< ဟေရှာယ 24 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ပျက် ပြုန်း​စေ​တော်​မူ​၍ လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​စေ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ မျက်​နှာ​ပြင်​ကို​တွန့်​လိမ်​စေ​၍ လူ​တို့​ကို ကွဲ​လွင့်​စေ​တော်​မူ​လိမ့်​မည်။-
여호와께서 땅을 공허하게 하시며 황무하게 하시며 뒤집어 엎으시고 그 거민을 흩으시리니
2 ယဇ်​ပု​ရော​ဟိတ်​နှင့်​ပြည်​သူ၊ ကျွန်​နှင့်​သ​ခင်၊ ဝယ်​သူ​နှင့်​ရောင်း​သူ၊ ချေး​သူ​နှင့်​ငှား​သူ၊ ချမ်း သာ​သူ​နှင့်​ဆင်း​ရဲ​သူ၊ ရှိ​ရှိ​သ​မျှ​သော​လူ တို့​သည်​ကံ​ကြမ္မာ​တစ်​မျိုး​တစ်​စား​တည်း နှင့်​ကြုံ​တွေ့​ရ​ကြ​လိမ့်​မည်။-
백성과 제사장이 일반일 것이며 종과 상전이 일반일 것이며 비자와 가모가 일반일 것이며 사는 자와 파는 자가 일반일 것이며 채급하는 자와 채용하는 자가 일반일 것이며 이자를 받는 자와 이자를 내는 자가 일반일 것이라
3 ကမ္ဘာ​မြေ​ကြီး​သည်​က​စင့်​က​လျား​ဖြစ်​လျက် ယို​ယွင်း​ပျက်​စီး​နေ​လိမ့်​မည်။ ဤ​ကား​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ဖြစ်​သ​ဖြင့်​ဤ​နည်း အ​တိုင်း​ပင်​ဖြစ်​ပျက်​ရ​မည်​သာ​တည်း။
땅이 온전히 공허하게 되고 온전히 황무하게 되리라 여호와께서 이 말씀을 하셨느니라
4 ကမ္ဘာ​မြေ​ကြီး​သည်​ခြောက်​သွေ့​နွမ်း​နယ်​လျက် ရှိ​၏။ ချီး​မြှောက်​ခြင်း​ခံ​ရ​သော​ကမ္ဘာ​သူ​ကမ္ဘာ သား​အ​ပေါင်း​တို့​သည်​ချည့်​နဲ့​၍​နေ​ကြ​၏။ မိုး​ကောင်း​ကင်​သည်​လည်း​က​မ္ဘာ​မြေ​ကြီး နှင့်​အ​တူ​ဆွေး​မြေ့​လျက်​ရှိ​ပေ​သည်။-
땅이 슬퍼하고 쇠잔하며 세계가 쇠약하고 쇠잔하며 세상 백성 중에 높은 자가 쇠약하며
5 လူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား တော်​ကို​ပစ်​ပယ်​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​တော်​ကို ချိုး​ဖောက်​ခြင်း​အား​ဖြင့်​လည်း​ကောင်း ကမ္ဘာ မြေ​ကြီး​ကို​ညစ်​ညမ်း​စေ​ကြ​၏။-
땅이 또한 그 거민 아래서 더럽게 되었으니 이는 그들이 율법을 범하며 율례를 어기며 영원한 언약을 파하였음이라
