< ဟေရှာယ 30 >

1 ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ပြည်​ကို​အ​စိုး​ရ သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​သူ​တို့​သည်​ငါ့​ကို​မုန်း​သော​ကြောင့် ဖြစ်​၏။ သူ​တို့​သည်​ငါ​၏​အ​လို​တော်​နှင့်​ဆန့် ကျင်​သည့်​အ​ကြံ​အ​စည်​များ​ကို​ပြု​၍ ငါ​၏ ခွင့်​ပြု​ချက်​မ​ရ​ဘဲ​မ​ဟာ​မိတ်​စာ​ချုပ်​များ ကို​ချုပ်​ဆို​ကာ၊ အ​ပြစ်​တစ်​ခု​အ​ပေါ်​တွင် တစ်​ခု​ထပ်​ဆင့်​၍​ကူး​လွန်​ကြ​၏။-
Wo! sones forsakeris, seith the Lord, that ye schulden make a councel, and not of me; and weue a web, and not bi my spirit, that ye schulden encreesse synne on synne.
2 သူ​တို့​သည်​ငါ​၏​ထံ​မှ​အ​ကြံ​ဉာဏ်​ကို​မ တောင်း​ခံ​ဘဲ အီ​ဂျစ်​ပြည်​သို့​သွား​၍​အ​ကူ အ​ညီ​တောင်း​ခံ​ကြ​၏။ အီ​ဂျစ်​ပြည်​၏​ကာ ကွယ်​စောင့်​ရှောက်​မှု​ကို​အ​လို​ရှိ​သ​ဖြင့် သူ​တို့ သည်​အီ​ဂျစ်​ဘု​ရင်​ကို​ယုံ​ကြည်​ကိုး​စား ကြ​၏။-
Whiche goen, to go doun in to Egipt, and ye axiden not my mouth; ye hopynge help in the strengthe of Farao, and ye hauynge trist in the schadewe of Egipt.
3 သို့​ရာ​တွင်​ထို​ပြည်​သည်​သူ​တို့​အား​ကွယ်​ကာ စောင့်​ရှောက်​နိုင်​လိမ့်​မည်​မ​ဟုတ်။ အီ​ဂျစ်​ပြည် ၏​ကာ​ကွယ်​စောင့်​ရှောက်​မှု​သည်​လည်း တိုင်း ပြည်​ပျက်​ပြုန်း​မှု​တွင်​အ​ဆုံး​သတ်​လိမ့်​မည်။-
And the strengthe of Farao schal be to you in to confusioun, and the trist of the schadewe of Egipt in to schenschipe.
4 သူ​တို့​၏​သံ​တ​မန်​များ​သည်​အီ​ဂျစ်​ပြည်၊ ဇော​န​မြို့​နှင့်​ဟာ​နက်​မြို့​သို့​ရောက်​ရှိ​နေ လေ​ပြီ။-
For whi thi princes weren in Taphnys, and thi messangeris camen til to Anes.
5 ယု​ဒ​အ​မျိုး​သား​များ​သည်​မိ​မိ​တို့​အ​ကူ အ​ညီ​ရ​ရှိ​လိမ့်​မည်​ဟု မျှော်​လင့်​ကာ​မှ​ကူ​ညီ ရန်​ပျက်​ကွက်​သည့်​လူ​မျိုး၊ ယုံ​ကြည်​စိတ်​ချ ၍​မ​ရ​သည့်​ထို​လူ​မျိုး​ကို​အား​ကိုး​မှီ​ခို မိ​သည့်​အ​တွက်​နောင်​တ​ရ​ကြ​လိမ့်​မည်။
Alle thei weren schent on the puple, that myyten not profite to hem; thei weren not in to help, and in to ony profit, but in to schame and schenschip.
