< ဟေရှာယ 42 >

1 ထာ​ဝ​ရ​ဘု​ရား​က ``ဤ​သူ​သည်​ခွန်​အား​နှင့်​ငါ​ပြည့်​ဝ​စေ​သော​သူ၊ ငါ​၏​အ​စေ​ခံ၊ငါ​နှစ်​သက်​မြတ်​နိုး​၍ ရွေး​ချယ်​ထား​သူ​ဖြစ်​၏။ ငါ​သည်​မိ​မိ​၏​တန်​ခိုး​တော်​ကို​သူ့​အား အပ်​နှင်း​တော်​မူ​ပြီ။ သူ​သည်​လည်း​လူ​မျိုး​တ​ကာ​တို့​ကို တ​ရား​မျှ​တ​စွာ​စီ​ရင်​အုပ်​ချုပ်​လိမ့်​မည်။
내가 붙드는 나의 종, 내 마음에 기뻐하는 나의 택한 사람을 보라 내가 나의 신을 그에게 주었은즉 그가 이방에 공의를 베풀리라
2 သူ​သည်​အော်​ဟစ်​၍​အ​သံ​ကို​လွှင့်​၍ စ​ကား​ပြော​ဆို​လိမ့်​မည်​မ​ဟုတ်။ လမ်း​များ​ပေါ်​တွင်​လည်း​ကျယ်​လောင်​စွာ​မိန့် ခွန်း စ​ကား​များ​ကို​ပြော​ကြား​လိမ့်​မည်​မ​ဟုတ်။
그는 외치지 아니하며 목소리를 높이지 아니하며 그 소리로 거리에 들리게 아니하며
3 သူ​သည်​ကောက်​နေ​သော​ကူ​ရိုး​ကို​မ​ချိုး၊ မှိတ် တုတ် မှိတ်​တုတ်၊ သေ​ခါ​နီး​မီး​ကို​မ​ငြိမ်း​သတ်​ဘဲ​ရှိ လိမ့်​မည်။ သူ​သည်​လူ​အ​ပေါင်း​တို့​အား​တ​ရား​မျှ​တ​စွာ စီ​ရင်​အုပ်​ချုပ်​လိမ့်​မည်။
상한 갈대를 꺾지 아니하며 꺼져가는 등불을 끄지 아니하고 진리로 공의를 베풀 것이며
4 သူ​သည်​စိတ်​ပျက်​အား​လျော့​လိမ့်​မည်​မ​ဟုတ်။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​တ​ရား​မျှ​တ​စွာ​စီ​ရင် အုပ်​ချုပ်​မှု​ကို​တည်​တံ့​ခိုင်​မြဲ​စေ​လိမ့်​မည်။ ရပ်​ဝေး​နိုင်​ငံ​များ​သည်​လည်း​သူ​၏​သြ​ဝါ​ဒ ကို စိတ်​ဝင်​စား​စွာ​စောင့်​မျှော်​ကြ​လိမ့်​မည်။''
그는 쇠하지 아니하며 낙담하지 아니하고 세상에 공의를 세우기에 이르리니 섬들이 그 교훈을 앙망하리라
5 ဘု​ရား​သ​ခင်​သည်​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​၍​ဖြန့်​ကျက်​ထား​တော်​မူ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​နှင့်​တ​ကွ သက်​ရှိ သတ္တ​ဝါ​အ​ပေါင်း​ကို​ဖန်​ဆင်း​တော်​မူ​၏။ ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​အား​လည်း၊ အ​သက်​နှင့်​ထွက်​သက်​ဝင်​သက်​ကို​ပေး​တော် မူ​၏။ ယ​ခု​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​မိ​မိ​၏ အ​စေ​ခံ​အား​ပြော​သည်​မှာ၊
하늘을 창조하여 펴시고 땅과 그 소산을 베푸시며 땅 위의 백성에게 호흡을 주시며 땅에 행하는 자에게 신을 주시는 하나님 여호와께서 이같이 말씀하시되
6 ``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​ခေါ်​ယူ​၍ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​တ​ရား​မျှ​တ​မှု​ကို ကျင့်​သုံး​စေ​ရန် တန်​ခိုး​ကို​ပေး​တော်​မူ​ပြီ။ သင့်​အား​ဖြင့်​ငါ​သည်​လူ​များ​နှင့်​ပ​ဋိ​ညာဉ် ပြု​လျက် နိုင်​ငံ​များ​အ​ပေါ်​သို့​အ​လင်း​ကို​ဆောင်​စေ မည်။
나 여호와가 의로 너를 불렀은즉 내가 네 손을 잡아 너를 보호하며 너를 세워 백성의 언약과 이방의 빛이 되게 하리니
