< ဟေရှာယ 37 >
1 ၁ ထိုသူတို့၏အစီရင်ခံချက်ကိုကြားလျှင် ကြားခြင်း၊ ဟေဇကိမင်းသည်ဝမ်းနည်းပူ ဆွေးလျက် မိမိ၏အဝတ်များဆုတ်ဖြဲပြီး လျှင်လျှော်တေကိုဝတ်၍ ထာဝရဘုရား ၏ဗိမာန်တော်သို့သွားတော်မူ၏။-
၁ထိုစကားကို ဟေဇကိမင်းကြီးသည် ကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍ လျှော်တေအဝတ်ကို ခြုံလျက် ဗိ မာန်တော်သို့ သွားလေ၏။
2 ၂ မင်းကြီးသည်နန်းတော်အုပ်ဧလျာကိမ်၊ နန်း တော်အတွင်းဝန်ရှေဗနနှင့်အသက်ကြီး သူယဇ်ပုရောဟိတ်များကိုအာမုတ်၏သား ဟေရှာယထံသို့စေလွှတ်တော်မူ၏။ ထိုသူ တို့သည်လည်းလျှော်တေကိုဝတ်ဆင်ထား ကြ၏။-
၂လျှော်တေအဝတ်ကို ဝတ်လျက်ရှိသော နန်း တော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေ့ဗန၊ အသက် ကြီးသော ယဇ်ပုရောဟိတ်တို့ကို၊ အာမုတ်သားပရောဖက် ဟေရှာယထံသို့ စေလွှတ်လေ၏။
3 ၃ မင်းကြီးက``ယနေ့သည်ဒုက္ခရောက်ရာနေ့ ဖြစ်ပါ၏။ အကျွန်ုပ်တို့သည်အပြစ်ဒဏ်ကို ခံရ၍အရှက်ကွဲလျက်ရှိကြပါ၏။ အကျွန်ုပ်တို့သည်အချိန်ရောက်သော်လည်း ခွန်အားမရှိသဖြင့် သားမဖွားနိုင်သည့် အမျိုးသမီးနှင့်တူပါ၏။-
၃ဟေဇကိမင်းမှာ ထားသော စကားဟူမူကား၊ ယနေ့သည် ဒုက္ခနေ့၊ ဆုံးမသောနေ့၊ ကဲ့ရဲ့ခြင်းကို ခံရ သောနေ့ဖြစ်၏။ သားဘွားချိန်ရောက်၍သားကို ဘွားနိုင် အောင်ခွန်အားမရှိ။
4 ၄ အာရှုရိဧကရာဇ်သည်မိမိ၏ဗိုလ်ချုပ်ကို စေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်အားစော်ကားသည့်စကားများကို ပြောဆိုစေပါ၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည်ထိုစကားတို့ကို ကြားတော်မူ၍ ယင်းသို့ပြောဆိုသူတို့ အားအပြစ်ဒဏ်စီရင်တော်မူပါစေသော၊ သင်သည်လည်းအသက်မသေဘဲကျန်ရှိ နေသေးသူအကျွန်ုပ်တို့လူစုအတွက် ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထ နာပြုပါလော့'' ဟုအမှာစာရေး၍ ဟေရှာယထံပေးပို့လိုက်၏။
၄အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ စေခြင်းငှါ၊ အာရှုရိရှင်ဘုရင် စေလွှတ်သော မိမိကျွန် ရာဗရှာခ စကားကို သင်၏ဘုရားသခင် ထာဝရဘုရား ကြားတော်မူပါစေသော။ သင်၏ဘုရားသခင် ထာဝရဘု ရားသည် ကိုယ်တော်တိုင်ကြားသောစကားကို ချေတော် မူပါစေသော။ သင်သည်လည်းကျန်ကြွင်းသော လူတို့အ ဘို့ ဆုတောင်းပဌနာပြုပါဟု ပြောစေခြင်းငှါ၊
