< ဟေရှာယ 22 >

1 ဤ​ဗျာ​ဒိတ်​တော်​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ချိုင့် ဝှမ်း​နှင့် သက်​ဆိုင်​သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​သည်​အ​ဘယ်​ကြောင့် မိ​မိ​တို့​အိမ်​ခေါင်​မိုး​များ​အ​ပေါ်​တွင်​ပွဲ​လမ်း သ​ဘင်​ဆင်​ယင်​ကျင်း​ပ​နေ​ကြ​ပါ​သ​နည်း။ အ​ဘယ်​အ​မှု​အ​ရာ​ဖြစ်​ပျက်​လျက်​ရှိ​ပါ သ​နည်း။-
উপত্যকাৰ বিষয়ে দেখা দৰ্শনৰ ঘোষণা। তোমালোক সকলোৱে ঘৰৰ চালত কিহৰ বাবে উঠিলা?
2 တစ်​မြို့​လုံး​ပင်​အုတ်​အုတ်​ကျက်​ကျက်​ဖြစ် လျက် လူ​တို့​စိတ်​လှုပ်​ရှား​အော်​ဟစ်​သံ​များ နှင့်​ပြည့်​နှက်​၍​နေ​၏။ သင်​၏​လူ​တို့​သည်​ဤ​စစ်​ပွဲ​တွင်​တိုက်​ခိုက် ရင်း​ကျ​ဆုံး​ရ​ကြ​သည်​မ​ဟုတ်။-
কোলাহলপূৰ্ণ নগৰ, হে উল্লাসপ্ৰিয় নগৰ, তোমালোকৰ মৃতবোৰ তৰোৱালেৰে হ’ত হোৱা নাই, আৰু তেওঁলোক যুদ্ধতো মৰা নাই।
3 မြား​တစ်​စင်း​ကို​မျှ​မ​ပစ်​မ​လွှတ်​ရ​မီ သင် ၏​ခေါင်း​ဆောင်​အ​ပေါင်း​သည်​ထွက်​ပြေး​သ​ဖြင့် သုံ့​ပန်း​အ​ဖြစ်​အ​ဖမ်း​ခံ​ရ​ကြ​၏။-
তোমালোকৰ শাসনকৰ্ত্তাসকল একেলগে পলাই গ’ল, কিন্তু তেওঁলোকক বিনা ধনুৰে ধৰা হ’ল; তেওঁলোকক সকলোকে বন্দী কৰা হ’ল, তেওঁলোকে দূৰলৈ পলাইছিল।
4 ယ​ခု​ငါ့​အား​တစ်​ကိုယ်​တည်း​ပြင်း​ပြ​စွာ ငို​ကြွေး​ခွင့်​ပြု​ပါ​လော့။ ငါ​၏​လူ​အ​မြောက် အ​မြား​သေ​ကြေ​ပျက်​စီး​ကြ​ပြီ​ဖြစ်​၍ ငါ့​အား​နှစ်​သိမ့်​ရန်​မ​ကြိုး​စား​ပါ​နှင့်။-
সেই বাবে মই ক’লো, “মোলৈ দৃষ্টি নকৰিবা, মই সন্তাপেৰে ক্ৰন্দন কৰিম; মোৰ লোকসকল জীয়াৰীৰ সৰ্বনাশৰ বাবে মোক শান্তনা দিবলৈ চেষ্টা নকৰিবা।
5 ဤ​အ​ချိန်​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ချိုင့်​ဝှမ်း တွင်​ကြောက်​လန့်​မှု၊ အ​ရေး​ရှုံး​နိမ့်​မှု​နှင့်​က​စင့် က​လျား​ဖြစ်​ပွား​မှု​များ​ပေါ်​ပေါက်​ရာ​ကာ​လ ပင်​ဖြစ်​၏။ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က​လည်း ငါ​တို့​အား​ထို​ကာ​လ​နှင့်​ကြုံ​တွေ့ စေ​တော်​မူ​လေ​ပြီ။ ငါ​တို့​၏​မြို့​ရိုး​များ​သည် အ​ဖြို​ခံ​ရကြ​လေ​ပြီ။ ကယ်​မ​ရန်​လူ​တို့ အော်​ဟစ်​ကြ​သည့်​အ​သံ​များ​သည်​လည်း တောင်​ကုန်း​များ​တွင်​ပဲ့​တင်​ထပ်​လျက်​နေ လေ​ပြီ။