6 ဤ​ဗျာ​ဒိတ်​တော်​သည်​တောင်​ပိုင်း​သဲ​ကန္တာ​ရ တွင်​ရှိ​သည့် တိ​ရစ္ဆာန်​များ​နှင့်​သက်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ကိုယ်​တော်​က``သံ​တ​မန် တို့​သည်​ခြင်္သေ့​များ​ခို​အောင်း​ရာ၊ မြွေ​ဆိုး​များ၊ န​ဂါး​ပျံ​များ​ရှိ​၍​ဘေး​အန္တ​ရာယ်​ပေါ​များ ရာ​အ​ရပ်​ကို​ဖြတ်​၍​သွား​ရ​ကြ​၏။ ထို​သူ​တို့ သည်​မိ​မိ​တို့​အား​အ​ဘယ်​အ​ကူ​အ​ညီ​မျှ မ​ပေး​နိုင်​သည့်​လူ​မျိုး​အ​တွက် အ​ဖိုး​ထိုက် လက်​ဆောင်​ပဏ္ဏာ​များ​ကို​မြည်း​များ၊ ကု​လား အုတ်​များ​နှင့်​တင်​ယူ​လာ​ကြ​၏။-
The birthun of werk beestis of the south. In the lond of tribulacioun and of angwisch, a lionesse, and a lioun, of hem a serpent, and a cocatrice; thei weren berynge her richessis on the schuldris of werk beestis, and her tresours on the botche of camels, to a puple that myyte not profite to hem.
7 အီ​ဂျစ်​ပြည်​မှ​ပေး​သော​အ​ကူ​အ​ညီ​ကား အ​ချည်း​နှီး​ပင်​တည်း။ ထို့​ကြောင့်​ငါ​သည်၊ အီ​ဂျစ်​ပြည်​အား`အ​ဆိပ်​မ​ရှိ​သည့်​န​ဂါး' ဟု နာ​မည်​ပေး​ထား​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
For whi Egipt schal helpe in veyn, and idili. Therfor Y criede on this thing, It is pride oneli; ceesse thou.
8 ဘု​ရား​သ​ခင်​က``ထို​သူ​တို့​သည်​အ​ဘယ်​သို့ သော​လူ​မျိုး​ဖြစ်​သည်​ကို နောင်​အ​ခါ​အ​စဉ် သက်​သေ​ခံ​အ​မှတ်​အ​သား​ရ​ရှိ​စေ​ရန် စာ စောင်​တစ်​ခု​တွင်​ရေး​မှတ်​၍​ထား​လော့'' ဟု ငါ​အား​စေ​ခိုင်း​တော်​မူ​ပါ​၏။-
Now therfor entre thou, and write to it on box, and write thou it diligentli in a book; and it schal be in the last dai in to witnessyng, til in to with outen ende.
9 သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​အ​မြဲ​တ​စေ ပုန်​ကန်​လျက်၊ အ​မြဲ​တ​စေ​လိမ်​လည်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​ကို​နာ​ယူ ရန်​အ​မြဲ​တ​စေ​ငြင်း​ဆန်​လျက်​နေ​ကြ​၏။-
For it is a puple terrynge to wrathfulnesse, and sones lieris, sones that nylen here the lawe of God.
10 ၁၀ ပ​ရော​ဖက်​များ​ကို​လည်း​ဆိတ်​ဆိတ်​နေ​ရန် ပြော​ဆို​ကြ​၏။ သူ​တို့​က``ငါ​တို့​အား​အ​မှန် တ​ရား​ကို​မ​ပြော​ကြ​နှင့်။ ငါ​တို့​ကြား​လို သော​စကား​ကို​ပြော​ကြ​လော့။ ငါ​တို့​အား မိ​မိ​တို့​၏​လွဲ​မှား​သော​အ​ထင်​အ​မြင် အ​ယူ​အ​ဆ​များ​နှင့်​ပင်​ရှိ​နေ​စေ​ကြ လော့။-
Whiche seien to profetis, Nyle ye prophesie; and to biholderis, Nyle ye biholde to vs tho thingis that ben riytful; speke ye thingis plesynge to vs, se ye errouris to vs.