5 ၅ ဟေဇကိမင်း၏အမှာစာကိုရရှိသော အခါ၊-
၅ဟေဇကိမင်း စေလွှတ်သော ကျွန်တို့သည် ဟေ ရှာယထံသို့ ရောက်လာကြ၏။
6 ၆ ဟေရှာယသည်``ထာဝရဘုရားကမိမိ အား အာရှုရိအမျိုးသားတို့၏စော်ကား ပြောဆိုသည့်စကားများအတွက် စိတ် အနှောင့်အယှက်မဖြစ်ရန်သင့်အားမိန့် မှာတော်မူပါ၏။-
၆ဟေရှာယကလည်း၊ ထာဝရဘုရားမိန့်တော်မူ သည်ကား၊ အာရှုရိရှင်ဘုရင်၏ ကျွန်တို့သည် ငါ့ကို ကဲ့ရဲ့ ၍၊ သင်သည် ကြားရသော စကားကြောင့် မကြောက်နှင့်။
7 ၇ ထာဝရဘုရားသည်ဧကရာဇ်မင်းအား မိမိ၏ပြည်သို့ပြန်စေရန် သတင်းတစ်စုံတစ် ရာကိုကြားသိစေတော်မူလိမ့်မည်။ ထိုနောက် သူ့ကိုထိုပြည်၌ပင်အဆုံးစီရင်တော်မူ ပေအံ့'' ဟုပြန်ကြားလိုက်၏။
၇ထိုမင်း၌ အခြားသော စိတ်သဘောကို ငါသွင်း ပေးမည်။ သူသည် သိတင်းကြား၍ မိမိပြည်သို့ ပြန်သွား လိမ့်မည်။ ထိုပြည်၌ ထားဖြင့် ငါဆုံးစေမည်ဟူသော စ ကားတော်ကို သင်တို့၏ သခင်အား ပြန်ကြားကြလော့ဟု ပြောဆို၏။
8 ၈ ဧကရာဇ်မင်းသည်လာခိရှမြို့မှထွက် ခွာပြီးလျှင် အနီးအနားရှိလိဗနမြို့ကို တိုက်ခိုက်လျက်ရှိကြောင်းကြားသိသော အခါ၊ အာရှုရိဗိုလ်ချုပ်သည်မင်းကြီးနှင့် ဆွေးနွေးတိုင်ပင်ရန် ထိုအရပ်သို့သွားလေ သည်။-
၈ထိုအခါ အာရှုရိရှင်ဘုရင်သည် လာခိရှမြို့မှ ထွက် သွားကြောင်းကို ရာဗရှာခကြားလျှင်၊ ပြန်သွား၍ လိဗန မြို့ကို ရှင်ဘုရင်တိုက်နေသည်ကို တွေ့လေ၏။
9 ၉ ထိုအခါဆူဒန်ဘုရင်တိရက္ကဦးစီးခေါင်း ဆောင်သည့်အီဂျစ်တပ်မတော်သည် မိမိတို့ အားတိုက်ခိုက်ရန်ချီတက်လာကြောင်းအာ ရှုရိအမျိုးသားတို့သတင်းရရှိကြ၏။-
၉နောက်တဖန် ကုရှမင်းကြီးတိရက္ကသည် စစ်ချီ၍ လာပြီဟု သိတင်းကြားသောအခါ၊ ဟေဇကိမင်းထံသို့ တ မန်တို့ကို စေလွှတ်ပြန်၍၊
10 ၁၀ ထိုသတင်းကိုကြားသောအခါဧကရာဇ် မင်းသည်ယုဒဘုရင်ဟေဇကိထံသို့သဝဏ် လွှာတစ်စောင်ရေး၍ပေးပို့လိုက်လေသည်။ ထို သဝဏ်လွှာတွင်``သင်ကိုးစားသည့်ဘုရားသခင်က သင်သည်ငါ၏လက်တွင်းသို့ကျ ရောက်ရလိမ့်မည်မဟုတ်ဟု မိန့်တော်မူသော စကားကြောင့်အထင်အမြင်မမှားပါ လေနှင့်။-
