< ဟေရှာယ 33 >
1 ၁ ငါတို့၏ရန်သူများသည်အမင်္ဂလာရှိကြ ၏။ မိမိတို့အားအဘယ်သူမျှတိုက်ခိုက်လု ယက်မှုကိုမပြု၊ သစ္စာလည်းမဖောက်ကြသော် လည်းသူတို့ကလုယက်တိုက်ခိုက်ကာသစ္စာ ဖောက်ကြ၏။ သို့ရာတွင်သူတို့လုယက်တိုက် ခိုက်၍သစ္စာဖောက်ရန်အချိန်ကာလကုန်ဆုံး ချိန်ကျရောက်လာလိမ့်မည်။ ထိုအခါသူတို့ သည်လုယက်တိုက်ခိုက်ခြင်းနှင့်သစ္စာဖောက် ခြင်းကိုခံရကြလိမ့်မည်။
Woe to thee that spoylest, and wast not spoyled: and doest wickedly, and they did not wickedly against thee: when thou shalt cease to spoyle, thou shalt be spoyled: when thou shalt make an ende of doing wickedly, they shall doe wickedly against thee.
2 ၂ အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အား ကရုဏာထားတော်မူပါ။ ကျွန်တော်မျိုးတို့ သည်ကိုယ်တော်ရှင်ကိုမျှော်ကိုးပါ၏။ နေ့စဉ် နေ့တိုင်းကျွန်တော်မျိုးတို့အားကာကွယ် စောင့်ထိန်းတော်မူ၍ဒုက္ခရောက်ချိန်များ၌ ကယ်တော်မူပါ။-
O Lord, haue mercie vpon vs, wee haue waited for thee: be thou, which waste their arme in the morning, our helpe also in time of trouble.
3 ၃ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့ဘက် မှနေ၍တိုက်ခိုက်တော်မူသောအခါ၊ ရန်သူ တို့သည်စစ်တိုက်ခိုက်သံများကြောင့်ထွက် ပြေးကြပါ၏။-
At the noise of the tumult, the people fled: at thine exalting the nations were scattered.
4 ၄ သူတို့၏ပစ္စည်းဥစ္စာများကိုလည်းတိုက်ရာ ပါအဖြစ်လုယက်သိမ်းယူခြင်းကိုခံရ ကြပါ၏။
And your spoyle shall be gathered like the gathering of caterpillers: and he shall go against him like the leaping of grashoppers.
5 ၅ ထာဝရဘုရားသည်အလွန်ကြီးမြတ်တော် မူပါသည်တကား။ ကိုယ်တော်သည်ခပ်သိမ်း သောအရာတို့ကိုအစိုးရတော်မူပါ၏။ ယေရုရှလင်မြို့ကိုတရားမျှတမှုနှင့် သော်လည်းကောင်း၊ ဖြောင့်မတ်ခြင်းဖြင့်သော် လည်းကောင်းပြည့်ဝစေတော်မူ၍၊-
The Lord is exalted: for hee dwelleth on hie: he hath filled Zion with iudgement and iustice.
6 ၆ ဣသရေလအမျိုးသားတို့အားကြံ့ခိုင် တည်ငြိမ်မှုကိုပေးတော်မူလိမ့်မည်။ ကိုယ်တော် သည်မိမိ၏လူမျိုးတော်အားအစဉ်အမြဲ ကွယ်ကာစောင့်ရှောက်တော်မူ၍၊ ဉာဏ်ပညာ နှင့်အသိပညာကိုပေးတော်မူပါ၏။ သူ တို့၏အဖိုးအထိုက်ဆုံးဘဏ္ဍာကားထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေခြင်းပင်ဖြစ် သတည်း။
And there shall be stabilitie of thy times, strength, saluation, wisdome and knowledge: for the feare of the Lord shalbe his treasure.
7 ၇ သူရဲကောင်းတို့သည်အကူအညီတောင်းခံ လျက် နေကြပါသည်တကား။ စစ်ပြေငြိမ်း ရန်ကြိုးစားကြသူသံတမန်များသည် ပြင်းပြစွာငိုကြွေးလျက်နေကြ၏။-
Behold, their messengers shall cry without, and ye ambassadours of peace shall weepe bitterly.
8 ၈ လမ်းမကြီးများသည်ဘေးအန္တရာယ်အလွန် များသဖြင့်အဘယ်သူမျှမသွားဝံ့ကြ၊ မဟာမိတ်စာချုပ်များကိုချိုးဖောက်၍သစ္စာ ကတိများသည်လည်းပျက်ပြယ်၍သွားလေ ပြီ။ အဘယ်သူမျှရိုသေလေးစားမှုကို မခံရကြတော့ပေ။-
The pathes are waste: the wayfaring man ceaseth: hee hath broken the couenant: hee hath contemned the cities: he regarded no man.
