< ဟေရှာယ 27 >

1 ထို​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မား ထက်​မြက်​သော​ဋ္ဌား​တော်​ဖြင့် တွန့်​လိမ်​လျက်​နေ သည့်​မြွေ​ကြီး​လ​ဝိ​သန်​ကို​အ​ပြစ်​ဒဏ်​ခတ် တော်​မူ​၍၊ ပင်​လယ်​န​ဂါး​ကြီး​ကို​လည်း​သတ် တော်​မူ​လိမ့်​မည်။
ထို ကာလ ၌ ထာဝရဘုရား သည် ပြေးတက် သော မြွေ လဝိသန် ကို ၎င်း၊ လိမ် သောမြွေ လဝိသန် ကို ၎င်း ခိုင်ခံ့ ကြီးမား သော ထား တော်နှင့် ဒဏ် ပေး၍ ၊ ပင်လယ် ၌ ရှိသော နဂါး ကိုလည်း သတ် တော်မူလိမ့်မည်။
2 ထို​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏ သာ​ယာ​သော​စ​ပျစ်​ဥ​ယျာဉ်​နှင့်​ပတ်​သက်​၍၊-
ထို ကာလ ၌ စပျစ် ဥယျာဉ်ကို အကြောင်း ပြု၍၊ ဤသို့သီချင်း ဆိုကြလော့။
3 ``ငါ​သည်​ဤ​ဥ​ယျာဉ်​ကို​အ​ခါ​မ​လပ်​စောင့် ကြပ်​ကြည့်​ရှု​ကာ​ရေ​လောင်း​၏။ အ​ဘယ်​သူ​မျှ မ​ဖျက်​ဆီး​နိုင်​စေ​ရန်​နေ့​ရော​ညဥ့်​ပါ​စောင့်​ကြပ် ကြည့်​ရှု​၏။-
ငါ ထာဝရဘုရား သည် ဥယျာဉ်စောင့် ဖြစ်၏။ မ ခြားမလပ်ရေ လောင်းမည်။ အဘယ်သူမျှမဖျက် စေ ခြင်းငှါ ၊ နေ့ ညဉ့် မပြတ် စောင့်ရှောက် မည်။
4 စ​ပျစ်​ဥ​ယျာဉ်​အ​ပေါ်​၌​ငါ​အ​မျက်​မ​ထွက် တော့​ပြီ။ ငါ​ခုတ်​ထွင်​ပစ်​ရန်​ဆူး​ပင်​မျိုး​စုံ​ရှိ စေ​ချင်​ပါ​ဘိ။ ယင်း​တို့​ကို​ငါ​သည်​လုံး​ဝ မီး​ရှို့​ပစ်​မည်။-
ငါ့ အမျက် ငြိမ်းပြီ။ ဆူး ပင်မျိုးကိုမူကား၊ စစ် ပွဲ၌ ငါ တွေ့ပါစေသော။ ချက်ချင်းတိုက် ၍ တပြိုင်နက် မီးရှို့ မည်။
5 သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​၏​ရန်​သူ​များ သည် ငါ​၏​ကွယ်​ကာ​စောင့်​ထိန်း​မှု​ကို​အ​လို​ရှိ ပါ​မူ ငါ​နှင့်​ပြေ​လည်​ကျေ​အေး​မှု​ရ​ရှိ​ရန် ဆောင်​ရွက်​ကြ​ရာ​၏။ သူ​တို့​သည်​ငါ​နှင့်​ပြေ လည်​ကျေ​အေး​မှု​ရ​ရှိ​ရန် အ​မှန်​ပင်​ဆောင် ရွက်​ကြ​ရာ​၏'' ဟု​မိန့်​တော်​မူ​လိမ့်​မည်။
သို့မဟုတ် ငါ ၏အစွမ်း သတ္တိကို ကိုးစား ၍၊ ငါ နှင့် မိဿဟာယ ဖွဲ့ ကြစေ။ ငါ နှင့် မိဿဟာယ ဖွဲ့ ကြစေသော။
6 ထို​နေ့​၌​ယာ​ကုပ်​၏​သား​မြေး​များ​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သစ်​ပင်​သ​ဖွယ် အ​မြစ်​စွဲ​၍​ဖူး​ပွင့်​ကြ​လိမ့်​မည်။ ကမ္ဘာ​မြေ​ကြီး သည်​သူ​တို့​၏​သား​မြေး​များ​နှင့်​ပြည့်​နှက်​၍ နေ​လိမ့်​မည်။