6 ထို့​ကြောင့်​ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​မြေ​ကြီး ကို​ကျိန်​စာ​သင့်​စေ​တော်​မူ​၏။ ကမ္ဘာ​သူ​ကမ္ဘာ သား​တို့​သည်​လည်း​မိ​မိ​တို့​ပြု​ခဲ့​သည့်​မ ကောင်း​မှု​၏​အ​ကျိုး​ဆက်​ကို​ခံ​ယူ​ရကြ​ကုန် ၏။ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​သူ​များ​သည် လည်း​နည်း​သည်​ထက်​နည်း​၍​လာ​တော့​၏။-
그러므로 저주가 땅을 삼켰고 그 중에 거하는 자들이 정죄함을 당하였고 땅의 거민이 불타서 남은 자가 적으며
7 စ​ပျစ်​ပင်​တို့​သည်​ညှိုး​နွမ်း​သ​ဖြင့်​စ​ပျစ် ရည်​ရှား​ပါး​၍​လာ​လေ​သည်။ အ​ခါ​တစ်​ပါး က​ကြည်​လင်​ရွှင်​လန်း​လျက်​ရှိ​ကြ​သူ​လူ အ​ပေါင်း​တို့​သည် ယ​ခု​အ​ခါ​စိတ်​ညှိုး ငယ်​လျက်​နေ​ကြ​၏။-
새 포도즙이 슬퍼하고 포도나무가 쇠잔하며 마음이 즐겁던 자가 다 탄식하며
8 သူ​တို့​၏​စောင်း​များ၊ ပတ်​သာ​များ​မှ​ရွှင်​ပျ ချို​သာ​သော​သီ​ချင်း​သံ​သည်​လည်း ဆိတ် သုဉ်း​သွား​လေ​ပြီ။-
소고치는 기쁨이 그치고 즐거워하는 자의 소리가 마치고 수금 타는 기쁨이 그쳤으며
9 သူ​တို့​သည်​စ​ပျစ်​ရည်​သောက်​ကာ​သီ​ချင်း များ​ကို​မ​ဆို​ကြ​တော့​ပေ။ အ​ဘယ်​သူ​မျှ စ​ပျစ်​ရည်​၏​အ​ရ​သာ​ကို​မ​ခံ​စား​ကြ တော့​ချေ။-
노래하며 포도주를 마시지 못하고 독주는 그 마시는 자에게 쓰게 될 것이며
10 ၁၀ မြို့​တွင်း​၌​အ​စ​စ​အ​ရာ​ရာ​က​စင့်​က​လျား ဖြစ်​လျက်​နေ​၏။ လူ​တို့​မ​ဝင်​နိုင်​ရန်​အိမ်​တိုင်း ကို​လည်း​ပိတ်​ထား​ကြ​၏။-
약탈을 당한 성읍이 훼파되고 집마다 닫히었고 들어가는 자가 없으며
11 ၁၁ လူ​တို့​သည်​လမ်း​များ​ပေါ်​တွင်​ရပ်​၍​စ​ပျစ် ရည်​ကို​အော်​ဟစ်​တောင့်​တ​လျက်​နေ​ကြ​၏။ ဝမ်း​မြောက်​ရွှင်​လန်း​မှု​ကား​ထာ​ဝ​စဉ်​ကွယ် ပျောက်​သွား​တော့​၏။ ယင်း​ကို​ပြည်​တွင်း​မှ နှင်​ထုတ်​လိုက်​ကြ​လေ​ပြီ။-
포도주가 없으므로 거리에서 부르짖으며 모든 즐거움이 암흑하여졌으며 땅의 기쁨이 소멸되었으며
12 ၁၂ မြို့​သည်​ပျက်​စီး​ယို​ယွင်း​လျက်​ကျန်​ခဲ့​၏။ မြို့​တံ​ခါး​များ​သည်​လည်း​ကျိုး​ပျက်​၍ သွား​လေ​ပြီ။-
성읍이 황무하고 성문이 파괴되었느니라
13 ၁၃ ကမ္ဘာ​တစ်​ဝှမ်း​လုံး​မှ​နိုင်​ငံ​ရှိ​သ​မျှ​တို့​တွင် ဤ​နည်း​အ​တိုင်း​ပင်​ဖြစ်​ပျက်​ရ​လိမ့်​မည်။ ဤ​သို့​ဖြစ်​ပျက်​ရာ​အ​ချိန်​သည်​သံ​လွင်​သီး များ​ကို​အ​ပင်​ရှိ​သ​မျှ​မှ​ရိုက်​ချ​လျက်၊ စ​ပျစ်​သီး​အ​ကြွင်း​အ​ကျန်​များ​ကို​လည်း စ​ပျစ်​နွယ်​များ​မှ​ဆွတ်​ခူး​ပြီး​သည့်​အ​ချိန်၊ သီး​နှံ​များ​ရိတ်​သိမ်း​မှု​ပြီး​ဆုံး​ရာ​ကာ​လ နှင့်​တူ​လိမ့်​မည်။