11 ၁၁ ငါ​တို့​လမ်း​မှ​ဖယ်​ကြ​လော့။ ငါ​တို့​လမ်း​ကို မ​ပိတ်​ကြ​နှင့်။ သင်​တို့​ကိုး​ကွယ်​သော​သန့်​ရှင်း မြင့်​မြတ်​သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အ​ကြောင်း​ကို​ငါ​တို့ မ​ကြား​လို'' ဟု​ဆို​ကြ​၏။
Do ye awei fro me the weie, bowe ye awei fro me the path; the hooli of Israel ceesse fro oure face.
12 ၁၂ သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​သော​ဘု​ရား​သ​ခင်​က``သင် တို့​သည်​ငါ့​စ​ကား​ကို​အ​ရေး​မ​စိုက်​ဘဲ အ​ကြမ်း​ဖက်​မှု​နှင့်​လိမ်​လည်​မှု​ကို​သာ အား​ကိုး​ကြ​၏။-
Therfor the hooli of Israel seith these thingis, For that that ye repreuiden this word, and hopiden on fals caleng, and on noise, and tristiden on it,
13 ၁၃ သင်​တို့​သည်​အပြစ်​ဒဏ်​ခံ​ထိုက်​သူ​များ​သာ တည်း။ သင်​တို့​သည်​တောက်​လျှောက်​ကွဲ​အက် လျက်​နေ​သော အုတ်​တံ​တိုင်း​မြင့်​ကြီး​ကဲ့​သို့ ရုတ်​တ​ရက်​လဲ​ပြို​ပျက်​စီး​ကြ​လိမ့်​မည်။-
therfor this wickidnesse schal be to you as a brekyng fallynge doun, and souyt in an hiy wal; for sudeynli while it is not hopid, the brekyng therof schal come.
14 ၁၄ အိုး​ခြမ်း​ကွဲ​ဖြင့်​မီး​ခဲ​များ​ကို​ကောက်​ယူ​ရန် သော်​လည်း​ကောင်း၊ စည်​တွင်​နှစ်​၍​ရေ​ကို​ခပ်​ယူ ရန်​သော်​လည်း​ကောင်း၊ မ​ဖြစ်​နိုင်​အောင်​အ​စိတ် စိတ်​အ​မြွှာ​မြွှာ​ကွဲ​သွား​သော​မြေ​အိုး​နှင့်​တူ ကြ​လိမ့်​မည်။
And it schal be maad lesse, as a galoun of a pottere is brokun with ful strong brekyng; and a scherd schal not be foundun of the gobetis therof, in which scherd a litil fier schal be borun of brennyng, ethir a litil of watir schal be drawun of the diche.
15 ၁၅ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့် မြတ်​သည့်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က လူ​တို့​အား``သင်​တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ ကာ​တည်​ငြိမ်​စွာ ငါ့​အား​ယုံ​ကြည်​ကိုး​စား​၍ နေ​ကြ​လော့။ သို့​ပြု​လျှင်​သင်​တို့​သည်​ခွန်​အား စွမ်း​ရည်​ကို​ရ​၍​ကယ်​တင်​ခြင်း​ကို​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။ သို့​ရာ​တွင် သင်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​နား မ​ထောင်​ကြ။-
For whi the Lord God, the hooli of Israel, seith these thingis, If ye turnen ayen, and resten, ye schulen be saaf; in stilnesse and in hope schal be youre strengthe. And ye nolden.
