< ဟေရှာယ 26 >
1 ၁ ယုဒပြည်တွင်အောက်ပါသီချင်းကိုလူတို့ သီဆိုကြသည့်နေ့ရက်ကာလကျရောက်လာ လိမ့်မည်။ သူတို့က ``ငါတို့၏မြို့တို့သည်ခိုင်ခန့်ပေသည်။ ကယ်တင်ခြင်းနှင့်ဆိုင်သောမြို့ရိုးများကို ဘုရားသခင်ကိုယ်တော်တိုင်ကာကွယ်တော်မူ ပါ၏။
၁ထို ကာလ ၌ ယုဒ ပြည် မှာ သီချင်း ဆို လတံ့သောစကားဟူမူကား၊ ငါ တို့၌ ခိုင်ခံ့ သော မြို့ ရှိ၏။ ကယ်တင် ခြင်း ကျေးဇူးကို ပြအိုး ၊ ရင်တား အရာ၌ စီရင် ခန့်ထားတော်မူလိမ့်မည်။
2 ၂ မြို့တံခါးတို့ကိုဖွင့်လိုက်ပြီးလျှင်ဖြောင့်မှန် ရာကို ပြုကျင့်သည့်လူမျိုး၊ သစ္စာရှိသည့်လူမျိုးအားဝင်ခွင့်ပြုကြလော့။
၂တံခါး တို့ကို ဖွင့် ကြလော့။သစ္စာ စောင့် ၍ဖြောင့်မတ် သောလူမျိုး ဝင် ပါစေ။
3 ၃ အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် စိတ်နှလုံးတည်ကြည်၍ ကိုယ်တော်ရှင်ကိုယုံကြည်ကိုးစားကြသူတို့ အား စစ်မှန်သောငြိမ်းချမ်းသာယာမှုကိုပေးတော် မူပါ၏။
၃စိတ် နှလုံးတည်ကြည် သောသူသည် ကိုယ်တော် ၌ ခိုလှုံ သောကြောင့် ၊ ငြိမ်သက် ခြင်း သက်သက်ရှိမည့် အကြောင်းစောင့်ရှောက် တော်မူလိမ့်မည်။
4 ၄ ထာဝရဘုရားကိုအမြဲတစေယုံကြည် ကိုးစားကြလော့။ ကိုယ်တော်သည်ငါတို့အားအစဉ်ကွယ်ကာ စောင့်ထိန်းတော်မူလိမ့်မည်။
၄ထာဝရဘုရား ၌ အစဉ် အမြဲခိုလှုံ ကြလော့။ ထာဝရ ဘုရား သည် နိစ္စ ထာဝရ ခိုလှုံ ရာဖြစ်တော်မူ၏။
5 ၅ ကိုယ်တော်သည်မာန်မာနကြီးသူတို့ကို ရှုတ်ချတော်မူပြီးလျှင်၊ သူတို့နေထိုင်ရာခိုင်ခန့်သည့်မြို့ကို ဖျက်ဆီးတော်မူ၍၊ မြို့ရိုးများကိုဖုတ်ထဲသို့ပြိုကျစေတော်မူလေပြီ။
၅မြင့် သောအရပ်၌ နေ သောသူတို့ကို ရှုတ်ချ တော်မူ ၏။ မြင့်မြတ် သောမြို့ ကိုဖြို၍၊ မြေ တိုင်အောင် နှိမ့်ချ လျက် မြေမှုန့် ထဲမှာ ထား တော်မူ၏။
6 ၆ ဖိနှိပ်ချုပ်ချယ်မှုခံခဲ့ရကြသူ တို့သည်လည်း ယခုအခါ၊ထိုမြို့ကိုခြေနှင့်နင်း၍ ကျော်လွှားသွားလာလျက်ရှိကြ၏။
၆ကျော်နင်းခြင်းကိုခံရလိမ့်မည်။ ဆင်းရဲ သောသူ နှင့် ငတ်မွတ် သောသူတို့သည် ကျော် နင်းကြလိမ့်မည်။
7 ၇ အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် သူတော်ကောင်းတို့လမ်းကိုဖြောင့်စေတော်မူပါ၏။ သူတို့သွားရသောခရီးလမ်းသည်လည်းညီညာ ပါ၏။
၇ဖြောင့်မတ် သောသူသည် ဖြောင့် သောလမ်း ၌ သွားတတ်၏။ အိုဖြောင့်မတ် တော်မူသောဘုရား၊ ကိုယ်တော် သည် ဖြောင့်မတ် သောသူ၏ လမ်း ခရီးကို ပြင်ဆင် တော်မူ၏။
