< ဟေရှာယ 29 >

1 ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပလ္လင်​တော်​တည်း​ဟူ သော​ယေ​ရု​ရှ​လင်​မြို့​ပင်​လျှင်​အ​မင်္ဂ​လာ ရှိ​၏။ ဒါ​ဝိဒ်​တပ်​စ​ခန်း​ချ​ရာ​မြို့​သည်​အ မင်္ဂ​လာ​ရှိ​၏။ ထို​မြို့​တွင်​တစ်​နှစ်၊ နှစ်​နှစ်​မျှ ပွဲ​လမ်း​သ​ဘင်​များ​ကို​ဆင်​နွှဲ​လျက်​နေ ကြ​စေ​ဦး​တော့။-
Woe to Ariel! Ariel, the city where David encamped! Add year to year; let the feasts come around;
2 ထို​နောက်​ဘု​ရား​သ​ခင်​သည်``ထာ​ဝ​ရ​ဘု​ရား ၏​ယဇ်​ပ​လ္လင်​တော်​ဟု​အ​မည်​တွင်​သော​မြို့​ကို ဘေး​အန္တ​ရာယ်​ဆိုး​ဆိုက်​ရောက်​စေ​တော်​မူ​လိမ့် မည်။ လူ​တို့​သည်​ငို​ယို​ညည်း​တွား​မြည်​တမ်း ကြ​လိမ့်​မည်။ တစ်​မြို့​လုံး​ပင်​ယဇ်​များ​ကို ပူ​ဇော်​ရာ​ပလ္လင်​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား လိမ့်​မည်။-
then I will distress Ariel, and there will be mourning and lamentation. She shall be to me as an altar hearth.
3 ဘု​ရား​သ​ခင်​သည်​ထို​မြို့​ကို​တိုက်​ခိုက် ဝိုင်း​ရံ​ထား​၍ သိမ်း​ပိုက်​တော်​မူ​လိမ့်​မည်။-
I will encamp against you all around you, and will lay siege against you with posted troops. I will raise siege works against you.
4 ယေ​ရု​ရှ​လင်​မြို့​သည်​မြေ​သင်္ချိုင်း​တွင်း​၌ စ​ကား​ပြော​ရန် ရုန်း​ကန်​အား​ထုတ်​လျက်​နေ သည့်​တစ္ဆေ​နှင့်​တူ​လိမ့်​မည်။ ထို​မြို့​၏​အ​သံ သည်​လည်း​ဖုတ်​တော​ထဲ​မှ မ​ပီ​မ​သ​ထွက် ပေါ်​လာ​သော​တိုး​ညှင်း​သော​အ​သံ​ဖြစ် လိမ့်​မည်။
You will be brought down, and will speak out of the ground. Your speech will mumble out of the dust. Your voice will be as of one who has a familiar spirit, out of the ground, and your speech will whisper out of the dust.
5 အို ယေ​ရု​ရှ​လင်​မြို့၊ သင့်​ကို​တိုက်​ခိုက်​ကြ သည့်​လူ​မျိုး​ခြား​အ​ပေါင်း​တို့​သည် မြေ​မှုန့် ကဲ့​သို့​လည်း​ကောင်း၊ သူ​တို့​၏​ကြောက်​မက် ဖွယ်​ကောင်း​သည့်​စစ်​တပ်​များ​သည် ဖွဲ​ကဲ့ သို့​လည်း​ကောင်း​ချက်​ခြင်း​လွင့်​စင်​သွား ကြ​လိမ့်​မည်။-
But the multitude of your foes will be like fine dust, and the multitude of the ruthless ones like chaff that blows away. Yes, it will be in an instant, suddenly.
6 ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း​ထန်​သော​မိုး​ကြိုး မုန်​တိုင်း​များ၊ မြေ​င​လျင်​များ​အား​ဖြင့်​မြည် ဟည်း​ကာ သင်​တို့​ကို​ကယ်​ဆယ်​တော်​မူ​လိမ့် မည်။ ကိုယ်​တော်​သည်​လေ​ပြင်း​မုန်​တိုင်း​များ နှင့်​မီး​လျှံ​ကို​စေ​လွှတ်​တော်​မူ​လိမ့်​မည်။-
She will be visited by the LORD of Hosts with thunder, with earthquake, with great noise, with whirlwind and storm, and with the flame of a devouring fire.
