< ဟေရှာယ 37 >

1 ထို​သူ​တို့​၏​အ​စီ​ရင်​ခံ​ချက်​ကို​ကြား​လျှင် ကြား​ခြင်း၊ ဟေ​ဇ​ကိ​မင်း​သည်​ဝမ်း​နည်း​ပူ ဆွေး​လျက် မိ​မိ​၏​အ​ဝတ်​များ​ဆုတ်​ဖြဲ​ပြီး လျှင်​လျှော်​တေ​ကို​ဝတ်​၍ ထာ​ဝ​ရ​ဘု​ရား ၏​ဗိ​မာန်​တော်​သို့​သွား​တော်​မူ​၏။-
And it came to pass, when king Hezekiah heard it, that he rent his clothes, and covered himself with sackcloth, and went into the house of the LORD.
2 မင်း​ကြီး​သည်​နန်း​တော်​အုပ်​ဧ​လျာ​ကိမ်၊ နန်း တော်​အ​တွင်း​ဝန်​ရှေ​ဗ​န​နှင့်​အ​သက်​ကြီး သူ​ယဇ်​ပု​ရော​ဟိတ်​များ​ကို​အာ​မုတ်​၏​သား ဟေ​ရှာ​ယ​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။ ထို​သူ တို့​သည်​လည်း​လျှော်​တေ​ကို​ဝတ်​ဆင်​ထား ကြ​၏။-
And he sent Eliakim, who was over the household, and Shebna the scribe, and the elders of the priests covered with sackcloth, to Isaiah the prophet the son of Amoz.
3 မင်း​ကြီး​က``ယ​နေ့​သည်​ဒုက္ခ​ရောက်​ရာ​နေ့ ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အပြစ်​ဒဏ်​ကို ခံ​ရ​၍​အ​ရှက်​ကွဲ​လျက်​ရှိ​ကြ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ချိန်​ရောက်​သော်​လည်း ခွန်​အား​မ​ရှိ​သ​ဖြင့် သား​မ​ဖွား​နိုင်​သည့် အ​မျိုး​သ​မီး​နှင့်​တူ​ပါ​၏။-
And they said to him, Thus says Hezekiah, This day is a day of trouble, and of rebuke, and of blasphemy: for the children are come to the birth, and there is not strength to bring forth.
4 အာ​ရှု​ရိ​ဧ​က​ရာဇ်​သည်​မိ​မိ​၏​ဗိုလ်​ချုပ်​ကို စေ​လွှတ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​စော်​ကား​သည့်​စ​ကား​များ​ကို ပြော​ဆို​စေ​ပါ​၏။ သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​စ​ကား​တို့​ကို ကြား​တော်​မူ​၍ ယင်း​သို့​ပြော​ဆို​သူ​တို့ အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပါ​စေ​သော၊ သင်​သည်​လည်း​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ နေ​သေး​သူ​အ​ကျွန်ုပ်​တို့​လူ​စု​အ​တွက် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ နာ​ပြု​ပါ​လော့'' ဟု​အ​မှာ​စာ​ရေး​၍ ဟေ​ရှာ​ယ​ထံ​ပေး​ပို့​လိုက်​၏။
It may be the LORD your God will hear the words of Rabshakeh, whom the king of Assyria his master has sent to reproach the living God, and will reprove the words which the LORD your God has heard: why lift up your prayer for the remnant that is left.
5 ဟေ​ဇ​ကိ​မင်း​၏​အ​မှာ​စာ​ကို​ရ​ရှိ​သော အ​ခါ၊-
So the servants of king Hezekiah came to Isaiah.
6 ဟေ​ရှာ​ယ​သည်``ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ အား အာ​ရှု​ရိ​အ​မျိုး​သား​တို့​၏​စော်​ကား ပြော​ဆို​သည့်​စ​ကား​များ​အ​တွက် စိတ် အ​နှောင့်​အ​ယှက်​မ​ဖြစ်​ရန်​သင့်​အား​မိန့် မှာ​တော်​မူ​ပါ​၏။-
And Isaiah said to them, Thus shall you say to your master, Thus says the LORD, Be not afraid of the words that you have heard, with which the servants of the king of Assyria have blasphemed me.