8 ၈ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ အလိုတော်အတိုင်းလိုက်၍၊ ကိုယ်တော်ရှင်အားမျှော်ကိုးလျက်ရှိကြပါ၏။ ကိုယ်တော်ရှင်ကိုသာလျှင် တောင့်တကြပါ၏။
၈အိုထာဝရဘုရား ၊ အကျွန်ုပ်တို့သည် တရား တော် လမ်း ၌ သွားလျက်၊ ကိုယ်တော် ကို မြော်လင့် ၍၊ ကိုယ်တော် ၏အမည် ၊ ဘွဲ့ နာမတော်ကို စိတ် နှလုံး၌ တသ လျက်ရှိပါ ၏။
9 ၉ ညဥ့်အခါ၌ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား စိတ်နှလုံးအကြွင်းမဲ့တသပါ၏။ ကမ္ဘာမြေကြီးနှင့်ကမ္ဘာသူကမ္ဘာသားတို့အား ကိုယ်တော်ရှင်တရားစီရင်တော်မူသောအခါ၊ တရားမျှတမှုဆိုသည်မှာအဘယ်အရာ ဖြစ်သည်ကို သူတို့သိရှိကြပါလိမ့်မည်။
၉ညဉ့် အခါ အကျွန်ုပ် သည် စိတ် နှလုံးနှင့် ကိုယ်တော် ကို တောင့်တ ပါ၏။ နံနက်အခါ အကျွန်ုပ် သည် အတွင်း ဝိညာဉ် အားဖြင့်ကိုယ်တော် ကိုရှာ ပါ၏။ မြေ ပေါ် မှာ အမှုကို စစ်ကြော စီရင်တော်မူသောအခါ ၊ လောကီ သား တို့သည် တရား ကိုသင် ကြ၏။
10 ၁၀ ကိုယ်တော်ရှင်သည်သူယုတ်မာတို့အား သနားညှာတာတော်မူသော်လည်း၊ သူတို့သည်ဖြောင့်မှန်ရာကိုပြုကျင့်ရန် နားမလည်ကြပါ။ သူတော်ကောင်းတို့နေထိုင်ရာဤပြည်၌ပင် လျှင် သူတို့သည်မတရားသောအမှုတို့ကိုပြုလျက် ရှိကြပါ၏။ ကိုယ်တော်ရှင်၏အာနုဘော်တော်ကိုလည်း အသိအမှတ်မပြုကြပါ။
၁၀မတရား သောသူသည် ကျေးဇူး ကိုခံရသော်လည်း၊ တရား ကို မ သင် တတ်ပါ။ တရား ကျင့်ရာပြည် ၌ ပင် အဓမ္မ ပြု၍ ၊ ထာဝရဘုရား ၏ ဘုန်း တော်ကို ပမာဏ မ ပြု တတ်ပါ။
11 ၁၁ ရန်သူများသည်မိမိတို့အား၊ ကိုယ်တော်ရှင်အပြစ်ဒဏ်ခတ်တော်မူမည် ကိုမသိကြပါ။ အို ထာဝရဘုရားသူတို့အားအရှက်ကွဲ စေတော်မူပါ။ ဒုက္ခရောက်စေတော်မူပါ။ ကိုယ်တော်ရှင်ပြင်ဆင်ထား တော်မူသည့်အပြစ်ဒဏ်ကိုခံစေတော်မူပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော်အား အဘယ်မျှချစ်တော်မူကြောင်း သူတို့အားပြတော်မူပါ၏။
၁၁အိုထာဝရဘုရား ၊ လက် တော်ကိုချီ တော်မူသော်လည်း၊ သူတို့သည် မ မြင် မမှတ်ကြပါ။ သို့သော်လည်း၊ ကိုယ်တော်၏ လူ တို့အဘို့ စိတ်အားကြီး တော်မူကြောင်းကို၊ သူတို့သည် မြင် ၍ အရှက်ကွဲ ကြပါလိမ့်မည်။ ကိုယ်တော် ၏ ရန်သူ တို့ကို မီး လောင် ရပါလိမ့်မည်။
12 ၁၂ အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားကောင်းစားခွင့် ပေးတော်မူပါလိမ့်မည်။ ကျွန်တော်မျိုးတို့၏အောင်မြင်မှုမှန်သမျှ သည် ကိုယ်တော်ရှင်စီရင်တော်မူသောအမှုများ၏ အကျိုးဆက်ပင်ဖြစ်ပါ၏။
