< ဟေရှာယ 34 >

1 အို လူ​မျိုး​အ​ပေါင်း​တို့​လာ​ကြ​လော့။ လာ ရောက်​စု​ဝေး​၍​နား​ထောင်​ကြ​လော့။ ကမ္ဘာ​တစ် ဝှမ်း​လုံး​တွင်​နေ​ထိုင်​သ​မျှ​သော​လူ​တို့​သည် ဤ​အ​ရပ်​သို့​လာ​၍​နား​ထောင်​ကြ​ရာ​၏။-
קִרְב֤וּ גֹויִם֙ לִשְׁמֹ֔עַ וּלְאֻמִּ֖ים הַקְשִׁ֑יבוּ תִּשְׁמַ֤ע הָאָ֙רֶץ֙ וּמְלֹאָ֔הּ תֵּבֵ֖ל וְכָל־צֶאֱצָאֶֽיהָ׃
2 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​အား လည်း​ကောင်း၊ သူ​တို့​၏​စစ်​တပ်​အ​ပေါင်း​အား လည်း​ကောင်း၊ အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် ပျက်​စီး​စေ​ရန်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ လေ​ပြီ။-
כִּ֣י קֶ֤צֶף לַֽיהוָה֙ עַל־כָּל־הַגֹּויִ֔ם וְחֵמָ֖ה עַל־כָּל־צְבָאָ֑ם הֶחֱרִימָ֖ם נְתָנָ֥ם לַטָּֽבַח׃
3 သူ​တို့​၏​အ​လောင်း​များ​သည်​မြှုပ်​နှံ​ခြင်း​ကို မ​ခံ​ရ​ဘဲ မြေ​ပေါ်​တွင်​လဲ​လျက်​ပုပ်​စပ်​နံ​စော် ၍​နေ​လိမ့်​မည်။ တောင်​တို့​သည်​လည်း​သွေး​များ ဖြင့်​နီ​ရဲ​လျက်​နေ​လိမ့်​မည်။-
וְחַלְלֵיהֶ֣ם יֻשְׁלָ֔כוּ וּפִגְרֵיהֶ֖ם יַעֲלֶ֣ה בָאְשָׁ֑ם וְנָמַ֥סּוּ הָרִ֖ים מִדָּמָֽם׃
4 နေ​လ​နက္ခတ်​တို့​သည်​မြေ​သို့​ကြွေ​ကျ​လိမ့်​မည်။ မိုး​ကောင်း​ကင်​သည်​လိပ်​၍​တင်​လိုက်​သည့်​စာ လိပ်​သ​ဖွယ်​ပျောက်​ကွယ်​သွား​ကာ ကြယ်​တို့ သည်​စ​ပျစ်​ပင်​သို့​မ​ဟုတ်​သင်္ဘော​သ​ဖန်း​ပင် မှ​အ​ရွက်​ကြွေ​သ​ကဲ့​သို့​ကြွေ​ကျ​ကြ​လိမ့် မည်။
וְנָמַ֙קּוּ֙ כָּל־צְבָ֣א הַשָּׁמַ֔יִם וְנָגֹ֥לּוּ כַסֵּ֖פֶר הַשָּׁמָ֑יִם וְכָל־צְבָאָ֣ם יִבֹּ֔ול כִּנְבֹ֤ל עָלֶה֙ מִגֶּ֔פֶן וּכְנֹבֶ֖לֶת מִתְּאֵנָֽה׃
5 ထာ​ဝ​ရ​ဘု​ရား​သည်​ဋ္ဌား​တော်​ကို​ကောင်း​ကင် ဘုံ​တွင် အ​သင့်​ပြင်​ဆင်​တော်​မူ​ပြီး​မှ​ဆုံး​ပါး ပျက်​စီး​ရန် အ​ပြစ်​ဒဏ်​စီ​ရင်​ထား​တော်​မူ သော​ဧ​ဒုံ​ပြည်​သူ​တို့​အ​ပေါ်​သို့​သက်​ရောက် စေ​တော်​မူ​လိမ့်​မည်။-