နောင်ကာလ၌ ယာကုပ် သည် အမြစ် ကျလိမ့်မည်။ ဣသရေလ သည် စိမ်း လန်း၍ အဖူး အငုံ ထွက်သဖြင့် ၊ လောကီ နိုင်ငံကို အသီး နှင့် ပြည့် စေလိမ့်မည်။
7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ရန်​သူ များ​လောက် ပြင်း​ထန်​စွာ​ထာ​ဝ​ရ​ဘု​ရား​၏ အ​ပြစ်​ဒဏ်​ကို​မ​ခံ​ရ​ကြ၊ ရန်​သူ​များ​လောက် လည်း​မ​သေ​ရ​ကြ။-
သူ့ ကိုညှဉ်းဆဲ သောသူတို့ကို ညှဉ်းဆဲ တော်မူသည် နည်းတူ ၊ သူ့ ကို ညှဉ်းဆဲ တော်မူသလော။ သူ့ ကိုသတ် သောသူတို့ သည် အသေသတ် ခြင်းကိုခံ ရကြသည်နည်းတူ ၊ သူသည် အသေသတ် ခြင်းကိုခံရသလော။
8 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​အား ပြည်​နှင်​ဒဏ်​ပေး​၍​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။ သူ​တို့​သည်​အ​ရှေ့​မှ​လာ​သော​လေ​ပြင်း​မုန် တိုင်း​တွင်​လွင့်​ပါ​သွား​ရ​ဘိ​သ​ကဲ့​သို့ မိ​မိ တို့​ပြည်​မှ​ထွက်​ခွာ​သွား​ရ​ကြ​လေ​သည်။-
သူ့ ကို စွန့်ပစ် ၍ အတော်အတန် ဆုံးမ တော်မူ၏။ အရှေ့ လေလာသောအခါ၊ ပြင်းစွာ သောလေဖြင့် တိုက် သွားတော်မူ၏။
9 ရုပ်​တု​ကိုး​ကွယ်​ရာ​ယဇ်​ပလ္လင်​ကျောက်​ရှိ​သ​မျှ သည် မြေ​ဖြူ​ကျောက်​ကဲ့​သို့​ထု​ထောင်း​ချေ​မှုန်း ခြင်း​ကို​ခံ​ရ​၍ အာ​ရှ​ရ​တံ​ခွန်​တိုင်​များ​နှင့် နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ပလ္လင်​များ​မ​ကျန် မ​ရှိ​တော့​သည့်​အ​ချိန်​ကာ​လ​မ​ကျ​ရောက် မီ ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သည် မိ​မိ​တို့ ၏​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​ဖယ်​ရှား​လိမ့်​မည် မ​ဟုတ်။
ထို သို့ယာကုပ် အမျိုးသည် ယဇ် ပလ္လင်ကျောက် တို့ ကို ထုံး ကျောက် ကဲ့သို့ ချိုးဖဲ့ ၍၊ အာရှရ ပင်နှင့် ရုပ်တု တို့ကို လှဲ သောအခါ ၊ မိမိ အပြစ် ပြေ ၍၊ အပြစ် ပြေရှင်းခြင်း အကျိုး ကျေးဇူးရှိသမျှ ကို ခံရလိမ့်မည်။
10 ၁၀ ခိုင်​ခံ့​စွာ​တန်​တိုင်း​ကာ​ရံ​ထား​သည့်​မြို့​သည် ပျက်​စီး​ယို​ယွင်း​လျက်​ရှိ​၏။ ထို​မြို့​သည်​လူ​သူ မ​ရှိ​သည့်​တော​ကန္တာ​ရ​ကဲ့​သို့​ဆိတ်​ငြိမ်​၍​နေ​၏။ ယင်း​သည်​ကျွဲ​နွား​တို့​အ​စာ​စား​နား​နေ​ရာ စား​ကျက်​ဖြစ်​လေ​ပြီ။-