၁၂အိုထာဝရ ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် တို့အား ငြိမ်သက် ခြင်းကိုပေး တော်မူလိမ့်မည်။ အကြောင်း မူကား၊ အကျွန်ုပ် တို့၏ အမှု ရှိသမျှ တို့ကို အကျွန်ုပ် တို့အဘို့ ပြု တော်မူ၏။
13 ၁၃ ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့သည် သူတစ်ပါးတို့အုပ်စိုးမှုကို ခံရကြပါပြီ။ သို့ရာတွင်ကိုယ်တော်ရှင် တစ်ပါးတည်းသာလျှင်၊ ကျွန်တော်မျိုးတို့၏အရှင်သခင်ဖြစ်တော်မူပါ၏။
၁၃အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် မှတပါး အခြားသောသခင် တို့သည် အကျွန်ုပ် တို့ကို အစိုး ရကြပြီ။ ယခုမူကား၊ ကိုယ်တော် အားဖြင့် သာ နာမ တော်ကို ချီးမွမ်း ကြပါမည်။
14 ၁၄ ထိုသူတို့သည်ယခုအခါကွယ်လွန်သွား ကြပါပြီ။ တစ်ဖန်ပြန်၍အသက်ရှင်ကြတော့မည်မဟုတ်ပါ။ ကိုယ်တော်ရှင်သည်သူတို့အားအပြစ်ဒဏ်ခတ်၍၊ သုတ်သင်ပယ်ရှင်းတော်မူလိုက်ပြီဖြစ်သဖြင့်၊ သူတို့၏ဝိညာဉ်များသည်လည်းသင်္ချိုင်းထဲမှ ထကြလိမ့်မည်မဟုတ်ပါ။ သူတို့အားအဘယ်သူမျှလည်း သတိမရကြတော့ပါ။
၁၄ထိုသခင်တို့သည် သေ ကြပါပြီ။ တဖန် အသက် မ ရှင်ရကြပါ။ သင်္ချိုင်းသားဖြစ်၍ထ မြောက်ခြင်းမ ရှိရကြ ပါ။ သူ တို့ကို ကြည့်ရှုဖျက်ဆီး ၍ ၊ သူ တို့၏အမှတ် မျှ မရှိစေခြင်းငှါပယ်ရှင်း တော်မူပြီ။
15 ၁၅ အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့၏နိုင်ငံကိုကြီးပွားတိုးတက် စေတော်မူပါပြီ။ ကြီးပွားတိုးတက်စေတော်မူပါပြီ။ ယင်း၏နယ်ပယ်တို့လည်းလေးဘက်လေးတန် ပိုမိုကျယ်ဝန်းစေတော်မူပါပြီ။ ဤသို့ပြုတော်မူသဖြင့်ကိုယ်တော်ရှင်တွင် ဂုဏ်အသရေရှိပါ၏။
၁၅အိုထာဝရဘုရား ၊ အကျွန်ုပ်တို့အမျိုး ကို တိုး ပွါးစေတော်မူပြီ။ အကျွန်ုပ်တို့ အမျိုး ကိုတိုး ပွါးစေသဖြင့်၊ ဘုန်း ကြီးတော်မူ၏။ ပြည် တော်ကို ပတ်ဝန်းကျင် ၌ ကျယ် စေတော်မူပြီ။
16 ၁၆ အို ထာဝရဘုရားကိုယ်တော်ရှင်သည်မိမိ၏ လူမျိုးတော်အားအပြစ်ဒဏ်ခတ်တော်မူသဖြင့်၊ သူတို့သည်ပြင်းစွာစိတ်ဒုက္ခရောက်လျက် အထံတော်သို့ဆုတောင်းပတ္ထနာ ပြုကြပါ၏။
၁၆အိုထာဝရဘုရား ၊ သူတို့သည် ဆင်းရဲ ခံရသောအခါ ၊ ကိုယ်တော် ၌ ဆည်းကပ် ကြပါပြီ။ ဆုံးမ တော်မူသောအခါ၊ ဆုတောင်း ပဌနာ စကားကိုသွန်းလောင်းကြပါပြီ။
17 ၁၇ အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားသားဖွားသည့် အမျိုးသမီးကဲ့သို့၊ နာကျင်ခြင်းဝေဒနာနှင့်အော်ဟစ်စေတော် မူပါပြီ။
၁၇ကိုယ်ဝန် ဆောင်သောမိန်းမသည် သားဘွား ချိန် နီး သောအခါ နာကျင် ၍၊ နာကျင်ခြင်းဝေဒနာ ကြောင့် အော်ဟစ် သကဲ့သို့၊ ထိုအတူ ၊ အိုထာဝရဘုရား ၊ အကျွန်ုပ် တို့သည် ရှေ့ တော်၌ ဖြစ် ကြပါပြီ။
