< ဟေရှာယ 3 >

1 ယ​ခု​အ​ခါ​ထာ​ဝ​ရ​ဘု​ရား၊ အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ပြည်​သူ​တို့​မှီ​ခို အား​ထား​သူ​မှန်​သ​မျှ​နှင့် ဝတ္ထု​ပစ္စည်း​မှန် သ​မျှ​ကို​ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​မှ ပယ်​ရှား​တော်​မူ​တော့​မည်။ ကိုယ်​တော်​သည် သူ​တို့​၏​အ​စာ​ရေ​စာ​များ​ကို​ရုပ်​သိမ်း တော်​မူ​လိမ့်​မည်။-
အကြောင်း မူကား၊ ကောင်းကင်ဗိုလ်ခြေ သခင် ၊ အရှင်ထာဝရ ဘုရားသည် မုန့် အထောက် အပင့်နှင့် ရေ အထောက် အပင့် ရှိသမျှ မှစ၍၊ ခပ်သိမ်း သော အထောက် အပင့်တို့ကို ယေရုရှလင် မြို့နှင့် ယုဒ ပြည်မှ ပယ်ရှား တော်မူ၏။
2 သူ​တို့​၏​သူ​ရဲ​ကောင်း​များ​နှင့်​စစ်​သည်​တော် များ၊ တ​ရား​သူ​ကြီး​များ​နှင့်​ပ​ရော​ဖက်၊ ဗေ​ဒင်​ဆ​ရာ​များ​နှင့်​တာ​ဝန်​ရှိ​ပ္ဂိုလ်​များ၊-
တန်ခိုး ကြီးသောသူ၊ စစ်တိုက် သောသူ ၊ တရားသူကြီး ၊ ပရောဖက် ၊ ဗေဒင် တတ်၊ အသက်ကြီး သူ၊
3 သူ​တို့​၏​စစ်​ဘက်​နယ်​ဘက်​ခေါင်း​ဆောင်​များ နိုင်​ငံ​ရေး​သ​မား​များ​နှင့်​မှော်​ဆ​ရာ​များ ကို​ဖယ်​ရှား​တော်​မူ​လိမ့်​မည်။-
သွေးသောက်ကြီး၊ အရာရှိ၊ တိုင်ပင် မှူးမတ်၊ လက် သတ္တိရှိသောသူ၊ နှုတ် သတ္တိရှိသောသူတို့ကို ပယ်ရှားတော်မူ၏။
4 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရွယ်​မ​ရောက်​သေး သော​က​လေး​သူ​ငယ်​များ​အား ပြည်​သူ တို့​ကို​အုပ်​စိုး​ခွင့်​ပေး​တော်​မူ​လိမ့်​မည်။-
ထိုပြည် တွင် သူငယ် တို့ကို မင်း အရာ၌ ငါခန့် ထား ၍ နို့စို့သူငယ် တို့သည် အုပ်စိုး ကြလိမ့်မည်။
5 လူ​တိုင်း​ပင်​တစ်​ဦး​အ​ပေါ်​တစ်​ဦး​အ​ခွင့်​ကောင်း ယူ​၍​ကိုယ်​ကျိုး​ရှာ​လိမ့်​မည်။ လူ​ငယ်​လူ​ရွယ်​တို့ သည်​လူ​ကြီး​သူ​မ​တို့​အား​လည်း​ကောင်း၊ ယုတ် ညံ့​သူ​တို့​သည်​မြင့်​မြတ်​သူ​တို့​အား​လည်း ကောင်း​အ​ရို​အ​သေ​ကင်း​မဲ့​ကြ​လိမ့်​မည်။
ပြည်သား တို့သည် တယောက် ကိုတယောက်၊ အိမ်နီးချင်း တယောက်ကိုတယောက်ညှဉ်းဆဲ ကြလိမ့်မည်။ သူငယ် သည် အသက်ကြီး သူကို ၎င်း ၊ လူယုတ် သည် လူမြတ် ကို ၎င်းစော်ကား လိမ့်မည်။
6 သား​ချင်း​စု​ဝင်​တို့​သည်​မိ​မိ​တို့​အ​ထဲ​မှ လူ​တစ်​စုံ​တစ်​ယောက်​ကို​ရွေး​ချယ်​ကာ``ယုတ်​စွ အ​ဆုံး​သင့်​မှာ​အ​ဝတ်​အ​စား​ရှိ​ပါ​သေး​သည်။ သို့​ဖြစ်​၍​ယ​ခု​လို​ဒုက္ခ​ရောက်​ချိန်​၌​ငါ​တို့ ၏​ဦး​စီး​ခေါင်း​ဆောင်​ပြု​လုပ်​ပေး​ပါ'' ဟု​ဆို ကြ​သည့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။