7 သင်​သည်​မျက်​မ​မြင်​တို့​အား​မျက်​စိ​ပွင့်​လင်း လာ​စေ​၍ အ​ချုပ်​ထောင်​အ​မှောင်​ခန်း​များ​ရှိ​လူ​တို့​အား အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​စေ​လိမ့်​မည်။
네가 소경의 눈을 밝히며 갇힌 자를 옥에서 이끌어 내며 흑암에 처한 자를 간(間)에서 나오게 하리라
8 ``ငါ​တစ်​ပါး​တည်း​သာ​လျှင်​သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​၏​ဘုန်း​အ​သ​ရေ​ကို​အ​ခြား​အ​ဘယ် ဘု​ရား​မျှ ခံ​ယူ​ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​မိ​မိ​အား​ရုပ်​တု​များ​နှင့်​အ​တူ​ထော​မ​နာ ပြု​ခွင့်​ကို​လည်း​ပေး​လိမ့်​မည်​မ​ဟုတ်။
나는 여호와니 이는 내 이름이라 나는 내 영광을 다른 자에게, 내 찬송을 우상에게 주지 아니하리라
9 ငါ​ကြို​တင်​ဟော​ကြား​ခဲ့​သည့်​အ​မှု​အ​ရာ​များ သည် ယ​ခု​ဖြစ်​ပျက်​လာ​လေ​ပြီ။ ယ​ခု​တစ်​ဖန်​ငါ​သည်​သင့်​အား​ဆန်း​သစ်​သည့် အ​မှု​အ​ရာ​များ​ကို ယင်း​တို့​အ​စ​ပြု​၍​မ​ပေါ်​ပေါက်​မီ​ပင်​ဖော်​ပြ ပါ​အံ့။''
보라, 전에 예언한 일이 이미 이루었느니라 이제 내가 새 일을 고하노라 그 일이 시작되기 전이라도 너희에게 이르노라
10 ၁၀ သီ​ချင်း​သစ်​ကို​ဆို​၍​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ် တော်​ကို ချီး​မွမ်း​ကြ​လော့။ ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့၊ ကိုယ်​တော်​ကို ထော​မ​နာ​ပြု​၍​သီ​ချင်း​ဆို​ကြ​လော့။ ပင်​လယ်​တွင်​ကူး​သန်း​သွား​လာ​သူ​တို့​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ပင်​လယ်​သတ္တ​ဝါ​အ​ပေါင်း​တို့၊ ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ရပ်​ဝေး​နိုင်​ငံ​များ​နှင့်​ယင်း​တို့​တွင် နေ​ထိုင်​သူ​အ​ပေါင်း​တို့​သီ​ချင်း​ဆို​ကြ​လော့။
항해하는 자와 바다 가운데 만물과 섬들과 그 거민들아 여호와께 새 노래로 노래하며 땅 끝에서부터 찬송하라
11 ၁၁ တော​ကန္တာ​ရ​နှင့်​ထို​အ​ရပ်​ရှိ​မြို့​များ​သည် ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​ကြ​စေ။ ကေ​ဒါ​အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​စေ။ သေ​လ​မြို့​သူ​မြို့​သား​တို့​သည်​တောင်​ထိပ်​များ​မှ​နေ​၍ ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​စေ။
광야와 거기 있는 성읍들과 게달 사람의 거하는 촌락들은 소리를 높이라 셀라의 거민들은 노래하며 산 꼭대기에서 즐거이 부르라
12 ၁၂ ရပ်​ဝေး​နိုင်​ငံ​သား​တို့​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​ပြု​၍၊ ဘုန်း​အ​သ​ရေ​တော်​ကို​ဖော်​ပြ ကြ​စေ။
여호와께 영광을 돌리며 섬들 중에서 그의 찬송을 선전할지어다