세계 민족 중에 이러한 일이 있으리니 곧 감람나무를 흔듦 같고 포도를 거둔 후에 그 남은 것을 주움 같을 것이니라
14 ၁၄ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​ကြ​သူ​တို့​သည် ရွှင် လန်း​ဝမ်း​မြောက်​လျက်​သီ​ချင်း​ဆို​ကြ​လိမ့် မည်။ အ​နောက်​အ​ရပ်​မှ​လူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို​ဖော်​ပြ​၍၊-
무리가 소리를 높여 부를 것이며 여호와의 위엄을 인하여 바다에서부터 크게 외치리니
15 ၁၅ အ​ရှေ့​အ​ရပ်​မှ​လူ​တို့​က​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ ပင်​လယ်​ကမ်း​ခြေ တွင်​နေ​ထိုင်​ကြ​သူ​တို့​သည်​လည်း ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။-
그러므로 너희가 동방에서 여호와를 영화롭게 하며 바다 모든 섬에서 이스라엘 하나님 여호와의 이름을 영화롭게 할 것이라
16 ၁၆ ငါ​တို့​သည်​သူ​တော်​ကောင်း​တ​ရား​ကျင့်​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကမ္ဘာ​ရပ်​စွန်း ရပ်​ဖျား​များ​မှ​ချီး​ကူး​ကြ​သည့်​သီ​ချင်း သံ​များ​ကို​ကြား​ရ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​သည်​မျှော်​လင့်​ရာ​မဲ့​ဖြစ်​လျက် လုံး​ပါး​ပါး​၍​နေ​ပါ​သည်​တ​ကား။ သစ္စာ​မဲ့ သူ​တို့​သည်​ဆက်​လက်​၍​သစ္စာ​ဖောက်​လျက် ဆိုး​ရွား​သည်​ထက်​ဆိုး​ရွား​၍​လာ​ကြ​၏။-
땅 끝에서부터 노래하는 소리가 우리에게 들리기를 의로우신 자에게 영광을 돌리세 하도다 그러나 나는 이르기를 나는 쇠잔하였고 나는 쇠잔하였으니 내게 화가 있도다 궤휼자가 궤휼을 행하도다 궤휼자가 심히 궤휼을 행하도다 하였도다
17 ၁၇ အို ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့၊ ထိတ်​လန့်​ဖွယ်​ရာ ဘေး​ဥ​ပဒ်​များ၊ မြေ​တွင်း​များ​နှင့်​ကျော့​ကွင်း များ​သည်​သင်​တို့​အား​စောင့်​မျှော်​လျက်​နေ ကြ​၏။-
땅의 거민아 두려움과 함정과 올무가 네게 임하였나니
18 ၁၈ ထိတ်​လန့်​ဖွယ်​ရာ​ဘေး​ဥ​ပဒ်​မှ​လွတ်​မြောက် ရန်​ကြိုး​စား​သူ​သည်​မြေ​တွင်း​ထဲ​သို့​ကျ လိမ့်​မည်။ မြေ​တွင်း​မှ​လွတ်​မြောက်​လာ​သူ​သည် ကျော့​ကွင်း​တွင်​မိ​လိမ့်​မည်။ ကောင်း​ကင်​မှ​မိုး ကြီး​သည်း​ထန်​စွာ​ရွာ​သွန်း​၍ ကမ္ဘာ​မြေ​ကြီး ၏​အုတ်​မြစ်​များ​သည်​တုန်​လှုပ်​လိမ့်​မည်။-