כִּֽי־רִוְּתָ֥ה בַשָּׁמַ֖יִם חַרְבִּ֑י הִנֵּה֙ עַל־אֱדֹ֣ום תֵּרֵ֔ד וְעַל־עַ֥ם חֶרְמִ֖י לְמִשְׁפָּֽט׃
6 ကိုယ်​တော်​၏​ဋ္ဌား​တော်​သည်​ယဇ်​ပူ​ဇော်​ရာ သိုး​ဆိတ်​တို့​၏​အ​သွေး​အ​ဆီ​ဖြင့်​ဝ​လျက် နေ​သ​ကဲ့​သို့ ထို​သူ​တို့​၏​အ​သွေး​အ​ဆီ​များ နှင့်​ဝ​လျက်​နေ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား သည်​ဤ​ယဇ်​ပူ​ဇော်​ပွဲ​ကို​ဗော​ဇ​ရ​မြို့​တွင် ကျင်း​ပ​တော်​မူ​လိမ့်​မည်။ ဤ​လူ​သတ်​ပွဲ ကြီး​ကို​ဧ​ဒုံ​ပြည်​တွင်​ဖြစ်​ပွား​စေ​တော် မူ​လိမ့်​မည်။-
חֶ֣רֶב לַיהוָ֞ה מָלְאָ֥ה דָם֙ הֻדַּ֣שְׁנָה מֵחֵ֔לֶב מִדַּ֤ם כָּרִים֙ וְעַתּוּדִ֔ים מֵחֵ֖לֶב כִּלְיֹ֣ות אֵילִ֑ים כִּ֣י זֶ֤בַח לַֽיהוָה֙ בְּבָצְרָ֔ה וְטֶ֥בַח גָּדֹ֖ול בְּאֶ֥רֶץ אֱדֹֽום׃
7 ပြည်​သူ​တို့​သည်​နွား​ရိုင်း​များ၊ နွား​သိုး​ပျို များ​ကဲ့​သို့​လဲ​ကျ​ကြ​လိမ့်​မည်။ မြေ​ကြီး သည်​လည်း​သွေး​များ​ဖြင့်​နီ​၍​လည်း​ကောင်း၊ အ​ဆီ​များ​ဖြင့်​အီ​၍​လည်း​ကောင်း​နေ​လိမ့် မည်။-
וְיָרְד֤וּ רְאֵמִים֙ עִמָּ֔ם וּפָרִ֖ים עִם־אַבִּירִ֑ים וְרִוְּתָ֤ה אַרְצָם֙ מִדָּ֔ם וַעֲפָרָ֖ם מֵחֵ֥לֶב יְדֻשָּֽׁן׃
8 ဤ​အ​ချိန်​အ​ခါ​ကား​ဇိ​အုန်​မြို့​ကို​ထာ​ဝ​ရ ဘု​ရား​ကယ်​ဆယ်​တော်​မူ​၍ ထို​မြို့​၏​ရန်​သူ တို့​အား​လက်​စား​ချေ​တော်​မူ​မည့်​အ​ခါ ပင်​ဖြစ်​သ​တည်း။
כִּ֛י יֹ֥ום נָקָ֖ם לַֽיהוָ֑ה שְׁנַ֥ת שִׁלּוּמִ֖ים לְרִ֥יב צִיֹּֽון׃
9 ဧ​ဒုံ​ပြည်​မှ​မြစ်​တို့​သည်​ကတ္တ​ရာ​စေး အ​ဖြစ်​သို့​လည်း​ကောင်း၊ မြေ​ဆီ​လွှာ​သည် ကန့်​အ​ဖြစ်​သို့​လည်း​ကောင်း​ပြောင်း​လဲ​သွား လိမ့်​မည်။ ထို​ပြည်​တစ်​ခု​လုံး​သည်​ကတ္တ​ရာ စေး​ကဲ့​သို့​မီး​စွဲ​လောင်​၍​နေ​လိမ့်​မည်။-
וְנֶהֶפְכ֤וּ נְחָלֶ֙יהָ֙ לְזֶ֔פֶת וַעֲפָרָ֖הּ לְגָפְרִ֑ית וְהָיְתָ֣ה אַרְצָ֔הּ לְזֶ֖פֶת בֹּעֵרָֽה׃