7 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပလ္လင်​တော် မြို့​ကို​တိုက်​ခိုက်​ကြ​သည့်​စစ်​တပ်​အ​ပေါင်း​နှင့် သူ​တို့​၏​လက်​နက်​တန်​ဆာ​ရှိ​သ​မျှ​သည်​အိပ် မက်​ကဲ့​သို့​လည်း​ကောင်း၊ ညဥ့်​အ​ခါ​စိတ်​ကူး ယဉ်​မှု​ကဲ့​သို့​လည်း​ကောင်း​ကွယ်​ပျောက်​သွား လိမ့်​မည်။-
The multitude of all the nations that fight against Ariel, even all who fight against her and her stronghold, and who distress her, will be like a dream, a vision of the night.
8 ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ကြ​သည့်​လူ​မျိုး အ​ပေါင်း​တို့​သည် အိပ်​မက်​တွင်​အ​စား​အ​သောက် များ​ကို​စား​ရ​၍ အိပ်​ရာ​မှ​နိုး​ထ​ချိန်​၌​မွတ် သိပ်​မြဲ​မွတ်​သိပ်​လျက်​နေ​သူ​နှင့်​လည်း​ကောင်း၊ အိပ်​မက်​တွင်​ရေ​ကို​သောက်​ရ​၍ အိပ်​ရာ​မှ​နိုး ထ​ချိန်​ရေ​ငတ်​မြဲ​ငတ်​လျက်​နေ​သူ​နှင့် လည်း​ကောင်း​တူ​လိမ့်​မည်။
It will be like when a hungry man dreams, and behold, he eats; but he awakes, and his hunger isn’t satisfied; or like when a thirsty man dreams, and behold, he drinks; but he awakes, and behold, he is faint, and he is still thirsty. The multitude of all the nations that fight against Mount Zion will be like that.
9 သင်​တို့​သည်​အ​သိ​ဉာဏ်​တုံး​လျက်​ပင်​ရှိ​နေ ကြ​လော့။ မျက်​စိ​ကန်း​၍​နေ​ကြ​လော့။ စ​ပျစ် ရည်​မ​သောက်​ဘဲ​ယစ်​မူး​ကြ​လော့။ တစ်​စက်​မျှ ပင်​မ​သောက်​ဘဲ​ယိမ်း​ထိုး​၍​နေ​ကြ​လော့။-
Pause and wonder! Blind yourselves and be blind! They are drunken, but not with wine; they stagger, but not with strong drink.
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​အ​လွယ် တ​ကူ​အိပ်​မော​ကျ​၍​သွား​စေ​တော်​မူ​လိမ့် မည်။ ပ​ရော​ဖက်​များ​သည်​လူ​တို့​၏​မျက်​စိ များ​ဖြစ်​သင့်​သော်​လည်း​ဘု​ရား​သ​ခင်​သည် သူ​တို့​၏​မျက်​စိ​များ​ကို​ဖုံး​ပိတ်​၍​ထား တော်​မူ​၏။-
For the LORD has poured out on you a spirit of deep sleep, and has closed your eyes, the prophets; and he has covered your heads, the seers.
11 ၁၁ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​မှန်​သ​မျှ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် များ​သည် တံ​ဆိပ်​ခတ်​နှိပ်​ထား​သည့်​စာ​လိပ်​ကဲ့ သို့ သင်​တို့​အ​တွက်​ဖုံး​ကွယ်​၍​နေ​လိမ့်​မည်။ စာ ဖတ်​တတ်​သူ​တစ်​ဦး​အား​သင်​အ​ဖတ်​ခိုင်း​ပါ မူ ထို​သူ​က``ဤ​စာ​လိပ်​ကို​တံ​ဆိပ်​ခတ်​နှိပ်​ထား သ​ဖြင့် အ​ကျွန်ုပ်​ဖတ်​၍​မ​ရ​ပါ'' ဟု​ဆို လိမ့်​မည်။-
All vision has become to you like the words of a book that is sealed, which men deliver to one who is educated, saying, “Read this, please;” and he says, “I can’t, for it is sealed;”
12 ၁၂ စာ​မ​ဖတ်​တတ်​သူ​ကို​အ​ဖတ်​ခိုင်း​လျှင်​လည်း ထို​သူ​က``အ​ကျွန်ုပ်​အ​ဘယ်​သို့​ဖတ်​ရ​မည် မ​သိ​ပါ'' ဟု​ဆို​လိမ့်​မည်။
and the book is delivered to one who is not educated, saying, “Read this, please;” and he says, “I can’t read.”
