< ဟေရှာယ 38 >
1 ၁ ထိုအချိန်ကာလလောက်၌ပင် ဟေဇကိမင်း သည်သေလုမတတ်ဖျားနာ၍လာ၏။ အာမုတ် ၏သားပရောဖက်ဟေရှာယသည်မင်းကြီး အားလာရောက်ကြည့်ရှုပြီးနောက်``အရှင်သည် ပြန်လည်ကျန်းမာလာတော့မည်မဟုတ်သ ဖြင့် အရှင်နောက်ဆုံးမှာကြားရန်ရှိသည်တို့ ကိုမှာကြားခဲ့ရန်ထာဝရဘုရားမိန့်တော် မူပါ၏။ သို့ဖြစ်၍နတ်ရွာစံရန်အသင့်ပြင် ပါလော့'' ဟုဆို၏။
In those days Hezekiah was sick to the point of dying. So Isaiah son of Amoz, the prophet, came to him, and said to him, “Yahweh says, 'Set your house in order; for you will die, not live.'”
2 ၂ ဟေဇကိသည်နံရံဘက်သို့မျက်နှာလှည့် လျက်၊-
Then Hezekiah turned his face to the wall and prayed to Yahweh.
3 ၃ ``အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်အားရိုးဖြောင့်စွာသစ္စာနှင့် ကိုးကွယ်ဝတ်ပြုလျက် ကိုယ်တော်ပြုစေလို သည့်အတိုင်းကြိုးစားပြုကျင့်သည်ကို အောက်မေ့သတိရတော်မူပါ'' ဟုဆု တောင်းပတ္ထနာပြုပြီးလျှင်ဝမ်းနည်း ပက်လက်ငိုကြွေးတော်မူ၏။
He said, “Please, Yahweh, call to mind how I have faithfully walked before you with my whole heart, and how I have done what was good in your sight.” Then Hezekiah wept loudly.
4 ၄ ထိုနောက်ထာဝရဘုရားသည်ဟေရှာယ အား၊-
Then the word of Yahweh came to Isaiah, saying,
5 ၅ ဟေဇကိထံသို့ပြန်လည်စေလွှတ်တော်မူ ကာ``သင်၏ဘိုးတော်ဒါဝိဒ်၏ဘုရားသခင်၊ ငါထာဝရဘုရားသည်သင့်၏ဆုတောင်း ပတ္ထနာကိုကြားတော်မူ၍ သင်၏မျက်ရည် များကိုမြင်တော်မူပြီ။ ငါသည်သင့်အား နောက်ထပ်တစ်ဆယ့်ငါးနှစ်အသက်ရှင်စေ မည်။-
“Go and say to Hezekiah, the leader of my people, 'This is what Yahweh, the God of David your ancestor, says: I have heard your prayer, and I have seen your tears. See, I am about to add fifteen years to your life.
6 ၆ ငါသည်သင်နှင့်ဤယေရုရှလင်မြို့ကို အာရှုရိဧကရာဇ်၏လက်မှကယ်ဆယ်မည်။ ဤမြို့ကိုဆက်လက်၍ကာကွယ်စောင့်ရှောက် မည်ဟုဟေဇကိမင်းအားပြောကြားလော့'' ဟုမိန့်တော်မူ၏။
Then I will rescue you and this city from the hand of the king of Assyria, and I will defend this city.
7 ၇ ဟေရှာယက``ထာဝရဘုရားသည်မိမိ၏ ကတိတော်အတိုင်းပြုတော်မူမည်ဖြစ်ကြောင်း အရှင်သိရှိစေရန်နိမိတ်လက္ခဏာတစ်ခု ကိုပြတော်မူပါလိမ့်မည်။-
This will be the sign to you from Yahweh, that I will do what I have promised.
