< ဟေရှာယ 23 >

1 ဤ​ဗျာ​ဒိတ်​တော်​သည်​တု​ရု​မြို့​နှင့်​သက်​ဆိုင် သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ပင်​လယ်​သို့​ရောက်​ရှိ နေ​ကြ​သူ​အ​ချင်း​သင်္ဘော​သား​တို့၊ ဝမ်း​နည်း လျက်​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ သင်​တို့​၏ ဌာ​နေ​ဖြစ်​သည့်​တု​ရု​သင်္ဘော​ဆိပ်​မြို့​သည်​ပျက် ပြုန်း​သွား​လေ​ပြီ။ ယင်း​၏​အိမ်​များ​နှင့်​ဆိပ် ကမ်း​များ​သည်​ယို​ယွင်း​ပျက်​စီး​လျက်​နေ ၏။ ထို​သ​တင်း​ကို​သင်​တို့​သည်​ကု​ပ​ရု​ပြည် မှ​အ​ပြန်​ခ​ရီး​တွင်​ကြား​သိ​ရ​ကြ​၏။-
The burden of Tyre. Howl, you ships of Tarshish. For it is laid waste, so that there is no house, no entering in. From the land of Kittim it is revealed to them.
2 ပင်​လယ်​တွင်​ကုန်​ကူး​လျက်​ရှိ​သော​ဇိ​ဒုန်​ကုန် သည်​တို့၊ ဟစ်​အော်​ငို​ကြွေး​ကြ​လော့။ သင်​တို့ သည်​ထို​သူ​တို့​အား၊-
Be still, you inhabitants of the coast, you whom the merchants of Sidon, that pass over the sea, have replenished.
3 ပင်​လယ်​ရပ်​ခြား​သို့​စေ​လွှတ်​၍​အီ​ဂျစ် ပြည်​မှ​ထွက်​သည့်​ကောက်​ပဲ​သီး​နှံ​များ ကို​ရောင်း​ဝယ်​ကာ​လူ​မျိုး​တ​ကာ​တို့​နှင့် ကုန်​သွယ်​မှု​ကို​ပြု​စေ​ကြ​၏။
On great waters, the seed of the Shihor, the harvest of the Nile, was her revenue. She was the market of nations.
4 အို ဇိ​ဒုန်​မြို့၊ သင်​သည်​အ​သ​ရေ​ပျက်​လေ​ပြီ။ ပင်​လယ်​နှင့်​သ​မုဒ္ဒ​ရာ​ကြီး​များ​၏​နက်​နဲ​ရာ အ​ရပ်​က``ငါ့​မှာ​အ​ဘယ်​အ​ခါ​က​မျှ​သား သ​မီး​များ​မ​ရှိ​ခဲ့။ ငါ​သည်​ဘယ်​သော​အ​ခါ က​မျှ​သား​များ​ကို​သော်​လည်း​ကောင်း၊ သ​မီး များ​ကို​သော်​လည်း​ကောင်း​မ​မွေး​ဖွား​မ​ပြု စု​ခဲ့'' ဟု​ဆို​ကာ​သင့်​ကို​စွန့်​လွှတ်​လိုက်​လေ​ပြီ။
Be ashamed, Sidon; for the sea has spoken, the stronghold of the sea, saying, "I have not travailed, nor brought forth, neither have I nourished young men, nor brought up virgins."
5 တု​ရု​မြို့​ပျက်​စီး​သွား​သည့်​သ​တင်း​ကို ကြား​သော​အ​ခါ​အီ​ဂျစ်​အ​မျိုး​သား​တို့ ပင်​လန့်​ဖျပ်​သွား​ကြ​ကုန်​၏။
When the report comes to Egypt, they will be in anguish at the report of Tyre.
6 အ​ချင်း​ဖို​နီး​ရှား​ပြည်​သူ​တို့၊ ဝမ်း​နည်း လျက်​ညည်း​တွား​မြည်​တမ်း​ကြ​လော့။ စ​ပိန် ပြည်​သို့​ထွက်​ပြေး​ရန်​ကြိုး​စား​ကြ​လော့။-
Pass over to Tarshish. Wail, you inhabitants of the coast.
