< ဟေရှာယ 38 >

1 ထို​အ​ချိန်​ကာ​လ​လောက်​၌​ပင် ဟေ​ဇ​ကိ​မင်း သည်​သေ​လု​မ​တတ်​ဖျား​နာ​၍​လာ​၏။ အာ​မုတ် ၏​သား​ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည်​မင်း​ကြီး အား​လာ​ရောက်​ကြည့်​ရှု​ပြီး​နောက်``အ​ရှင်​သည် ပြန်​လည်​ကျန်း​မာ​လာ​တော့​မည်​မ​ဟုတ်​သ ဖြင့် အ​ရှင်​နောက်​ဆုံး​မှာ​ကြား​ရန်​ရှိ​သည်​တို့ ကို​မှာ​ကြား​ခဲ့​ရန်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​ပါ​၏။ သို့​ဖြစ်​၍​နတ်​ရွာ​စံ​ရန်​အ​သင့်​ပြင် ပါ​လော့'' ဟု​ဆို​၏။
In quel tempo, Ezechia infermò a morte; e il profeta Isaia, figliuolo di Amots, venne a lui, e gli disse: “Così parla l’Eterno: Da’ i tuoi ordini alla tua casa, perché sei un uomo morto, e non vivrai più.
2 ဟေ​ဇ​ကိ​သည်​နံ​ရံ​ဘက်​သို့​မျက်​နှာ​လှည့် လျက်၊-
Allora Ezechia voltò la faccia verso la parete, e fece all’Eterno questa preghiera:
3 ``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​အား​ရိုး​ဖြောင့်​စွာ​သစ္စာ​နှင့် ကိုး​ကွယ်​ဝတ်​ပြု​လျက် ကိုယ်​တော်​ပြု​စေ​လို သည့်​အ​တိုင်း​ကြိုး​စား​ပြု​ကျင့်​သည်​ကို အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ'' ဟု​ဆု တောင်း​ပတ္ထ​နာ​ပြု​ပြီး​လျှင်​ဝမ်း​နည်း ပက်​လက်​ငို​ကြွေး​တော်​မူ​၏။
“O Eterno, ricordati, ti prego, che io ho camminato nel tuo cospetto con fedeltà e con cuore integro, e che ho fatto quel che è ben agli occhi tuoi!” Ed Ezechia diede in un gran pianto.
4 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဟေ​ရှာ​ယ အား၊-
Allora la parola dell’Eterno fu rivolta a Isaia, in questi termini:
5 ဟေ​ဇ​ကိ​ထံ​သို့​ပြန်​လည်​စေ​လွှတ်​တော်​မူ ကာ``သင်​၏​ဘိုး​တော်​ဒါ​ဝိဒ်​၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​၏​ဆု​တောင်း ပတ္ထ​နာ​ကို​ကြား​တော်​မူ​၍ သင်​၏​မျက်​ရည် များ​ကို​မြင်​တော်​မူ​ပြီ။ ငါ​သည်​သင့်​အား နောက်​ထပ်​တစ်​ဆယ့်​ငါး​နှစ်​အ​သက်​ရှင်​စေ မည်။-
“Va’ e di’ ad Ezechia: Così parla l’Eterno, l’Iddio di Davide, tuo padre: Io ho udita la tua preghiera, ho vedute le tue lacrime: ecco, io aggiungerò ai tuoi giorni quindici anni;
6 ငါ​သည်​သင်​နှင့်​ဤ​ယေ​ရု​ရှ​လင်​မြို့​ကို အာ​ရှု​ရိ​ဧ​က​ရာဇ်​၏​လက်​မှ​ကယ်​ဆယ်​မည်။ ဤ​မြို့​ကို​ဆက်​လက်​၍​ကာ​ကွယ်​စောင့်​ရှောက် မည်​ဟု​ဟေ​ဇ​ကိ​မင်း​အား​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။
libererò te e questa città dalle mani del re d’Assiria, e proteggerò questa città.
7 ဟေ​ရှာ​ယ​က``ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏ က​တိ​တော်​အ​တိုင်း​ပြု​တော်​မူ​မည်​ဖြစ်​ကြောင်း အ​ရှင်​သိ​ရှိ​စေ​ရန်​နိ​မိတ်​လက္ခ​ဏာ​တစ်​ခု ကို​ပြ​တော်​မူ​ပါ​လိမ့်​မည်။-
E questo ti sarà, da parte dell’Eterno, il segno che l’Eterno adempirà la parola che ha pronunziata:
8 ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ခပ်​မင်း​စိုက်​ထူ ထား​သည့်​နေ​နာ​ရီ​တွင် အ​ရိပ်​ကို​နောက်​သို့ ဆယ်​ဒီ​ဂ​ရီ​ဆုတ်​စေ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ပြန်​လည်​လျှောက်​ထား​၏။ ဆို​သည့်​အ​တိုင်း အ​ရိပ်​သည်​ဆယ်​ဒီ​ဂ​ရီ​ဆုတ်​လေ​၏။
ecco, io farò retrocedere di dieci gradini l’ombra dei gradini che, per effetto del sole, s’è allungata sui gradini d’Achaz”. E il sole retrocedette di dieci gradini sui gradini dov’era disceso.
