< ဟေရှာယ 39 >

1 ထို​အ​ချိန်​ကာ​လ​လောက်​၌​ပင်​ဗာ​လ​ဒန်​၏ သား​ဗာ​ဗု​လုန်​ဘု​ရင်​မေ​ရော​ဒပ္ဗာ​လ​ဒန်​သည် ဟေ​ဇ​ကိ​မင်း​ဖျား​နာ​လျက်​ရှိ​ကြောင်း​ကြား သိ​ရ​သ​ဖြင့်၊ သ​ဝဏ်​လွှာ​တစ်​စောင်​နှင့်​လက် ဆောင်​ပဏ္ဏာ​ပေး​ပို့​ဆက်​သ​လေ​၏။-
そのころバラダンの子バビロン王メロダクバラダン、ヒゼキヤが病をうれへて愈しことをききければ書と禮物とをおくれり
2 ဟေ​ဇ​ကိ​သည်​စေ​တ​မန်​တို့​ကို​လက်​ခံ​ပြီး လျှင် မိ​မိ​၏​ဘဏ္ဍာ​တော်​များ​ဖြစ်​သည့် ရွှေ၊ ငွေ၊ နံ့​သာ​မျိုး၊ နံ့​သာ​ဆီ​နှင့်​လက်​နက်​ကိ​ရိ​ယာ ရှိ​သ​မျှ​တို့​ကို​ပြ​၏။ ပစ္စည်း​သို​လှောင်​ခန်း​များ နှင့်​နိုင်​ငံ​တော်​အ​ရပ်​ရပ်​တို့​တွင်​ထို​သူ​တို့ အား​မင်း​ကြီး​မ​ပြ​သည့်​အ​ရာ​တစ်​စုံ တစ်​ခု​မျှ​မ​ရှိ။-
ヒゼキヤその使者のきたるによりて喜びこれに財物 金銀 香料 たふとき油ををさめたる家およびすべての軍器ををさめたる家また庫のなかなる物をことごとく見す おほよそヒゼキヤのいへの裏にあるものと全國のうちにあるものと 見せざるものは一もあらざりき
3 ထို​နောက်​ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း​ထံ သွား​၍``ထို​သူ​တို့​သည်​အ​ဘယ်​အ​ရပ်​မှ​လာ ပါ​သ​နည်း။ သူ​တို့​က​အ​ရှင့်​အား​အ​ဘယ် သို့​ပြော​ဆို​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ ဟေ​ဇ​ကိ​က``သူ​တို့​သည်​အ​လွန်​ဝေး​သော ဗာ​ဗု​လုန်​ပြည်​မှ​လာ​ပါ​သည်'' ဟု​ဆို​လျှင်၊
ここに預言者イザヤ、ヒゼキヤ王のもとに來りていひけるは この人々はなにをいひしや何處よりなんぢのもとに來りしや ヒゼキヤ曰けるは かれらはとほき國よりバビロンより我にきたれり
4 ``သူ​တို့​သည်​နန်း​တော်​တွင်း​၌​အ​ဘယ်​အ​ရာ များ​ကို​တွေ့​မြင်​သွား​ကြ​ပါ​သ​နည်း'' ဟု မေး​မြန်း​၏။ ဟေ​ဇ​ကိ​က``သူ​တို့​သည်​နန်း​တော်​တွင်း​၌​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​တွေ့​မြင်​ကြ​ပါ​၏။ ပစ္စည်း​သို​လှောင်​ခန်း​များ​တွင်​သူ​တို့​အား​ငါ မ​ပြ​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ'' ဟု မိန့်​တော်​မူ​၏။
イザヤいふ 彼等はなんぢの家にてなにを見たりしや ヒゼキヤ答ふ かれらはわが家にあるものを皆みたり又わが庫のなかにあるものは一つをもかれらに見せざるものなかりき
5 ထို​အ​ခါ​ဟေ​ရှာ​ယ​သည်​မင်း​ကြီး​အား၊ ``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကို​ကြား​နာ​လော့၊-
イザヤ、ヒゼキヤにいふ なんぢ萬軍のヱホバの言をきけ
6 အ​ရှင့်​နန်း​တော်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့ ကို​လည်း​ကောင်း၊ ယ​နေ့​တိုင်​အောင်​အ​ရှင့်​ဘိုး ဘေး​တို့​စု​ဆောင်း​ထား​ရှိ​ခဲ့​သည့်​ပစ္စည်း​ဥစ္စာ မှန်​သ​မျှ​ကို​လည်း​ကောင်း ဗာ​ဗု​လုန်​ပြည်​သို့ ဆောင်​ယူ​သွား​ရာ​နေ့​ရက်​ကာ​လ​ရောက်​ရှိ လာ​လိမ့်​မည်။ အ​ဘယ်​အ​ရာ​တစ်​စုံ​တစ်​ခု မျှ​ကျန်​ရစ်​လိမ့်​မည်​မ​ဟုတ်။-
みよ日きたらん なんぢの家のものなんぢの列祖がけふまで蓄へたるものは皆バビロンにたづさへゆかれて遺るもの一もなかるべし 是はヱホバのみことばなり
7 အ​ရှင့်​သား​မြေး​အ​ရင်း​အ​ချာ​အ​ချို့​တို့ သည်​လည်း​အ​ဖမ်း​ခံ​ရ​လျက် ဗာ​ဗု​လုန်​ဘု​ရင် ၏​နန်း​တော်​တွင်​မိန်း​မ​စိုး​များ​အ​ဖြစ်​ဖြင့် အ​မှု​ထမ်း​ရ​ကြ​လိမ့်​မည်'' ဟု​လျှောက်​လေ သည်။
なんぢの身より生れいでん者もとらはれ寺人とせられてバビロン王の宮のうちにあらん
8 ဤ​လျှောက်​ထား​ချက်​ကို​ဟေ​ဇ​ကိ​မင်း​သည် မိ​မိ​၏​လက်​ထက်​၌​ငြိမ်း​ချမ်း​မှု​နှင့်​ဘေး​မဲ့ လုံ​ခြုံ​မှု​ရှိ​လိမ့်​မည်​ဟု အ​နက်​အ​ဋ္ဌိပ္ပါယ် ကောက်​ယူ​လျက်``ငါ့​အား​သင်​ဖော်​ပြ​သည့် ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​သ​တင်း​တော်​သည် ကောင်း​ပေ​၏'' ဟု​ဆို​၏။
ヒゼキヤ、イザヤにいひけるは 汝がかたるヱホバのみことばは善し また云 わが世にあるほどは太平と眞理とあるべしと

< ဟေရှာယ 39 >