< ဟေရှာယ 24 >
1 ၁ ထာဝရဘုရားသည်ကမ္ဘာမြေကြီးကိုပျက် ပြုန်းစေတော်မူ၍ လူသူဆိတ်ငြိမ်ရာဖြစ်စေ တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာမြေ မျက်နှာပြင်ကိုတွန့်လိမ်စေ၍ လူတို့ကို ကွဲလွင့်စေတော်မူလိမ့်မည်။-
Se, Herren tømmer jorden og legger den øde; han omskifter dens skikkelse og adspreder dem som bor på den.
2 ၂ ယဇ်ပုရောဟိတ်နှင့်ပြည်သူ၊ ကျွန်နှင့်သခင်၊ ဝယ်သူနှင့်ရောင်းသူ၊ ချေးသူနှင့်ငှားသူ၊ ချမ်း သာသူနှင့်ဆင်းရဲသူ၊ ရှိရှိသမျှသောလူ တို့သည်ကံကြမ္မာတစ်မျိုးတစ်စားတည်း နှင့်ကြုံတွေ့ရကြလိမ့်မည်။-
Da går det presten som folket, herren som trælen, fruen som trælkvinnen, selgeren som kjøperen, låntageren som långiveren, ågerkaren som hans skyldner.
3 ၃ ကမ္ဘာမြေကြီးသည်ကစင့်ကလျားဖြစ်လျက် ယိုယွင်းပျက်စီးနေလိမ့်မည်။ ဤကားထာဝရ ဘုရား၏အမိန့်တော်ဖြစ်သဖြင့်ဤနည်း အတိုင်းပင်ဖြစ်ပျက်ရမည်သာတည်း။
Tømmes, ja tømmes skal jorden og plyndres, ja plyndres; for Herren har talt dette ord.
4 ၄ ကမ္ဘာမြေကြီးသည်ခြောက်သွေ့နွမ်းနယ်လျက် ရှိ၏။ ချီးမြှောက်ခြင်းခံရသောကမ္ဘာသူကမ္ဘာ သားအပေါင်းတို့သည်ချည့်နဲ့၍နေကြ၏။ မိုးကောင်းကင်သည်လည်းကမ္ဘာမြေကြီး နှင့်အတူဆွေးမြေ့လျက်ရှိပေသည်။-
Jorden sørger og visner bort; jorderike sykner og visner bort; de ypperste av dem som bor på jorden, sykner bort.
5 ၅ လူတို့သည်ဘုရားသခင်၏ပညတ်တရား တော်ကိုပစ်ပယ်ခြင်းအားဖြင့်လည်းကောင်း၊ ကိုယ်တော်၏ထာဝရပဋိညာဉ်တော်ကို ချိုးဖောက်ခြင်းအားဖြင့်လည်းကောင်း ကမ္ဘာ မြေကြီးကိုညစ်ညမ်းစေကြ၏။-
Og jorden er vanhelliget under dem som bor på den; for de har krenket lovene, overtrådt budet, brutt den evige pakt.
6 ၆ ထို့ကြောင့်ဘုရားသခင်သည်ကမ္ဘာမြေကြီး ကိုကျိန်စာသင့်စေတော်မူ၏။ ကမ္ဘာသူကမ္ဘာ သားတို့သည်လည်းမိမိတို့ပြုခဲ့သည့်မ ကောင်းမှု၏အကျိုးဆက်ကိုခံယူရကြကုန် ၏။ အသက်မသေဘဲကျန်ရှိသူများသည် လည်းနည်းသည်ထက်နည်း၍လာတော့၏။-
Derfor fortærer forbannelse jorden, og de som bor på den, må bøte; derfor brenner jordboerne, og det blir bare få mennesker igjen.
7 ၇ စပျစ်ပင်တို့သည်ညှိုးနွမ်းသဖြင့်စပျစ် ရည်ရှားပါး၍လာလေသည်။ အခါတစ်ပါး ကကြည်လင်ရွှင်လန်းလျက်ရှိကြသူလူ အပေါင်းတို့သည် ယခုအခါစိတ်ညှိုး ငယ်လျက်နေကြ၏။-
Mosten visner, vintreet sykner bort; alle de som før var så hjerteglade, sukker nu.
8 ၈ သူတို့၏စောင်းများ၊ ပတ်သာများမှရွှင်ပျ ချိုသာသောသီချင်းသံသည်လည်း ဆိတ် သုဉ်းသွားလေပြီ။-
Det er forbi med gleden ved trommenes lyd, det er slutt med de jublendes larm; det er forbi med gleden ved citarens klang.
