< ဟေရှာယ 41 >

1 ဘု​ရား​သ​ခင်​က ``အ​ချင်း​ရပ်​ဝေး​နိုင်​ငံ​တို့၊ ဆိတ်​ဆိတ်​နေ​၍ ငါ​ပြော​သည်​ကို​နား​ထောင်​ကြ​လော့။ သင်​တို့​အ​မှု​ကို​ရုံး​တော်​သို့​တင်​ရန်​အ​သင့် ပြင်​ဆင်​ကြ​လော့။ သင်​တို့​သည်​လျှောက်​လဲ​ပြော​ဆို​နိုင်​ခွင့်​ရ​ရှိ​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မှန်​သည်​ကို​စီ​ရင်​ဆုံး​ဖြတ်​ရန် ငါ​တို့​စု​ဝေး​ကြ​ကုန်​အံ့။
တကျွန်း တနိုင်ငံ အရပ်တို့၊ ငါ့ ရှေ့ မှာ ငြိမ်ဝပ် စွာ နေကြ။ လူအမျိုးမျိုးတို့၊ အား ဖြည့် ကြ။ ချဉ်းကပ် ၍ ပြော ကြ။ တရား တွေ့ ကြကုန်အံ့။
2 အ​ရှေ့​ပြည်​မှ​စစ်​နိုင်​ဘု​ရင်​ကို​အ​ဘယ်​သူ ခေါ်​ဆောင်​တော်​မူ​ခဲ့​ပါ​သ​နည်း။ ရောက်​ရှိ​လေ​ရာ​အ​ရပ်​တို့​တွင် သူ့​အား​အ​ဘယ်​သူ​သည်​အောင်​မြင်​ခွင့်​ကို ပေး​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​သူ့​အား​ဘု​ရင်​တ​ကာ​တို့ အ​ပေါ်​၌​လည်း​ကောင်း လူ​မျိုး​တ​ကာ​တို့​အ​ပေါ်​၌​လည်း​ကောင်း အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​ပါ​သ​နည်း။ သူ​၏​ဋ္ဌား​သည်​ရန်​သူ​တို့​အား​မြေ​မှုန့်​သ​ဖွယ် ခုတ်​ချ​တတ်​ပါ​သည်​တ​ကား။ သူ​၏​လေး​မြား​တို့​သည်​လည်း​ထို​သူ​တို့​ကို လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား​သည့်​ဖွဲ​ကဲ့​သို့ ကွဲ​လွင့်​စေ​တတ်​ပါ​သည်​တ​ကား။
ဖြောင့်မတ် ခြင်းမင်္ဂလာ လိုက်တတ်သောသူကို အရှေ့ ပြည်က ၊ အဘယ်သူ ပေါ် လာစေသနည်း။ လူ အမျိုးမျိုးတို့ကို သူ ၌ အပ် ၍ ၊ ရှင်ဘုရင် တို့ကို အုပ်စိုးစေခြင်းငှါ၊ အဘယ်သူစီရင်သနည်း။ ရန်သူတို့ကို သူ ၏ထား ရှေ့မှာ မြေမှုန့် ကဲ့သို့ ၎င်း၊ သူ ၏လေး ရှေ့မှာ လွင့် သောဖွဲ ကဲ့သို့ ၎င်း အဘယ်သူဖြစ် စေသနည်း။
3 သူ​သည်​ရန်​သူ​တို့​အား​လိုက်​လံ​တိုက်​ခိုက်​ကာ ဘေး​မဲ့​လုံ​ခြုံ​စွာ​ဆက်​လက်​ချီ​တက်​ရာ​တွင် လျင်​မြန်​လှ​သ​ဖြင့် သူ​၏​ခြေ​သည်​မြေ​၌​ပင်​မ​ထိ​တော့ ပါ​တ​ကား။
ရန်သူ တို့ကို လိုက် ရ၏။ မိမိ ခြေ မ နင်း ဘူးသော လမ်း ဖြင့်၊ ဘေးမရှိ ၊ လွန်သွား ရ၏။
4 ဤ​သို့​ဖြစ်​ပျက်​စေ​သူ​ကား​အ​ဘယ်​သူ​နည်း။ အ​ဘယ်​သူ​သည်​သ​မိုင်း​၏​ဖြစ်​ရပ်​များ​ကို စီ​ရင်​ဖန်​တီး​တော်​မူ​ပါ​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ကပ်​ကာ​လ​အ​စ က​ပင်​လျှင် ရှိ​နေ​တော်​မူ​ခဲ့​၍၊ ထာ​ဝ​ရ​အ​ရှင်​ငါ​ဘု​ရား​သ​ခင်​သည်​ကပ် ကာ​လ အ​ဆုံး​၌​လည်း​ရှိ​နေ​တော်​မူ​လတ္တံ့။