কিয়নো বাহিনীসকলৰ প্ৰভু যিহোৱাৰ বাবে ইয়াত এটা বিক্ষোভ, পদদলিত কৰা দিন উপস্থিত হৈছে, দৰ্শনৰ উপত্যকাত, দেৱালবোৰ ভঙা হৈছে, আৰু আটাহ পৰাৰ শব্দ পৰ্ব্বতলৈকে গৈছে।
6 ဧ​လံ​ပြည်​မှ​မြင်း​စီး​သူ​ရဲ​တို့​သည် လေး​မြား များ​ကို​ကိုင်​ဆောင်​လာ​ကြ​၏။ ကိ​ရ​ပြည်​မှ စစ်​သူ​ရဲ​တို့​က​လည်း ဒိုင်း​လွှား​များ​ကို အ​သင့်​ကိုင်​ဆောင်​ထား​ကြ​၏။-
এলমে ৰথ আৰু অশ্বাৰোহীৰ সৈতে তূণ লৈ গৈছে, আৰু কীৰ ঢাল খুলিছে।
7 မြေ​သြ​ဇာ​ထက်​သန်​သည့်​ယု​ဒ​ချိုင့်​ဝှမ်း​များ သည် စစ်​မြင်း​ရ​ထား​များ​နှင့်​ပြည့်​နှက်​လျက် ရှိ​ပြီး​လျှင် မြင်း​စီး​သူ​ရဲ​တို့​သည်​ယေ​ရု ရှ​လင်​မြို့​တံ​ခါး​တွင်​ရပ်​လျက်​နေ​ကြ​၏။-
তোমালোকৰ মনোৰম্য উপত্যকা অহাৰ বিষয়ে ৰথবোৰেৰে পৰিপূৰ্ণ হ’ব, আৰু অশ্বাৰোহীসকলে ৰাজদুৱাৰত নিজৰ স্থান ল’ব।”
8 ယု​ဒ​ပြည်​၏​ခံ​တပ်​ရှိ​သ​မျှ​တို့​သည်​ကား ပြို​ပျက်​၍​သွား​လေ​ပြီ။ ထို​အ​ခါ​သင်​၏​လူ​တို့​သည်​လက်​နက်​တိုက် မှ​လက်​နက်​များ​ကို​ထုတ်​ယူ​ကြ​၏။-
তেওঁ যিহূদাৰ সুৰক্ষা আতৰালে; আৰু সেই দিনা তোমালোক জংঘলৰ ৰাজপ্রাসাদত থকা অস্ত্ৰশস্ত্র দেখিছিলা;
9 မြို့​ရိုး​တို့​တွင်​ပျက်​စီး​နေ​သည်​နေ​ရာ​များ ကို​ပြင်​ဆင်​ရန်​ကြည့်​ရှု​ကြ​၏။
তোমালোক দায়ূদৰ নগৰৰ বিচ্ছেদ দেখিলা সেইবোৰ অনেক আছিল; আৰু তোমালোক পুখুৰীৰ তলৰ পানীবোৰ গোটালা।
10 ၁၀ မြို့​ထဲ​ရှိ​အိမ်​များ​ကို​ရေ​တွက်​ကာ​မြို့​ရိုး​များ ပြင်​ဆင်​ရန်​ကျောက်​တုံး​များ​ရ​ရှိ​ရေး​အ​တွက် အိမ်​အ​ချို့​ကို​ဖြို​ချ​ကြ​၏။-
১০তোমালোকে যিৰূচালেমৰ ঘৰবোৰ গণনা কৰিলা, আৰু নগৰৰ গড় সুদৃঢ় কৰিবৰ বাবে তাৰ ঘৰবোৰ ভাঙি পেলালা;
11 ၁၁ ရေ​ကန်​ဟောင်း​မှ​စီး​ဆင်း​လာ​သည့်​ရေ​တို့​ကို မြို့​တွင်း​၌​သို​လှောင်​ထား​နိုင်​ရန် ရေ​လှောင်​ကန် တစ်​ခု​ကို​လည်း​တူး​ကြ​၏။ သို့​ရာ​တွင်​သူ တို့​သည်​ဤ​အ​မှု​ကို​ရှေး​မ​ဆွ​က​ပင် စီ​မံ ထား​တော်​မူ​သော​အ​ရှင်၊ ဖြစ်​ပျက်​စေ​တော် မူ​သော​အ​ရှင်​ဘု​ရား​သ​ခင်​ကို​မူ​အ​လေး ဂ​ရု​မ​ပြု​ကြ။