9 ၉ သူတို့သည်စပျစ်ရည်သောက်ကာသီချင်း များကိုမဆိုကြတော့ပေ။ အဘယ်သူမျှ စပျစ်ရည်၏အရသာကိုမခံစားကြ တော့ချေ။-
De drikker ikke lenger vin under sang; besk er den sterke drikk for dem som drikker den.
10 ၁၀ မြို့တွင်း၌အစစအရာရာကစင့်ကလျား ဖြစ်လျက်နေ၏။ လူတို့မဝင်နိုင်ရန်အိမ်တိုင်း ကိုလည်းပိတ်ထားကြ၏။-
Nedbrutt er den øde by; stengt er hvert hus, så ingen kan gå inn.
11 ၁၁ လူတို့သည်လမ်းများပေါ်တွင်ရပ်၍စပျစ် ရည်ကိုအော်ဟစ်တောင့်တလျက်နေကြ၏။ ဝမ်းမြောက်ရွှင်လန်းမှုကားထာဝစဉ်ကွယ် ပျောက်သွားတော့၏။ ယင်းကိုပြည်တွင်းမှ နှင်ထုတ်လိုက်ကြလေပြီ။-
På gatene lyder klagerop over vinen; all glede er borte, landets fryd er blitt landflyktig.
12 ၁၂ မြို့သည်ပျက်စီးယိုယွင်းလျက်ကျန်ခဲ့၏။ မြို့တံခါးများသည်လည်းကျိုးပျက်၍ သွားလေပြီ။-
Tilbake i byen er bare ødeleggelse, og porten er slått i stumper og stykker.
13 ၁၃ ကမ္ဘာတစ်ဝှမ်းလုံးမှနိုင်ငံရှိသမျှတို့တွင် ဤနည်းအတိုင်းပင်ဖြစ်ပျက်ရလိမ့်မည်။ ဤသို့ဖြစ်ပျက်ရာအချိန်သည်သံလွင်သီး များကိုအပင်ရှိသမျှမှရိုက်ချလျက်၊ စပျစ်သီးအကြွင်းအကျန်များကိုလည်း စပျစ်နွယ်များမှဆွတ်ခူးပြီးသည့်အချိန်၊ သီးနှံများရိတ်သိမ်းမှုပြီးဆုံးရာကာလ နှင့်တူလိမ့်မည်။
For således skal det gå til blandt folkene på jorden som når oliven slåes ned, som ved efterhøsten, når vinhøsten er forbi.
14 ၁၄ အသက်မသေဘဲကျန်ရှိကြသူတို့သည် ရွှင် လန်းဝမ်းမြောက်လျက်သီချင်းဆိုကြလိမ့် မည်။ အနောက်အရပ်မှလူတို့သည်ဘုရားသခင်၏ကြီးမြတ်တော်မူပုံကိုဖော်ပြ၍၊-
De, de skal opløfte sin røst og rope med fryd; over Herrens herlighet jubler de fra havet.
15 ၁၅ အရှေ့အရပ်မှလူတို့ကကိုယ်တော်အား ထောမနာပြုကြလိမ့်မည်။ ပင်လယ်ကမ်းခြေ တွင်နေထိုင်ကြသူတို့သည်လည်း ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားအားထောမနာပြုကြလိမ့်မည်။-
Ær derfor Herren, I som bor i Østens land; ær Herrens, Israels Guds navn, I som bor på havets øer!
16 ၁၆ ငါတို့သည်သူတော်ကောင်းတရားကျင့်သူ ဣသရေလအမျိုးသားတို့အား ကမ္ဘာရပ်စွန်း ရပ်ဖျားများမှချီးကူးကြသည့်သီချင်း သံများကိုကြားရကြလိမ့်မည်။ သို့ရာတွင်ငါသည်မျှော်လင့်ရာမဲ့ဖြစ်လျက် လုံးပါးပါး၍နေပါသည်တကား။ သစ္စာမဲ့ သူတို့သည်ဆက်လက်၍သစ္စာဖောက်လျက် ဆိုးရွားသည်ထက်ဆိုးရွား၍လာကြ၏။-
Fra jordens ytterste kant hører vi lovsanger: Ære være den Rettferdige! Men jeg sier: Jeg forgår, jeg forgår, ve mig! Røvere røver, ja, røvere røver og plyndrer.