16 ၁၆ ယင်း​သို့​နား​ထောင်​မည့်​အ​စား၊ လျင်​မြန်​သည့် မြင်း​များ​ကို​စီး​၍ ရန်​သူ​တို့​ထံ​မှ​ထွက်​ပြေး ရန်​ကြံ​စည်​ကြ​လေ​သည်။ သင်​တို့​၏​အ​ကြံ အ​စည်​မှာ​မ​ဆိုး​လှ။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​သည်​အ​မှန်​ပင်​ထွက်​ပြေး​ရ​ကြ​လိမ့် မည်​ဖြစ်​သော​ကြောင့်​တည်း။ သင်​တို့​သည်​မိ​မိ တို့​မြင်း​များ​ကို​လျင်​မြန်​လှ​ပြီ​ဟု​ထင်​မှတ် ကြ​သော်​လည်း သင်​တို့​အား​လိုက်​လံ​ဖမ်း​ဆီး သူ​တို့​၏​မြင်း​များ​က​ပို​၍​ပင်​လျင်မြန်​ကြ လိမ့်​မည်။-
And ye seiden, Nai, but we schulen fle to horsis; therfor ye schulen fle. And we schulen stie on swifte horsis; therfor thei schulen be swiftere, that schulen pursue you.
17 ၁၇ ရန်​သူ​တစ်​ယောက်​ကို​မြင်​လျှင်​သင်​တို့​ဘက် မှ​လူ​တစ်​ထောင်​ထွက်​ပြေး​ကြ​လိမ့်​မည်။ ရန် သူ​ငါး​ယောက်​ဆို​လျှင် သင်​တို့​အား​လုံး​ပင် ထွက်​ပြေး​ကြ​လိမ့်​မည်။ တောင်​ထိပ်​တွင်​အ​ထီး တည်း​စိုက်​ထူ​ထား​သည့်​အ​လံ​တိုင်​မှ​တစ်​ပါး သင်​တို့​၏​တပ်​မ​တော်​မှ​အ​ဘယ်​အ​ရာ​မျှ ကျန်​ရှိ​ခဲ့​လိမ့်​မည်​မ​ဟုတ်။-
A thousynde men schulen fle fro the face of the drede of oon; and ye schulen fle fro the face of drede of fyue, til ye be left as the mast of a schip in the cop of a munteyn, and as a signe on a litil hil.
18 ၁၈ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကျေး​ဇူး​ပြု​တော်​မူ​ရန် စောင့်​ဆိုင်း​၍​နေ​တော်​မူ ပါ​၏။ ကိုယ်​တော်​သည်​တ​ရား​မျှ​တ​မှု​ကို အ​စဉ်​ပြု​တော်​မူ​တတ်​သည်​ဖြစ်​၍ သင်​တို့ အား​က​ရု​ဏာ​ပြ​တော်​မူ​ရန်​အ​သင့်​ရှိ တော်​မူ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည် ကိုး​စား​ကြ​သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။
Therfor the Lord abidith, that he haue mercy on you, and therfor he schal be enhaunsid sparynge you; for whi God is Lord of doom, blessid ben alle thei that abiden hym.
19 ၁၉ ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သော​သူ​တို့၊ သင်​တို့​သည်​ငို​ယို​ရ​ကြ​တော့​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​ကြင်​နာ​တော် မူ​တတ်​၏။ ကူ​မ​တော်​မူ​ရန်​အ​ထံ​တော်​သို့ သင်​တို့​ဟစ်​အော်​ကြ​သော​အ​ခါ ကိုယ်​တော် သည်​နား​ညောင်း​တော်​မူ​၍​အ​ဖြေ​ပေး လိမ့်​မည်။-
Forsothe the puple of Sion schal dwelle in Jerusalem; thou wepynge schal not wepe, he doynge merci schal haue merci on thee; at the vois of thi cry, anoon as he herith, he schal answere to thee.