ထိုကြောင့် ၊ လူ သည် ပေါက်ဘော် ချင်းညီအစ်ကို ကို ကိုင် ဆွဲ၍၊ သင် ၌ အဝတ် ရှိသေး၏။ လာပါ။ အကျွန်ုပ် တို့အပေါ်၌ မင်း ပြု ပါ။ အကျွန်ုပ် တို့ ပြိုပျက် ရာကိုလည်း ပြုပြင် ပါဟုဆိုလျှင်၊
7 သို့​ရာ​တွင်​ထို​သူ​က``ငါ​မ​လုပ်​ပါ​ရ​စေ​နှင့်။ ငါ​သည်​သင်​တို့​ကို​မ​ကယ်​နိုင်​ပါ။ ငါ့​မှာ​လည်း အ​စား​အ​စာ​နှင့်​အ​ဝတ်​မ​ရှိ​ပါ။ ငါ့​အား​သင် တို့​၏​ဦး​စီး​ခေါင်း​ဆောင်​အ​ဖြစ်​မ​ခန့်​ကြ ပါ​နှင့်'' ဟု​ပြန်​လည်​ပြော​ဆို​လိမ့်​မည်။
သူကလည်း၊ ငါသည်ပြုပြင် နိုင်သော သူမ ဟုတ်။ ငါ့ အိမ် ၌ မုန့် လည်း မရှိ။ အဝတ် လည်း မရှိ။ငါ့ ကို ပြည်သား တို့ အပေါ်မှာမင်း မ ပြု စေနှင့်ဟု အတည့်အလင်းပြော ဆိုလိမ့်မည်။
8 ယေ​ရု​ရှ​လင်​မြို့​သည်​အ​မင်္ဂ​လာ​ရှိ​ပါ​သည် တ​ကား။ ယု​ဒ​ပြည်​လည်း​ပြို​ပျက်​လျက်​နေ လေ​ပြီ။ သူ​တို့​ပြု​သ​မျှ​သော​အ​မှု​များ​နှင့် ပြော​သ​မျှ​သော​စ​ကား​များ​သည် ထာ​ဝ​ရ ဘု​ရား​နှင့်​ဆန့်​ကျင်​ဘက်​သာ​လျှင်​ဖြစ်​၍ နေ​၏။ သူ​တို့​သည်​ဘု​ရား​သ​ခင်​ကိုယ်​တော် တိုင်​ကို​လူ​သိ​ရှင်​ကြား​စော်​ကား​ကြ​၏။-
ယေရုရှလင် မြို့ပြိုလဲ လျက်၊ ယုဒပြည် ဆုံးရှုံး လျက် ရှိ၏။ အကြောင်း မူကား၊ သူ တို့စကား နှင့် သူ တို့အကျင့် တို့ သည် ထာဝရဘုရား ၏ အလိုတော်နှင့်မညီ၊ ဘုန်း ကြီးသော မျက်စိ တော်တို့ကို ဆန့်ကျင် ဘက်ပြုကြ၏။
9 သူ​တို့​၏​မျက်​နှာ​အ​မူ​အ​ရာ​က​သူ​တို့​တွင် အ​ပြစ်​ရှိ​ကြောင်း​ဖော်​ပြ​သက်​သေ​ခံ​လျက် ရှိ​ပေ​သည်။ သော​ဒုံ​မြို့​မှ​လူ​များ​ကဲ့​သို့​သူ တို့​သည်​အ​ပြစ်​ကို​ပေါ်​လွင်​ထင်​ရှား​စွာ​ပြု ကြ​၏။ သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ တို့​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ကို​သူ​တို့ ကိုယ်​တိုင်​ပင်​ဖန်​တီး​ပေး​ကြ​လေ​ပြီ။
သူ တို့မျက်နှာ အနေအထား သည် သူ တို့တဘက် ၌ သက်သေ ခံ၏။ မိမိ ဒုစရိုက် ကိုမ ဝှက် ၊ သောဒုံ မြို့သားကဲ့သို့ ထင်ရှားစွာ ပြု ကြ၏။ သူ တို့ဝိညာဉ် ၌ အမင်္ဂလာ ရှိ၏။ အကြောင်း မူကား၊ မကောင်းကျိုး ကို မိမိ တို့၌ ဆပ်ပေး ကြပြီ။