7 ဤ​မြို့​သည်​ရှေး​အ​ခါ​က​တည်​ထောင်​ခဲ့​သည့် မြို့၊ သာ​ယာ​ရွှင်​လန်း​ခဲ့​သည့်​တု​ရု​မြို့​ဖြစ်​နိုင် ပါ​သ​လော။ ဤ​မြို့​သည်​ကို​လို​နီ​နိုင်​ငံ​များ တည်​ထောင်​ရန်​ပင်​လယ်​ရပ်​ခြား​သို့​လူ​များ ကို​စေ​လွှတ်​နေ​ထိုင်​စေ​သည့်​မြို့​မ​ဖြစ်​နိုင် ပါ​သ​လော။-
Is this your joyous city, whose antiquity is of ancient days, whose feet carried her far away to travel?
8 ကမ္ဘာ​ပေါ်​တွင်​ဂုဏ်​အ​သ​ရေ​အ​ရှိ​ဆုံး​ဖြစ်​သူ မင်း​ညီ​မင်း​သား​ကုန်​သည်​များ​၏​ဧ​က​ရာဇ် နိုင်​ငံ၊ မြို့​တော်​တု​ရု​ကို​ဤ​သို့​ဖြစ်​ပျက်​စေ ရန်​ကြံ​စည်​တော်​မူ​သော​သူ​မှာ​အ​ဘယ်​သူ ဖြစ်​ပါ​သ​နည်း။-
Who has planned this against Tyre, the giver of crowns, whose merchants are princes, whose traffickers are the honorable of the earth?
9 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ် ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ထို​သူ​တို့ ၏​မာန်​မာ​န​ကို​ချိုး​တော်​မူ​လို​သ​ဖြင့်၊ သူ တို့​တွင်​ဂုဏ်​အ​သ​ရေ​ရှိ​သူ​တို့​အား​ရှုတ်​ချ တော်​မူ​လို​သ​ဖြင့်​ဤ​သို့​ကြံ​စည်​တော်​မူ ခြင်း​ဖြစ်​ပေ​သည်။
YHWH of hosts has planned it, to defile all the pride of glory, to shame all the honored of the earth.
10 ၁၀ စ​ပိန်​ပြည်​ရှိ​ကို​လို​နီ​နိုင်​ငံ​များ​မှ​လူ​တို့၊ သင်​တို့​သည်​သွား​၍​လယ်​ယာ​များ​ကို​ထွန် ယက်​ကြ​လော့။ သင်​တို့​အား​ကာ​ကွယ်​စောင့် ရှောက်​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ တော့​ပေ။-
Cultivate your land like the Nile, daughter of Tarshish; there is no restraint any more.
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​သည်​ပင်​လယ်​ပေါ်​မှာ လက်​တော်​ကို​ချိန်​ရွယ်​လျက် တိုင်း​နိုင်​ငံ​များ ကို​ပျက်​ပြုန်း​စေ​တော်​မူ​ပြီ။ ဖို​နီး​ရှား​တို့ ၏​ကုန်​သွယ်​ရေး​ဌာ​န​များ​ကို​ဖျက်​ဆီး ပစ်​ရန်​လည်း​အ​မိန့်​ပေး​တော်​မူ​လေ​ပြီ။-
He has stretched out his hand over the sea. He has shaken the kingdoms. YHWH has ordered the destruction of Canaan's strongholds.
12 ၁၂ အို ဇိ​ဒုန်​မြို့၊ သင်​သည်​နောက်​တစ်​ဖန်​သာ​ယာ ရွှင်​လန်း​ရ​တော့​မည်​မ​ဟုတ်။ သင်​၏​လူ​တို့ သည်​လည်း​ဖိ​နှိပ်​ချုပ်​ချယ်​မှု​ကို​ခံ​ရ​လျက် ရှိ​၏။ အ​ကယ်​၍​သူ​တို့​သည်​ကု​ပ​ရု​ပြည်​သို့ ထွက်​ပြေး​လွတ်​မြောက်​သွား​ကြ​သည်​ဆို​စေ ကာ​မူ ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ရကြ​လိမ့်​မည် မ​ဟုတ်။
He said, "You shall rejoice no more, you oppressed virgin daughter of Sidon. Arise, pass over to Kittim. Even there you will have no rest."