၁၀သင်တို့သည် ယုဒမင်းကြီးဟေဇကိကို ပြောရ သော စကားဟူမူကား၊ သင်ကိုးစားသော ဘုရားသခင်က၊ ယေရုရှလင်မြို့သည် အာရှုရိရှင်ဘုရင်လက်သို့ မရောက် ရဟူ၍ သင့်ကို မလှည့်စားပါနှင့်။
11 ၁၁ အာရှုရိဧကရာဇ်သည်မိမိဖျက်ဆီးပစ် ရန် ဆုံးဖြတ်ထားသည့်တိုင်းနိုင်ငံကိုအဘယ် သို့ပြုတော်မူတတ်သည်ကိုသင်ကြားသိ ရပြီးဖြစ်ပါ၏။ သင်ကိုယ်တိုင်ပင်လျှင်ငါ ၏လက်မှလွတ်မြောက်နိုင်လိမ့်မည်ဟုမ ထင်မှတ်ပါနှင့်။-
၁၁အာရှုရိရှင်ဘုရင်တို့သည် ခပ်သိမ်းသောပြည်တို့ ကိုလုပ်ကြံ၍ ရှင်းရှင်းဖျက်ဆီးကြောင်းကို သင်သည်ကြား ရပြီ။ ကိုယ်တိုင်လွတ်လိမ့်မည်လော။
12 ၁၂ ငါ၏ဘိုးဘေးတို့သည်ဂေါဇန်မြို့၊ ခါရန်မြို့ နှင့်ရေဇပ်မြို့တို့ကိုဖျက်ဆီးပစ်ပြီးလျှင် တေလဇာမြို့တွင်နေထိုင်သူဘေသေဒင် အမျိုးသားတို့အားသုတ်သင်ပစ်ခဲ့ကြ၏။ သူတို့၏ဘုရားများအနက်အဘယ်မည် သောဘုရားမျှသူတို့ကိုမကယ်နိုင်ကြ။-
၁၂ငါ့ဘိုးဘေးတို့သည် ဖျက်ဆီးသော အမျိုးသား၊ ဂေါဇန်အမျိုးသား၊ ခါရန်အမျိုးသား၊ ရေဇပ်အမျိုးသား၊ တေလသာမြို့၌ ရှိသောဧဒင်အမျိုးသားတို့ကို၊သူတို့၏ ဘုရားများတို့သည် ကယ်ယူကြပြီလော။
13 ၁၃ ဟာမတ်မြို့၊ အာပဒ်မြို့၊ သေဖရဝိမ်မြို့၊ ဟေနမြို့နှင့်ဣဝါမြို့တွင်စိုးစံခဲ့သော ဘုရင်များသည်ယခုအဘယ်မှာရှိ ကြပါသနည်း'' ဟုဖော်ပြပါရှိ၏။
၁၃ဟာမတ်မင်းကြီး၊ အာပဒ်မင်းကြီးနှင့် သေဖရ ဝိမ်မြို့၊ ဟေနမြို့၊ဣဝါမြို့ကို စိုးစံသောမင်းကြီးတို့သည် အဘယ်မှာ ရှိကြသနည်းဟု မှာလိုက်လေ၏။
14 ၁၄ ဟေဇကိမင်းသည်ထိုသဝဏ်လွှာကိုသံ တမန်များထံမှယူ၍ဖတ်ပြီးလျှင် ဗိမာန် တော်သို့သွား၍ ထာဝရဘုရား၏ရှေ့တော် တွင်ချထား၏။-
၁၄ထိုမှာစာကို ဟေဇကိမင်းသည် သံတမန်လက်မှ ခံယူ၍ ကြည့်ပြီးလျှင်၊ ဗိမာန်တော်သို့ သွား၍ ထာဝရဘု ရားရှေ့တော်၌ ဖြန့်ထားလေ၏။
15 ၁၅ ထိုနောက်``ခမ်းနားတင့်တယ်သည့်ပလ္လင်ပေါ်တွင် စံတော်မူသော အို ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် ရှင်တစ်ပါးတည်းသာလျှင် ကမ္ဘာနိုင်ငံအရပ် ရပ်ကိုအစိုးရသောဘုရားဖြစ်တော်မူပါ ၏။ ကိုယ်တော်ရှင်သည်ကမ္ဘာမိုးမြေကိုဖန် ဆင်းတော်မူပါ၏။-
၁၅ထိုအခါ ဟေဇတိမင်းသည် ထာဝရဘုရားရှေ့ တော်၌ လျှောက်ဆိုသည်ကား၊