10 ၁၀ သူ​တော်​ကောင်း​တို့​သည်​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ သူ တို့​အ​တွက်​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​လိမ့် မည်။ သူ​တို့​သည်​မိ​မိ​တို့​၏​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​များ​၏​ကောင်း​ကျိုး​ကို​ခံ​စား​ရ ကြ​လိမ့်​မည်။-
၁၀ဖြောင့်မတ် သောသူသည် မင်္ဂလာ ရှိ၏ဟု ထိုသူ အား ပြော လော့။ အကြောင်း မူကား၊ သူ သည် မိမိအကျင့် တို့၏အကျိုး ကို ခံစား ရလိမ့်မည်။
11 ၁၁ သူ​ယုတ်​မာ​တို့​မူ​ကား​အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ မိ​မိ​တို့​၏​ဆိုး​ယုတ်​သည့်​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​များ​အ​တွက်​အ​ပြစ်​ဒဏ်​သင့် ကြ​လိမ့်​မည်။
၁၁မတရား သောသူသည်အမင်္ဂလာ ရှိ၏။ မကောင်း သော အမှုနှင့်တွေ့လိမ့်မည်။ အကြောင်း မူကား၊ သူ ကျင့် သောအကျင့် တို့၏အပြစ် ကို သူ ၌ ဆပ် ပေးရလိမ့်မည်။
12 ၁၂ ငွေ​ချေး​စား​သူ​တို့​သည်​ငါ​၏​လူ​များ​အား နှိပ်​စက်​ကြ​၏။ ငွေ​ရှင်​ကြေး​ရှင်​များ​က​သူ​တို့ အား​လိမ်​လည်​လှည့်​ဖြား​ကြ​၏။ ငါ​၏​လူ​တို့၊ သင်​တို့​၏​ခေါင်း​ဆောင်​များ​သည်​သင်​တို့​အား လမ်း​မှား​ကို​ပြ​လျက်​နေ​သ​ဖြင့် သင်​တို့​သည် အ​ဘယ်​လမ်း​သို့​လိုက်​ရ​မည်​ကို​ပင်​မ​သိ နိုင်​ကြ​တော့​ပေ။
၁၂ငါ ၏လူ များကိုကား၊ သူငယ် တို့သည် ညှဉ်းဆဲ ကြ ၏။ မိန်းမ တို့သည်လည်း အုပ်စိုး ကြ၏။ ငါ ၏လူ များတို့၊ သင် တို့အား လမ်းပြ သောသူတို့သည် လမ်းလွဲ စေကြ၏။ သင် တို့သွားသော လမ်း ခရီး ကိုလည်း ဖျက် ကြ၏။
13 ၁၃ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​မှု​ကို​ဖော်​ပြ ရန်​အ​သင့်​ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​မျိုး တ​ကာ​တို့​ကို​တ​ရား​စီ​ရင်​ရန်​အ​သင့်​ရှိ တော်​မူ​၏။-
၁၃ထာဝရဘုရား သည် မိမိအမှုကို စောင့် အံ့သောငှါ ထ တော်မူ၏။ မိမိလူ တို့ကို တရား စီရင်မည်ဟု အားထုတ် တော်မူ၏။
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အ​ထဲ​မှ အ​သက်​ကြီး​သူ​များ​နှင့်​ဦး​စီး ခေါင်း​ဆောင်​များ​အား​တ​ရား​စီ​ရင်​တော်​မူ ပေ​အံ့။ သူ​တို့​အား​ကိုယ်​တော်​က``သင်​တို့​သည် စ​ပျစ်​ဥ​ယျာဉ်​များ​ကို​လု​ယက်​ကြ​လေ​ပြီ။ သင်​တို့​၏​အိမ်​များ​သည်​လည်း​ဆင်း​ရဲ​သူ တို့​ထံ​မှ​သိမ်း​ယူ​ထား​သည့်​ဥစ္စာ​ပစ္စည်း​များ နှင့်​ပြည့်​လျက်​နေ​၏။-