১১তোমালোকে পুৰণি পুখুৰীৰ পানীৰ বাবে দেৱাল দুটাৰ মাজত এটা জলাধাৰ তৈয়াৰ কৰিলা। কিন্তু যি জনে বহু দিন আগতে এই পৰিকল্পনা কৰিছিল সেই জনলৈ তোমালোকে দৃষ্টি নকৰিলা,
12 ၁၂ ထို​စဉ်​အ​ခါ​က​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် သင့်​အား​ငို​ကြွေး​၍၊ ဝမ်းနည်း​သည့် အ​မှတ်​လက္ခ​ဏာ​ပြ​ရန်​နှင့်​ခေါင်း​တုံး​ရိတ်​၍ လျှော်​တေ​ကို​ဝတ်​ရန်​စေ​ခိုင်း​တော်​မူ​ခဲ့​၏။-
১২সেইদিনা বাহিনীসকলৰ প্ৰভু যিহোৱাই, কান্দিবলৈ, বিলাপ কৰিবলৈ, মূৰ টকলা কৰিবলৈ, আৰু চট কাপোৰ কঁকালত বান্ধিবলৈ মাতিছিল;
13 ၁၃ သင်​သည်​ယင်း​သို့​ပြု​မည့်​အ​စား​ရယ်​မော လျက် ပွဲ​လမ်း​သ​ဘင်​ကျင်း​ပ​ကာ​နေ​ခဲ့​၏။ သိုး​နွား​များ​ကို​သတ်​၍​စား​ကာ​စပျစ်​ရည် ကို​သောက်​ခဲ့​၏။ ``နက်​ဖြန်​သေ​ရကြ​မည် ဖြစ်​၍​ယ​ခု​ငါ​တို့​စား​ကြ​သောက်​ကြ ကုန်​အံ့'' ဟု​သင်​ဆို​ခဲ့​၏။
১৩কিন্তু চোৱা, তাৰ পৰিৱৰ্তে উৎসৱ উদযাপন, উল্লাস, পহু বধ, মেৰ-ছাগ বলি, মাংস-ভোজন, আৰু দ্ৰাক্ষাৰস পান কৰা চলি আছিল; “আহাঁ, আমি ভোজন পান কৰোঁহক, কিয়নো কাইলৈ আমি মৰিম।”
14 ၁၄ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော် တိုင်​ပင်​ငါ့​အား``ထို​သူ​တို့​သည်​ဤ​မ​ကောင်း မှု​အ​တွက်​မိ​မိ​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး အ​ဘယ်​အ​ခါ​၌​မျှ​အ​ပြစ်​ဖြေ​လွှတ် ရကြ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​အ​နန္တ​တန်​ခိုး ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စကား ပင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​ပါ​၏။
১৪মই শুনা বাহিনীসকলৰ যিহোৱাৰ দ্বাৰাই কোৱা কথা এই, “তোমালোকৰ এই অপৰাধ ক্ষমা কৰা নহ’ব, এনে কি, তোমালোকে মৰিলেও নহ’ব” এইয়ে বাহিনীসকলৰ যিহোৱা প্ৰভুৰ কোৱা কথা।
15 ၁၅ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို နန်း​တော်​အုပ်​ချုပ်​ရေး​မှူး​ရှေ​ဗ​န​၏​အိမ်​သို့ သွား​၍​သူ့​အား၊-
