< ဟေရှာယ 26 >
1 ၁ ယုဒပြည်တွင်အောက်ပါသီချင်းကိုလူတို့ သီဆိုကြသည့်နေ့ရက်ကာလကျရောက်လာ လိမ့်မည်။ သူတို့က ``ငါတို့၏မြို့တို့သည်ခိုင်ခန့်ပေသည်။ ကယ်တင်ခြင်းနှင့်ဆိုင်သောမြို့ရိုးများကို ဘုရားသခင်ကိုယ်တော်တိုင်ကာကွယ်တော်မူ ပါ၏။
A wannan rana za a rera wannan waƙa a ƙasar Yahuda. Muna da birni mai ƙarfi; Allah yake ceton katanga da kuma kagarunta.
2 ၂ မြို့တံခါးတို့ကိုဖွင့်လိုက်ပြီးလျှင်ဖြောင့်မှန် ရာကို ပြုကျင့်သည့်လူမျိုး၊ သစ္စာရှိသည့်လူမျိုးအားဝင်ခွင့်ပြုကြလော့။
A buɗe ƙofofi saboda al’umma mai adalci ta shiga, al’ummar da mai aminci.
3 ၃ အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် စိတ်နှလုံးတည်ကြည်၍ ကိုယ်တော်ရှင်ကိုယုံကြည်ကိုးစားကြသူတို့ အား စစ်မှန်သောငြိမ်းချမ်းသာယာမှုကိုပေးတော် မူပါ၏။
Za ka kiyaye shi da cikakken salama shi wanda ya kafa zuciyarsa gare ka, domin ya dogara a gare ka.
4 ၄ ထာဝရဘုရားကိုအမြဲတစေယုံကြည် ကိုးစားကြလော့။ ကိုယ်တော်သည်ငါတို့အားအစဉ်ကွယ်ကာ စောင့်ထိန်းတော်မူလိမ့်မည်။
Ku dogara ga Ubangiji, gama shi Ubangiji, ne madawwamin Dutse.
5 ၅ ကိုယ်တော်သည်မာန်မာနကြီးသူတို့ကို ရှုတ်ချတော်မူပြီးလျှင်၊ သူတို့နေထိုင်ရာခိုင်ခန့်သည့်မြို့ကို ဖျက်ဆီးတော်မူ၍၊ မြို့ရိုးများကိုဖုတ်ထဲသို့ပြိုကျစေတော်မူလေပြီ။
Yakan ƙasƙantar da waɗanda suke zama a bisa ya kawar da birni mai alfarma ƙasa; ya rusa ta har ƙasa ya jefar da ita cikin ƙura.
6 ၆ ဖိနှိပ်ချုပ်ချယ်မှုခံခဲ့ရကြသူ တို့သည်လည်း ယခုအခါ၊ထိုမြို့ကိုခြေနှင့်နင်း၍ ကျော်လွှားသွားလာလျက်ရှိကြ၏။
Ƙafafu sukan tattake ta, ƙafafu waɗanda aka zalunta, wato, sawun matalauta.
7 ၇ အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် သူတော်ကောင်းတို့လမ်းကိုဖြောင့်စေတော်မူပါ၏။ သူတို့သွားရသောခရီးလမ်းသည်လည်းညီညာ ပါ၏။
Hanyar masu adalci sumul take; Ya Mai Aikata Gaskiya, ka sa hanyar masu adalci ta yi sumul.
8 ၈ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ အလိုတော်အတိုင်းလိုက်၍၊ ကိုယ်တော်ရှင်အားမျှော်ကိုးလျက်ရှိကြပါ၏။ ကိုယ်တော်ရှင်ကိုသာလျှင် တောင့်တကြပါ၏။
I, Ubangiji, cikin tafiya a hanyar dokokinka, muna sa zuciya gare ka; sunanka da tunani a kanka su ne marmarin zukatanmu.
9 ၉ ညဥ့်အခါ၌ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား စိတ်နှလုံးအကြွင်းမဲ့တသပါ၏။ ကမ္ဘာမြေကြီးနှင့်ကမ္ဘာသူကမ္ဘာသားတို့အား ကိုယ်တော်ရှင်တရားစီရင်တော်မူသောအခါ၊ တရားမျှတမှုဆိုသည်မှာအဘယ်အရာ ဖြစ်သည်ကို သူတို့သိရှိကြပါလိမ့်မည်။
Raina yana marmarinka da dare; da safe kuma raina yana son ganinka. Sa’ad da hukunce-hukuncenka suka sauko duniya, mutanen duniya kan koyi adalci.
