< ဟေရှာယ 36 >

1 ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​နန်း​စံ​တစ်​ဆယ့်​လေး နှစ်​မြောက်​၌ အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘုရင်​သ​နာ ခ​ရိပ်​သည် ယု​ဒ​ပြည်​ရှိ​ခံ​တပ်​မြို့​များ​ကို တိုက်​ခိုက်​သိမ်း​ယူ​လေ​သည်။-
Et il arriva en la quatorzième année du règne du roi Ezéchias, que Sennachérib, roi d’Assyrie, monta contre toutes les villes fortifiées de Juda, et les prit.
2 ထို​နောက်​သူ​သည်​မိ​မိ​၏​ဗိုလ်​ချုပ်​အား လာ​ခိ​ရှ မြို့​မှ​စစ်​သည်​အ​လုံး​အ​ရင်း​နှင့်​ယေ​ရု​ရှ​လင် မြို့​သို့​သွား​ရောက်​ကာ ဟေ​ဇ​ကိ​မင်း​အား​လက် နက်​ချ​ရန်​ပြော​ဆို​စေ​၏။ ဗိုလ်​ချုပ်​သည်​လည်း အ​ထက်​ရေ​ကန်​မှ​စီး​ဆင်း​လာ​သော​ရေ​သွယ် မြောင်း​အ​နီး၊ အ​ထည်​ယက်​လုပ်​သူ​တို့​၏ အ​လုပ်​စ​ခန်း​တည်​ရာ​လမ်း​ကို​သိမ်း​ယူ​လေ သည်။-
Et le roi des Assyriens envoya Rabsacès, de Lachis à Jérusalem, vers le roi Ezéchias, avec une armée considérable; et il s’arrêta à l’aqueduc de la piscine supérieure, dans la voie du Champ du foulon.
3 ထို​အ​ခါ​ယုဒ​ပြည်​သူ​သုံး​ဦး​တို့​သည်​သူ နှင့်​အ​တူ​လာ​ရောက်​တွေ့​ဆုံ​ကြ​၏။ သူ​တို့ ကား​ဟိ​လ​ခိ​၏​သား​နန်း​တော်​အုပ်​ဧ​လျာ ကိမ်၊ နန်း​တော်​အ​တွင်း​ဝန်​ရှေ​ဗ​န​နှင့်၊ အာ သပ်​၏​သား​အ​မှု​တွဲ​ထိန်း​ယော​အာ​တို့ ဖြစ်​သ​တည်း။-
Et sortit vers lui Eliacim, fils d’Helcias, qui était intendant de la maison, ainsi que Sobna, le scribe, et Joahé, fils d’Asaph, qui tenait les registres.
4 အာ​ရှု​ရိ​အ​ရာ​ရှိ​က​သူ​တို့​အား``ဟေ​ဇ​ကိ မင်း​သည်​အ​ဘယ်​ကြောင့် မိ​မိ​ကိုယ်​ကို​ဤ​မျှ ယုံ​ကြည်​ကိုး​စား​လျက်​နေ​ကြောင်း​ဘု​ရင် ဧ​က​ရာဇ်​သိ​ရှိ​လို​ပါ​သည်။-
Et Rabsacès leur dit: Dites à Ezéchias: Voici ce qu’a dit le grand roi, roi des Assyriens: Quelle est cette confiance dont vous êtes animés?
5 စစ်​အင်​အား​စွမ်း​ရည်​ကို​စ​ကား​လုံး​ဖြင့် အ​စား​ထိုး​နိုင်​လိမ့်​မည်​ဟု​သင်​တို့​ထင် မှတ်​ကြ​ပါ​သ​လော။ ငါ့​ကို​ပုန်​ကန်​ရန် သင်​တို့​အား​အ​ဘယ်​သူ​ကူ​ညီ​လိမ့်​မည် ဟု​ထင်​မှတ်​ကြ​ပါ​သ​နည်း။-
Ou par quel conseil ou avec quelle force prétendez-vous vous révolter? en qui avez-vous confiance, pour que vous vous soyez retirés de moi?
6 သင်​တို့​သည်​အီ​ဂျစ်​ပြည်​၏​အ​ကူ​အ​ညီ​ကို စောင့်​စား​လျက်​နေ​ကြ​၏။ သို့​ရာ​တွင်​ထို​ပြည် ကို​အား​ကိုး​ခြင်း​သည်​ကျိုး​၍​လက်​စူး​တတ် သည့်​ကူ​ရိုး​ကို​တောင်​ဝှေး​အ​ဖြစ်​အ​သုံး​ပြု သည်​နှင့်​တူ​၏။ အီ​ဂျစ်​ဘု​ရင်​ကား​မိ​မိ​တို့ မှီ​ခို​အား​ကိုး​သူ​ရှိ​လာ​ချိန်​၌​ကူ​ရိုး​နှင့် သာ​တူ​သ​တည်း'' ဟု​ပြော​၏။
Voici que vous vous appuyez sur ce bâton de roseau cassé, l’Egypte; bâton qui, si un homme s’appuie dessus, entrera dans sa main et la percera; ainsi est Pharaon, roi d’Egypte, pour tous ceux qui se confient en lui.