8 ၈ ထာဝရဘုရားသည်အာခပ်မင်းစိုက်ထူ ထားသည့်နေနာရီတွင် အရိပ်ကိုနောက်သို့ ဆယ်ဒီဂရီဆုတ်စေတော်မူပါလိမ့်မည်'' ဟုပြန်လည်လျှောက်ထား၏။ ဆိုသည့်အတိုင်း အရိပ်သည်ဆယ်ဒီဂရီဆုတ်လေ၏။
Look, I will cause the shadow on the stairs of Ahaz to go back ten steps.'” So the shadow went back ten steps of the stairs on which it had advanced.
9 ၉ ဟေဇကိသည် ပြန်လည်ကျန်းမာလာပြီး နောက် အောက်ပါချီးမွမ်းသီချင်းကိုရေးစပ် စီကုံးတော်မူ၏။
This was the written prayer of Hezekiah king of Judah, when he had been sick and then recovered:
10 ၁၀ ငါသည်သက်တမ်းစေ့နေရတော့မည်မဟုတ်။ အရွယ်ကောင်းချိန်၌ပင်မရဏနိုင်ငံသို့ သွားရတော့မည်ဟုငါထင်မှတ်ခဲ့ပါ၏။ (Sheol )
“I said that halfway through my life I will go through the gates of Sheol; I am sent there for the rest of my years. (Sheol )
11 ၁၁ ဤသက်ရှိလောက၌ငါသည် ထာဝရဘုရားအားလည်းကောင်းသက်ရှိ လူသတ္တဝါတို့အားလည်းကောင်း၊ နောက်တစ်ဖန်အဘယ်အခါ၌မျှတွေ့ မြင်ရတော့မည် မဟုတ်ဟုထင်မှတ်ခဲ့ပါ၏။
I said that I will no longer see Yahweh, Yahweh in the land of the living; I will no longer look on mankind or the inhabitants of the world.
12 ၁၂ ဖြိုဖျက်၍ချလိုက်သည့်တဲကဲ့သို့လည်းကောင်း၊ ယက်ကန်းစင်မှဖြတ်၍ထုတ်လိုက်သည့် အဝတ်ကဲ့သို့လည်းကောင်း၊ ငါ၏အသက်တာသည်ဖြတ်၍ ကုန်ဆုံးသွားလေပြီ။
My life is removed and carried away from me like a shepherd's tent; I have rolled up my life like a weaver; you are cutting me off from the loom; between day and night you are ending my life.
13 ၁၃ ငါ၏အရိုးများကိုခြင်္သေ့ဝါး၍နေဘိ ကဲ့သို့ ငါသည်နာကျင်ခြင်းဝေဒနာနှင့်တစ်ညဥ့်လုံး ငိုကြွေးရပါ၏။ ဘုရားသခင်သည်ငါ၏အသက်ကို ကုန်ဆုံးစေတော်မူပြီဟုငါထင်မှတ် ပါ၏။
I cried out until the morning; like a lion he breaks all my bones. Between day and night you are ending my life.
14 ၁၄ ငါ၏အသံသည်တုန်တုန်ချိချိဖြစ်၍ နေပါ၏။ ငါသည်ချိုးကဲ့သို့ညည်းညူပါ၏။ မိုးကောင်းကင်သို့မျှော်ကြည့်ရဖန်များ သဖြင့် ငါ၏မျက်စိများသည်ညောင်းလျက်ရှိပါ၏။ အို ထာဝရဘုရားဤဒုက္ခအပေါင်းမှ ကျွန်တော်မျိုးအားကယ်ဆယ်တော်မူပါ။
Like a swallow I chirp; I coo like a dove; my eyes grow tired with looking upward. Lord, I am oppressed; help me.
15 ၁၅ ဤအမှုကိုထာဝရဘုရား ပြုတော်မူသည်ဖြစ်၍ ငါအဘယ်သို့ပြောဆိုနိုင်ပါမည်နည်း။ ငါသည်ပူပင်သောကရောက်လျက် အိပ်၍မပျော်နိုင်ပါ။
What shall I say? He has both spoken to me, and has done it; I will walk slowly all my years because I am overcome with grief.