၁၆ခေရုဗိမ်ပေါ်မှာထိုင်တော်မူသော၊ ဣသရေလ အမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်တပါးတည်းသာလျှင်၊ မြေကြီးပေါ်မှာ ရှိသမျှ သောအတိုင်းတိုင်း အပြည်ပြည်တို့၏ဘုရားသခင် ဖြစ် တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။
17 ၁၇ အို ထာဝရဘုရား၊ ယခုကျွန်တော်မျိုးတို့ ၏လျှောက်ထားချက်ကိုနားထောင်တော်မူ၍ ကျွန်တော်မျိုးတို့အားကြည့်တော်မူပါ။ အသက်ရှင်တော်မူသောဘုရားတည်းဟူ သောကိုယ်တော်ရှင်အား သနာခရိပ်စော် ကားပြောဆိုသောစကားမှန်သမျှကို နားထောင်တော်မူပါ။-
၁၇အိုထာဝရဘုရား၊ နားတော်ကို လှည့်၍ နား ထောင်တော်မူပါ။ အိုထာဝရဘုရား၊ မျက်စိတော်ကို ဖွင့် ၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင် တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့၍၊ ပြောစေသော စ ကားအလုံးစုံတို့ကို မှတ်တော်မူပါ။
18 ၁၈ အို ထာဝရဘုရား၊ အာရှုရိဧကရာဇ်မင်း များသည်လူမျိုးတကာတို့ကိုပျက်ပြုန်း စေ၍ သူတို့၏ပြည်များကိုလူသူဆိတ် ငြိမ်ရာဖြစ်စေလျက်-
၁၈အိုထာဝရဘုရား၊ အကယ်စင်စစ် အာရှုရိရှင် ဘုရင်တို့သည် အတိုင်းတိုင်း အပြည်ပြည်တို့ကို ဖျက်ဆီး၍၊
19 ၁၉ သူတို့၏ဘုရားများကိုလည်းမီးရှို့ပစ် ကြသည်ကို ကျွန်တော်မျိုးတို့သိကြပါ၏။ ထိုဘုရားတို့သည်ဘုရားအစစ်မဟုတ်။ လူ့လက်ဖြင့်လုပ်သည့်သစ်သားရုပ်၊ ကျောက် ရုပ်များသာဖြစ်ပါ၏။-
၁၉သူတို့၏ ဘုရားများကို မီးထဲသို့ချပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူလက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်ဖြစ်သောကြောင့်၊ ပျက်စီးခြင်းသို့ ရောက်ကြပါပြီ။
20 ၂၀ အို ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာ ဝရဘုရား၊ ယခုပင်ကျွန်တော်မျိုးတို့အား အာရှုရိအမျိုးသားတို့၏လက်မှကယ်တော် မူပါ။ သို့မှသာလျှင်ကိုယ်တော်ရှင်တစ်ပါး တည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူကြောင်း ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သိရှိကြပါ လိမ့်မည်'' ဟုဆုတောင်းပတ္ထနာပြုတော်မူ၏။