20 ၂၀ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ဆိုး​ယုတ် ခက်​ခဲ​မှု​များ​နှင့်​တွေ့​ကြုံ​စေ​တော်​မူ​မည် ဖြစ်​သော်​လည်း ကိုယ်​တော်​တိုင်​ပင်​သင်​တို့​နှင့် အ​တူ​ရှိ​တော်​မူ​၍​လမ်း​ပြ​သွန်​သင်​တော်​မူ လိမ့်​မည်။ သင်​တို့​သည်​လည်း​ကိုယ်​တော်​ကို ရှာ​နေ​ရန်​လို​တော့​မည်​မ​ဟုတ်။-
And the Lord schal yyue to thee streyt breed, and schort watir, and schal no more make thi techere to fle awei fro thee; and thin iyen schulen be seynge thi comaundour,
21 ၂၁ လက်​ဝဲ​ဘက်​သို့​သော်​လည်း​ကောင်း၊ လက်​ယာ ဘက်​သို့​သော်​လည်း​ကောင်း သင်​တို့​လမ်း​မှား ၍​လိုက်​မိ​ကြ​သော​အ​ခါ``လမ်း​မှန်​ကား​ဤ မှာ​တည်း။ ဤ​လမ်း​အ​တိုင်း​လိုက်​ကြ​လော့'' ဟု​သင်​တို့​နောက်​မှ​နေ​၍​ကိုယ်​တော်​မိန့်​တော် မူ​သံ​ကို​ကြား​ရ​ကြ​လိမ့်​မည်။-
and thin eeris schulen here a word bihynde the bak of hym that monestith; This is the weie, go ye therynne, nether to the riyt half nether to the left half.
22 ၂၂ သင်​တို့​သည်​ငွေ​ဖြင့်​မွမ်း​မံ​ထား​သည့်​ရုပ်​တု များ​နှင့်​ရွှေ​ဖြင့်​မွမ်း​မံ​ထား​သည့်​ရုပ်​တု​များ ကို​ယူ​၍``ငါ​တို့​မျက်​မှောက်​မှ​သွား​ကြ​ပေ တော့'' ဟု​ဆို​ကာ၊ အ​ညစ်​အ​ကြေး​သ​ဖွယ် ပစ်​ထုတ်​လိုက်​လိမ့်​မည်။-
And thou schalt defoule the platis of the grauun ymagis of thi siluer, and the cloth of the yotun ymage of thi gold; and thou schalt scatere tho, as the vnclennesse of a womman in vncleene blood; Go thou out, and thou schalt seie to it.
23 ၂၃ သင်​တို့​သီး​နှံ​များ​ကို​စိုက်​ပျိုး​ကြ​သည့် အ​ခါ​တိုင်း​အ​ပင်​ပေါက်​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​သည်​မိုး​ကို​ရွာ​သွန်း​စေ​တော်​မူ လိမ့်​မည်။ သင်​တို့​ရိတ်​သိမ်း​ရန်​အ​သီး​အ​နှံ များ​ကို​လှိုင်​လှိုင်​ထွက်​စေ​၍ ကျွဲ​နွား​များ သည်​လည်း​စား​ကျက်​အ​လုံ​အ​လောက်​ရ​ရှိ ကြ​လိမ့်​မည်။-
And reyn schal be youun to thi seed, where euere thou schalt sowe in erthe, and the breed of fruytis of erthe schal be moost plenteuouse and fat; in that dai a lomb schal be fed largeli in thi possessioun.
24 ၂၄ သင်​တို့​လယ်​ယာ​များ​ကို​ထွန်​ယက်​ပေး​ကြ သည့်​နွား​များ၊ မြည်း​များ​သည်​ကောင်း​ပေ့၊ သန့်​ပေ့​ဆို​သည့်​အ​စာ​များ​ကို​စား​ရ​ကြ လိမ့်​မည်။-
And thi bolis and coltis of assis, that worchen the lond, schulen ete barli with chaf meynd togidere, as it is wyndewid in the cornfloor.