13 ၁၃ (တု​ရု​မြို့​ကို တော​တိ​ရစ္ဆာန်​များ​ခို​အောင်း​ရာ ဖြစ်​စေ​သူ​တို့​မှာ အာ​ရှု​ရိ​အ​မျိုး​သား​များ မ​ဟုတ်၊ ဗာ​ဗု​လုန်​အ​မျိုး​သား​များ​သာ​ဖြစ် ၏။ သူ​တို့​သည်​ခံ​တပ်​မြို့​စင်​မြင့်​များ​ကို တည်​ဆောက်​ပြီး​လျှင်၊ ခံ​တပ်​တို့​ကို​ဖြို​ချ ကာ​တု​ရု​မြို့​ကို​ဖျက်​ဆီး​၍​ထား​ခဲ့​ကြ​၏။)
Look, the land of the Chaldeans, these people who have become nothing. The Assyrians have made it a home for wild animals. They set up their siege towers, they tore down her palaces, they made her a ruin.
14 ၁၄ သ​မုဒ္ဒ​ရာ​တွင်​ရောက်​ရှိ​နေ​သူ​အ​ချင်း​သင်္ဘော သား​တို့၊ ဝမ်း​နည်း​လျက်​ညည်း​တွား​မြည်​တမ်း ကြ​လော့။ သင်​တို့​ယုံ​ကြည်​အား​ထား​ရာ​မြို့ သည်​ပြို​ပျက်​သွား​လေ​ပြီ။
Howl, you ships of Tarshish, for your stronghold is laid waste.
15 ၁၅ ဘု​ရင်​တစ်​ပါး​၏​တစ်​သက်၊ အ​နှစ်​ခု​နစ်​ဆယ် တိုင်​တိုင်​တု​ရု​မြို့​ကို​လူ​တို့​မေ့​ပျောက်​လျက် နေ​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။ နှစ်​များ​ကုန်​လွန်​သွား​သော​အ​ခါ တု​ရု​မြို့​သည်၊ ``သ​နား​စ​ရာ​ကောင်း​၍​လူ​တို့ အ​မှတ်​မ​ရ​ကြ​တော့​သည့်​ပြည့်​တန်​ဆာ​မ၊ သင်​၏​စောင်း​ကို​ယူ​၍​မြို့​ကို​လှည့်​လည်​လော့။ သင်​၏​ချစ်​သူ​များ​ပြန်​လာ​ကြ​စေ​ရန် စောင်း​ကို​တီး​၍​သီ​ချင်း​များ​ကို​ဆို​ဦး​လော့'' အ​စ​ရှိ​သည့်​သီ​ချင်း​ထဲ​က​ပြည့်​တန်​ဆာ​မ နှင့်​တူ​လိမ့်​မည်။
It will come to pass in that day that Tyre will be forgotten seventy years, according to the days of one king. After the end of seventy years it will be to Tyre like in the song of the prostitute.
16 ၁၆
Take a harp; go about the city, you prostitute that has been forgotten. Make sweet melody. Sing many songs, that you may be remembered.
17 ၁၇ အ​နှစ်​ခု​နစ်​ဆယ်​ကုန်​လွန်​သော​အခါ၊ ထာ​ဝ​ရ ဘု​ရား​သည်​တု​ရု​မြို့​အား​ရှေး​အ​ခါ​က​နည်း တူ တစ်​ဖန်​ပြန်​၍​ကုန်​သွယ်​ရန်​ခွင့်​ပြု​တော်​မူ လိမ့်​မည်။ ထို​မြို့​သည်​ကမ္ဘာ​ပေါ်​ရှိ​နိုင်​ငံ​တ​ကာ ၏​အ​စေ​ကို​ခံ​လိမ့်​မည်။-
It will happen after the end of seventy years that YHWH will visit Tyre, and she shall return to her wages, and will play the prostitute with all the kingdoms of the world on the surface of the earth.
18 ၁၈ ကုန်​သွယ်​၍​ရ​ရှိ​သည့်​ငွေ​များ​ကို ထာ​ဝ​ရ ဘု​ရား​အား​ဆက်​ကပ်​လှူ​ဒါန်း​လိမ့်​မည်။ ယင်း တို့​ကို​သိမ်း​ဆည်း​၍​ထား​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ တို့​သည်​လည်း ထို​ငွေ​ဖြင့်​မိ​မိ​တို့​လို​အပ် သည့်​အ​စား​အ​စာ​များ​နှင့် အ​ဝတ်​အ​ထည် များ​ကို​ဝယ်​ခြမ်း​ကြ​လိမ့်​မည်။
Her merchandise and her wages will be holiness to YHWH. It will not be treasured nor laid up; for her merchandise will be for those who dwell before YHWH, to eat sufficiently, and for durable clothing.

< ဟေရှာယ 23 >