< ဟေရှာယ 4 >

1 ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ အ​မျိုး​သား​တစ်​ယောက်​လျှင် အ​မျိုး​သ​မီး ခု​နစ်​ယောက်​ဝိုင်း​၍``ကျွန်​မ​တို့​သည်​မိ​မိ တို့​စား​ရေး​ဝတ်​ရေး​အ​တွက် တာ​ဝန်​ယူ နိုင်​ပါ​သည်။ အိမ်​ထောင်​မဲ့​ဖြစ်​၍​ကျွန်​မ​တို့ အ​ရှက်​မ​ရ​ကြ​စေ​ရန် ရှင့်​အား​ကျွန်​မ​တို့ ၏​ခင်​ပွန်း​အ​ဖြစ်​ဖြင့်​ဖော်​ပြ​ပါ​ရ​စေ'' ဟု​ပြော​ဆို​ကြ​လိမ့်​မည်။
And in that day seven women shall take hold of one man, saying, We will eat our own bread, and wear our own apparel: only let us be called by thy name, to take away our reproach.
2 ထာ​ဝ​ရ​ဘု​ရား​သည်​ပြည်​တော်​တွင်​သစ်​ပင် ကြီး​ငယ်​အ​ပေါင်း​ကို ထွား​ကြိုင်း​သန်​မာ​စို​ပြေ စေ​တော်​မူ​မည့်​အ​ချိန်​ကျ​ရောက်​လာ​တော့​မည်။ မ​သေ​ဘဲ​ကျန်​ရှိ​နေ​သေး​သော​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ပြည်​တော်​ထွက် သီး​နှံ​များ​အ​တွက်​ဂုဏ်​ယူ​ဝမ်း​မြောက်​ကြ လိမ့်​မည်။-
In that day shall the branch of the LORD be beautiful and glorious, and the fruit of the earth shall be the pride and glory of them that have escaped of Israel.
3 ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော်​မူ​ခြင်း​ကို​ခံ ရ​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​သက်​ရှင်​ကျန်​ရှိ​နေ သူ​မှန်​သ​မျှ​သည် သန့်​ရှင်း​မြင့်​မြတ်​သူ​များ ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။-
And it shall come to pass, that he that is left in Zion, and he that remaineth in Jerusalem, shall be called holy, even every one that is written among the living in Jerusalem:
4 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​စစ်​ဆေး​စီ​ရင်​ကာ တန်​ခိုး​တော်​အား ဖြင့်​ဖြူ​စင်​သန့်​ရှင်း​စေ​တော်​မူ​လိမ့်​မည်။ ယေ​ရု ရှ​လင်​မြို့​၏​အ​ပြစ်​ကို​လည်း​ကောင်း၊ ထို​မြို့ တွင်​သွန်း​သည့်​သွေး​များ​ကို​လည်း​ကောင်း ဆေး​ကြော​စင်​ကြယ်​စေ​တော်​မူ​လိမ့်​မည်။-
When the Lord shall have washed away the filth of the daughters of Zion, and shall have purged the blood of Jerusalem from the midst of it by the spirit of judgment, and by the spirit of burning.
5 ထို​နောက်​ဇိ​အုန်​တောင်​တော်​နှင့်​ထို​အ​ရပ်​တွင် စု​ရုံး​လျက်​နေ​သော​သူ​အ​ပေါင်း​တို့​အ​ပေါ် သို့ ထာ​ဝ​ရ​ဘု​ရား​သည်​နေ့​အ​ချိန်​၌​မိုး​တိမ်၊ ညဥ့်​အ​ချိန်​၌​မီး​ခိုး​နှင့်​မီး​တောက်​မီး​လျှံ စေ​လွှတ်​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​သည် တစ်​မြို့​လုံး​ကို​လွှမ်း ခြုံ​လျက်​ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ပေ​အံ့။-
And the LORD will create upon every dwelling place of mount Zion, and upon her assemblies, a cloud and smoke by day, and the shining of a flaming fire by night: for upon all the glory shall be a defence.
6 ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​သည်​မြို့ တော်​ကို နေ​၏​အ​ပူ​ရှိန်​မှ​ကာ​ကွယ်​၍ မိုး​သက် မုန်​တိုင်း​၏​ဒဏ်​နှင့်​ကင်း​ဝေး​စေ​ပြီး​လျှင် ဘေး​မဲ့​လုံ​ခြုံ​ရာ​ဖြစ်​စေ​တော်​မူ​လိမ့်​မည်။
And there shall be a tabernacle for shade in the daytime from the heat, and for a place of refuge, and for a covert from storm and from rain.

< ဟေရှာယ 4 >