ထိုအမှုများကို စီရင်ဖန်ဆင်းလျက်၊ ရှေ့ ဦးစွာမှ စ၍ လူမျိုး အစဉ်အဆက်တို့ကို ခေါ် သောသူသည် အဘယ် သူနည်းဟူမူကား၊ အဦး ဆုံးသောသူဖြစ် ၍၊ နောက်ဆုံး သောသူတို့ နှင့် ရှိသောငါ ထာဝရ ဘုရား ပေတည်း။
5 ``ရပ်​ဝေး​နိုင်​ငံ​များ​မှ​လူ​တို့​သည်​ငါ​ပြု သည့်​အ​မှု​ကို တွေ့​မြင်​ရ​ကြ​လေ​ပြီ။ သူ​တို့​သည်​ထိတ်​လန့်​လျက်​ကြောက်​ဒူး​တုန်​၍ နေ​ကြ​သ​ဖြင့် လာ​ရောက်​စု​ဝေး​ကြ​ကုန်​၏။
တကျွန်း တနိုင်ငံအရပ်တို့သည် မြင် ၍ ကြောက် ကြ၏။ မြေကြီး စွန်း သားတို့သည် ထိတ်လန့် သောစိတ် နှင့် ချဉ်းကပ် ၍ စုဝေး ကြ၏။
6 လက်​မှု​ပ​ညာ​သည်​တို့​သည်​အ​ချင်း​ချင်း​ကူ​ညီ ရိုင်း​ပင်း​လျက်​အား​ပေး​စ​ကား​ပြော​ကြား​ကြ​၏။
အိမ်နီးချင်းတယောက် ကို တယောက်မစ ၍ ၊ ညီအစ်ကို ချင်း တယောက်ကိုတယောက်၊ မ စိုးရိမ်နှင့်ဟု ဆို ကြ၏။
7 လက်​သ​မား​က​ပန်း​ထိမ်​သည်​အား `သင်​၏​လက်​ရာ​သည်​ကောင်း​လေ​စွ' ဟု​ဆို​၏။ ရုပ်​တု​ကို​အ​ချော​ထု​ရိုက်​သူ​က ယင်း​၏​အ​စိတ်​အ​ပိုင်း​များ​ကို​ဆက်​စပ်​သူ​အား၊ အား​ပေး​စ​ကား​ပြော​ကြား​လေ​၏။ `ဂ​ဟေ​ဆက်​ပုံ​မှာ​ကောင်း​ပေ​သည်' ဟု ပြော​ဆို​သူ​က​ပြော​ဆို​လျက်၊ သူ​တို့​သည်​ရုပ်​တု​ကို​နေ​ရာ​တ​ကျ​သံ​နှင့်​ရိုက်​၍ စိုက်​ထူ​ထား​ကြ​တော့​၏။
ထိုသို့ ပန်းတဉ်း သမားသည် ပန်းထိမ် သမားကို နှိုးဆော် တတ်၏။ သံတူ နှင့် ချော စေသောသူသည်၊ ပေ ပေါ်မှာ ရိုက် သော သူကိုလည်း နှိုးဆော်၍၊ ဂဟေ ကောင်း သည်ဟု ဆို တတ်၏။ ရုပ်တု ကို မ လှုပ်ရှား စေခြင်းငှါသံချွန် နှင့် ရိုက် ထားတတ်၏။
8 ``သို့​ရာ​တွင်​ငါ​၏​အ​စေ​ခံ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့၊ ငါ​ရွေး​ချယ်​ထား​သည့်​သင်​တို့​သည်​ငါ​၏​မိတ်​ဆွေ အာ​ဗြ​ဟံ​၏​သား​မြေး​များ​ဖြစ်​ကြ​၏။
ငါ့ ကျွန် ဣသရေလ ၊ ငါရွေးချယ် သောသူ ယာကုပ် ၊ ငါ့ အဆွေ အာဗြဟံ ၏သား၊
9 ငါ​သည်​သင်​တို့​အား​ကမ္ဘာ​မြေ​ကြီး​အ​စွန်း​မှ ခေါ်​ယူ​ခဲ့​၏။ မြေ​စွန်း​ရပ်​ဖျား​များ​မှ​ခေါ်​ယူ​ကာ၊သင်​တို့​သည် ကား၊ ငါ​၏​အ​စေ​ခံ​များ​တည်း​ဟု​ဆို​ခဲ့​၏။ ငါ​သည်​သင်​တို့​အား​ပစ်​ပယ်​မည့်​အ​စား ရွေး​ချယ်​တော်​မူ​ခဲ့​၏။
မြေကြီး အစွန်းအနား မှ ငါလက်ဆွဲ ၍ ခေါ်သောသူ ၊ သင် သည် ငါ့ ကျွန် ဖြစ်၏ဟူ၍၎င်း၊ သင့် ကို ငါရွေးချယ် ပြီ၊ သင့် ကို မ ပစ် မပယ်ဟူ၍၎င်း၊ ဂတိကို ခံရသောသူ၊