7 ထာ​ဝ​ရ​ဘု​ရား​သည်​ဧ​က​ရာဇ်​မင်း​အား မိ​မိ​၏​ပြည်​သို့​ပြန်​စေ​ရန် သ​တင်း​တစ်​စုံ​တစ် ရာ​ကို​ကြား​သိ​စေ​တော်​မူ​လိမ့်​မည်။ ထို​နောက် သူ့​ကို​ထို​ပြည်​၌​ပင်​အ​ဆုံး​စီ​ရင်​တော်​မူ ပေ​အံ့'' ဟု​ပြန်​ကြား​လိုက်​၏။
Behold, I will send a blast on him, and he shall hear a rumor, and return to his own land; and I will cause him to fall by the sword in his own land.
8 ဧ​က​ရာဇ်​မင်း​သည်​လာ​ခိ​ရှ​မြို့​မှ​ထွက် ခွာ​ပြီး​လျှင် အ​နီး​အ​နား​ရှိ​လိ​ဗ​န​မြို့​ကို တိုက်​ခိုက်​လျက်​ရှိ​ကြောင်း​ကြား​သိ​သော အ​ခါ၊ အာ​ရှု​ရိ​ဗိုလ်​ချုပ်​သည်​မင်း​ကြီး​နှင့် ဆွေး​နွေး​တိုင်​ပင်​ရန် ထို​အ​ရပ်​သို့​သွား​လေ သည်။-
So Rabshakeh returned, and found the king of Assyria warring against Libnah: for he had heard that he was departed from Lachish.
9 ထို​အ​ခါ​ဆူ​ဒန်​ဘု​ရင်​တိ​ရက္က​ဦး​စီး​ခေါင်း ဆောင်​သည့်​အီ​ဂျစ်​တပ်​မ​တော်​သည် မိ​မိ​တို့ အား​တိုက်​ခိုက်​ရန်​ချီ​တက်​လာ​ကြောင်း​အာ ရှု​ရိ​အ​မျိုး​သား​တို့​သ​တင်း​ရ​ရှိ​ကြ​၏။-
And he heard say concerning Tirhakah king of Ethiopia, He is come forth to make war with you. And when he heard it, he sent messengers to Hezekiah, saying,
10 ၁၀ ထို​သ​တင်း​ကို​ကြား​သော​အ​ခါ​ဧ​က​ရာဇ် မင်း​သည်​ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​ထံ​သို့​သ​ဝဏ် လွှာ​တစ်​စောင်​ရေး​၍​ပေး​ပို့​လိုက်​လေ​သည်။ ထို သ​ဝဏ်​လွှာ​တွင်``သင်​ကိုး​စား​သည့်​ဘု​ရား​သ​ခင်​က သင်​သည်​ငါ​၏​လက်​တွင်း​သို့​ကျ ရောက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု မိန့်​တော်​မူ​သော စ​ကား​ကြောင့်​အ​ထင်​အ​မြင်​မ​မှား​ပါ လေ​နှင့်။-
Thus shall you speak to Hezekiah king of Judah, saying, Let not your God, in whom you trust, deceive you, saying, Jerusalem shall not be given into the hand of the king of Assyria.
11 ၁၁ အာ​ရှု​ရိ​ဧ​က​ရာဇ်​သည်​မိ​မိ​ဖျက်​ဆီး​ပစ် ရန် ဆုံး​ဖြတ်​ထား​သည့်​တိုင်း​နိုင်​ငံ​ကို​အ​ဘယ် သို့​ပြု​တော်​မူ​တတ်​သည်​ကို​သင်​ကြား​သိ ရ​ပြီး​ဖြစ်​ပါ​၏။ သင်​ကိုယ်​တိုင်​ပင်​လျှင်​ငါ ၏​လက်​မှ​လွတ်​မြောက်​နိုင်​လိမ့်​မည်​ဟု​မ ထင်​မှတ်​ပါ​နှင့်။-
Behold, you have heard what the kings of Assyria have done to all lands by destroying them utterly; and shall you be delivered?
12 ၁၂ ငါ​၏​ဘိုး​ဘေး​တို့​သည်​ဂေါ​ဇန်​မြို့၊ ခါ​ရန်​မြို့ နှင့်​ရေ​ဇပ်​မြို့​တို့​ကို​ဖျက်​ဆီး​ပစ်​ပြီး​လျှင် တေ​လ​ဇာ​မြို့​တွင်​နေ​ထိုင်​သူ​ဘေ​သေ​ဒင် အ​မျိုး​သား​တို့​အား​သုတ်​သင်​ပစ်​ခဲ့​ကြ​၏။ သူ​တို့​၏​ဘု​ရား​များ​အ​နက်​အ​ဘယ်​မည် သော​ဘု​ရား​မျှ​သူ​တို့​ကို​မ​ကယ်​နိုင်​ကြ။-
Have the gods of the nations delivered them which my fathers have destroyed, as Gozan, and Haran, and Rezeph, and the children of Eden which were in Telassar?