7 ထို့​နောက်​သူ​သည်​ဆက်​လက်​၍``သင်​တို့​က`ငါ တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို အား​ကိုး​ပါ​သည်' ဟု​ငါ့​အား ပြော​ဆို​ကြ​ပါ​မည်​လော။ ဟေ​ဇ​ကိ​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရာ​ဌာ​န​များ နှင့် ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ပစ်​ပြီး​နောက် ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သား​တို့​အား ယေ​ရု​ရှ​လင်​မြို့​ရှိ​ယဇ်​ပလ္လင် ၌​သာ​လျှင် ဝတ်​ပြု​ကိုး​ကွယ်​ကြ​စေ​ရန် မှာ​ကြား​ခဲ့​ပေ​သည်။-
Que si vous me répondez: C’est dans le Seigneur notre Dieu que nous nous confions, n’est-ce pas celui dont Ezéchias a détruit les hauts lieux et les autels, et a dit à Juda et à Jérusalem: C’est devant cet autel que vous adorerez?
8 ငါ​သည်​ဘု​ရင်​ဧ​က​ရာဇ်​၏​နာ​မ​တော်​ကို တိုင်​တည်​၍ သင်​တို့​နှင့်​အ​လောင်း​အ​စား​ပြု မည်။ သင်​တို့​သည်​မြင်း​စီး​သူ​ရဲ​နှစ်​ထောင်​ရ ရှိ​အောင်​ရှာ​နိုင်​မည်​ဆို​လျှင် သင်​တို့​အား မြင်း​ကောင်​ရေ​နှစ်​ထောင်​ကို​ငါ​ပေး​မည်။-
Et maintenant livrez-vous à mon maître, le roi des Assyriens, et je vous donnerai deux mille chevaux, et vous ne pourrez fournir par vous-mêmes des cavaliers pour eux.
9 သင်​တို့​သည်​ရာ​ထူး​အ​နိမ့်​ဆုံး​အာ​ရှု​ရိ​တပ် မှူး​က​လေး​ကို​ပင်​လျှင်​ယှဉ်​ပြိုင်​နိုင်​စွမ်း​မ​ရှိ ကြ။ သို့​ပါ​လျက်​အီ​ဂျစ်​အ​မျိုး​သား​တို့​ထံ မှ​စစ်​ရ​ထား​နှင့်​မြင်း​စီး​သူ​ရဲ​အ​ကူ​အ​ညီ များ​ကို​စောင့်​မျှော်​ကြ​ပါ​သည်​တ​ကား။-
Et comment soutiendrez-vous la face du juge d’un seul lieu, d’entre les moindres officiers de mon maître? Que si vous vous confiez dans l’Egypte, dans ses quadriges et dans ses cavaliers,
10 ၁၀ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကူ​အ​ညီ မ​ပါ​ဘဲ သင်​တို့​၏​ပြည်​ကို​တိုက်​ခိုက်​ဖျက် ဆီး​ခဲ့​သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​ပါ သ​လော။ သင်​တို့​ပြည်​ကို​တိုက်​ခိုက်​ဖျက်​ဆီး ရန်​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင်​ငါ့ အား​စေ​ခိုင်း​တော်​မူ​ပါ​၏'' ဟု​ဆို​၏။
Est-ce donc maintenant sans le Seigneur que je suis monté dans cette terre pour la perdre entièrement? Le Seigneur m’a dit: Monte sur cette terre, et perds-la entièrement.
11 ၁၁ ထို​အ​ခါ​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ တို့​သည်​ထို​အ​ရာ​ရှိ​အား``အ​ရှင်၊ အာ​ရ​မိ ဘာ​သာ​စ​ကား​ဖြင့်​အ​ကျွန်ုပ်​တို့​အား​အ​မိန့် ရှိ​ပါ၊ ထို​စ​ကား​ကို​အ​ကျွန်ုပ်​တို့​နား​လည် ပါ​သည်။ ဟေ​ဗြဲ​ဘာ​သာ​စကား​ကို​မ​ပြော ပါ​နှင့်။ မြို့​ရိုး​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​နား ထောင်​လျက်​နေ​ကြ​ပါ​သည်'' ဟု​ပြော​၏။
Et dit Eliacim, ainsi que Sobna et Joahé, à Rabsacès: Parlez à vos serviteurs en langue syriaque; car nous la comprenons; ne nous parlez pas en langue juive aux oreilles du peuple qui est sur le mur.