10 ၁၀ မ​ကြောက်​ကြ​နှင့်၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ရှိ​၏။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ အ​ဘယ်​အ​မှု​အ​ရာ​ကို​မျှ​ငါ​တို့​အား​တုန်​လှုပ် ချောက်​ချား​မှု​မ​ဖြစ်​စေ​နှင့်။ ငါ​သည်​သင်​တို့​အား​ကြံ့​ခိုင်​စေ​၍​ကူ​မ​မည်။ သင်​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၍ ကယ်​တင်​မည်။
၁၀မ စိုးရိမ် နှင့်။ ငါ သည် သင့် ဘက် မှာ ရှိ၏။ မကြောက်နှင့်။ သင် ၏ဘုရား သခင်ငါ သည် သင့် ကို ခိုင်ခံ့ စေမည်။ သင့် ကို စောင့်မ မည်။ ငါ့ သစ္စာ လက်ျာ လက်ဖြင့် ထောက် ပင့်မည်။
11 ၁၁ အို ငါ​၏​လူ​မျိုး​တော်၊သင်​တို့​ကို​အ​မျက်​ထွက်​သော သူ​တို့​သည်​အ​သ​ရေ​ပျက်​၍​အ​ရှက်​ကွဲ​ကြ လိမ့်​မည်။ သင်​တို့​အား​တိုက်​ခိုက်​သူ​တို့​သည်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်။
၁၁သင် ၌ အမျက် ထွက်သောသူတို့ သည် ရှက်ကြောက် ခြင်းနှင့် မျက်နှာပျက် ခြင်း ရှိကြလိမ့်မည်။ သင် ၌ ရန်ပြု သောသူ တို့ သည် အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ် ၍၊ ရှင်းရှင်းပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။
12 ၁၂ သူ​တို့​သည်​ကမ္ဘာ​မြေ​ကြီး​ပေါ်​မှ ကွယ်​ပျောက်​သွား​ကြ​လိမ့်​မည်။
၁၂သင် နှင့် ဆန့်ကျင် ဘက်ပြုသောသူ တို့ ကို သင် သည် ရှာ ၍ မ တွေ့ ရ။ သင့် ကို စစ်တိုက် သောသူ တို့ သည် အဘယ် မျှ မဟုတ်သကဲ့သို့ ၎င်း၊ အနတ္တ သက်သက်ကဲ့သို့ ၎င်း ဖြစ် ကြလိမ့်မည်။
13 ၁၃ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၍ သင်​တို့​ကို​ခွန်​အား​နှင့်​ပြည့်​ဝ​စေ​ပါ​၏။ `မ​ကြောက်​ကြ​နှင့်၊ငါ​ကူ​မ​တော်​မူ​မည်' ဟု သင်​တို့​အား​ပြော​ဆို​၏'' ဟု​မိန့်​တော်​မူ​၏။
၁၃အကြောင်း မူကား၊ သင် ၏ဘုရား သခင်ထာဝရဘုရား က၊ မ စိုးရိမ် နှင့်။ ငါ မစ မည်ဟု သင့် အား ဆို လျက်၊ သင် ၏လက်ျာ လက်ကို ကိုင် မည်။
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​က ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊သင်​တို့​၏​အ​မျိုး​သည် သေး​ငယ်​၍ ချည့်​နဲ့​သော်​လည်း၊ မ​ကြောက်​ကြ​နှင့်၊သင်​တို့​ကို​ငါ​ကူ​မ​တော်​မူ မည်။ သင်​တို့​ကို​ကယ်​တင်​တော်​မူ​သော​အ​ရှင်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင် ငါ​ပင်​ဖြစ်​ပေ​သည်။