၁၄ထာဝရဘုရား သည် မိမိ လူ တို့တွင်၊ အသက်ကြီး သူတို့ကို ၎င်း၊ မင်း တို့ကို၎င်းတရား စီရင်ရာ၌ ဆီး ကြို တော်မူမည်။ သင် တို့သည် ငါ့ဥယျာဉ် တော်ကိုစား ကြပြီ။ ဆင်းရဲ သောသူတို့၏ ဥစ္စာ ကို လုယူ၍၊ မိမိ တို့အိမ် ၌ သိုထားကြပြီ။
15 ၁၅ သူ​တို့​တွင်​ငါ​၏​လူ​မျိုး​တော်​အား​ဤ​သို့ နှိပ်​စက်​ပိုင်​ခွင့်၊ ဆင်း​ရဲ​သူ​တို့​အ​ပေါ်​၌​အ​ခွင့် ကောင်း​ယူ​ပိုင်​ခွင့်​လည်း​မ​ရှိ။ ဤ​ကား​အ​နန္တ တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။
၁၅ငါ ၏လူ တို့ကို အဘယ်ကြောင့် နှိပ်စက် ကြသနည်း။ ဆင်းရဲ သားတို့၏မျက်နှာ ကို အဘယ်ကြောင့်ကြိတ် ကြသနည်းဟု ကောင်းကင်ဗိုလ်ခြေ သခင် အရှင် ထာဝရ ဘုရား မိန့် တော်မူ၏။
16 ၁၆ ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရု​ရှ​လင်​မြို့​သူ​တို့ သည်​အ​ဘယ်​မျှ​မာန်​မာ​န​ကြီး​လျက်​နေ​သည် ကို​ကြည့်​ကြ​လော့။ သူ​တို့​သည်​လည်​ကို​မော်​၍ သွား​လာ​တတ်​ကြ​၏။ အ​စဉ်​ပင်​လျှပ်​ပေါ်​လော် လီ​ကာ​နေ​ကြ​၏။ သူ​တို့​၏​ခြေ​လှမ်း​က​လေး များ​သည်​သာ​ယာ​ညင်း​ပျောင်း​လှ​၍ သူ​တို့​၏ ခြေ​ချင်း​များ​သည်​လည်း​တ​ချွင်​ချွင်​မြည် လျက်​ရှိ​၏။-
၁၆တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဇိအုန် သတို့သမီး တို့သည် စိတ် မြင့်၍ ၊ မိမိလည်ပင်း ကို ပြ လျက်၊ မျက်စိ လော်လည် လျက်၊ ခြေချင်း တန်ဆာ မြည် လျက်၊ စိတ်စိတ်လှမ်း သွားတတ်သောကြောင့်၊
17 ၁၇ သို့​ရာ​တွင်​ငါ​သည်​သူ​တို့​အား ဦး​ပြည်း ခေါင်း​တုံး​ရိတ်​၍​အ​ပြစ်​ပေး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။
၁၇ဘုရား ရှင်သည် ဇိအုန် သတို့သမီး တို့ကို ခေါင်းတုံးဖြစ်စေတော်မူမည်။ ထာဝရဘုရား သည် သူ တို့မှ အဝတ် ကိုပယ် ၍ အရှက်ခွဲတော်မူမည်။
18 ၁၈ ယေ​ရု​ရှ​လင်​မြို့​သူ​တို့​ဂုဏ်​ယူ​ဝါ​ကြွား​သ​မျှ သော​အ​ရာ​များ​ကို ထာ​ဝ​ရ​ဘု​ရား​သည်​သူ တို့​ထံ​မှ​သိမ်း​ယူ​တော်​မူ​မည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ သူ​တို့​၏​ခြေ​ချင်း​များ၊ ဦး​ခေါင်း တန်​ဆာ​များ၊ လည်​ဆွဲ​များ၊-
၁၈ထို ကာလ ၌ ဘုရား ရှင်သည် သူတို့ခြေချင်း ၊ ဈာဦးထုပ် ၊ လဆန်းရုပ်လည်ဆွဲ၊