12 ၁၂ ထို​သူ​က​ဘု​ရင်​ဧ​က​ရာဇ်​သည်​သင်​တို့​ဘု​ရင် အား​သာ​လျှင် ဤ​စ​ကား​များ​ကို​ပြော​ကြား ရန် ငါ့​အား​စေ​လွှတ်​တော်​မူ​ထိုက်​သည်​ဟု​ထင် မှတ်​ကြ​ပါ​သ​လော။ ငါ​သည်​မြို့​ရိုး​ပေါ်​တွင် ထိုင်​နေ​ကြ​သူ​တို့​အား​လည်း​ပြော​ကြား​ပါ ၏။ သူ​တို့​သည်​လည်း​သင်​တို့​နည်း​တူ​မိ​မိ တို့​၏​မ​စင်​ကို​ပြန်​၍​စား​ပြီး​လျှင် မိ​မိ တို့​ကျင်​ငယ်​ရေ​ကို​ပြန်​၍​သောက်​ရ​ကြ လိမ့်​မည်'' ဟု​ပြန်​ပြော​၏။
Et Rabsacès leur dit: Est-ce donc vers ton maître et vers toi que m’a envoyé mon maître, pour dire toutes ces paroles, et non pas plutôt vers les hommes qui sont sur le mur, pour qu’ils mangent leurs excréments et boivent leur urine avec vous?
13 ၁၃ ထို​နောက်​သူ​သည်​ထ​၍​ဟေ​ဗြဲ​ဘာ​သာ​စ​ကား ဖြင့်``သင်​တို့​အား​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​မိန့် တော်​မူ​သော​စ​ကား​ကို​နား​ထောင်​ကြ​လော့။-
Et Rabsacès se tint debout et cria d’une voix forte en hébreu: Ecoutez les paroles du grand roi, du roi des Assyriens.
14 ၁၄ ထို​အ​ရှင်​က​သင်​တို့​သည်​ဟေ​ဇ​ကိ​၏​လှည့်​စား မှု​ကို​မ​ခံ​ကြ​စေ​ရန် သ​တိ​ပေး​တော်​မူ​လိုက် ပါ​၏။ ဟေ​ဇ​ကိ​သည်​သင်​တို့​အား​မ​ကယ်​နိုင်။-
Voici ce que dit le roi: Qu’Ezéchias ne vous séduise point; parce qu’il ne pourra vous arracher à ma main.
15 ၁၅ ထာ​ဝ​ရ​ဘု​ရား​အား၊ အား​ကိုး​ရန်​သူ​သွေး ဆောင်​တိုက်​တွန်း​သော်​လည်း သင်​တို့​ခွင့်​မ​ပြု ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကယ်​တော်​မူ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊ ငါ​တို့​အာ​ရှု​ရိ​တပ်​မ​တော်​အား သင်​တို့ ၏​မြို့​ကို​သိမ်း​ယူ​ခွင့်​ပေး​တော်​မူ​လိမ့်​မည် မ​ဟုတ်​ဟူ​၍​လည်း​ကောင်း မ​ထင်​မှတ်​ကြ​နှင့်။-
Et qu’Ezéchias ne vous donne point de confiance dans le Seigneur, disant: Le Seigneur nous délivrera certainement; cette cité ne sera pas livrée à la main du roi des Assyriens.
16 ၁၆ ဟေ​ဇကိ​၏​စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်၊ မြို့​ထဲ​မှ​ထွက်​၍​လက်​နက်​ချ​ကြ​ရန် သင်​တို့ အား​အာ​ရှု​ရိ​ဘု​ရင်​ဧ​က​ရာဇ်​အ​မိန့်​တော် ရှိ​၏။ သင်​တို့​အား​ဘု​ရင်​ဧ​က​ရာဇ်​သည်​သင် တို့​ပြည်​နှင့်​တူ​သည့်​ပြည်၊ ဂျုံ​ဆန်​နှင့်​စ​ပျစ်​ရည် သစ်၊ ပြောင်း​နှင့်​စ​ပျစ်​ဥ​ယျာဉ်​ပေါ​များ​သည့် ပြည်​သို့​မ​ပို့​ဆောင်​မီ​အ​တော​အ​တွင်း​၌ မိ​မိ​တို့​၏​စ​ပျစ်​ပင်​များ​နှင့်​သင်္ဘော​သ​ဖန်း ပင်​များ​မှ​အ​သီး​များ​ကို​စား​စေ​၍ မိ​မိ တို့​ရေ​တွင်း​များ​မှ​ရေ​ကို​လည်း​သောက် သုံး​ခွင့်​ပြု​တော်​မူ​လိမ့်​မည်။-
N’écoutez point Ezéchias; car voici ce que dit le roi des Assyriens: Faites la paix avec moi, et sortez vers moi, et vous mangerez chacun de votre vigne et chacun de votre figuier, vous boirez chacun de l’eau de votre citerne,
17 ၁၇
Jusqu’à ce que je vienne et que je vous transporte dans une terre qui est comme votre terre, une terre de blé et de vin, une terre de pains et de vignes.
