< ဟေရှာယ 35 >
1 ၁ ကန္တာရသည်ရွှင်မြူးလိမ့်မည်။ မြေရိုင်းများတွင်လည်းပန်းများပွင့်လိမ့်မည်။ ကန္တာရသည်ဝမ်းမြောက် ရွှင်လန်းသဖြင့် သီချင်းဆိုကြွေးကြော်လိမ့်မည်။ လေဗနုန်တောင်ကဲ့သို့လှပတင့်တယ်လျက် ကာရမေလနှင့်ရှာရုန်တောင်ကုန်း လယ်ယာများကဲ့သို့အသီးအနှံများ ဝေဆာလျက် ရှိလိမ့်မည်။ လူအပေါင်းတို့သည်ဘုရားသခင်၏ ဘုန်းအသရေတော်ကိုလည်းကောင်း၊ ကိုယ်တော်၏တန်ခိုးအာနုဘော်တော်ကို လည်းကောင်း ဖူးမြင်ရကြလိမ့်မည်။
၁တော နှင့် လွင်ပြင် သည် ဝမ်းမြောက် လိမ့်မည်။ ဆိတ်ညံ သော အရပ်သည်လည်း ရွှင်လန်း ၍ ၊ နှင်းပွင့် ကဲ့သို့ အပွင့် ပွင့် လိမ့်မည်။
၂အလွန်ပွင့်လန်း ၍ ဝမ်းမြောက် ခြင်း၊ သီချင်း ဆို ခြင်းနှင့်တကွ မြူးထူး လိမ့်မည်။ လေဗနုန် တောင်၏ ဘုန်း နှင့်၎င်း၊ ကရမေလ တောင်၊ ရှာရုန် အရပ်တို့၏ တင့်တယ်ခြင်း အသရေ နှင့်၎င်း ပြည့်စုံ လိမ့်မည်။ ထာဝရဘုရား ၏ ဘုန်း တော်ကို၎င်း၊ ငါ တို့ဘုရား သခင်၏ တန်ခိုး အာနုဘော် တော်ကို၎င်းမြင် ရကြလိမ့်မည်။
3 ၃ နွမ်းနယ်လျက်ရှိသည့်လက်တို့ကိုလည်းကောင်း၊ အားနည်းတုန်လှုပ်လျက်နေသည့် ဒူးတို့ကိုလည်းကောင်းအားဖြည့်၍ပေးကြလော့။
၃အား မရှိသောလက် တို့ကို ခိုင်ခံ့ စေကြလော့။ လှုပ် တတ်သော ဒူး တို့ကို မြဲမြံ စေကြလော့။
4 ၄ စိတ်ပျက်အားလျော့၍နေသူအပေါင်းတို့အား ``ကြံ့ခိုင်မှုရှိကြလော့။ မကြောက်ကြနှင့်ဘုရားသခင်သည် သင်တို့ကိုကယ်ဆယ်ရန် ကြွလာတော်မူလိမ့်မည်။ သင်တို့၏ရန်သူများအားလည်း လက်စားချေတော်မူလိမ့်မည်'' ဟု ပြောကြားကြလော့။
၄အား ယူကြလော့၊ မ စိုးရိမ် ကြနှင့်ဟု ကြောက် တတ်သောသူတို့ အား ဆို ကြလော့။ အကြောင်းမူကား၊ သင် တို့၏ ဘုရား သခင်သည် အပြစ် ပေးလျက်၊ ဒဏ် စီရင် လျက်ကြွ လာတော်မူလိမ့်မည်။ ဘုရား သခင်သည် ကိုယ်တော် တိုင် ကြွ လာ၍ ၊ သင် တို့ကို ကယ်တင် တော်မူလိမ့်မည်။
5 ၅ မျက်မမြင်တို့သည်မျက်စိမြင်ကြလိမ့်မည်။ နားပင်းသူတို့သည်လည်းနားကြားကြလိမ့်မည်။
၅ထိုအခါ မျက်စိ ကန်း သောသူတို့သည် မျက်စိပွင့် လင်းကြလိမ့်မည်။ နား ပင်း သောသူတို့သည် နားပင်းခြင်း နှင့် လွတ် ကြလိမ့်မည်။
6 ၆ ခြေမစွမ်းမသန်သူတို့သည် ခုန်ကြလိမ့်မည်။ ဆွံ့အသူတို့သည်လည်းဝမ်းမြောက်ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မည်။ ကန္တာရ၌စမ်းရေပေါက်၍ကန္တာရတွင် စမ်းချောင်းစီးလိမ့်မည်။