၁၄အိုတီကောင် ယာကုပ် ၊ အမျိုး ငယ် ဣသရေလ ၊ မ စိုးရိမ် နှင့်။ ငါ သည် သင့် ကို မစ သောသူဖြစ် ၏။ သင့် ကို ရွေးနှုတ် သောသူသည်၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားဖြစ်သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
15 ၁၅ ငါ​သည်​သင်​တို့​အား​ထက်​မြက်​သည့် အ​သွား​များ​ရှိ​သော​စ​ပါး​နယ်​စက်​အ​သစ် ကဲ့​သို့ ဖြစ်​စေ​တော်​မူ​မည်။ သင်​တို့​သည်​တောင်​ကြီး​များ​ကို​နယ်​၍ ညက်​ညက်​ကြေ​စေ​လိမ့်​မည်။ တောင်​ငယ်​များ​သည်​လည်း​မြေ​မှုန့်​ဖြစ်​၍ သွား​ကြ​လိမ့်​မည်။
၁၅ငါ သည် သင့်ကို အသွား ရှိ သောစပါးနယ်စရာ ယန္တရား စက် အသစ် ဖြစ် စေမည်။ သင်သည် တောင် ကြီး တို့ကို နယ်၍ ညက် စေမည်။ တောင် ငယ်တို့ကို ဖွဲ ကဲ့သို့ ဖြစ် စေမည်။
16 ၁၆ ယင်း​တို့​ကို​သင်​တို့​သည်​လှေ့​ကြ​လျက် လေ​များ​က​တိုက်​ခတ်​ဆောင်​ယူ​ပြီး​လျှင် မုန်​တိုင်း​များ​က​လွင့်​စင်​သွား​စေ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့​၏​ဘု​ရား​ဖြစ် တော်​မူ​ရ​ကား၊ သင်​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​ရ​ကြ​လိမ့် မည်။ သင်​တို့​သည်​လည်း​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သည့်​ဘု​ရား​သ​ခင် တည်း ဟူ​သော​ငါ့​အား​ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။
၁၆သူ တို့ကို လှေ့ ၍ ၊ လေ သည် သူ တို့ကို တိုက် သွား လိမ့်မည်။ မုန်တိုင်း လွှင့် လိမ့်မည်။ သင် မူကား ထာဝရဘုရား ၌ ဝမ်းမြောက် လိမ့်မည်။ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရား၌ ဝါကြွား လိမ့်မည်။
17 ၁၇ ငါ​၏​လူ​မျိုး​တော်​သည်​ရေ​ကို​လို​၍ ရှာ​သော​အ​ခါ​၌​လည်း​ကောင်း၊ သူ​တို့​သည်​ရေ​ငတ်​သ​ဖြင့်​လည်​ချောင်း ခြောက်​သည့်​အ​ခါ​၌​လည်း​ကောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် တည်း​ဟူ​သော​ငါ​သည်​သူ​တို့​အား​အ​ဘယ် အ​ခါ​၌​မျှ စွန့်​ပစ်​လိမ့်​မည်​မဟုတ်။
၁၇ဆင်းရဲ သောသူနှင့် ငတ်မွတ် သောသူတို့ သည် ရေ ကိုရှာ ၍ မ တွေ့၊ ရေငတ် ၍ လျှာ သွေ့ ခြောက်သောအခါ၊ ငါ ထာဝရဘုရား သည် သူ တို့ စကားကို နားထောင် မည်။ ဣသရေလ အမျိုး၏ ဘုရား သခင်ဖြစ်သော ငါသည် သူ တို့ကို မ စွန့်။