9 ၉ တိုင်းပြည်သည်လည်းခြောက်သွေ့၍ လူသူဆိတ် ငြိမ်လျက်နေတော့၏။ လေဗနုန်တောသည်ညှိုး နွမ်းခြောက်သွေ့၍နေလေပြီ။ မြေသြဇာထက် သန်သည့်ရှာရုန်ချိုင့်ဝှမ်းသည် သဲကန္တာရကဲ့သို့ ဖြစ်လျက်၊ ဗာရှန်တောင်နှင့်ကရမေလတောင် တွင်ရှိသောသစ်ပင်များသည် အရွက်ကြွေကြ ကုန်၏။
The earth mourneth and fainteth: Lebanon is ashamed, and hewen downe: Sharon is like a wildernes, and Bashan is shaken and Carmel.
10 ၁၀ ထာဝရဘုရားသည်လူမျိုးတကာတို့ အား``ယခုငါသည်အရေးယူဆောင်ရွက် ပေတော့အံ့။ ငါ၏တန်ခိုးတော်ကြီးမားပုံ ကိုပြတော်မူမည်။-
Now will I arise, saith the Lord: now will I be exalted, now will I lift vp my selfe.
11 ၁၁ သင်တို့သည်အကျိုးမရှိသည့်အကြံအစည် များကိုပြုကြ၏။ သင်တို့ပြုသမျှသောအမှု တို့သည်လည်း အချည်းနှီးပင်။ ငါ၏ဝိညာဉ်သည် မီးကဲ့သို့ဖြစ်၍သင်တို့ကိုဖျက်ဆီးလိမ့်မည်။-
Ye shall conceiue chaffe, and bring forth stubble: the fire of your breath shall deuoure you.
12 ၁၂ သင်တို့သည်ထုံးလုပ်ရန်မီးအဖုတ်ခံရသည့် ကျောက်ကဲ့သို့လည်းကောင်း၊ ပြာဖြစ်အောင်ကျွမ်း လောင်သွားသည့်ဆူးပင်ကဲ့သို့လည်းကောင်း ကြေမွသွားကြလိမ့်မည်။-
And the people shall be as the burning of lime: and as the thornes cut vp, shall they be burnt in the fire.
13 ၁၃ ရပ်နီးရပ်ဝေးတွင်ရှိသမျှသောသူတို့သည် ငါပြုသည့်အမှုအရာများအကြောင်းကို ကြားရ၍ ငါ၏တန်ခိုးတော်ကိုသိမှတ်ကြ ရာ၏'' ဟုမိန့်တော်မူ၏။
Heare, yee that are farre off, what I haue done, and ye that are neere, know my power.
14 ၁၄ အပြစ်ကူးလွန်သည့်ဇိအုန်မြို့သူမြို့သား တို့သည်ကြောက်ရွံ့တုန်လှုပ်၍နေကြ၏။ သူ တို့က``ဘုရားသခင်၏တရားစီရင်တော် မူချက်သည် ထာဝစဉ်တောက်လောင်နေသော မီးနှင့်တူ၏။ ဤသို့သောမီးမှငါတို့လွတ် မြောက်၍အသက်မသေဘဲကျန်ရှိနိုင်ကြ ပါမည်လော'' ဟုဆိုကြ၏။-
The sinners in Zion are afraide: a feare is come vpon the hypocrites: who among vs shall dwel with the deuouring fire? who among vs shall dwell with the euerlasting burnings?
15 ၁၅ သင်တို့သည်အမှန်တရားကိုပြောဆိုပြုကျင့် ကြပါမူ အသက်မသေဘဲကျန်ရှိနိုင်ပါ၏။ ဆင်းရဲသူတို့အားလိမ်လည်လှည့်ဖြားရန်သင် တို့၏တန်ခိုးအာဏာအသုံးမပြုကြနှင့်။ တံစိုး လက်ဆောင်များကိုလည်းလက်မခံကြနှင့်။ လူ့ အသက်ကိုသတ်ရန်၊ အခြားဆိုးညစ်မှုများ ကိုပြုရန်ကြံစည်ကြသူများနှင့်ပူးပေါင်း ဆောင်ရွက်မှုမပြုကြနှင့်။-
Hee that walketh in iustice, and speaketh righteous things, refusing gaine of oppression, shaking his handes from taking of gifts, stopping his eares from hearing of blood, and shutting his eyes from seeing euill.
16 ၁၆ သို့မှသာသင်တို့သည်အကြံအောင်၍ ခိုင်ခံ့ သောရဲတိုက်တွင်နေထိုင်ရဘိသကဲ့သို့ ဘေးမဲ့လုံခြုံကြလိမ့်မည်။ စားသောက်စရာ အစာရေစာများကိုလည်းရရှိကြလိမ့်မည်။
He shall dwell on hie: his defence shall be the munitions of rockes: bread shalbe giuen him, and his waters shalbe sure.