13 ၁၃ ဟာ​မတ်​မြို့၊ အာ​ပဒ်​မြို့၊ သေ​ဖ​ရ​ဝိမ်​မြို့၊ ဟေ​န​မြို့​နှင့်​ဣ​ဝါ​မြို့​တွင်​စိုး​စံ​ခဲ့​သော ဘု​ရင်​များ​သည်​ယ​ခု​အ​ဘယ်​မှာ​ရှိ ကြ​ပါ​သ​နည်း'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။
Where is the king of Hamath, and the king of Arphad, and the king of the city of Sepharvaim, Hena, and Ivah?
14 ၁၄ ဟေ​ဇ​ကိ​မင်း​သည်​ထို​သ​ဝဏ်​လွှာ​ကို​သံ တ​မန်​များ​ထံ​မှ​ယူ​၍​ဖတ်​ပြီး​လျှင် ဗိ​မာန် တော်​သို့​သွား​၍ ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော် တွင်​ချ​ထား​၏။-
And Hezekiah received the letter from the hand of the messengers, and read it: and Hezekiah went up to the house of the LORD, and spread it before the LORD.
15 ၁၅ ထို​နောက်``ခမ်း​နား​တင့်​တယ်​သည့်​ပလ္လင်​ပေါ်​တွင် စံ​တော်​မူ​သော အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရှင်​တစ်​ပါး​တည်း​သာ​လျှင် ကမ္ဘာ​နိုင်​ငံ​အ​ရပ် ရပ်​ကို​အ​စိုး​ရ​သော​ဘု​ရား​ဖြစ်​တော်​မူ​ပါ ၏။ ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​မိုး​မြေ​ကို​ဖန် ဆင်း​တော်​မူ​ပါ​၏။-
And Hezekiah prayed to the LORD, saying,
16 ၁၆
O LORD of hosts, God of Israel, that dwell between the cherubim, you are the God, even you alone, of all the kingdoms of the earth: you have made heaven and earth.
17 ၁၇ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ကျွန်​တော်​မျိုး​တို့ ၏​လျှောက်​ထား​ချက်​ကို​နား​ထောင်​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​အား​ကြည့်​တော်​မူ​ပါ။ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​တည်း​ဟူ သော​ကိုယ်​တော်​ရှင်​အား သ​နာ​ခ​ရိပ်​စော် ကား​ပြော​ဆို​သော​စ​ကား​မှန်​သ​မျှ​ကို နား​ထောင်​တော်​မူ​ပါ။-
Incline your ear, O LORD, and hear; open your eyes, O LORD, and see: and hear all the words of Sennacherib, which has sent to reproach the living God.
18 ၁၈ အို ထာ​ဝ​ရ​ဘု​ရား၊ အာ​ရှု​ရိ​ဧ​ကရာဇ်​မင်း များ​သည်​လူ​မျိုး​တ​ကာ​တို့​ကို​ပျက်​ပြုန်း စေ​၍ သူ​တို့​၏​ပြည်​များ​ကို​လူ​သူ​ဆိတ် ငြိမ်​ရာ​ဖြစ်​စေ​လျက်-
Of a truth, LORD, the kings of Assyria have laid waste all the nations, and their countries,
19 ၁၉ သူ​တို့​၏​ဘု​ရား​များ​ကို​လည်း​မီး​ရှို့​ပစ် ကြ​သည်​ကို ကျွန်​တော်​မျိုး​တို့​သိ​ကြ​ပါ​၏။ ထို​ဘု​ရား​တို့​သည်​ဘု​ရား​အ​စစ်​မ​ဟုတ်။ လူ့​လက်​ဖြင့်​လုပ်​သည့်​သစ်​သား​ရုပ်၊ ကျောက် ရုပ်​များ​သာ​ဖြစ်​ပါ​၏။-
And have cast their gods into the fire: for they were no gods, but the work of men’s hands, wood and stone: therefore they have destroyed them.