18 ၁၈ ကျွန်တော်မျိုးတို့သည်နာကျင်ခြင်း ဝေဒနာခံရကြပါ၏။ သို့ရာတွင်အဘယ်အမှုကိုမျှ မဖြစ်ပွားစေပါ။ ကျွန်တော်မျိုးတို့သည်မိမိတို့နိုင်ငံအတွက် အဘယ်အောင်ပွဲကိုမျှမရကြပါ။ အဘယ်အမှုကိုမျှအထမြောက်အောင် ဆောင်နိုင်ခဲ့သည်မရှိပါ။
၁၈အကျွန်ုပ်တို့သည် ကိုယ်ဝန် ဆောင်၍ နာကျင် ခြင်း ဝေဒနာ ကို ခံရသော်လည်း ၊ လေ ကို ဘွား သကဲ့သို့ဖြစ်ကြပါပြီတကား။ ပြည် သားတို့သည် ကယ်တင် ခြင်းသို့ မ ရောက် ကြ။ လောကီ သား တို့သည် မ လဲ ကြပါ။
19 ၁၉ ကျွန်တော်မျိုးတို့၏လူစုအနက်မှ သေလွန်သွားကြသူတို့သည်၊တစ်ဖန်ပြန်၍ အသက်ရှင်လာကြပါလိမ့်မည်။ သူတို့၏ခန္ဓာကိုယ်များသည်အသက်ဝင်၍ လာပါလိမ့်မည်။ သင်္ချိုင်းတွင်း၌လဲလျောင်းနေသောသူသေတို့သည် ထ၍ရွှင်လန်းစွာသီချင်းဆိုကြပါလိမ့်မည်။ အရောင်လျှပ်သည့်ဆီးနှင်းများသည်ကမ္ဘာမြေ ကြီးကို ပြန်လည်စိမ်းလန်းလာစေသကဲ့သို့ ကာလကြာမြင့်စွာကပင်သေလွန်ခဲ့သော သူတို့ကိုထာဝရဘုရားသည်ပြန်၍ အသက်ရှင်စေတော်မူပါလိမ့်မည်။
၁၉ကိုယ်တော် ၏လူသေ တို့သည် အသက်ရှင် ကြပါ လိမ့်မည်။ ငါ ၏အသေ ကောင်တို့သည်လည်း ထ မြောက်ကြပါလိမ့်မည်။ မြေမှုန့် ၌နေ သောသူတို့၊ နိုး ၍ သီချင်း ဆို ကြလော့။ အကြောင်း မူကား၊ ကိုယ်တော် ၏ နှင်း သည် မြက်ပင် တို့ကို ပေါက်စေသော နှင်း ကဲ့သို့ဖြစ်၍၊ မြေ သည် လည်း မိမိသင်္ချိုင်း သားတို့ကို ထုတ် ဘော်ရပါလိမ့်မည်။
20 ၂၀ ငါ၏အမျိုးသားတို့၊ သင်တို့သည်မိမိတို့အိမ် တွင်းသို့ဝင်၍တံခါးများကိုပိတ်ထားကြ လော့။ ဘုရားသခင်၏အမျက်တော်ပြေသည် တိုင်အောင်ကာလအနည်းငယ်ပုန်းအောင်းနေ ကြလော့။-
၂၀ငါ ၏လူ တို့၊ လာ ကြ။ အတွင်းအခန်း ထဲသို့ ဝင် ၍ ၊ သင်တို့ကို ကွယ်ကာသော တံခါး များကို ပိတ် ထားကြ။ အမျက် ကာလ လွန် သည်တိုင်အောင် ခဏ သာပုန်း ရှောင် ၍ နေကြလော့။
21 ၂၁ ထာဝရဘုရားသည်ကမ္ဘာသူကမ္ဘာသားတို့ အားအပြစ်ဒဏ်ခတ်ရန်ကြွလာတော်မူလိမ့် မည်။ ကမ္ဘာမြေကြီးပေါ်တွင်လျှို့ဝှက်ကူးလွန် ထားသည့်လူသတ်မှုများသည်ပေါ်လွင်ထင် ရှား၍လာလိမ့်မည်။ အသတ်ခံရသူတို့အား မြေကြီးသည်ဖုံးကွယ်ထားတော့မည်မဟုတ်။
၂၁အကြောင်း မူကား၊ ထာဝရဘုရား သည် မြေကြီး သား တို့ကို၊ သူတို့ဒုစရိုက် ကြောင့် အပြစ် ပေးလိုသောငှါ ၊ မိမိ အရပ် ဌာနထဲ က ထွက် တော်မူ၏။ ထိုအခါ မြေကြီး သည် မိမိ ၌ရှိသောအသွေး ကိုဘော် ပြရလိမ့်မည်။ မိမိ ၌ အသေခံ ရသောသူတို့ကို နောက် တဖန် ဝှက် ၍မ ထားရ။