13 ၁၃ ထာ​ဝ​ရ​ဘု​ရား​က``ဤ​သူ​တို့​သည်​ငါ့​အား နှုတ်​ဖြင့် ဝတ်​ပြု​ကိုး​ကွယ်​ပါ​သည်​ဟု​ဆို​သော် လည်း​သူ​တို့​၏​စ​ကား​များ​သည်​အ​ဋ္ဌိ​ပ္ပါယ် မ​ရှိ။ သူ​တို့​၏​စိတ်​သည်​လည်း​အ​ရပ်​တစ်​ပါး သို့​ရောက်​၍​နေ​၏။ သူ​တို့​၏​ဘာ​သာ​တ​ရား သည် မိ​မိ​တို့​အ​လွတ်​ကျက်​မှတ်​ထား​သည့်​လူ့ ထုံး​တမ်း​စဉ်​လာ​နှင့်​နည်း​ဥ​ပ​ဒေ​များ​သာ လျှင်​ဖြစ်​ပေ​သည်။-
The Lord said, “Because this people draws near with their mouth and honours me with their lips, but they have removed their heart far from me, and their fear of me is a commandment of men which has been taught;
14 ၁၄ သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​မ​မျှော်​လင့်​သည့်​ဘေး ဒုက္ခ​တစ်​ခု​ပြီး​တစ်​ခု​သက်​ရောက်​စေ​၍ သူ​တို့ အား​တုန်​လှုပ်​ချောက်​ချား​စေ​မည်။ ပ​ညာ​ရှိ​တို့ သည်​လူ​မိုက်​များ​ဖြစ်​ကုန်​ကြ​လျက်၊ သူ​တို့ ၏​အ​သိ​အ​လိမ္မာ​မှန်​သ​မျှ​သည်​လည်း သူ​တို့ အား​အ​ဘယ်​သို့​မျှ​အ​ကျိုး​ပြု​လိမ့်​မည် မ​ဟုတ်'' ဟု​ယ​ခု​မိန့်​တော်​မူ​ပါ​၏။
therefore, behold, I will proceed to do a marvellous work amongst this people, even a marvellous work and a wonder; and the wisdom of their wise men will perish, and the understanding of their prudent men will be hidden.”
15 ၁၅ မိ​မိ​တို့​၏​အ​ကြံ​အ​စည်​များ​ကို​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ ဖုံး​ကွယ်​ထား​ရန်​ကြိုး​စား သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​တို့​သည် မိ​မိ​တို့​၏​စီ​မံ​ကိန်း​များ​ကို​လျှို့​ဝှက်​၍ အ​ကောင်​အ​ထည်​ဖော်​ကာ​မိ​မိ​တို့​အား အ​ဘယ်​သူ​မျှ​မြင်​လိမ့်​မည်​မ​ဟုတ်။ မိ​မိ တို့​ပြု​သော​အ​မှု​တို့​ကို​လည်း​အ​ဘယ်​သူ မျှ​သိ​လိမ့်​မည်​မ​ဟုတ်​ဟု​ထင်​မှတ်​တတ် ကြ​၏။-
Woe to those who deeply hide their counsel from the LORD, and whose deeds are in the dark, and who say, “Who sees us?” and “Who knows us?”
16 ၁၆ သူ​တို့​သည်​အ​ရာ​ခပ်​သိမ်း​ကို​က​ပြောင်း​က ပြန်​ဖြစ်​စေ​တတ်​ကြ​၏။ အိုး​ထိန်း​သည်​နှင့် အိုး​မြေ​တို့​တွင် အ​ဘယ်​သူ​က​ပို​၍​အ​ရေး ကြီး​ပါ​သ​နည်း။ လူ့​လက်​ဖြင့်​ပြီး​သော​အ​ရာ တစ်​ခု​က​လူ​ကို​ပြန်​၍``ငါ​သည်​သင်​ပြု​လုပ် ထား​သည့်​အ​ရာ​မ​ဟုတ်'' ဟူ​၍​သော်​လည်း ကောင်း``သင်​သည်​မိ​မိ​ပြု​လုပ်​လျက်​နေ​သည့် အ​မှု​ကို​မ​သိ'' ဟူ​၍​သော်​လည်း​ကောင်း ဆို​နိုင်​ပါ​မည်​လော။
You turn things upside down! Should the potter be thought to be like clay, that the thing made should say about him who made it, “He didn’t make me;” or the thing formed say of him who formed it, “He has no understanding”?
17 ၁၇ စ​ကား​ပုံ​ရှိ​သ​ကဲ့​သို့ မ​ကြာ​မီ​ပင်​တော နက်​သည်​လယ်​ပြင်​ဖြစ်​၍​လာ​လိမ့်​မည်။ လယ် ပြင်​သည်​လည်း​သစ်​တော​ပြန်​၍​ဖြစ်​လာ လိမ့်​မည်။
Isn’t it yet a very little while, and Lebanon will be turned into a fruitful field, and the fruitful field will be regarded as a forest?