18 ၁၈ ငါ​သည်​တောင်​က​တုံး​များ​၌​မြစ်​များ​ဖြစ်​ပေါ်​စေ​၍၊ ချိုင့်​ဝှမ်း​များ​နှင့်​စမ်း​ရေ​များ​ပေါက်​စေ​မည်။ ငါ​သည်​သဲ​ကန္တာ​ရ​ကို​ရေ​ကန်​များ အ​ဖြစ်​သို့​လည်း​ကောင်း၊ ခြောက်​သွေ့​သော​မြေ​ယာ​များ​ကို​စမ်း​ရေ​တွင်း များ အ​ဖြစ်​သို့​လည်း​ကောင်း​ပြောင်း​လဲ​စေ​မည်။
၁၈မြင့် သောအရပ်တို့၌ မြစ် ကို၎င်း၊ နိမ့် သော အရပ်တို့၌ စမ်းရေ ကို၎င်း ငါပေါက် စေမည်။ တော အရပ် ၌ ရေ ကန် များကို၎င်း ၊ သွေ့ ခြောက်သောအရပ် ၌ စမ်းရေ တွင်း များကို၎င်းငါ ဖြစ်စေမည်။
19 ၁၉ ငါ​သည်​သဲ​ကန္တာ​ရ​၌​အာ​ရစ်​ပင်(သစ်​က​တိုး) နှင့် ထ​နောင်း​ပင်၊မု​ရ​တု​ပင်​နှင့် သံ​လွင်​ပင်​များ​ကို​လည်း​ကောင်း​ပေါက်​စေ​မည်။ သစ်​ပင်​မ​ပေါက်​သော​အ​ရပ်​တွင်​ထင်း​ရှူး​ပင် အ​မျိုး​မျိုး​နှင့် အာ​ရဇ်​ပင်​များ ရော​နှော​သည့်​သစ်​တော​များ ပေါက်​ရောက်​လာ​လိမ့်​မည်။
၁၉တော ၌ အာရဇ် ပင်၊ အကာရှ ပင်၊ မုရတု ပင်၊ သံလွင် ပင် များကို၎င်း၊ လွင်ပြင် ၌ ထင်းရူး ပင်၊ တဒေရ ပင်၊ တာရှုရ ပင်များကို၎င်းရောနှော လျက် စိုက် မည်။
20 ၂၀ ဤ​အ​ချင်း​အ​ရာ​ကို​တွေ့​မြင်​ကြ​သော​အ​ခါ လူ​တို့​သည်​ဤ​အ​မှု​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​အ​မှု​ပင်​ဖြစ်​ကြောင်း သိ​ရှိ​လာ​ကြ​လိမ့်​မည်။ ဤ​အ​မှု​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သည့် ဘု​ရား​သ​ခင်​ဖြစ်​ပွား​စေ​တော်​မူ​ကြောင်း နား​လည်​လာ​ကြ​လိမ့်​မည်။
၂၀သို့ ဖြစ်၍၊ ထာဝရဘုရား သည် ဤအမှုကို စီရင် ၍၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားဖန်ဆင်း တော်မူကြောင်းကို ၊ ထိုသူအပေါင်းတို့သည် သိ မြင် ၍ ၊ ဆင်ခြင် နားလည် ကြလိမ့်မည်။
21 ၂၁ ဣ​သ​ရေ​လ​အ​မျိုး​တို့​၏​ဘု​ရင်​ထာ​ဝ​ရ ဘု​ရား​က ``အ​ချင်း​လူ​မျိုး​တ​ကာ​ဘု​ရား​များ​တို့၊ သင်​တို့​၏​အ​မှု​ကို​တင်​ပြ​ကြ​လော့။ သင်​တို့​၏​အ​ခိုင်​မာ​ဆုံး​သော​လျှောက်​လဲ​ချက် များ​ကို ယူ​ဆောင်​လာ​ကြ​လော့။ ဤ​အ​ရပ်​သို့​လာ​၍​အ​နာ​ဂတ်​တွင်​အ​ဘယ်​သို့ ဖြစ်​ပျက်​မည်​ကို​ပြော​ကြား​ကြ​လော့။ အ​တိတ်​က​အ​ဖြစ်​အ​ပျက်​များ​ကို​ဖြေ​ရှင်း​ဖော်​ပြ​ကာ၊ နောင်​အ​ခါ​၌​ယင်း​တို့​အ​ဘယ်​သို့​အ​ဆုံး​သတ်​မည်​ကို ငါ​တို့​အား​ပြော​ပြ​ကြ​လော့။ သို့​မှ​သာ​လျှင်​ထို​အ​ရာ​များ​ဖြစ်​ပျက်​လာ​ချိန်​၌ ငါ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။