10 ၁၀ ကိုယ်တော်ရှင်သည်သူယုတ်မာတို့အား သနားညှာတာတော်မူသော်လည်း၊ သူတို့သည်ဖြောင့်မှန်ရာကိုပြုကျင့်ရန် နားမလည်ကြပါ။ သူတော်ကောင်းတို့နေထိုင်ရာဤပြည်၌ပင် လျှင် သူတို့သည်မတရားသောအမှုတို့ကိုပြုလျက် ရှိကြပါ၏။ ကိုယ်တော်ရှင်၏အာနုဘော်တော်ကိုလည်း အသိအမှတ်မပြုကြပါ။
Ko da yake akan nuna wa mugaye alheri, ba sa koyi adalci; har ma a ƙasar masu aikata gaskiya sukan ci gaba da aikata mugunta ba sa ganin girmar darajar Ubangiji.
11 ၁၁ ရန်သူများသည်မိမိတို့အား၊ ကိုယ်တော်ရှင်အပြစ်ဒဏ်ခတ်တော်မူမည် ကိုမသိကြပါ။ အို ထာဝရဘုရားသူတို့အားအရှက်ကွဲ စေတော်မူပါ။ ဒုက္ခရောက်စေတော်မူပါ။ ကိုယ်တော်ရှင်ပြင်ဆင်ထား တော်မူသည့်အပြစ်ဒဏ်ကိုခံစေတော်မူပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော်အား အဘယ်မျှချစ်တော်မူကြောင်း သူတို့အားပြတော်မူပါ၏။
Ya Ubangiji an ɗaga hannunka sama, amma ba sa ganinsa. Bari su ga himmarka don mutanenka su kuma sha kunya; bari wutar da aka ajiye don abokan gābanka ta cinye su.
12 ၁၂ အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားကောင်းစားခွင့် ပေးတော်မူပါလိမ့်မည်။ ကျွန်တော်မျိုးတို့၏အောင်မြင်မှုမှန်သမျှ သည် ကိုယ်တော်ရှင်စီရင်တော်မူသောအမှုများ၏ အကျိုးဆက်ပင်ဖြစ်ပါ၏။
Ubangiji ka kafa salama dominmu; duk abin da muka iya yi kai ne ka yi mana.
13 ၁၃ ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့သည် သူတစ်ပါးတို့အုပ်စိုးမှုကို ခံရကြပါပြီ။ သို့ရာတွင်ကိုယ်တော်ရှင် တစ်ပါးတည်းသာလျှင်၊ ကျွန်တော်မျိုးတို့၏အရှင်သခင်ဖြစ်တော်မူပါ၏။
Ya Ubangiji, Allahnmu, waɗansu iyayengiji ban da kai sun yi mulki a kanmu, amma sunanka kaɗai muka girmama.
14 ၁၄ ထိုသူတို့သည်ယခုအခါကွယ်လွန်သွား ကြပါပြီ။ တစ်ဖန်ပြန်၍အသက်ရှင်ကြတော့မည်မဟုတ်ပါ။ ကိုယ်တော်ရှင်သည်သူတို့အားအပြစ်ဒဏ်ခတ်၍၊ သုတ်သင်ပယ်ရှင်းတော်မူလိုက်ပြီဖြစ်သဖြင့်၊ သူတို့၏ဝိညာဉ်များသည်လည်းသင်္ချိုင်းထဲမှ ထကြလိမ့်မည်မဟုတ်ပါ။ သူတို့အားအဘယ်သူမျှလည်း သတိမရကြတော့ပါ။
Yanzu duk sun mutu, ba za su ƙara rayuwa ba; waɗannan ruhohin da suka rasu ba za su tashi ba. Ka hukunta su ka kuma kawo su ga hallaka; ka sa ba za a ƙara tunawa da su ba.
15 ၁၅ အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့၏နိုင်ငံကိုကြီးပွားတိုးတက် စေတော်မူပါပြီ။ ကြီးပွားတိုးတက်စေတော်မူပါပြီ။ ယင်း၏နယ်ပယ်တို့လည်းလေးဘက်လေးတန် ပိုမိုကျယ်ဝန်းစေတော်မူပါပြီ။ ဤသို့ပြုတော်မူသဖြင့်ကိုယ်တော်ရှင်တွင် ဂုဏ်အသရေရှိပါ၏။
Ka fadada al’umma, ya Ubangiji; ka fadada al’umma. Ka samo wa kanka ɗaukaka; ka fadada dukan iyakokin ƙasar.