၂၀အိုအကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား၊ကိုယ် တော် ထာဝရဘုရား တပါးသာ၊ ဘုရားသခင်ဖြစ်တော် မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း၊ အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခု ကယ်ယူတော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပဋ္ဌနာ ပြုလေ၏။
21 ၂၁ ထိုနောက်ထာဝရဘုရားသည်မင်းကြီး၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူပြီ ဖြစ်ကြောင်း ဟေရှာယသည်ဟေဇကိမင်း ထံသို့ပေးပို့ရာတွင်-
၂၁ထိုအခါ အာမုတ်သား ဟေရှာယသည် ဟေဇကိ မင်းထံသို့ စေလွှတ်၍၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရှုရိ ရှင်ဘုရင်သနာခရိပ် အကြောင်းကြောင့်၊ ငါ့ရှေ့မှာ ပဌနာ ပြုသည် ဖြစ်၍၊
22 ၂၂ ထာဝရဘုရားက``အချင်းသနာခရိပ်၊ ယေရု ရှလင်မြို့သည်သင့်ကိုကြည့်၍ပြုံးကာပြက် ရယ်ပြုလေပြီ။-
၂၂ထိုမင်း၏အမှုမှာ ထာဝရဘုရားမိန့်တော်မူ သော စကားဟူမူကား၊ ဇိအုန်သတို့သမီးကညာသည် သင့် ကို မထီမဲ့မြင် ပြု၍ ပြက်ယယ်၏။ ယေရုရှလင်သတို့သမီး သည် သင့်နောက်၌ ခေါင်းညှိတ်၏။
23 ၂၃ သင်သည်အဘယ်သူအားစော်ကားကဲ့ရဲ့လျက် နေသည်ဟုထင်မှတ်ပါသနည်း။ ဣသရေလ အမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်တော်မူ သောငါဘုရားအားမလေးမခန့်ပြု၍ နေပါသည်တကား။-
၂၃သင်သည် အဘယ်သူကို ကဲ့ရဲ့ဆဲရေး သနည်း။ အဘယ်သူကို အော်ဟစ်၍ မျက်နှာထောင်လွှားသနည်း။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကိုပင် ပြုပါ သည်တကား။
24 ၂၄ သင်သည်မိမိ၏စစ်ရထားအပေါင်းဖြင့် အမြင့်ဆုံးတောင်များကိုလည်းကောင်း၊ လေ ဗနုန်တောင်ထိပ်များကိုပင်လည်းကောင်းနှိမ် နင်းအောင်မြင်ခဲ့ကြောင်း ငါ့အားကြွားဝါရန် သံတမန်များကိုစေလွှတ်ခဲ့၏။ ထိုအရပ် ရှိအမြင့်ဆုံးအာရဇ်ပင်များနှင့်အလှဆုံး ထင်းရှူးပင်များကိုခုတ်လှဲကာ၊ တောနက် ကြီးများသို့ရောက်ရှိခဲ့ကြောင်းကြွားဝါ ခဲ့၏။-
၂၄သင်သည် ကျွန်များအားဖြင့် ထာဝရဘုရားကို ကဲ့ရဲ့၍၊ ငါသည် ရထားများပြားသဖြင့် တောင်ထိပ်သို့ ၎င်း၊ လေဗနုန်တောင်အထွဋ်သို့၎င်း တက်လာပြီ။ အရပ် မြင့်သောအာရဇ်ပင်နှင့် အကောင်းဆုံးသော ထင်းရူးပင် တို့ကို ငါခုတ်လှဲပြီ။ အမြင့်ဆုံးသောအရပ်၊ အသီးများ သောတောထဲသို့ ငါဝင်ပြီ။