13 ၁၃ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​ရဲ​ကောင်း​ကဲ့​သို့​စစ်​တိုက်​ရန် ထွက်​ကြွ​တော်​မူ​၏။ ကိုယ်​တော်​သည်​တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ရှိ​၍ စိတ်​စော​လျက်​နေ​တော်​မူ​၏။ ကိုယ်​တော်​သည်​စစ်​တိုက်​သံ​ကြွေး​ကြော်​လျက် မိ​မိ​၏ ရန်​သူ​တို့​အား​တန်​ခိုး​တော်​ကို​ပြ​တော်​မူ​၏။
여호와께서 용사 같이 나가시며 전사 같이 분발하여 외쳐 크게 부르시며 그 대적을 크게 치시리로다
14 ၁၄ ဘု​ရား​သ​ခင်​က ``ငါ​သည်​ကာ​လ​ကြာ​မြင့်​စွာ​ဆိတ်​ဆိတ်​နေ​ခဲ့​၏။ ငါ​၏​လူ​မျိုး​တော်​အား​အ​ဖြေ​မ​ပေး​ခဲ့။ သို့​ရာ​တွင်​ယ​ခု​အ​ရေး​ယူ​ဆောင်​ရွက်​ရန် အ​ချိန်​ကျ​ရောက်​လာ​လေ​ပြီ။ ငါ​သည်​သား​ဖွား​သော​ဝေ​ဒ​နာ​ကို​ခံ​ရ​သူ အ​မျိုး​သ​မီး​ကဲ့​သို့​အော်​ဟစ်​ပါ​၏။
내가 오래 동안 고요히 하며 잠잠하여 참았으나 이제는 내가 해산하는 여인 같이 부르짖으리니 숨이 차서 심히 헐떡일 것이라
15 ၁၅ ငါ​သည်​တောင်​ကြီး​တောင်​ငယ်​တို့​ကို​ဖြို​ဖျက်​၍ မြက်​နှင့်​သစ်​ပင်​များ​ကို​ခြောက်​သွေ့​စေ​မည်။ ငါ​သည်​မြစ်​ဝှမ်း​တို့​ကို​သဲ​က​န္တာ​ရ​များ အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​၍​ရေ​ကန်​များ​ကို​ခန်း​ခြောက်​စေ​မည်။
내가 큰 산과 작은 산을 황무케 하며 그 초목을 마르게 하며 강들로 섬이 되게 하며 못들을 마르게 할 것이며
16 ၁၆ ``ငါ​သည်​မိ​မိ​၏​မျက်​မ​မြင်​လူ​စု​အား သူ​တို့​မ​သွား​ဘူး​သော​လမ်း​ခ​ရီး​ဖြင့် ခေါ်​ဆောင်​သွား​မည်။ ငါ​သည်​သူ​တို့​၏​ရှေ့​တွင်​အ​မှောင်​ကို​အ​လင်း ဖြစ်​စေ​၍၊ ကြမ်း​တမ်း​သော​ခ​ရီး​ကို​ချော​မော​သွား​စေ​မည်။ ဤ​အ​မှု​အ​ရာ​ကို​ငါ​ပြု​မည်။ မ​ပြု​ဘဲ နေ​လိမ့်​မည်​မ​ဟုတ်။
내가 소경을 그들의 알지 못하는 길로 이끌며 그들의 알지 못하는 첩경으로 인도하며 흑암으로 그 앞에 광명이 되게 하며 굽은 데를 곧게 할 것이라 내가 이 일을 행하여 그들을 버리지 아니하리니
17 ၁၇ ရုပ်​တု​များ​ကို​ယုံ​ကြည်​ကိုး​စား​ကြ​သူ​တို့​သည် လည်း​ကောင်း၊ ရုပ်​တု​များ​ကို​မိ​မိ​တို့​၏​ဘု​ရား​ဟု​ခေါ်​ဝေါ်​ကြ သူ​တို့​သည်​လည်း​ကောင်း ရှုတ်​ချခြင်း​ကို​ခံ​ရ​၍​အ​သ​ရေ​ပျက်​ကြ​လိမ့် မည်။''
조각한 우상을 의뢰하며 부어 만든 우상을 향하여 너희는 우리의 신이라 하는 자는 물리침을 받아 크게 수치를 당하리라
18 ၁၈ ထာ​ဝ​ရ​ဘု​ရား​က ``အ​ချင်း​နား​ဆွံ့​သူ​တို့​နား​ထောင်​ကြ​လော့။ အ​ချင်း​မျက်​မ​မြင်​တို့​သေ​ချာ​စွာ​ကြည့်​ကြ​လော့။
너희 귀머거리들아 들으라 너희 소경들아 밝히 보라
19 ၁၉ ငါ​၏​အ​စေ​ခံ​ထက်​ပို​၍​မျက်​စိ​ကန်း​သူ၊ ငါ​စေ​လွှတ်​လိုက်​သည့်​တ​မန်​တော်​ထက်​ပို​၍ နား​ဆွံ့​သူ​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သ​လော။
소경이 누구냐? 내 종이 아니냐? 누가 나의 보내는 나의 사자 같이 귀머거리겠느냐 누가 나와 친한 자 같이 소경이겠느냐 누가 여호와의 종 같이 소경이겠느냐