19 ၁၉ နား​ဆွဲ​များ၊ လက်​ကောက်​များ၊ သူ​တို့​၏ မျက်​နှာ​ဖုံး​ဇာ​ပု​ဝါ​များ၊ ဦး​ထုပ်​များ၊-
၁၉နား သန်သီး၊ လက်ကောက် ၊ မျက်နှာဖုံး၊
20 ၂၀
၂၀ပေါင်း သရဖူ၊ ရွှေခြေကြိုး ၊ ခါးပန်း၊ နှာခေါင်းဘူး၊
21 ၂၁ လက်​မောင်း​ပတ်၊ ခါး​ပတ်​လက်​ဖွဲ့​များ၊ လက်​စွပ် များ၊ နှာ​ဆွဲ​များ၊ ကောင်း​သော​ဝတ်​လုံ​များ၊ အ​ပေါ်​အ​င်္ကျီ​ရှည်​များ၊ ဂါ​ဝန်​များ၊ ပိုက်​ဆံ အိတ်​များ၊ ပါး​လွှာ​သော​အ​ဝတ်​တန်​ဆာ​များ၊ ပိတ်​ချော​လက်​ကိုင်​ပု​ဝါ​များ၊ ခေါင်း​အုပ်​ဇာ ပု​ဝါ​များ​ကို​ဖယ်​ရှား​တော်​မူ​လိမ့်​မည်။
၂၁လက်ဖွဲ့၊ လက်စွပ် ၊ နှာဆွဲ၊
22 ၂၂
၂၂ရွှေ ဈာအင်္ကျီ၊ တပက် ၊ ခေါင်း ခြုံ၊ လွယ်အိတ်၊
23 ၂၃
၂၃လွယ်မှန် ၊ အတွင်းအင်္ကျီ ၊ ဦးရစ် ၊ တင်းထိမ် တို့ကို ပယ်ရှင်း တော်မူမည်။
24 ၂၄ သူ​တို့​သည်​ရေ​မွှေး​နံ့​မ​ရ​ဘဲ​ပုပ်​စပ်​နံ​စော် ၍​နေ​လိမ့်​မည်။ လှ​ပ​သည့်​ခါး​ပတ်​များ​အ​စား ကြိုး​ကြမ်း​များ​ကို​အ​သုံး​ပြု​ရ​ကြ​လိမ့်​မည်။ ရှု​ချင်​စ​ဖွယ်​ကောင်း​သော​ဆံ​ထုံး​များ​အ​စား ဦး​ပြည်း​ခေါင်း​တုံး​ထား​ရ​ကြ​လိမ့်​မည်။ တင့် တယ်​လှ​ပ​သော​ဝတ်​စား​တန်​ဆာ​များ​အ​စား အ​ဝတ်​စုတ်​များ​ကို​ဝတ်​ဆင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​၏​နှစ်​လို​ဖွယ်​ရာ​အ​ဆင်း​သည်​လည်း ရှက်​ဖွယ်​ရာ​အ​ဖြစ်​သို့​ပြောင်း​လဲ​၍​သွား လိမ့်​မည်။
၂၄မွှေး သော အနံ့အရာ ၌ ပုပ်စပ် သောအနံ့၊ ခါးစည်း အရာ ၌ ခါးကြိုး ၊ ကျစ်သောဆံပင် အရာ ၌ ခေါင်းထုံး ခြင်း၊ ရင်စည်း တန်ဆာအရာ ၌လျှောတေ ကြိုး၊ လှ သော အဆင်းအရာ၌ သံ ပူထိုးချက်ရာ ဖြစ် ရလိမ့်မည်။
25 ၂၅ သူ​တို့​၏​လင်​ယောကျာ်း​များ​သည်​လည်း အ​ဘယ် မျှ​ပင်​ခွန်​အား​ကြီး​မား​ကြ​စေ​ကာ​မူ​စစ် ပွဲ​တွင်​ကျ​ဆုံး​ကြ​လိမ့်​မည်။-
၂၅သင် ၏ လူ တို့သည် ထား လက်နက်ဖြင့် ၎င်း၊ သင် ၏သူရဲ တို့သည် စစ်တိုက် သဖြင့်၎င်း လဲ ၍ ဆုံးရှုံးကြ လိမ့်မည်။
26 ၂၆ မြို့​တံ​ခါး​များ​သည်​ငို​ကြွေး​မြည်​တမ်း​လျက် မြို့​ကြီး​သည်​လည်း အ​ဝတ်​အ​ချည်း​စည်း​နှင့် မြေ​ပေါ်​တွင်​ထိုင်​လျက်​နေ​သည့်​မိန်း​မ​နှင့် တူ​လိမ့်​မည်။
၂၆သူ ၏တံခါး တို့သည် ငိုကြွေး မြည်တမ်း ၍ ၊ သူသည်လူ ဆိတ်ညံရာ မြေ ပေါ် မှာ ထိုင် ရလိမ့်မည်။

< ဟေရှာယ 3 >