၁၀သို့ သော်လည်း၊ ခိုင်ခံ့ သောမြို့ သည်၊ ဆိတ်ညံ သောအရပ်၊ တောကဲ့သို့ စွန့် ၍ ပစ် ထားသောနေရာ ဖြစ် လိမ့်မည်။ ထို အရပ်၌ နွား သငယ်သည် ကျက်စား လျက် ၊ အိပ် လျက်နေ၍၊ အညွန့် များကို ကိုက် စားလိမ့်မည်။
11 ၁၁ သစ်​ပင်​များ​မှ​အ​ကိုင်း​အ​ခက်​တို့​သည်​ကျိုး ကျ​ခြောက်​သွေ့​လျက်​ရှိ​သ​ဖြင့် အ​မျိုး​သ​မီး များ​သည်​လာ​၍​ထင်း​ခွေ​ကြ​လေ​သည်။ လူ​တို့ သည်​အ​သိ​တ​ရား​မ​ရှိ​ကြ​သ​ဖြင့် သူ​တို့​၏ ဖန်​ဆင်း​တော်​မူ​ရှင်​ဘု​ရား​သ​ခင်​သည်​သူ​တို့ အား​သ​နား​ကြင်​နာ​က​ရု​ဏာ​ထား​တော်​မူ လိမ့်​မည်​မ​ဟုတ်။
၁၁အခက် အလက်တို့သည် သွေ့ ခြောက်သောအခါ ချိုး ခြင်းသို့ရောက်၍၊ မိန်းမ တို့သည် လာ ၍မီးရှို့ ကြ လိမ့်မည်။ အကြောင်း မူကား၊ ပညာ မဲ့သောအမျိုး ဖြစ်၏။ ထို့ကြောင့် ၊ ဖန်ဆင်း ပြုပြင်တော်မူသောသူသည် မ သနား ၊ ကျေးဇူး မ ပြုဘဲ နေတော်မူလိမ့်မည်။
12 ၁၂ ထို​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ဥ​ဖ​ရတ်​မြစ်​မှ​အီ​ဂျစ်​ပြည်​နယ်​စပ်​အ​ထိ မိ​မိ​လူ​တို့​ကို​တစ်​ယောက်​ပြီး​တစ်​ယောက် ယူ​တော်​မူ​၍​ဂျုံ​စ​ပါး​အ​ကောင်း​နှင့် အ​ညံ့ ကို​စ​ပါး​နယ်​လျက်​ခွဲ​ခြား​သ​ကဲ့​သို့​ခွဲ ခြား​တော်​မူ​မည်။
၁၂အိုဣသရေလ အမျိုးသား တို့၊ ထို ကာလ ၌ လည်း ၊ ထာဝရဘုရား သည် မြစ် ကြီးမှစ၍ ၊ အဲဂုတ္တု မြစ် တိုင်အောင်သစ်သီးများကို သိမ်းယူတော်မူသဖြင့်၊ သင် တို့သည် တ ယောက်နောက် တ ယောက်၊ ကောက် သိမ်းခြင်း ကျေးဇူးတော်ကိုခံရကြလိမ့်မည်။
13 ၁၃ ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​သော​အ​ခါ​အာ ရှု​ရိ​ပြည်​နှင့်​အီ​ဂျစ်​ပြည်​၌​ပြည်​နှင်​ဒဏ်​သင့် လျက်​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း ကို​ခေါ်​ယူ​ရန်​တံ​ပိုး​ခ​ရာ​မှုတ်​လိမ့်​မည်။ သူ တို့​သည်​လည်း​ယေ​ရု​ရှ​လင်​မြို့​ရှိ​မြင့်​မြတ် သော​တောင်​တော်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​လာ​ရောက်​ကြ လိမ့်​မည်။
၁၃ထို ကာလ ၌ လည်း ၊ ကြီး သောတံပိုး ကို မှုတ် ရ လိမ့်မည်။ အာရှုရိ ပြည် ၌ ပျောက် သောသူ၊ အဲဂုတ္တု ပြည် ၌ စွန့်ပစ် လျက်နေသောသူတို့သည်လာ ၍ ၊ ယေရုရှလင် မြို့တွင် ၊ သန့်ရှင်း သော တောင် ပေါ် မှာ ထာဝရဘုရား ရှေ့ တော်၌ ဝတ်ပြု ၍ ကိုးကွယ် ကြလိမ့်မည်။

< ဟေရှာယ 27 >