25 ၂၅ သင်​တို့​သည်​ရန်​သူ့​ခံ​တပ်​များ​ကို​ဖမ်း​ဆီး သိမ်း​ယူ​ကာ သူ​တို့​အား​သတ်​ဖြတ်​လိုက်​သော အ​ခါ၊ တောင်​ကုန်း၊ တောင်​တန်း​ရှိ​သ​မျှ​ပေါ် မှ​ချောင်း​ရေ​တို့​သည်​စီး​ဆင်း​၍​လာ​လိမ့် မည်။-
And strondis of rennynge watris schulen be on ech hiy munteyn, and on ech litil hil reisid, in the dai of sleyng of many men, whanne touris fallen doun.
26 ၂၆ လ​သည်​နေ​တ​မျှ​ထွန်း​လင်း​တောက်​ပ​လျက် နေ​သည်​လည်း ခု​နစ်​စင်း​ပြိုင်​တူ​ထွက်​သ​ကဲ့ သို့ ခါ​တိုင်း​ထက်​ခု​နစ်​ဆ​ထွန်း​လင်း​တောက်​ပ လိမ့်​မည်။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော် ရ​ရှိ​ခဲ့​သည်​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​အ​ဝတ် နှင့်​ပတ်​စည်း​၍ အ​နာ​များ​ကို​ကု​သ​ပျောက် ကင်း​စေ​တော်​မူ​သော​အ​ခါ၊ ဤ​အ​မှု​အ​ရာ အ​ပေါင်း​သည်​ဖြစ်​ပျက်​၍​လာ​လိမ့်​မည်။
And the liyt of the moone schal be as the liyt of the sunne, and the liyt of the sunne schal be seuenfold, as the liyt of seuene daies, in the dai in which the Lord schal bynde togidere the wounde of his puple, and schal make hool the smytynge of the wounde therof.
27 ၂၇ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ တော်​ကို​အ​ဝေး​မှ​ပင်​မြင်​နိုင်​ပါ​သည်​တ​ကား။ မီး​လျှံ​နှင့်​မီး​ခိုး​တို့​သည်​ကိုယ်​တော်​၏​အ​မျက် တော်​ကို​ဖော်​ပြ​ကြ​၏။ ကိုယ်​တော်​မိန့်​မြွက်​တော် မူ​သော​အ​ခါ​နှုတ်​တော်​ထွက်​စ​ကား​များ​သည် မီး​ကဲ့​သို့​လောင်​ကျွမ်း​စေ​တတ်​၏။-
Lo! the name of the Lord cometh doun fro fer; his strong veniaunce is brennynge and greuouse to bere; hise lippis ben fillid of indignacioun, and his tunge is as fier deuouringe.
28 ၂၈ ကိုယ်​တော်​သည်​လေ​ပြင်း​ကို​တိုက်​ခတ်​စေ တော်​မူ​လိမ့်​မည်။ ထို​လေ​သည်​အ​ရာ​ခပ်​သိမ်း ကို​မြော​ပါ​သွား​စေ​တတ်​သည့်​မြစ်​ရေ​လျှံ သ​ကဲ့​သို့​လူ​မျိုး​တ​ကာ​ကို​ဆုံး​ပါး​ပျက်​စီး စေ​၍၊ သူ​တို့​၏​ဆိုး​ညစ်​သော​အ​ကြံ​အ​စည် များ​ကို​ပျက်​ပြား​စေ​လိမ့်​မည်။-
His spirit is as a stef streem, flowynge `til to the myddis of the necke, to leese folkis in to nouyt, and the bridil of errour, that was in the chekis of puplis.
29 ၂၉ သို့​ရာ​တွင်၊ အို ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်၊ သင်​တို့​သည်​ဘာ​သာ​ရေး​ပွဲ​တော်​ညဥ့်​မှာ​ကဲ့ သို့​ပျော်​ရွှင်​စွာ​သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ သင် တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ကွယ် ကာ​ရာ​အ​ရှင်၊ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် သို့​သွား​ရာ​လမ်း​တွင် ပု​လွေ​သံ​နှင့်​စည်း​ချက် ကျ​ကျ​လမ်း​လျှောက်​၍​သွား​ကြ​သူ​တို့​ကဲ့ သို့​ပျော်​ရွှင်​ကြ​လိမ့်​မည်။
Song schal be to you, as the vois of an halewid solempnyte; and gladnesse of herte, as he that goth with a pipe, for to entre in to the hil of the Lord, to the stronge of Israel.