20 ၂၀ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊​သင်​တို့​သည် တွေ့​မြင်​ရ​မှု​များ​သော်​လည်း၊ ထို​အ​မှု​တို့​သည်​သင်​တို့​အ​တွက်​အ​ဘယ်​သို့ အ​ဋ္ဌိ​ပ္ပါယ်​ရှိ​သ​နည်း။ သင်​တို့​တွင်​ကြား​တတ်​သော​နား​များ​ရှိ​သော်​လည်း အ​ဘယ်​အ​ရာ​ကို​သင်​တို့​အ​မှန်​တ​ကယ် ကြား​ကြ​လေ​ပြီ​နည်း'' ဟု​မိန့်​တော်​မူ​၏။
네가 많은 것을 볼지라도 유의치 아니하며 귀는 밝을지라도 듣지 아니하는도다
21 ၂၁ ထာ​ဝ​ရ​ဘု​ရား​သည်​ကယ်​တင်​ရန်​စိတ်​စော လျက်​နေ​သည့် ဘု​ရား​သ​ခင်​ဖြစ်​၍၊ ကိုယ်​တော်​သည်​မိ​မိ​၏​တ​ရား​တော်​ကို ရို​သေ​လေး​စား​ကြ​ရန်​အ​လို​ရှိ​တော်​မူ​၏။
여호와께서 자기의 의로우심을 인하여 기쁨으로 그 교훈을 크게하며 존귀케 하려 하셨으나
22 ၂၂ သို့​ရာ​တွင်​ယ​ခု​အ​ခါ​ကိုယ်​တော်​၏​လူ​စု​သည် တိုက်​ခိုက်​လု​ယက်​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။ သူ​တို့​အား​အ​ကျဉ်း​ထောင်​အ​မှောင်​ခန်း​များ​တွင် သော့​ခတ်​၍​ဝှက်​ထား​ကြ​၏။ ကယ်​ဆယ်​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​ဘဲ သူ​တို့​သည်​တိုက်​ခိုက်​လု​ယက်​ခြင်း​ကို ခံ​ရ​ကြ​လေ​သည်။
이 백성이 도적 맞으며 탈취를 당하며 다 굴 속에 잡히며 옥에 갇히도다 노략을 당하되 구할 자가 없고 탈취를 당하되 도로 주라 할 자가 없도다
23 ၂၃ သင်​တို့​အ​ထဲ​မှ​အ​ဘယ်​သူ​သည်​ဤ​စ​ကား​ကို နား​ထောင်​ပါ​မည်​နည်း။ သင်​တို့​သည်​ယ​ခု​အ​ချိန်​မှ​စ​၍​သေ​ချာ​စွာ နား​ထောင်​ကြ​မည်​လော။
너희 중에 누가 이 일에 귀를 기울이겠느냐? 누가 장래사를 삼가 듣겠느냐?
24 ၂၄ အ​ဘယ်​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား၊ တိုက်​ခိုက်​လု​ယက်​သူ​တို့​လက်​သို့​အပ်​နှံ​ပါ သ​နည်း။ ထို​သူ​ကား​ငါ​တို့​ပြစ်​မှား​ကြ​သည့်​ထာ​ဝ​ရ ဘု​ရား​ပင် ဖြစ်​ပါ​သည်​တ​ကား။ ငါ​တို့​သည်​ကိုယ်​တော်​အ​လို​ရှိ​တော်​မူ​သ​ကဲ့​သို့ မ​နေ​မ​ထိုင်​ကြ။ ကိုယ်​တော်​ပေး​တော်​မူ​သည့်​သြ​ဝါ​ဒ​တော်​တို့​ကို​လည်း မ​လိုက်​လျှောက်​ကြ။
야곱으로 탈취를 당케 하신 자가 누구냐? 이스라엘을 도적에게 붙이신 자가 누구냐? 여호와가 아니시냐? 우리가 그에게 범죄하였도다 백성들이 그 길로 행치 아니하며 그 율법을 순종치 아니하였도다
25 ၂၅ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ငါ​တို့​အား​မိ​မိ​၏ အ​မျက်​တော်​အ​ရှိန်​ကို​လည်း​ကောင်း၊ ပြင်း​ထန်​သော​စစ်​မက်​အန္တ​ရာယ်​ကို​လည်း​ကောင်း ခံ​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​အ​မျက်​တော်​သည်​မီး​ကဲ့​သို့ ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက်​တွင် တောက်​လောင်​လျက်​ရှိ​၏။ သို့​ရာ​တွင်​အ​ဘယ်​အ​မှု​အ​ရာ​ဖြစ်​ပျက်​နေ သည်​ကို ငါ​တို့​မ​သိ​ကြ။ ငါ​တို့​သည်​ထို​အ​မှု​အ​ရာ​မှ​အ​ဘယ် သင်​ခန်း​စာ​ကို​မျှ​မ​ရ​ကြ။
그러므로 여호와께서 진노와 전쟁의 위력으로 이스라엘에게 베푸시매 그 사방으로 불붙듯하나 깨닫지 못하며 몸이 타나 마음에 두지 아니하는도다

< ဟေရှာယ 42 >