17 ၁၇ သင်တို့သည်အလွန်ကြီးမားကျယ်ဝန်း သောနယ်မြေတွင်ခမ်းနားသိုက်မြိုက်စွာ အုပ်စိုးလျက် နေသူဘုရင်တစ်ပါးကို တွေ့မြင်ရကြလိမ့်မည်။-
Thine eyes shall see the King in his glory: they shall beholde the lande farre off.
18 ၁၈ လူမျိုးခြားအခွန်ခံများနှင့်သူလျှိုတို့အား သင်တို့ကြောက်ရွံ့ရမှုများသည်အတိတ် ကာလမှအဖြစ်အပျက်များသာလျှင် ဖြစ်၍နေလိမ့်မည်။-
Thine heart shall meditate feare, Where is the scribe? where is the receiuer? where is hee that counted the towres?
19 ၁၉ သင်တို့သည်မိမိနားမလည်နိုင်သည့်ဘာသာ စကားကိုပြောဆိုသူ၊ မောက်မာထောင်လွှား သည့်လူမျိုးခြားတို့ကို တွေ့မြင်ရကြတော့ မည်မဟုတ်။-
Thou shalt not see a fierce people, a people of a darke speache, that thou canst not perceiue, and of a stammering tongue that thou canst not vnderstande.
20 ၂၀ ငါတို့ဘာသာရေးပွဲတော်များဆင်နွှဲရာ ဇိအုန်မြို့ကိုကြည့်ကြလော့။ ယေရုရှလင် မြို့ကိုကြည့်ကြလော့။ ထိုမြို့သည်ဘေးမဲ့လုံ ခြုံ၍အလွန်နေထိုင်ရန်ကောင်းသည့်မြို့ဖြစ် ပါသည်တကား။ ယင်းသည်ပန္နက်တိုင်များကို အဘယ်အခါ၌မျှမနုတ်ယူဘဲ အစဉ် ခိုင်ခံ့သည့်ကြိုးတို့ဖြင့်ဆွဲချည်ထားကာ၊ အဘယ်အခါ၌မျှမပြောင်းမရွှေ့ရသည့် တဲရှင်နှင့်တူလိမ့်မည်။-
Looke vpon Zion the citie of our solemne feastes: thine eyes shall see Ierusalem a quiet habitation, a Tabernacle that can not be remooued: and the stakes thereof can neuer be taken away, neither shall any of the cordes thereof be broken.
21 ၂၁ ထာဝရဘုရားသည်မိမိ၏ဘုန်းအသရေ တော်ကို ငါတို့အားဖူးမြင်ခွင့်ပေးတော်မူ လိမ့်မည်။ ငါတို့သည်မြစ်ကြီးချောင်းကြီး များအနီးတွင်နေထိုင်ရကြလိမ့်မည်။ သို့ ရာတွင်ထိုမြစ်ကြီးတို့တွင်ရန်သူလှေ သင်္ဘောများသွားလာရကြလိမ့်မည် မဟုတ်။-
For surely there the mightie Lord will be vnto vs, as a place of floods and broade riuers, whereby shall passe no shippe with oares, neither shall great shippe passe thereby.
22 ၂၂ ထိုလှေသင်္ဘောများ၏ရွက်တိုင်နှင့်ကြိုးတို့ သည်ပြုတ်လျက် ရွက်များသည်လည်းဖြန့်၍ မရပါတကား။ ရန်သူတပ်မှဥစ္စာပစ္စည်း များကိုလုယူကြလိမ့်မည်။ ထိုပစ္စည်းဥစ္စာ တို့မှာမြောက်မြားလှသည်ဖြစ်၍ ခြေမစွမ်း သူများပင်လျှင်မိမိတို့ဝေစုကိုရရှိကြ လိမ့်မည်။ ထာဝရဘုရားကိုယ်တော်တိုင် ပင်လျှင် ငါတို့၏ဘုရင်ဖြစ်တော်မူလိမ့် မည်။ ကိုယ်တော်သည်ငါတို့ကိုအုပ်စိုး၍ ကွယ်ကာတော်မူလိမ့်မည်။-
For the Lord is our Iudge, the Lord is our lawe giuer: the Lord is our King, he will saue vs.
Thy cordes are loosed: they could not well strengthen their maste, neither coulde they spread the saile: then shall the praye be deuided for a great spoile: yea, the lame shall take away the pray.
24 ၂၄ ငါတို့ပြည်တွင်နေထိုင်ကြသူအပေါင်းတို့ သည်ဖျားနာပါသည်ဟူ၍ အဘယ်အခါ၌ မျှညည်းညူရကြလိမ့်မည်မဟုတ်။ အပြစ် ရှိသမျှမှလည်းဖြေလွှတ်ကြလိမ့်မည်။
And none inhabitant shall say, I am sicke: the people that dwell therein, shall haue their iniquitie forgiuen.