30 ၃၀ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​အ​ပေါင်း​တို့​အား အာ​နု​ဘော်​တော်​နှင့်​ပြည့်​ဝ​သည့်​အ​သံ​တော် ကို​ကြား​စေ​တော်​မူ​၍ မိ​မိ​၏​အ​မျက်​တော် အ​ရှိန်​ကို​ခံ​စား​စေ​တော်​မူ​လိမ့်​မည်။ မီး တောက်​မီး​လျှံ​များ၊ မိုး​ထစ်​ချုန်း​မှု၊ မိုး​သီး များ​ကျ​မှု​နှင့်​သည်း​ထန်​စွာ​မိုး​ရွာ​သွန်း မှု​ကို​ဖြစ်​ပွား​စေ​တော်​မူ​လိမ့်​မည်။-
And the Lord schal make herd the glorie of his vois, and he schal schewe the ferdfulnesse of his arm in manassyng of strong veniaunce, and in flawme of fier brennynge; he schal hurtle doun in whirlewynd, and in stoon of hail.
31 ၃၁ အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည်​ဘု​ရား​သ​ခင် ၏​အ​သံ​တော်​ကို​ကြား​သော​အ​ခါ ကြောက် လန့်​တုန်​လှုပ်​လျက်​ကိုယ်​တော်​ပေး​အပ်​တော် မူ​သော​အ​ပြစ်​ဒဏ်​အ​ဟုန်​ကို​ခံ​စား​ရ​ကြ လိမ့်​မည်။-
For whi Assur smytun with a yerde schal drede of the vois of the Lord;
32 ၃၂ ထို​သူ​တို့​အား​အ​ဖန်​တ​လဲ​လဲ​ဘု​ရား​သ​ခင်​ရိုက်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​၏ လူ​မျိုး​တော်​သည်​စောင်း​သံ၊ ပတ်​သာ​သံ​များ ကို​စည်း​လိုက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင် ကိုယ်​တော်​တိုင်​ပင်​အာ​ရှု​ရိ​အ​မျိုး​သား တို့​ကို​တိုက်​ခိုက်​တော်​မူ​လိမ့်​မည်။-
and the passyng of the yerd schal be foundid, which yerde the Lord schal make for to reste on hym. In tympans, and harpis, and in souereyn batels he schal ouercome hem.
33 ၃၃ ရှေး​မ​ဆွ​က​ပင်​အာ​ရှု​ရိ​ဘု​ရင်​ကို​မီး​သင်္ဂြိုဟ် ရန် လောင်​တိုက်​ကို​ပြင်​ဆင်​၍​ထား​ခဲ့​၏။ ထို​လောင် တိုက်​သည်​အ​စောက်​နက်​၍​ကျယ်​ဝန်း​၏။ ထို အ​ရပ်​တွင်​မြင့်​မား​သော​ထင်း​ပုံ​ကြီး​တစ် ခု​လည်း​ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ခံ​တွင်း တော်​မှ​မီး​လျှံ​ကို​မှုတ်​ထုတ်​တော်​မူ​၍ ထို ထင်း​ပုံ​ကို​မီး​စွဲ​လောင်​စေ​တော်​မူ​လိမ့်​မည်။
For whi Tophet, that is, helle, deep and alargid, is maad redi of the kyng fro yistirdai; the nurschyngis therof ben fier and many trees; the blast of the Lord as a streem of brymstoon kyndlith it.

< ဟေရှာယ 30 >