ​ရ​ကြ​လော့။ သင်​တို့​သည်​ငါ​၏​အ​စေ​ခံ​များ​ဖြစ်​သည် ကို အောက်​မေ့​သ​တိ​ရ​ကြ​လော့။ သင်​တို့​အား​ငါ့​၏​အ​စေ​ခံ​များ​အ​ဖြစ်​ဖြင့် ငါ​ဖန်​ဆင်း​ခဲ့​၏။ သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​ကို အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့​လိမ့်​မည်​မ​ဟုတ်။
Remember these, O Jacob, and Israel, For My servant thou [art], I formed thee, a servant to Me thou [art], O Israel, thou dost not forget Me.
22 ၂၂ ငါ​သည်​သင်​တို့​၏​အ​ပြစ်​များ​ကို မိုး​တိမ်​သ​ဖွယ် လွင့်​စင်​သွား​စေ​ပြီ။ ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။ သင်​တို့​ကို ကယ်​တင်​သူ​ကား​ငါ​ပင်​ဖြစ်​၏။''
I have blotted out, as [by] a thick cloud, Thy transgressions, And as [by] a cloud thy sins, Return unto Me, for I have redeemed thee.
23 ၂၃ အ​ချင်း​မိုး​ကောင်း​ကင်၊ ဝမ်း​မြောက်​ရွှင်​လန်း စွာ ကြွေး​ကြော်​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​ရှိ​နက်​ရှိုင်း​ရာ​အ​ရပ်​တို့၊ ကြွေး​ကြော်​ကြ​လော့။ တောင်​များ​နှင့်​တော​မှ​သစ်​ပင်​အ​ပေါင်း​တို့၊ ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကယ်​တော် မူ​၍၊ မိ​မိ​၏ ဘုန်း​အာ​နု​ဘော်​တော်​ကို​ပြ​တော်​မူ​ပြီ။
Sing, O heavens, for Jehovah hath wrought, Shout, O lower parts of earth, Break forth, O mountains, with singing, Forest, and every tree in it, For Jehovah hath redeemed Jacob, And in Israel He doth beautify Himself.
24 ၂၄ ``ငါ​သည်​သင်​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကယ်​တင်​ရှင်၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​သည့် ထာ​ဝ​ရ​ဘု​ရား​တည်း။ မိုး​ကောင်း​ကင်​ကို​ငါ​တစ်​ပါး​တည်း​ဖြန့်​ကြက်​ခဲ့​၏။ ကမ္ဘာ​မြေ​ကြီး​ကို​ငါ​ဖန်​ဆင်း​သော​အ​ခါ အ​ဘယ်​သူ​မျှ​ငါ့​အား​မ​ကူ​ညီ​ခဲ့​ကြ။
Thus said Jehovah, thy redeemer, And thy framer from the womb: 'I [am] Jehovah, doing all things, Stretching out the heavens by Myself, Spreading out the earth — who [is] with Me?
25 ၂၅ ငါ​သည်​ဗေ​ဒင်​ဆ​ရာ​တို့​ကို​အ​ရူး​ဖြစ်​စေ​၍ နက္ခတ်​ဆ​ရာ​တို့​၏​ဟော​ကြား​ချက်​များ​ကို ပျက်​ပြား​စေ​၏။ ပ​ညာ​ရှိ​တို့​၏​စ​ကား​များ​ကို​ချေ​ပ​၍​သူ​တို့ ပ​ညာ​ရှိ​မှု​သည်​မိုက်​မဲ​မှု​ဖြစ်​နေ​ပုံ​ကို​ပြ​သ ပေး​၏။
Making void the tokens of devisers, And diviners it maketh mad, Turning the wise backward, And their knowledge it maketh foolish.
26 ၂၆ သို့​ရာ​တွင်​ကြို​တင်​ဟော​ကြား​မှု​တစ်​စုံ​တစ်​ရာ​ကို ငါ​၏​အ​စေ​ခံ​ပြု​သော​အ​ခါ​၌​လည်း​ကောင်း၊ ငါ​၏​အ​ကြံ​အ​စည်​တော်​များ​ကို​ဖော်​ပြ​ရန် တ​မန်​တော်​တစ်​ဦး​ဦး​ကို​ငါ​စေ​လွှတ် သော​အ​ခါ​၌​လည်း​ကောင်း၊ ငါ​သည်​ထို​အ​ကြံ​အ​စည်​များ​နှင့် ကြို​တင်​ဟော​ကြား​မှု​တို့​ကို​အ​ကောင်​အ​ထည် ပေါ်​စေ​ပါ​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​လူ​တို့​တစ်​ဖန်​ပြန်​၍ နေ​ထိုင်​ကြ​လိမ့်​မည်။ ယု​ဒ​မြို့​များ​ကို​ပြန်​လည်​ထူ​ထောင်​ကြ​လိမ့် မည်​ဟူ​၍ ထို​မြို့​အ​သီး​သီး​တို့​အား​ငါ​ပြော​ကြား​ပါ​၏။ ထို​မြို့​တို့​သည်​ပြို​ပျက်​ရာ​မှ​ပြန်​လည်​စည်​ကား တိုး​တက်​၍​လာ​လိမ့်​မည်။
Confirming the word of His servant, The counsel of His messengers it perfecteth, Who is saying of Jerusalem, She is inhabited, And of cities of Judah, They shall be built, and her wastes I raise up,
27 ၂၇ ငါ​သည်​အ​မိန့်​ပေး​၍​သ​မုဒ္ဒ​ရာ​ကို​ခန်း​ခြောက် စေ​၏။
Who is saying to the deep, Be dry, and thy rivers I cause to dry up,
28 ၂၈ ကု​ရု​ဘု​ရင်​အား​လည်း`သင်​သည်​ငါ​၏​ကိုယ် စား အုပ်​စိုး​ရ​မည့်​သူ​ဖြစ်​၏။ သင်​သည်​ငါ​အ​လို​ရှိ​သည့်​အ​မှု​တို့​ကို​ပြု​ရ​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​တည်​ထောင်​ရန်​နှင့် ဗိ​မာန်​တော်​အုတ်​မြစ်​များ​ကို​ချ​ရန် အ​မိန့်​ပေး​ရ​မည်​ဟု​ငါ​ဆို​၏' '' ဟူ​၍ မိန့်​တော်​မူ​၏။
Who is saying of Cyrus, My shepherd, And all my delight He doth perfect, So as to say of Jerusalem, Thou art built, And of the temple, Thou art founded.

< ဟေရှာယ 44 >