10 ၁၀ ယင်း​သည်​နေ့​ရော​ညဥ့်​ပါ​မီး​လောင်​လျက်​မီး ခိုး​များ​ထာ​ဝ​စဉ်​တက်​၍​နေ​လိမ့်​မည်။ ထို ပြည်​သည်​လူ​မျိုး​စဉ်​ဆက်​အ​ဟော​သိ​ကံ ဖြစ်​၍​နေ​လိမ့်​မည်။ ထို​ပြည်​ကို​နောင်​အ​ဘယ် အ​ခါ​၌​မျှ​ဖြတ်​သန်း​သွား​လာ​သူ​ရှိ​လိမ့် မည်​မ​ဟုတ်။-
לַ֤יְלָה וְיֹומָם֙ לֹ֣א תִכְבֶּ֔ה לְעֹולָ֖ם יַעֲלֶ֣ה עֲשָׁנָ֑הּ מִדֹּ֤ור לָדֹור֙ תֶּחֱרָ֔ב לְנֵ֣צַח נְצָחִ֔ים אֵ֥ין עֹבֵ֖ר בָּֽהּ׃
11 ၁၁ ထို​ပြည်​သည်​ဇီး​ကွက်​များ​နှင့်​ကျီး​အ​တို့ ခို​အောင်း​ရာ​ဖြစ်​လိမ့်​မည်။ ကမ္ဘာ​ကို​ဖန်​ဆင်း တော်​မ​မူ​မီ​အ​ခါ​က​ကဲ့​သို့​ပင် ထာ​ဝ​ရ ဘု​ရား​သည်​ထို​ပြည်​ကို​လွတ်​လပ်​လ​ဟာ ပြင်​ကြီး​ဖြစ်​စေ​တော်​မူ​လိမ့်​မည်။-
וִירֵשׁ֙וּהָ֙ קָאַ֣ת וְקִפֹּ֔וד וְיַנְשֹׁ֥וף וְעֹרֵ֖ב יִשְׁכְּנוּ־בָ֑הּ וְנָטָ֥ה עָלֶ֛יהָ קַֽו־תֹ֖הוּ וְאַבְנֵי־בֹֽהוּ׃
12 ၁၂ တိုင်း​ပြည်​ကို​စိုး​မိုး​အုပ်​ချုပ်​သည့်​ဘု​ရင်​နှင့် ပြည်​သူ့​ခေါင်း​ဆောင်​အ​ပေါင်း​တို့​သည်​လည်း ရှိ​ကြ​တော့​မည်​မ​ဟုတ်။-
חֹרֶ֥יהָ וְאֵֽין־שָׁ֖ם מְלוּכָ֣ה יִקְרָ֑אוּ וְכָל־שָׂרֶ֖יהָ יִ֥הְיוּ אָֽפֶס׃
13 ၁၃ နန်း​တော်​အ​ဆောက်​အ​ဦ​များ​နှင့်​တံ​တိုင်း ကာ​ရံ​ထား​သည့်​မြို့​အ​ပေါင်း​တို့​တွင် ဆူး ပင်​အ​မျိုး​မျိုး​ပေါက်​လျက် ခွေး​အ​များ​နှင့် ဇီး​ကွက်​များ​ခို​အောင်း​ရာ​ဖြစ်​လိမ့်​မည်။-
וְעָלְתָ֤ה אַרְמְנֹתֶ֙יהָ֙ סִירִ֔ים קִמֹּ֥ושׂ וָחֹ֖וחַ בְּמִבְצָרֶ֑יהָ וְהָיְתָה֙ נְוֵ֣ה תַנִּ֔ים חָצִ֖יר לִבְנֹ֥ות יַעֲנָֽה׃
14 ၁၄ ထို​အ​ရပ်​တွင်​တော​တိ​ရစ္ဆာန်​များ​လှည့်​လည် သွား​လာ​လျက် မ​ကောင်း​ဆိုး​ရွား​တို့​သည်​လည်း အ​ချင်း​ချင်း​အော်​မြည်​လျက်​နေ​ကြ​လိမ့်​မည်။ ကြောက်​မက်​ဖွယ်​ည​သတ္တ​ဝါ​ကြီး​သည်​လည်း ထို​အ​ရပ်​သို့​လာ​၍​နား​ရန်​နေ​ရာ​ကို​ရှာ လိမ့်​မည်။-