၆ခြေဆွံ့ သောသူတို့သည် ဒရယ် ကဲ့သို့ ခုန် ကြ လိမ့်မည်။ စကား အ သောသူတို့သည် သီချင်း ဆိုကြလိမ့်မည်။ အကြောင်း မူကား၊ တော ၌ စမ်းရေ ထွက်၍ ၊ လွင်ပြင် ၌ မြစ် ရေစီး လိမ့်မည်။
7 ၇ ခြစ်ခြစ်တောက်ပူလောင်လျက်ရှိသည့်သဲများသည် ရေအိုင်ဖြစ်၍၊ ခြောက်သွေ့သောမြေသည်လည်းစမ်းရေတွင်းများ ပြည့်နှက်၍နေလိမ့်မည်။ ခွေးအများကျက်စားလေ့ရှိသည့်အရပ်တွင် ကိုင်းပင်ကူပင်များပေါက်လာလိမ့်မည်။
၇တံလျှပ် သည် ရေကန် ဖြစ် လိမ့်မည်။ သွေ့ခြောက် သောမြေသည် စမ်း ရေတွင်း ဖြစ်လိမ့်မည်။ မြေခွေး အိပ်ရာ နေရာ ၌ ကျူပင် နှင့် ဂမာပင် အစား ၊ မြက်ပင် ပေါက်လိမ့်မည်။
8 ၈ ထိုအရပ်တွင်``သန့်ရှင်းမြင့်မြတ်ရာသို့ သွားသည့်လမ်း'' ဟု နာမည်တွင်သောလမ်းမကြီးတစ်သွယ် ပေါ်ပေါက်၍လာလိမ့်မည်။ အဘယ်အပြစ်ကူးသူမှန်သမျှထိုလမ်းကို လျှောက်သွားရလိမ့်မည်မဟုတ်။ အဘယ်လူမိုက်ကမျှထိုလမ်းတွင် လျှောက်နေသူတို့အား လမ်းမှားစေနိုင်လိမ့်မည်မဟုတ်။
၈ထို အရပ်၌ လမ်းမ ကြီး ရှိ လိမ့်မည်။ ထိုလမ်းကို သန့်ရှင်း ရာလမ်း ဟု သမုတ် ကြလိမ့်မည်။ မစင်ကြယ် သောသူသည် ထိုလမ်း ကို မ ရှောက် မသွားရ။ သွား သောသူတို့ နှင့်အတူကိုယ်တော် တိုင်ခရီးသွားလျက် ရှိတော်မူသည် ဖြစ်၍၊ မိုက် သောသူသော်လည်းလမ်း မ လွဲ ရ။
9 ၉ ထိုအရပ်တွင်အဘယ်ခြင်္သေ့မျှရှိလိမ့်မည်မဟုတ်။ ထိုအရပ်သို့အဘယ်သားရဲတိရစ္ဆာန်မျှလည်း လာရကြလိမ့်မည်မဟုတ်။ ထာဝရဘုရားကယ်ဆယ်ထားတော်မူသော သူတို့သည် ထိုလမ်းအတိုင်းမိမိတို့နေရပ်သို့ ပြန်ရကြလိမ့်မည်မဟုတ်။
၉ထို လမ်း၌ ခြင်္သေ့ မ ရှိ ရ။ သားရဲ တကောင်မျှ မ တက် မလာရ။ ရှာ ၍ မ တွေ့ရ။ ရွေးနှုတ် သောသူတို့သာ လျှင် ခရီးသွား ကြလိမ့်မည်။
10 ၁၀ သူတို့သည်ဝမ်းမြောက်ပျော်ရွှင်စွာသီချင်း ဆိုလျက် ယေရုရှလင်မြို့သို့ရောက်ရှိလာကြလိမ့်မည်။ သူတို့သည်ထာဝစဉ်ရွှင်လန်းဝမ်းမြောက်ကြ လိမ့်မည်။ ဝမ်းနည်းပူဆွေးခြင်းနှင့်ထာဝစဉ်ကင်းလွတ် ကြလိမ့်မည်။
၁၀ထာဝရဘုရား ကယ် လွှတ်တော်မူသောသူတို့ သည် ပြန်လာ ၍ ၊ သီချင်း ဆိုလျက် ၊ ထာဝရ ဝမ်းမြောက် ခြင်း သရဖူ ကို ဆောင်း လျက်၊ ဇိအုန် မြို့သို့ ရောက် ကြ လိမ့်မည်။ ဝမ်းမြောက် ရွှင်လန်း ခြင်း အခွင့် ကို ရကြ၍၊ ဝမ်းနည်း ခြင်းနှင့် ညည်းတွား ခြင်းသည် ပြေး သွားရ လိမ့်မည်။