20 ၂၀ အို ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​ကျွန်​တော်​မျိုး​တို့​အား အာ​ရှု​ရိ​အ​မျိုး​သား​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။ သို့​မှ​သာ​လျှင်​ကိုယ်​တော်​ရှင်​တစ်​ပါး တည်း​သာ​လျှင် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​သိ​ရှိ​ကြ​ပါ လိမ့်​မည်'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​တော်​မူ​၏။
Now therefore, O LORD our God, save us from his hand, that all the kingdoms of the earth may know that you are the LORD, even you only.
21 ၂၁ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မင်း​ကြီး​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပြီ ဖြစ်​ကြောင်း ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း ထံ​သို့​ပေး​ပို့​ရာ​တွင်-
Then Isaiah the son of Amoz sent to Hezekiah, saying, Thus says the LORD God of Israel, Whereas you have prayed to me against Sennacherib king of Assyria:
22 ၂၂ ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​သ​နာ​ခ​ရိပ်၊ ယေ​ရု ရှ​လင်​မြို့​သည်​သင့်​ကို​ကြည့်​၍​ပြုံး​ကာ​ပြက် ရယ်​ပြု​လေ​ပြီ။-
This is the word which the LORD has spoken concerning him; The virgin, the daughter of Zion, has despised you, and laughed you to scorn; the daughter of Jerusalem has shaken her head at you.
23 ၂၃ သင်​သည်​အ​ဘယ်​သူ​အား​စော်​ကား​ကဲ့​ရဲ့​လျက် နေ​သည်​ဟု​ထင်​မှတ်​ပါ​သ​နည်း။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ သော​ငါ​ဘု​ရား​အား​မ​လေး​မ​ခန့်​ပြု​၍ နေ​ပါ​သည်​တ​ကား။-
Whom have you reproached and blasphemed? and against whom have you exalted your voice, and lifted up your eyes on high? even against the Holy One of Israel.
24 ၂၄ သင်​သည်​မိ​မိ​၏​စစ်​ရ​ထား​အ​ပေါင်း​ဖြင့် အ​မြင့်​ဆုံး​တောင်​များ​ကို​လည်း​ကောင်း၊ လေ ဗ​နုန်​တောင်​ထိပ်​များ​ကို​ပင်​လည်း​ကောင်း​နှိမ် နင်း​အောင်​မြင်​ခဲ့​ကြောင်း ငါ့​အား​ကြွား​ဝါ​ရန် သံ​တ​မန်​များ​ကို​စေ​လွှတ်​ခဲ့​၏။ ထို​အ​ရပ် ရှိ​အ​မြင့်​ဆုံး​အာ​ရဇ်​ပင်​များ​နှင့်​အ​လှ​ဆုံး ထင်း​ရှူး​ပင်​များ​ကို​ခုတ်​လှဲ​ကာ၊ တော​နက် ကြီး​များ​သို့​ရောက်​ရှိ​ခဲ့​ကြောင်း​ကြွား​ဝါ ခဲ့​၏။-
By your servants have you reproached the Lord, and have said, By the multitude of my chariots am I come up to the height of the mountains, to the sides of Lebanon; and I will cut down the tall cedars thereof, and the choice fir trees thereof: and I will enter into the height of his border, and the forest of his Carmel.
25 ၂၅ သင်​သည်​ရေ​တွင်း​များ​ကို​တူး​၍​တိုင်း​တစ်​ပါး မှ​ရေ​ကို​သောက်​ခဲ့​သည်​ဟူ​၍​လည်း​ကောင်း၊ သင့် တပ်​မ​တော်​သား​တို့​သည်​ခြေ​ဖြင့်​နင်း​၍​နိုင်း မြစ်​ရေ​ကို​ခန်း​ခြောက်​စေ​ခဲ့​သည်​ဟူ​၍​လည်း ကောင်း​ကြွား​ဝါ​ခဲ့​၏။
I have dig, and drunk water; and with the sole of my feet have I dried up all the rivers of the besieged places.
26 ၂၆ ``ရှေး​မ​ဆွ​က​ပင်​လျှင်​ဤ​အ​မှု​အ​ရာ​များ ကို ငါ​စီ​မံ​ခန့်​ခွဲ​ထား​ခဲ့​ကြောင်း​သင်​အ​ဘယ် ၌​မျှ​မ​ကြား​ဘူး​ပါ​သ​လော။ ယ​ခု​ထို​အ​မှု အ​ရာ​တို့​ကို​ငါ​ဖြစ်​ပွား​စေ​လေ​ပြီ။ ခံ​တပ် မြို့​များ​ကို​အ​မှိုက်​ပုံ​အ​ဖြစ်​သို့​ပြောင်း​လဲ ပစ်​နိုင်​သော​တန်​ခိုး​ကို​သင့်​အား​ငါ​ပေး​အပ် ခဲ့​၏။-
Have you not heard long ago, how I have done it; and of ancient times, that I have formed it? now have I brought it to pass, that you should be to lay waste defended cities into ruinous heaps.