9 ဟေ​ဇ​ကိ​သည် ပြန်​လည်​ကျန်း​မာ​လာ​ပြီး နောက် အောက်​ပါ​ချီး​မွမ်း​သီ​ချင်း​ကို​ရေး​စပ် စီ​ကုံး​တော်​မူ​၏။
Scritto di Ezechia, re di Giuda, in occasione della sua malattia e della sua guarigione del suo male.
10 ၁၀ ငါ​သည်​သက်​တမ်း​စေ့​နေ​ရ​တော့​မည်​မ​ဟုတ်။ အ​ရွယ်​ကောင်း​ချိန်​၌​ပင်​မ​ရ​ဏ​နိုင်​ငံ​သို့ သွား​ရ​တော့​မည်​ဟု​ငါ​ထင်​မှတ်​ခဲ့​ပါ​၏။ (Sheol h7585)
“Io dicevo: Nel meriggio de’ miei giorni debbo andarmene alle porte del soggiorno de’ morti; io son privato del resto de’ miei anni! (Sheol h7585)
11 ၁၁ ဤ​သက်​ရှိ​လော​က​၌​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​အား​လည်း​ကောင်း​သက်​ရှိ လူ​သတ္တ​ဝါ​တို့​အား​လည်း​ကောင်း၊ နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌​မျှ​တွေ့ မြင်​ရ​တော့​မည် မ​ဟုတ်​ဟု​ထင်​မှတ်​ခဲ့​ပါ​၏။
Io dicevo: Non vedrò più l’Eterno, l’Eterno, sulla terra de’ viventi; fra gli abitanti del mondo dei trapassati, non vedrò più alcun uomo.
12 ၁၂ ဖြို​ဖျက်​၍​ချ​လိုက်​သည့်​တဲ​ကဲ့​သို့​လည်း​ကောင်း၊ ယက်​ကန်း​စင်​မှ​ဖြတ်​၍​ထုတ်​လိုက်​သည့် အ​ဝတ်​ကဲ့​သို့​လည်း​ကောင်း၊ ငါ​၏​အ​သက်​တာ​သည်​ဖြတ်​၍ ကုန်​ဆုံး​သွား​လေ​ပြီ။
La mia dimora è divelta e portata via lungi da me, come una tenda di pastore. Io ho arrotolata la mia vita, come fa il tessitore; Egli mi tagli via dalla trama; dal giorno alla notte tu m’avrai finito.
13 ၁၃ ငါ​၏​အ​ရိုး​များ​ကို​ခြင်္သေ့​ဝါး​၍​နေ​ဘိ ကဲ့​သို့ ငါ​သည်​နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​နှင့်​တစ်​ညဥ့်​လုံး ငို​ကြွေး​ရ​ပါ​၏။ ဘု​ရား​သ​ခင်​သည်​ငါ​၏​အ​သက်​ကို ကုန်​ဆုံး​စေ​တော်​မူ​ပြီ​ဟု​ငါ​ထင်​မှတ် ပါ​၏။
Io speravo fino al mattino… ma come un leone, egli mi spezzava tutte l’ossa; dal giorno alla notte tu m’avrai finito.
14 ၁၄ ငါ​၏​အ​သံ​သည်​တုန်​တုန်​ချိ​ချိ​ဖြစ်​၍ နေ​ပါ​၏။ ငါ​သည်​ချိုး​ကဲ့​သို့​ညည်း​ညူ​ပါ​၏။ မိုး​ကောင်း​ကင်​သို့​မျှော်​ကြည့်​ရ​ဖန်​များ သ​ဖြင့် ငါ​၏​မျက်​စိ​များ​သည်​ညောင်း​လျက်​ရှိ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား​ဤ​ဒုက္ခ​အ​ပေါင်း​မှ ကျွန်​တော်​မျိုး​အား​ကယ်​ဆယ်​တော်​မူ​ပါ။
Io stridevo come la rondine, come la gru, io gemevo come la colomba: i miei occhi erano stanchi nel guardare in alto. O Eterno, mi si fa violenza; sii tu il mio garante.
15 ၁၅ ဤ​အ​မှု​ကို​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သည်​ဖြစ်​၍ ငါ​အ​ဘယ်​သို့​ပြော​ဆို​နိုင်​ပါ​မည်​နည်း။ ငါ​သည်​ပူ​ပင်​သော​က​ရောက်​လျက် အိပ်​၍​မ​ပျော်​နိုင်​ပါ။
Che dirò? Ei m’ha parlato, ed ei l’ha fatto; io camminerò con umiltà durante tutti i miei anni, ricordando l’amarezza dell’anima mia.