18 ၁၈ ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော အ​ခါ​နား​ဆွံ့​သူ​များ​သည် စာ​ဖတ်​သည့် အ​သံ​ကို​ကြား​လိမ့်​မည်။ မှောင်​မိုက်​တွင်​နေ ထိုင်​ရ​သူ​မျက်​မ​မြင်​များ​သည်​လည်း မျက်​စိ​ပွင့်​၍​မြင်​ကြ​လိမ့်​မည်။-
In that day, the deaf will hear the words of the book, and the eyes of the blind will see out of obscurity and out of darkness.
19 ၁၉ ဆင်း​ရဲ​သူ​များ​နှင့်​နှိမ့်​ချ​သော​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​မြင့်​မြတ် သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​သော ရွှင်​လန်း​ဝမ်း​မြောက်​မှု​ကို​တစ် ဖန်​ပြန်​၍​ရ​ရှိ​ကြ​လိမ့်​မည်။-
The humble also will increase their joy in the LORD, and the poor amongst men will rejoice in the Holy One of Israel.
20 ၂၀ သူ​တစ်​ပါး​တို့​ကို​ဖိ​နှိပ်​ချုပ်​ချယ်​ကာ​ဘု​ရား​သ​ခင်​အား မ​ထီ​မဲ့​မြင်​ပြု​သော​သူ​တို့​သည် အ​စ​တုံး​ကြ​လိမ့်​မည်။ အ​ပြစ်​ကူး​လွန်​သူ မှန်​သ​မျှ​သည်​ဆုံး​ပါး​ပျက်​စီး​ကြ​လိမ့်​မည်။-
For the ruthless is brought to nothing, and the scoffer ceases, and all those who are alert to do evil are cut off—
21 ၂၁ ဘု​ရား​သ​ခင်​သည်​သူ​တစ်​ပါး​တို့​ကို အ​သ​ရေ​ဖျက်​သူ​များ၊ ရာ​ဇ​ဝတ်​သင့်​သူ တို့​ကို​အ​ပြစ်​ဒဏ်​နှင့်​ကင်း​လွတ်​အောင်​ဆောင် ရွက်​ကြ​သူ​များ​နှင့်​ရိုး​ဖြောင့်​သူ​တို့​တ​ရား မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ်​ခြင်း​မ​ခံ​ရ​စေ ရန်​လိမ်​လည်​၍ သက်​သေ​ခံ​သော​သူ​တို့ အား​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။
who cause a person to be indicted by a word, and lay a snare for one who reproves in the gate, and who deprive the innocent of justice with false testimony.
22 ၂၂ ထို့​ကြောင့်​အာ​ဗြ​ဟံ​အား​ဆင်း​ရဲ​ဒုက္ခ​မှ ကယ်​ဆယ်​တော်​မူ​ခဲ့​သည့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က``အို ငါ​၏​လူ​မျိုး​တော်၊ သင်​တို့ သည် အ​သ​ရေ​ပျက်​ရ​ကြ​တော့​မည်​မ​ဟုတ်။ အ​ရှက်​ရ​၍​မျက်​နှာ​ပျက်​ရကြ​တော့​မည် မ​ဟုတ်။-
Therefore the LORD, who redeemed Abraham, says concerning the house of Jacob: “Jacob shall no longer be ashamed, neither shall his face grow pale.
23 ၂၃ သင်​တို့​သည်​ငါ​ပေး​သ​နား​မည့်​သား​သ​မီး များ​ကို​တွေ့​မြင်​ကြ​ရ​လိမ့်​မည်။ ထို​အ​ခါ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့် ရှင်း​မြင့်​မြတ်​သော​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​မှတ်​ကြ​လိမ့်​မည်။ ငါ့​အား​လေး​စား ကြည်​ညို​ကာ​ရို​သေ​လေး​စား​ကြောက်​ရွံ့​ကြ လိမ့်​မည်။-
But when he sees his children, the work of my hands, in the middle of him, they will sanctify my name. Yes, they will sanctify the Holy One of Jacob, and will stand in awe of the God of Israel.
24 ၂၄ လူ​မိုက်​များ​သည်​အ​သိ​တ​ရား​ရှိ​၍​လာ လိမ့်​မည်။ ညည်း​ညူ​နေ​သူ​များ​နှင့်​ခေါင်း​မာ နေ​သူ​များ​သည်​လည်း ဆုံး​မ​သြ​ဝါ​ဒ ကို​ဝမ်း​မြောက်​စွာ​ခံ​ယူ​ကြ​လိမ့်​မည်။''
They also who err in spirit will come to understanding, and those who grumble will receive instruction.”

< ဟေရှာယ 29 >