וּפָגְשׁ֤וּ צִיִּים֙ אֶת־אִיִּ֔ים וְשָׂעִ֖יר עַל־רֵעֵ֣הוּ יִקְרָ֑א אַךְ־שָׁם֙ הִרְגִּ֣יעָה לִּילִ֔ית וּמָצְאָ֥ה לָ֖הּ מָנֹֽוחַ׃
15 ၁၅ ဇီး​ကွက်​တို့​သည်​အ​သိုက်​များ​လုပ်​လျက်​ဥ များ​ကို​ဥ​ပြီး​နောက် ဝပ်​၍​သား​ငယ်​တို့​ကို စောင့်​ရှောက်​ကာ​နေ​လိမ့်​မည်။ လင်း​တ​များ သည်​လည်း​တစ်​ကောင်​ပြီး​တစ်​ကောင်​လာ ရောက်​စု​ရုံး​ကြ​လိမ့်​မည်။
שָׁ֣מָּה קִנְּנָ֤ה קִפֹּוז֙ וַתְּמַלֵּ֔ט וּבָקְעָ֖ה וְדָגְרָ֣ה בְצִלָּ֑הּ אַךְ־שָׁ֛ם נִקְבְּצ֥וּ דַיֹּ֖ות אִשָּׁ֥ה רְעוּתָֽהּ׃
16 ၁၆ သက်​ရှိ​သတ္တ​ဝါ​များ​အ​ကြောင်း​ဖော်​ပြ​ပါ ရှိ​သည့် ထာ​ဝ​ရ​ဘု​ရား​၏​စာ​စောင်​တော်​တွင် ရှာ​၍​ဖတ်​ကြည့်​ကြ​လော့။ ထို​သတ္တ​ဝါ​တစ် ကောင်​မျှ​ပျောက်​ဆုံး​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ် သတ္တ​ဝါ​မျှ​လည်း​ကြင်​ဖော်​မဲ့​ဖြစ်​ရ​လိမ့် မည်​မ​ဟုတ်။ ဤ​နည်း​အ​တိုင်း​ဖြစ်​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​ပေး​တော်​မူ​ခဲ့​လေ ပြီ။ ကိုယ်​တော်​သည်​သူ​တို့​အား​စု​ဝေး​စေ တော်​မူ​လိမ့်​မည်။-
דִּרְשׁ֨וּ מֵֽעַל־סֵ֤פֶר יְהוָה֙ וּֽקְרָ֔אוּ אַחַ֤ת מֵהֵ֙נָּה֙ לֹ֣א נֶעְדָּ֔רָה אִשָּׁ֥ה רְעוּתָ֖הּ לֹ֣א פָקָ֑דוּ כִּֽי־פִי֙ ה֣וּא צִוָּ֔ה וְרוּחֹ֖ו ה֥וּא קִבְּצָֽן׃
17 ၁၇ ထို​သတ္တ​ဝါ​အ​သီး​သီး​တို့​အား​မြေ​ကြီး ပေါ်​တွင် နယ်​မြေ​ခွဲ​ဝေ​သတ်​မှတ်​ပေး​တော် မူ​သော​အ​ရှင်​ကား​ထာ​ဝ​ရ​ဘု​ရား​တည်း။ သူ​တို့​သည်​အ​မျိုး​စဉ်​ဆက်​ထို​နယ်​မြေ​များ တွင်​နေ​ရ​ကြ​လိမ့်​မည်။ ယင်း​တို့​ကို​လည်း ထာ​ဝ​စဉ်​ပိုင်​ရ​ကြ​လိမ့်​မည်။
וְהֽוּא־הִפִּ֤יל לָהֶן֙ גֹּורָ֔ל וְיָדֹ֛ו חִלְּקַ֥תָּה לָהֶ֖ם בַּקָּ֑ו עַד־עֹולָם֙ יִֽירָשׁ֔וּהָ לְדֹ֥ור וָדֹ֖ור יִשְׁכְּנוּ־בָֽהּ׃ ס

< ဟေရှာယ 34 >