27 ၂၇ ထို​မြို့​များ​တွင်​နေ​ထိုင်​သူ​တို့​သည်​အ​ဘယ် သို့​မျှ​မ​တတ်​နိုင်။ ကြောက်​လန့်​လျက်​ကြက်​သေ သေ​၍​နေ​ကြ​၏။ သူ​တို့​သည်​အ​ရှေ့​လေ​ပူ တိုက်​၍​ညှိုး​နွမ်း​သွား​သည့်​လယ်​မြက်​များ၊ အိမ်​ခေါင်​မိုး​ပေါ်​ရှိ​ပေါင်း​ပင်​များ​နှင့်​တူ ကြ​၏။''
Therefore their inhabitants were of small power, they were dismayed and confounded: they were as the grass of the field, and as the green herb, as the grass on the housetops, and as corn blasted before it be grown up.
28 ၂၈ ``သို့​ရာ​တွင်​သင်​၏​အ​ကြောင်း​ကို​အ​ကုန် အ​စင်​ငါ​သိ​၏။ သင်​အ​ဘယ်​အ​မှု​ကို​ပြု ၍​အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို​လည်း ကောင်း၊ ငါ့​အား​အ​ဘယ်​မျှ​အ​မျက်​ထွက် လျက်​နေ​သည်​ကို​လည်း​ကောင်း​ငါ​သိ​၏။-
But I know your stayed, and your going out, and your coming in, and your rage against me.
29 ၂၉ သင်​အ​မျက်​ထွက်​ပုံ၊ မာန်​မာ​န​ကြီး​ပုံ​တို့ ကို​ငါ​ကြား​သိ​ရ​လေ​ပြီ။ သို့​ဖြစ်​၍၊ ငါ​သည် သင့်​ကို​နှာ​ရှုတ်​တပ်​၍​ဇက်​ခွံ့​ပြီး​လျှင်​လာ လမ်း​အ​တိုင်း​ပြန်​စေ​မည်။''
Because your rage against me, and your tumult, is come up into my ears, therefore will I put my hook in your nose, and my bridle in your lips, and I will turn you back by the way by which you came.
30 ၃၀ ထို​နောက်​ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း အား``နောင်​အ​ခါ​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ များ​၏​ရှေ့​ပြေး​နိ​မိတ်​ကား​ဤ​သို့​တည်း။ သင် သည်​ယ​ခု​နှစ်​၌​လည်း​ကောင်း၊ နောင်​နှစ်​ခါ​၌ လည်း​ကောင်း​စ​ပါး​ရိုင်း​ကို​သာ​လျှင်​စား​ရ လိမ့်​မည်။ သို့​ရာ​တွင်​တ​တိ​ယ​နှစ်​၌​မူ​ဂျုံ စ​ပါး​ကို​စိုက်​ပျိုး​ရိတ်​သိမ်း​ရ​လိမ့်​မည်။ စ​ပျစ်​ပင်​များ​ကို​လည်း​စိုက်​၍​စ​ပျစ် သီး​များ​ကို​စား​ရ​လိမ့်​မည်။-
And this shall be a sign to you, You shall eat this year such as grows of itself; and the second year that which springs of the same: and in the third year sow you, and reap, and plant vineyards, and eat the fruit thereof.
31 ၃၁ ယု​ဒ​ပြည်​တွင်​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ နေ​သူ​တို့​သည်​မြေ​တွင်​နက်​စွာ​အ​မြစ်​စွဲ ၍​သီး​နှံ​များ​ကို​ဆောင်​သည့်​အ​ပင်​ငယ် များ​ကဲ့​သို့​ရှင်​သန်​ဖွံ့​ဖြိုး​ကြ​လိမ့်​မည်။-
And the remnant that is escaped of the house of Judah shall again take root downward, and bear fruit upward:
32 ၃၂ ယေ​ရု​ရှ​လင်​မြို့​နှင့်​ဇိ​အုန်​တောင်​ပေါ်​တွင် လူ​တို့​သည်​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့ ကျန်​ရှိ​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​သန္နိ​ဋ္ဌာန်​ချ မှတ်​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။''
For out of Jerusalem shall go forth a remnant, and they that escape out of mount Zion: the zeal of the LORD of hosts shall do this.