16 ၁၆ အို ထာဝရဘုရားကိုယ်တော်ရှင်သည်မိမိ၏ လူမျိုးတော်အားအပြစ်ဒဏ်ခတ်တော်မူသဖြင့်၊ သူတို့သည်ပြင်းစွာစိတ်ဒုက္ခရောက်လျက် အထံတော်သို့ဆုတောင်းပတ္ထနာ ပြုကြပါ၏။
Ubangiji, sun zo gare ka a cikin damuwarsu; sa’ad da ka hore su, da ƙyar suna iya yin addu’a.
17 ၁၇ အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားသားဖွားသည့် အမျိုးသမီးကဲ့သို့၊ နာကျင်ခြင်းဝေဒနာနှင့်အော်ဟစ်စေတော် မူပါပြီ။
Kamar mace mai ciki da take gab da haihuwa takan yi ta murɗawa tana kuka saboda zafi, haka muka kasance a gabanka, ya Ubangiji.
18 ၁၈ ကျွန်တော်မျိုးတို့သည်နာကျင်ခြင်း ဝေဒနာခံရကြပါ၏။ သို့ရာတွင်အဘယ်အမှုကိုမျှ မဖြစ်ပွားစေပါ။ ကျွန်တော်မျိုးတို့သည်မိမိတို့နိုင်ငံအတွက် အဘယ်အောင်ပွဲကိုမျှမရကြပါ။ အဘယ်အမှုကိုမျှအထမြောက်အောင် ဆောင်နိုင်ခဲ့သည်မရှိပါ။
Muna da ciki, mun yi ta murɗewa saboda zafi, amma mun haifi iska. Ba mu kawo ceto ga duniya ba; ba mu haifi mutanen duniya ba.
19 ၁၉ ကျွန်တော်မျိုးတို့၏လူစုအနက်မှ သေလွန်သွားကြသူတို့သည်၊တစ်ဖန်ပြန်၍ အသက်ရှင်လာကြပါလိမ့်မည်။ သူတို့၏ခန္ဓာကိုယ်များသည်အသက်ဝင်၍ လာပါလိမ့်မည်။ သင်္ချိုင်းတွင်း၌လဲလျောင်းနေသောသူသေတို့သည် ထ၍ရွှင်လန်းစွာသီချင်းဆိုကြပါလိမ့်မည်။ အရောင်လျှပ်သည့်ဆီးနှင်းများသည်ကမ္ဘာမြေ ကြီးကို ပြန်လည်စိမ်းလန်းလာစေသကဲ့သို့ ကာလကြာမြင့်စွာကပင်သေလွန်ခဲ့သော သူတို့ကိုထာဝရဘုရားသည်ပြန်၍ အသက်ရှင်စေတော်မူပါလိမ့်မည်။
Amma matattunka za su rayu; jikunansu za su tashi. Ku da kuke zama a ƙura, ku farka ku kuma yi sowa don farin ciki. Raɓarka kamar raɓar safiya ce; duniya za tă haifi matattunta.
20 ၂၀ ငါ၏အမျိုးသားတို့၊ သင်တို့သည်မိမိတို့အိမ် တွင်းသို့ဝင်၍တံခါးများကိုပိတ်ထားကြ လော့။ ဘုရားသခင်၏အမျက်တော်ပြေသည် တိုင်အောင်ကာလအနည်းငယ်ပုန်းအောင်းနေ ကြလော့။-
Ku tafi, mutanena, ku shiga ɗakunanku ku kuma kulle ƙofofi; ku ɓoye kanku na ɗan lokaci sai ya huce fushinsa.
21 ၂၁ ထာဝရဘုရားသည်ကမ္ဘာသူကမ္ဘာသားတို့ အားအပြစ်ဒဏ်ခတ်ရန်ကြွလာတော်မူလိမ့် မည်။ ကမ္ဘာမြေကြီးပေါ်တွင်လျှို့ဝှက်ကူးလွန် ထားသည့်လူသတ်မှုများသည်ပေါ်လွင်ထင် ရှား၍လာလိမ့်မည်။ အသတ်ခံရသူတို့အား မြေကြီးသည်ဖုံးကွယ်ထားတော့မည်မဟုတ်။
Duba, Ubangiji yana fitowa daga mazauninsa don yă hukunta mutanen duniya saboda zunubansu. Duniya za tă bayyana zub da jinin da aka yi a kanta; ba za tă ƙara ɓoye waɗanda aka kashe a cikinta ba.