16 ၁၆ အို ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​၏​အ​တွက်၊ ကိုယ်​တော်​ရှင်​တစ်​ပါး​တည်း​အ​တွက် အ​သက်​ရှင်​ပါ​မည်။ ကျွန်​တော်​မျိုး​၏​အ​နာ​ရော​ဂါ​ကို​ပျောက်​ကင်း စေ​တော်​မူ​၍၊ ကျွန်​တော်​မျိုး​အား​အ​သက်​ရှင်​ခွင့်​ပြု​တော်​မူ​ပါ။
O Signore, mediante queste cose si vive, e in tutte queste cose sta la vita del mio spirito; guariscimi dunque, e rendimi la vita.
17 ၁၇ ကျွန်​တော်​မျိုး​၏​ပူ​ပင်​သော​က​သည်​စိတ်​ငြိမ်း အေး​မှု အ​ဖြစ်​သို့​ပြောင်း​လဲ​သွား​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ အ​သက်​ကို​ဘေး​အန္တရာယ်​အ​ပေါင်း​မှ ကယ်​ဆယ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​ပြစ်​မှန်​သ​မျှ​ကို​လည်း ဖြေ​လွှတ်​တော်​မူ​ပါ​၏။
Ecco, è per la mia pace che io ho avuto grande amarezza; ma tu, nel tuo amore, hai liberata l’anima mia dalla fossa della corruzione, perché ti sei gettato dietro alle spalle tutti i miei peccati.
18 ၁၈ မ​ရ​ဏ​နိုင်​ငံ​တွင်​အ​ဘယ်​သူ​မျှ​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​မ​ပြု​နိုင်​ပါ။ သူ​သေ​တို့​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို ယုံ​ကြည်​ကိုး​စား​နိုင်​စွမ်း​မ​ရှိ​ပါ။ (Sheol h7585)
Poiché non è il soggiorno de’ morti che possa lodarti, non è la morte che ti possa celebrare; quei che scendon nella fossa non possono più sperare nella tua fedeltà. (Sheol h7585)
19 ၁၉ ယ​ခု​ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး ထော​မ​နာ​ပြု​သ​ကဲ့​သို့၊ အ​သက်​ရှင်​သူ​များ​သာ​လျှင်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​၏။ ဖ​ခင်​တို့​သည်​သား​သမီး​များ​အား​ကိုယ်​တော် ရှင်​၏ သစ္စာ​တော်​အ​ကြောင်း​ကို​ပြော​ကြား​ကြ​ပါ​၏။
Il vivente, il vivente è quel che ti loda, come fo io quest’oggi; il padre farà conoscere ai suoi figliuoli la tua fedeltà.
20 ၂၀ အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​၏​အ​နာ​ရော​ဂါ​ကို​ပျောက်​ကင်း စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​သည်​စောင်း​များ​ကို​တီး​၍ ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၍ သီ​ချင်း​ဆို​ပါ​မည်။ မိ​မိ​တို့​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​တွင်​ထော​မ​နာ ပြု​၍ သီ​ချင်း​ဆို​ပါ​မည်။
Io ho l’Eterno che mi salva! e noi canteremo cantici al suon degli strumenti a corda, tutti i giorni della nostra vita, nella casa dell’Eterno”.
21 ၂၁ ဟေ​ရှာ​ယ​သည်​မင်း​ကြီး​အား``အ​ရှင်​၏​အ​နာ စိမ်း​ကို​သင်္ဘော​သ​ဖန်း​သီး​ဖြင့်​အုံ​၍​ထား​ပါ​မူ ထို​အ​နာ​သည်​သက်​သာ​ပျောက်​ကင်း​သွား​ပါ လိမ့်​မည်'' ဟု​လျှောက်​၏။-
Or Isaia aveva detto: “Si prenda una quantità di fichi, se ne faccia un impiastro, e lo si applichi sull’ulcera, ed Ezechia guarirà”.
22 ၂၂ ထို​အ​ခါ​မင်း​ကြီး​က``ငါ​သည်​ဗိ​မာန်​တော် သို့​သွား​ရောက်​နိုင်​လိမ့်​မည်​ဖြစ်​ကြောင်း အ​ဘယ် နိ​မိတ်​လက္ခ​ဏာ​ကို​ထောက်​၍​သိ​ရှိ​နိုင်​ပါ​မည် နည်း'' ဟု​မေး​တော်​မူ​၏။
Ed Ezechia aveva detto: “A qual segno riconoscerò ch’io salirò alla casa dell’Eterno?”

< ဟေရှာယ 38 >