두려운 소리를 인하여 도망하는 자는 함정에 빠지겠고 함정 속에서 올라오는 자는 올무에 걸리리니 이는 위에 있는 문이 열리고 땅의 기초가 진동함이라
19 ၁၉ ကမ္ဘာ​မြေ​ကြီး​သည်​ကွဲ​အက်​ကာ​က​စင့် က​လျား​ဖြစ်​လျက်​နှစ်​ခြမ်း​ပွင့်​၍​သွား လိမ့်​မည်။-
땅이 깨어지고 깨어지며 땅이 갈라지고 땅이 흔들리고 흔들리며
20 ၂၀ ကမ္ဘာ​မြေ​ကြီး​သည်​လေ​မုန်​တိုင်း​မိ​သည့်​တဲ ကဲ့​သို့​လည်း​ကောင်း၊ သေ​သောက်​ကြူး​သူ​ကဲ့​သို့ လည်း​ကောင်း​ယိမ်း​ယိုင်​လျက်​နေ​လိမ့်​မည်။ ကမ္ဘာ လော​က​သည်​အ​ပြစ်​ဝန်​ထုပ်​ပိ​လျက်​နေ သ​ဖြင့် ပြို​လဲ​သွား​လိမ့်​မည်။ နောက်​တစ်​ဖန် ပြန်​၍​ထ​နိုင်​တော့​မည်​မ​ဟုတ်။
땅이 취한 자 같이 비틀비틀하며 침망 같이 흔들리며 그 위의 죄악이 중하므로 떨어지고 다시 일지 못하리라
21 ၂၁ မိုး​ကောင်း​ကင်​ကို​အ​စိုး​ရ​သည့်​နတ်​များ နှင့်​လော​ကီ​ဘု​ရင်​တို့​အား ထာ​ဝ​ရ​ဘု​ရား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည့်​အ​ချိန်​ကာ​လ ကျ​ရောက်​လာ​လိမ့်​မည်။-
그 날에 여호와께서 높은 데서 높은 군대를 벌하시며 땅에서 땅 왕들을 벌하시리니
22 ၂၂ ဘု​ရား​သ​ခင်​သည်​ပြည်​ရှင်​မင်း​တို့​အား အ​ကျဉ်း​သ​မား​များ​သ​ဖွယ် တွင်း​တစ်​ခု​တွင် ပြွတ်​သိပ်​၍​ချုပ်​နှောင်​ထား​တော်​မူ​လိမ့်​မည်။ အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​မည့်​အ​ချိန်​မ​ရောက် မ​ချင်း သူ​တို့​အား​ကိုယ်​တော်​သည်​အ​ကျဉ်း ချ​၍​ထား​တော်​မူ​လိမ့်​မည်။-
그들이 죄수가 깊은 옥에 모임 같이 모음을 입고 옥에 갇혔다가 여러 날 후에 형벌을 받을 것이라
23 ၂၃ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​နန်း စံ​တော်​မူ​တော့​မည်​ဖြစ်​၍ လ​သည်​မိုက်​လျက် နေ​လိမ့်​မည်။ နေ​သည်​လည်း​နောက်​တစ်​ဖန်​ထွန်း လင်း​တော့​မည်​မ​ဟုတ်။ ကိုယ်​တော်​သည်​ယေ​ရု ရှ​လင်​မြို့၊ ဇိ​အုန်​တောင်​ပေါ်​တွင်​စိုး​စံ​တော် မူ​လိမ့်​မည်။ ပြည်​သူ​တို့​၏​ဦး​စီး​ခေါင်း​ဆောင် များ​သည်​လည်း ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ တော်​ကို​ဖူး​မြင်​ရ​ကြ​လိမ့်​မည်။
그 때에 달이 무색하고 해가 부끄러워하리니 이는 만군의 여호와께서 시온산과 예루살렘에서 왕이 되시고 그 장로들 앞에서 영광을 나타내실 것임이니라

< ဟေရှာယ 24 >