17 ၁၇ အို ကမ္ဘာသူကမ္ဘာသားတို့၊ ထိတ်လန့်ဖွယ်ရာ ဘေးဥပဒ်များ၊ မြေတွင်းများနှင့်ကျော့ကွင်း များသည်သင်တို့အားစောင့်မျှော်လျက်နေ ကြ၏။-
Gru og grav og garn over dig, du som bor på jorden!
18 ၁၈ ထိတ်လန့်ဖွယ်ရာဘေးဥပဒ်မှလွတ်မြောက် ရန်ကြိုးစားသူသည်မြေတွင်းထဲသို့ကျ လိမ့်မည်။ မြေတွင်းမှလွတ်မြောက်လာသူသည် ကျော့ကွင်းတွင်မိလိမ့်မည်။ ကောင်းကင်မှမိုး ကြီးသည်းထန်စွာရွာသွန်း၍ ကမ္ဘာမြေကြီး ၏အုတ်မြစ်များသည်တုန်လှုပ်လိမ့်မည်။-
Og det skal skje at den som flyr for den grufulle larm, skal falle i graven, og den som kommer op av graven, skal fanges i garnet; for slusene i det høie er åpnet, og jordens grunnvoller skjelver.
19 ၁၉ ကမ္ဘာမြေကြီးသည်ကွဲအက်ကာကစင့် ကလျားဖြစ်လျက်နှစ်ခြမ်းပွင့်၍သွား လိမ့်မည်။-
Jorden brister, ja, den brister; jorden revner, ja, den revner; jorden rystes, ja, den rystes.
20 ၂၀ ကမ္ဘာမြေကြီးသည်လေမုန်တိုင်းမိသည့်တဲ ကဲ့သို့လည်းကောင်း၊ သေသောက်ကြူးသူကဲ့သို့ လည်းကောင်းယိမ်းယိုင်လျက်နေလိမ့်မည်။ ကမ္ဘာ လောကသည်အပြစ်ဝန်ထုပ်ပိလျက်နေ သဖြင့် ပြိုလဲသွားလိမ့်မည်။ နောက်တစ်ဖန် ပြန်၍ထနိုင်တော့မည်မဟုတ်။
Jorden skal rave som den drukne og svinges hit og dit som en hengekøi, og dens misgjerning skal gynge på den, og den skal falle og ikke reise sig mere.
21 ၂၁ မိုးကောင်းကင်ကိုအစိုးရသည့်နတ်များ နှင့်လောကီဘုရင်တို့အား ထာဝရဘုရား အပြစ်ဒဏ်ခတ်တော်မူမည့်အချိန်ကာလ ကျရောက်လာလိမ့်မည်။-
På den tid skal Herren hjemsøke himmelens hær i det høie og jordens konger nede på jorden;
22 ၂၂ ဘုရားသခင်သည်ပြည်ရှင်မင်းတို့အား အကျဉ်းသမားများသဖွယ် တွင်းတစ်ခုတွင် ပြွတ်သိပ်၍ချုပ်နှောင်ထားတော်မူလိမ့်မည်။ အပြစ်ဒဏ်ခံရကြမည့်အချိန်မရောက် မချင်း သူတို့အားကိုယ်တော်သည်အကျဉ်း ချ၍ထားတော်မူလိမ့်မည်။-
og de skal samles sammen som fanger i hulen og settes fast i fengslet, og langt om lenge skal de få sin straff.
23 ၂၃ အနန္တတန်ခိုးရှင်ထာဝရဘုရားသည်နန်း စံတော်မူတော့မည်ဖြစ်၍ လသည်မိုက်လျက် နေလိမ့်မည်။ နေသည်လည်းနောက်တစ်ဖန်ထွန်း လင်းတော့မည်မဟုတ်။ ကိုယ်တော်သည်ယေရု ရှလင်မြို့၊ ဇိအုန်တောင်ပေါ်တွင်စိုးစံတော် မူလိမ့်မည်။ ပြည်သူတို့၏ဦးစီးခေါင်းဆောင် များသည်လည်း ကိုယ်တော်၏ဘုန်းအသရေ တော်ကိုဖူးမြင်ရကြလိမ့်မည်။
Og månen skal blyges, og solen skamme sig; for Herren, hærskarenes Gud, er konge på Sions berg og i Jerusalem, og for hans eldstes øine er det herlighet.