18 ၁၈ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​ကယ်​ဆယ် တော်​မူ​နိုင်​သည်​ဟု သင်​တို့​ထင်​မှတ်​ကြ​စေ ရန် ဟေ​ဇ​ကိ​လှည့်​စား​သည်​ကို​နား​မ​ထောင် ကြ​နှင့်။ အ​ခြား​အ​မျိုး​သား​တို့​၏​ဘု​ရား များ​သည် သူ​တို့​၏​ပြည်​ကို​အာ​ရှု​ရိ​ဧ​က​ရာဇ် ဘု​ရင်​၏​လက်​မှ​ကယ်​ဆယ်​ခဲ့​ကြ​ပါ​သ​လော။-
Qu’Ezéchias ne vous déconcerte pas, disant: Le Seigneur nous délivrera. Est-ce que les dieux des nations ont délivré chacun sa terre de la main du roi des Assyriens?
19 ၁၉ ဟာ​မတ်​ပြည်​နှင့်​အာ​ပဒ်​ပြည်​တို့​၏​ဘု​ရား များ​သည် ယ​ခု​အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ သေ​ဖ​ရ​ဝိမ်​ပြည်​၏​ဘု​ရား​တို့​သည်​ယ​ခု အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ အ​ဘယ်​ဘု​ရား က​ရှ​မာ​ရိ​ပြည်​ကို​ကယ်​ဆယ်​ခဲ့​ကြ​ပါ သ​နည်း။-
Où est le Dieu d’Emath et d’Arphad? où est le Dieu de Sépharvaïm? est-ce qu’ils ont délivré Samarie de ma main?
20 ၂၀ ထို​တိုင်း​ပြည်​အ​ပေါင်း​တို့​၏​ဘု​ရား​များ အ​နက်​မှ​အ​ဘယ်​မည်​သော​ဘု​ရား​သည် မိ​မိ ၏​ပြည်​သို့​ငါ​တို့​ဘု​ရင်​ဧ​က​ရာဇ်​၏​လက် မှ​အ​ဘယ်​အ​ခါ​မှ​ကယ်​ခဲ့​ဖူး​ပါ​သ​နည်း။ ယင်း​သို့​ဖြစ်​ပါ​မူ​ထာ​ဝ​ရ​ဘု​ရား​သည် လည်း ယေ​ရု​ရှ​လင်​မြို့​ကို​ကယ်​တော်​မူ​နိုင် သည်​ဟု​သင်​တို့​အ​ဘယ်​ကြောင့်​ထင်​မှတ် ကြ​ပါ​သ​နည်း'' ဟု​ဆို​၏။
Quel est celui de tous les dieux de ces terres qui a arraché sa terre à ma main, pour que le Seigneur arrache Jérusalem de ma main?
21 ၂၁ ထို​အ​ခါ​လူ​တို့​သည်​ဟေ​ဇကိ​မှာ​ကြား လိုက်​သည်​အ​တိုင်း​ဆိတ်​ဆိတ်​နေ​ကြ​၏။ စ​ကား​တစ်​ခွန်း​ကို​မျှ​ပြန်​၍​မ​ပြော​ကြ။-
Et ils gardèrent le silence, et ils ne lui répondirent pas un mot. Le roi en effet l’avait commandé, disant: Ne lui répondez pas.
22 ၂၂ ထို​နောက်​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ တို့​သည် ဝမ်း​နည်း​ပူ​ဆွေး​လျက်​မိ​မိ​တို့​အ​ဝတ် များ​ကို​ဆုတ်​ဖြဲ​ကာ အာ​ရှု​ရိ​အ​ရာ​ရှိ​၏ စ​ကား​များ​ကို​မင်း​ကြီး​ထံ​သွား​ရောက် လျှောက်​ထား​ကြ​၏။
Et Eliacim, fils d’Helcias, qui était intendant de la maison, et Sobna, le scribe, et Joahé, fils d’Asaph, qui tenait les registres, entrèrent auprès d’ Ezéchias, leurs vêlements déchirés, et ils lui rapportèrent les paroles de Rabsacès.

< ဟေရှာယ 36 >