25 ၂၅ သင်သည်ရေတွင်းများကိုတူး၍တိုင်းတစ်ပါး မှရေကိုသောက်ခဲ့သည်ဟူ၍လည်းကောင်း၊ သင့် တပ်မတော်သားတို့သည်ခြေဖြင့်နင်း၍နိုင်း မြစ်ရေကိုခန်းခြောက်စေခဲ့သည်ဟူ၍လည်း ကောင်းကြွားဝါခဲ့၏။
၂၅ငါသည် တွင်းတူး၍ ရေကိုသောက်ရပြီ။ ငါ၏ ခြေဘဝါးအားဖြင့် အဲဂုတ္တုမြစ်လက်ကြား ရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီတကား။
26 ၂၆ ``ရှေးမဆွကပင်လျှင်ဤအမှုအရာများ ကို ငါစီမံခန့်ခွဲထားခဲ့ကြောင်းသင်အဘယ် ၌မျှမကြားဘူးပါသလော။ ယခုထိုအမှု အရာတို့ကိုငါဖြစ်ပွားစေလေပြီ။ ခံတပ် မြို့များကိုအမှိုက်ပုံအဖြစ်သို့ပြောင်းလဲ ပစ်နိုင်သောတန်ခိုးကိုသင့်အားငါပေးအပ် ခဲ့၏။-
၂၆ငါသည်အထက်က ဤအမှုကို စီရင်ကြောင်းနှင့်၊ ရှေးကာလ၌ ပြုပြင်ကြောင်းကို သင်သည်မကြားသ လော။ ယခုမှာလည်း သင်သည် ခိုင်ခံ့သောမြို့တို့ကို ဖျက် ဆီး၍၊ ကျောက်ပုံ ဖြစ်စေသောသူဖြစ်မည် အကြောင်း ငါစီရင် ခန့်ထားလေပြီ။
27 ၂၇ ထိုမြို့များတွင်နေထိုင်သူတို့သည်အဘယ် သို့မျှမတတ်နိုင်။ ကြောက်လန့်လျက်ကြက်သေ သေ၍နေကြ၏။ သူတို့သည်အရှေ့လေပူ တိုက်၍ညှိုးနွမ်းသွားသည့်လယ်မြက်များ၊ အိမ်ခေါင်မိုးပေါ်ရှိပေါင်းပင်များနှင့်တူ ကြ၏။''
၂၇ထိုကြောင့်၊ မြို့သားတို့သည် အားနည်းကြ၏။ မှိုင်တွေ၍ စိတ်ပျက်လျက်ရှိကြ၏။ တောမြက်ပင်နှင့် စိမ်း သောစပါးပင်ကဲ့သို့၎င်း၊ အိမ်မိုးပေါ်မှာ ပေါက်သော မြက် ပင်နှင့်၊ မကြီးမှီ ညှိုးနွမ်းသောစပါးပင်ကဲ့သို့၎င်း ဖြစ်ကြ၏။
28 ၂၈ ``သို့ရာတွင်သင်၏အကြောင်းကိုအကုန် အစင်ငါသိ၏။ သင်အဘယ်အမှုကိုပြု ၍အဘယ်အရပ်သို့သွားသည်ကိုလည်း ကောင်း၊ ငါ့အားအဘယ်မျှအမျက်ထွက် လျက်နေသည်ကိုလည်းကောင်းငါသိ၏။-
၂၈သင်၏ နေထိုင်ခြင်း၊ ထွက်ဝင်ခြင်း၊ ငါ၌အမျက် ဟုန်းခြင်းတို့ကို ငါသိ၏။
29 ၂၉ သင်အမျက်ထွက်ပုံ၊ မာန်မာနကြီးပုံတို့ ကိုငါကြားသိရလေပြီ။ သို့ဖြစ်၍၊ ငါသည် သင့်ကိုနှာရှုတ်တပ်၍ဇက်ခွံ့ပြီးလျှင်လာ လမ်းအတိုင်းပြန်စေမည်။''
၂၉ငါ၌ သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကို နှာရှုတ်တပ်၍ ဇက်ခွံ့ပြီး မှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။