၂၁သင် တို့၏ အမှု ကို စောင့် ကြလော့ဟု ထာဝရဘုရား မိန့် တော်မူ၏။ သင် တို့၏ခိုင်ခံ့သော သက်သေ များ ကို ထုတ် ပြကြလော့ဟု ယာကုပ် အမျိုး၏ ရှင်ဘုရင် မိန့် တော်မူ၏။
22 ၂၂
၂၂ထုတ် ဘော်၍ အနာဂတ္တိအရာတို့ကို ငါ တို့အား ပြ ကြစေ။ အရင် ဖြစ် ဘူးသော အရာတို့သည် အဘယ်သို့ ဖြစ်သည်ကို ငါ တို့ ဆင်ခြင် ၍ ၊ ထိုအရာ တို့၏ အဆုံး ကို သိ ရမည်အကြောင်း ဘော် ပြကြစေ။ သို့မဟုတ် ၊ ဖြစ် လတံ့ သောအရာတို့ကို ငါ တို့အား ဟော ပြောကြစေ။
23 ၂၃ အ​နာ​ဂတ်​၌​အ​ဘယ်​အ​ရာ​ဖြစ်​မည်​ကို ငါ​တို့​အား ဖော်​ပြ​ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့​သည်​ဘု​ရား​များ​ဖြစ် ကြောင်း ငါ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ကောင်း​သော​အ​မှု​ကို​ပြု​ကြ​လော့။ သို့​တည်း​မ​ဟုတ်​ဘေး​အန္တ​ရာယ်​တစ်​ခု​ခု​ကို သက်​ရောက်​စေ​ကြ​လော့။ ငါ​တို့​အား​စိုး​ရွံ့​ကြောက်​လန့်​တုန်​လှုပ်​အောင် ပြု​ကြ​လော့။
၂၃သင် တို့သည် ဘုရား ဖြစ်သည်ကို ငါတို့ သိ ရမည် အကြောင်း ၊ ဖြစ် လတံ့သော အရာတို့ကို ပြ ကြလော့။ အချင်းချင်းတယောက်ကိုတယောက်ကြည့်ရှုတွေ့မြင်မည်အကြောင်း၊ ကောင်း သောအမှု၊ ဆိုး သောအမှု တစုံတခုကို ပြုကြလော့။
24 ၂၄ သင်​တို့​နှင့်​သင်​တို့​ပြု​သ​မျှ​သော​အ​မှု​တို့​သည် အ​ဘယ်​သို့​မျှ​မ​ရေ​ရာ။ သင်​တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​သည်​လည်း စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​ပါ​သည်​တ​ကား။
၂၄သင် တို့သည် အဘယ် မျှမဟုတ်သော အရာ ထက်သာ၍ယုတ်မာ ကြ၏။ သင် တို့အမှု လည်း ၊ အဘယ်မျှ မဟုတ်သော အမှုထက်သာ၍ယုတ်မာ ၏။ သင် တို့ကို ရွေး ယူသောသူသည် ရွံ့ရှာ ဘွယ် ဖြစ်၏။
25 ၂၅ ``ငါ​သည်​အ​ရှေ့​ပြည်​သား​တစ်​ဦး​ကို ရွေး​ချယ်​ထား​လေ​ပြီ။ သူ့​အား​ခေါ်​ဆောင်​ကာ​အ​ရှေ့​အ​ရပ်​မှ​နေ​၍ တိုက်​ခိုက်​စေ​မည်။ အိုး​ထိန်း​သည်​ရွှံ့​စေး​ကို​ခြေ​ဖြင့်​နင်း​ချေ သ​ကဲ့​သို့ သူ​သည်​ပြည်​ရှင်​မင်း​တို့​အား နင်း​ချေ​ပစ်​လိမ့်​မည်။
၂၅မြောက် မျက်နှာ၌ လူတယောက်ကို ငါပေါ်ထွန်း စေ၍ ၊ သူသည် လာလိမ့်မည်။ နေ ထွက် ရာမှ လာ ၍ ငါ့ နာမ ကို ပဌနာ ပြုလိမ့်မည်။ အိုးထိန်း သမားသည် အိုးမြေ ကို နင်း သကဲ့သို့ ၊ ထိုသူသည် မင်း တို့ကို အိုးမြေ အမှတ်နှင့် ကျော်နင်း လိမ့်မည်။