33 ၃၃ အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​၏​အ​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​ကား​ဤ​သို့​တည်း။ ကိုယ် တော်​က``ထို​သူ​သည်​ဤ​မြို့​ကို​ဝင်​ရ​လိမ့်​မည် မ​ဟုတ်။ မြို့​ထဲ​သို့​လည်း​မြား​တစ်​လက်​မျှ​ပင် ပစ်​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​စစ်​သူ​ရဲ​မျှ ဒိုင်း​လွှား​ကို​ကိုင်​ဆောင်​၍​မြို့​အ​နီး​သို့​ချဉ်း ကပ်​ရ​လိမ့်​မည်​မ​ဟုတ်။ မြို့​ကို​ဝိုင်း​ရံ​ရန်​မြေ က​တုတ်​များ​ကို​လည်း​ဖို့​လုပ်​ရ​လိမ့်​မည် မ​ဟုတ်။-
Therefore thus says the LORD concerning the king of Assyria, He shall not come into this city, nor shoot an arrow there, nor come before it with shields, nor cast a bank against it.
34 ၃၄ အာ​ရှု​ရိ​မင်း​သည်​မိ​မိ​လာ​လမ်း​ဖြင့်​ပြန်​ရ လိမ့်​မည်။ သူ​သည်​မြို့​ထဲ​သို့​ဝင်​ရ​လိမ့်​မည်​မ ဟုတ်။ ဤ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ဖြစ်​၏။-
By the way that he came, by the same shall he return, and shall not come into this city, says the LORD.
35 ၃၅ ငါ​သည်​မိ​မိ​၏​ဂုဏ်​သိက္ခာ​ကို​လည်း​ကောင်း၊ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​ခဲ့​သည့်​က​တိ တော်​ကို​လည်း​ကောင်း​ထောက်​၍​ဤ​မြို့​ကို​ကာ ကွယ်​စောင့်​ထိန်း​မည်'' ဟု​မိန့်​တော်​မူ​၏။
For I will defend this city to save it for my own sake, and for my servant David’s sake.
36 ၃၆ ထို​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် အာ​ရှု​ရိ​တပ်​စ​ခန်း​သို့​ဝင်​၍​တပ်​သား တစ်​သိန်း​ရှစ်​သောင်း​ငါး​ထောင်​ကို​သုတ်​သင်​ပစ် လေ​သည်။ နောက်​တစ်​နေ့​အ​ရုဏ်​တက်​ချိန်​၌ ထို​သူ​အ​ပေါင်း​တို့​သည်​လဲ​၍​သေ​နေ​ကြ​၏။-
Then the angel of the LORD went forth, and smote in the camp of the Assyrians a hundred and fourscore and five thousand: and when they arose early in the morning, behold, they were all dead corpses.
37 ၃၇ ထို​အ​ခါ​အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​သည်​တပ် ခေါက်​၍​နိ​နေ​ဝေ​မြို့​သို့​ပြန်​တော်​မူ​၏။-
So Sennacherib king of Assyria departed, and went and returned, and dwelled at Nineveh.
38 ၃၈ တစ်​နေ့​သ​၌​သူ​သည်​မိ​မိ​ဘု​ရား​နိ​သ​ရုတ် ၏​ဗိ​မာန်​တော်​တွင်​ဝတ်​ပြု​ကိုး​ကွယ်​၏။ ဝတ်​ပြု နေ​စဉ်​သား​တော်​များ​ဖြစ်​သော​အာ​ဒြမ္မေ​လက် နှင့်​ရှ​ရေ​ဇာ​တို့​သည်​မင်း​ကြီး​အား ဋ္ဌား​နှင့် ခုတ်​သတ်​ပြီး​လျှင်​အာ​ရ​ရတ်​ပြည်​သို့​ထွက် ပြေး​ကြ​၏။ အ​ခြား​သား​တော်​တစ်​ပါး​ဖြစ် သူ​ဧ​သ​ရ​ဟဒ္ဒုန်​သည်​ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ သည်။
And it came to pass, as he was worshipping in the house of Nisroch his god, that Adrammelech and Sharezer his sons smote him with the sword; and they escaped into the land of Armenia: and Esarhaddon his son reigned in his stead.

< ဟေရှာယ 37 >