30 ၃၀ ထိုနောက်ဟေရှာယသည်ဟေဇကိမင်း အား``နောင်အခါဖြစ်ပျက်မည့်အမှုအရာ များ၏ရှေ့ပြေးနိမိတ်ကားဤသို့တည်း။ သင် သည်ယခုနှစ်၌လည်းကောင်း၊ နောင်နှစ်ခါ၌ လည်းကောင်းစပါးရိုင်းကိုသာလျှင်စားရ လိမ့်မည်။ သို့ရာတွင်တတိယနှစ်၌မူဂျုံ စပါးကိုစိုက်ပျိုးရိတ်သိမ်းရလိမ့်မည်။ စပျစ်ပင်များကိုလည်းစိုက်၍စပျစ် သီးများကိုစားရလိမ့်မည်။-
၃၀သင်မှတ်ရသော နိမိတ်လက္ခဏာဟူမူကား၊ ယ ခုနှစ်တွင် အလိုလိုကြီးရင့်သော အသီးအနှံကို၎င်း၊ ဒုတိယ နှစ်တွင် ထိုအတူ ပေါက်သောအရာများကို၎င်း သင်တို့ သည် စားရမည်။ တတိယနှစ်တွင် မျိုးစေ့ကိုကြဲ၍ စပါးကို ရိတ်ကြလော့။ စပျစ်ဥယျာဉ်ကိုလည်း စိုက်၍ အသီးကို စားကြလော့။
31 ၃၁ ယုဒပြည်တွင်အသက်မသေဘဲကျန်ရှိ နေသူတို့သည်မြေတွင်နက်စွာအမြစ်စွဲ ၍သီးနှံများကိုဆောင်သည့်အပင်ငယ် များကဲ့သို့ရှင်သန်ဖွံ့ဖြိုးကြလိမ့်မည်။-
၃၁ဘေးလွတ်၍ ကျန်ကြွင်းသော ယုဒအမျိုးသား တို့သည် တဖန်အောက်မှာ အမြစ်စွဲ၍၊ အထက်မှာ အသီး သီးကြလိမ့်မည်။
32 ၃၂ ယေရုရှလင်မြို့နှင့်ဇိအုန်တောင်ပေါ်တွင် လူတို့သည်အသက်မသေဘဲကျန်ရှိနေ ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ယင်းသို့ ကျန်ရှိစေရန် ထာဝရဘုရားသန္နိဋ္ဌာန်ချ မှတ်ထားတော်မူသောကြောင့်ဖြစ်၏။''
၃၂ကျန်ကြွင်းသောသူတို့သည် ယေရုရှလင်မြို့ထဲ က၎င်း၊ ဘေးလွတ်သောသူတို့သည် ဇိအုန်တောင်ပေါ်က ၎င်းပေါ်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို စီရင်တော် မူလိမ့်မည်။
33 ၃၃ အာရှုရိဧကရာဇ်မင်း၏အကြောင်းထာဝရ ဘုရားမိန့်တော်မူသည်ကားဤသို့တည်း။ ကိုယ် တော်က``ထိုသူသည်ဤမြို့ကိုဝင်ရလိမ့်မည် မဟုတ်။ မြို့ထဲသို့လည်းမြားတစ်လက်မျှပင် ပစ်ရလိမ့်မည်မဟုတ်။ အဘယ်စစ်သူရဲမျှ ဒိုင်းလွှားကိုကိုင်ဆောင်၍မြို့အနီးသို့ချဉ်း ကပ်ရလိမ့်မည်မဟုတ်။ မြို့ကိုဝိုင်းရံရန်မြေ ကတုတ်များကိုလည်းဖို့လုပ်ရလိမ့်မည် မဟုတ်။-
၃၃သို့ဖြစ်၍၊ ထာဝရဘုရားသည် အာရှုရိ ရှင်ဘုရင် ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ သူသည် ဤမြို့သို့ မဝင်ရ။ မြို့ထဲသို့ မြှားကို မပစ်ရ။ မြို့ရှေ့မှာ ဒိုင်းလွှားကို မပြရ။ မြို့ပြင်မှာ မြေရိုးကို မဖို့ရ။