16 ၁၆ အို ထာဝရဘုရားကျွန်တော်မျိုးသည် ကိုယ်တော်ရှင်၏အတွက်၊ ကိုယ်တော်ရှင်တစ်ပါးတည်းအတွက် အသက်ရှင်ပါမည်။ ကျွန်တော်မျိုး၏အနာရောဂါကိုပျောက်ကင်း စေတော်မူ၍၊ ကျွန်တော်မျိုးအားအသက်ရှင်ခွင့်ပြုတော်မူပါ။
Lord, the sufferings you send are good for me; may my life be given back to me; you have restored my life and health.
17 ၁၇ ကျွန်တော်မျိုး၏ပူပင်သောကသည်စိတ်ငြိမ်း အေးမှု အဖြစ်သို့ပြောင်းလဲသွားပါလိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ အသက်ကိုဘေးအန္တရာယ်အပေါင်းမှ ကယ်ဆယ်တော်မူပါ၏။ ကျွန်တော်မျိုး၏အပြစ်မှန်သမျှကိုလည်း ဖြေလွှတ်တော်မူပါ၏။
It was for my benefit that I experienced such grief. You have rescued me from the pit of destruction; for you have thrown all my sins behind your back.
18 ၁၈ မရဏနိုင်ငံတွင်အဘယ်သူမျှကိုယ်တော်ရှင်အား ထောမနာမပြုနိုင်ပါ။ သူသေတို့သည်ကိုယ်တော်ရှင်၏သစ္စာတော်ကို ယုံကြည်ကိုးစားနိုင်စွမ်းမရှိပါ။ (Sheol )
For Sheol does not thank you; death does not praise you; those who go down into the pit do not hope in your trustworthiness. (Sheol )
19 ၁၉ ယခုကိုယ်တော်ရှင်အားကျွန်တော်မျိုး ထောမနာပြုသကဲ့သို့၊ အသက်ရှင်သူများသာလျှင်ကိုယ်တော်ရှင်အား ထောမနာပြုကြပါ၏။ ဖခင်တို့သည်သားသမီးများအားကိုယ်တော် ရှင်၏ သစ္စာတော်အကြောင်းကိုပြောကြားကြပါ၏။
The living person, the living person, he is the one who gives you thanks, as I do this day; a father makes known to children your trustworthiness.
20 ၂၀ အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏အနာရောဂါကိုပျောက်ကင်း စေတော်မူပါပြီ။ ကျွန်တော်မျိုးတို့သည်စောင်းများကိုတီး၍ ကိုယ်တော်၏ဂုဏ်တော်ကိုချီးမွမ်း၍ သီချင်းဆိုပါမည်။ မိမိတို့အသက်ရှင်သမျှကာလပတ်လုံး ကိုယ်တော်ရှင်၏ဗိမာန်တော်တွင်ထောမနာ ပြု၍ သီချင်းဆိုပါမည်။
Yahweh is about to save me, and we will celebrate with music all the days of our lives in the house of Yahweh.”
21 ၂၁ ဟေရှာယသည်မင်းကြီးအား``အရှင်၏အနာ စိမ်းကိုသင်္ဘောသဖန်းသီးဖြင့်အုံ၍ထားပါမူ ထိုအနာသည်သက်သာပျောက်ကင်းသွားပါ လိမ့်မည်'' ဟုလျှောက်၏။-
Now Isaiah had said, “Let them take a lump of figs and put it on the boil, and he will recover.”
22 ၂၂ ထိုအခါမင်းကြီးက``ငါသည်ဗိမာန်တော် သို့သွားရောက်နိုင်လိမ့်မည်ဖြစ်ကြောင်း အဘယ် နိမိတ်လက္ခဏာကိုထောက်၍သိရှိနိုင်ပါမည် နည်း'' ဟုမေးတော်မူ၏။
Hezekiah also had said, “What will be the sign that I should go up to the house of Yahweh?”