26 ၂၆ သင်​တို့​စ​ကား​သည်​မှန်​ပေ​၏​ဟု​ငါ​တို့​ဆို​နိုင် စေ​ရန် ဤ​မည်​သော​အ​မှု​အ​ရာ​ဖြစ်​ပျက်​လိမ့်​မည်​ဟု သင်​တို့​အ​နက်​မှ​အ​ဘယ်​သူ​သည်​ငါ​တို့​အား ကြို​တင်​ဖော်​ပြ​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​အ​နာ​ဂတ်​ဟော​စ​တမ်း ထုတ်​ခဲ့​ဖူး​ပါ​သ​နည်း။ သင်​တို့​တွင်​အ​ဘယ်​သူ​မျှ​ဤ​သို့​မ​ဟော​ပြော ခဲ့ကြ။ ဟော​ပြော​သည်​ကို​ကြား​သူ​လည်း​တစ်​ယောက်​မျှ မ​ရှိ​ပါ​တ​ကား။
၂၆ငါတို့သည် သိ ရမည်အကြောင်း ၊ ရှေ့ဦး စွာမှစ၍ အဘယ်သူ သည် ဟော ပြောသနည်း။ မှန် ပေ၏ဟု ငါတို့ သည် ဆို ရမည်အကြောင်း ၊ ရှေးမဆွ က အဘယ်သူသည် ဟောပြောသနည်း။ ဘော်ပြ သော သူတယောက်မျှမ ရှိ။ ဟော ပြောသော သူတယောက်မျှမ ရှိ။ သင် တို့စကား ကို ကြား သောသူတယောက်မျှမ ရှိ။
27 ၂၇ ဇိ​အုန်​မြို့​သ​တင်း​ကောင်း​ကို​ဦး​စွာ​ပ​ထ​မ ပြော​ကြား​သူ​မှာ​ငါ​ထာ​ဝ​ရ​ဘု​ရား​ပင်​တည်း။ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​တ​မန်​တစ်​ဦး​ကို စေ​လွှတ်​၍ ``သင်​တို့​၏​အ​မျိုး​သား​များ​သည်​ပြန်​လာ ကြ​လိမ့်​မည်။ သူ​တို့​သည်​မိ​မိ​တို့​ပြည်​သို့​ပြန်​လာ​ကြ​လိမ့် မည်'' ဟု ပြော​ကြား​စေ​ခဲ့​၏။
၂၇ဤမည်သောအမှုတို့သည် ဖြစ်ကြလိမ့်မည်ဟု ရှေး ဦးစွာ ငါသည် ဇိအုန် မြို့အား ပြော၏။ ဝမ်းမြောက်စရာ သိတင်း ကို ကြားပြောသော တမန်ကိုလည်း ၊ ယေရုရှလင် မြို့သို့ ငါစေလွှတ် ၏။
28 ၂၈ ငါ​သည်​ဘု​ရား​များ​ကို​ကြည့်​လိုက်​သော​အ​ခါ သူ​တို့​သည်​ငါ့​အား​စ​ကား​တစ်​ခွန်း​တစ်​လေ ကို​မျှ​မ​ပြော​ကြ။ ငါ​မေး​သည့်​မေး​ခွန်း​များ​ကို​လည်း​အ​ဘယ် သူ​မျှ ပြန်​၍​မ​ဖြေ​နိုင်​ကြ။
၂၈သူတို့ကို ငါကြည့် ရှုသောအခါ ၊ တစုံ တယောက်မျှ မ ရှိ။ သူ တို့တွင် သတိပေး သော သူတယောက်မျှမ ရှိ။ ပြန်ပြော စေခြင်းငှါ သူ တို့ကို ငါမေးမြန်း သော်လည်း၊
29 ၂၉ ထို​ဘု​ရား​အား​လုံး​ပင်​လျှင်​အ​ရာ​မ​ဝင်။ သူ​တို့​သည်​အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​နိုင်။ သူ​တို့​၏​ရုပ်​တု​များ​သည်​လည်း​ချည့်​နဲ့​၍ တန်​ခိုး​မ​ရှိ​ကြ။''
၂၉သူ တို့သည် အကြွင်းမဲ့အနတ္တ ဖြစ်ကြ၏။ သူ တို့ အမှု များလည်း၊ အဘယ်မျှမဟုတ်။ သူတို့သွန်းသော ရုပ်တု တို့လည်း အတ္တမရှိ၊ လေ သက်သက်ဖြစ်ကြ၏။

< ဟေရှာယ 41 >