34 ၃၄ အာရှုရိမင်းသည်မိမိလာလမ်းဖြင့်ပြန်ရ လိမ့်မည်။ သူသည်မြို့ထဲသို့ဝင်ရလိမ့်မည်မ ဟုတ်။ ဤကား၊ ငါထာဝရဘုရားမိန့်တော် မူသောစကားဖြစ်၏။-
၃၄လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ မဝင်ရ။
35 ၃၅ ငါသည်မိမိ၏ဂုဏ်သိက္ခာကိုလည်းကောင်း၊ ငါ၏အစေခံဒါဝိဒ်အားပေးခဲ့သည့်ကတိ တော်ကိုလည်းကောင်းထောက်၍ဤမြို့ကိုကာ ကွယ်စောင့်ထိန်းမည်'' ဟုမိန့်တော်မူ၏။
၃၅ငါသည် ကိုယ်မျက်နှာကို၎င်း၊ ငါ့ကျွန်ဒါဝိဒ်၏ မျက်နှာကို၎င်း ထောက်၍၊ ဤမြို့ကို ကယ်တင်ခြင်းငှါ စောင့်မမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
36 ၃၆ ထိုညဥ့်၌ထာဝရဘုရား၏ကောင်းကင်တမန် သည် အာရှုရိတပ်စခန်းသို့ဝင်၍တပ်သား တစ်သိန်းရှစ်သောင်းငါးထောင်ကိုသုတ်သင်ပစ် လေသည်။ နောက်တစ်နေ့အရုဏ်တက်ချိန်၌ ထိုသူအပေါင်းတို့သည်လဲ၍သေနေကြ၏။-
၃၆ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန် သည် ထွက်၍၊ အာရှုရိတပ်တွင် လူတသိန်း ရှစ်သောင်း ငါးထောင်တို့ကို ဒဏ်ခတ်လေ၏။ နံနက်စောစော ထချိန် ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည် အသေကောင် ဖြစ်ကြ၏။
37 ၃၇ ထိုအခါအာရှုရိဧကရာဇ်မင်းသည်တပ် ခေါက်၍နိနေဝေမြို့သို့ပြန်တော်မူ၏။-
၃၇အာရှုရိရှင်ဘုရင် သနာခရိပ်သည်လည်း၊ ထို အရပ်မှထွက်၍ ပြန်သွားပြီးလျှင်၊ နိနေဝေမြို့၌ နေလေ ၏။
38 ၃၈ တစ်နေ့သ၌သူသည်မိမိဘုရားနိသရုတ် ၏ဗိမာန်တော်တွင်ဝတ်ပြုကိုးကွယ်၏။ ဝတ်ပြု နေစဉ်သားတော်များဖြစ်သောအာဒြမ္မေလက် နှင့်ရှရေဇာတို့သည်မင်းကြီးအား ဋ္ဌားနှင့် ခုတ်သတ်ပြီးလျှင်အာရရတ်ပြည်သို့ထွက် ပြေးကြ၏။ အခြားသားတော်တစ်ပါးဖြစ် သူဧသရဟဒ္ဒုန်သည်ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်လေ သည်။
၃၈နောက်တဖန် သူသည် မိမိဘုရား နိသရုတ်၏ ဗိမာန်၌ ကိုးကွယ်စဉ်တွင်၊ သားတော် အာဒြမ္မေလက်နှင့် ရှရေဇာသည် ခမည်းတော်ကို ထားနှင့် သတ်ပြီးလျှင်၊ အာရမနိပြည်သို့ ပြေးကြ၏။ သားတော် ဧသရဟဒ္ဒုန် သည်လည်း၊ ခမည်းတော်အရာ၌ နန်းထိုင်၏။