১৫বাহিনীসকলৰ যিহোৱা প্ৰভুৱে এইদৰে কৈছে, “চেবনাৰ বংশৰ ওপৰত থকা তত্বাৱধায়কৰ ওচৰলৈ যোৱা আৰু কোৱা,
16 ၁၆ ``သင်​သည်​မိ​မိ​ကိုယ်​ကို​အ​ဘယ်​သူ​ဟု​ထင် မှတ်​ပါ​သ​နည်း။ ကျောက်​တောင်​နံ​ရံ​တွင် မိ​မိ တို့​အ​တွက်​သင်္ချိုင်း​ဂူ​ကို​ထွင်း​ထု​လုပ်​ပိုင်​ခွင့် သင့်​မှာ​ရှိ​ပါ​သ​လော။-
১৬‘ইয়াত তোমাৰ কি আছে, আৰু তুমি কোন, যে তুমি ইয়াত নিজৰ বাবে এটা মৈদাম খানিলা? সিও নিজৰ বাবে এটা মৈদাম খানিলে, নিজৰ বাবে শিলত এটা বিশ্রামস্থান ক্ষোদিত কৰিলে’।”
17 ၁၇ သင်​သည်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​တစ်​ဦး ဖြစ်​ကောင်း​ဖြစ်​ပေ​မည်။ သို့​ရာ​တွင်​ထာ​ဝ​ရ ဘု​ရား​သည် သင့်​အား​ဆွဲ​ကိုင်​၍​ပစ်​ထုတ် တော်​မူ​လိမ့်​မည်။-
১৭চোৱা, যিহোৱাই তোমাক দলিয়াই পেলাব, পৰাক্রমী জন তললৈ দলিয়াই পেলাব, তেওঁ তোমাক দুৰ্লভভাবে হাতেৰে মুচৰিব।
18 ၁၈ ကိုယ်​တော်​သည်​သင့်​အား​လောက်​စာ​သ​ဖွယ် လုံး​၍ ပို​မို​ကျယ်​ဝန်း​သော​ပြည်​သို့​ပစ်​ထုတ် တော်​မူ​လိမ့်​မည်။ သင်​သည်​ထို​ပြည်​တွင် မိ​မိ ဂုဏ်​ယူ​ဝါ​ကြွား​သည့်​စစ်​ရ​ထား​များ​အ​နီး တွင်​သေ​ရ​လိမ့်​မည်။ သင်​သည်​မိ​မိ​အ​ရှင်​၏ နန်း​တော်​ကို အ​သ​ရေ​ယုတ်​စေ​လိမ့်​မည်။-
১৮তেওঁ নিশ্চয়কৈ তোমাক গুল গুলকৈ নুৰিয়াই বলৰ দৰে গোল কৰি বহল দেশত পেলাই দিব; তোমাৰ প্ৰভুৰ বংশক লাজ দিয়া জন যি তুমি, তুমি সেই ঠাইত মৰিবা, আৰু তোমাৰ তেজস্বী ৰথবোৰ তাত থাকিব।
19 ၁၉ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​အ​လုပ်​မှ ထုတ်​ပယ်​တော်​မူ​၍ ကြီး​မြင့်​သည့်​ရာ​ထူး မှ​ဖြုတ်​ချ​တော်​မူ​လိမ့်​မည်'' ဟု​ပြော ကြား​စေ​တော်​မူ​ပါ​၏။
১৯“মই তোমাক তোমাৰ কাৰ্যালয়ৰ পৰা আৰু তোমাৰ স্থানৰ পৰা খেদিম। তোমাক তলত পেলাই দিয়া হ’ব।
20 ၂၀ ထာ​ဝ​ရ​ဘု​ရား​က​ရှေ​ဗ​န​အား``ငါ​သည် မိ​မိ​၏​အ​စေ​ခံ၊ ဟိ​လ​ခိ​၏​သား​ဧ​လျာ ကိမ်​ကို​ခေါ်​ယူ​ကာ၊-
২০সেই দিনা অহাৰ সময়ত, মই মোৰ দাস হিল্কিয়াৰ পুত্ৰ ইলিয়াকীমক মাতিম;
21 ၂၁ သင်​ရာ​ထူး​အ​လျောက်​ဝတ်​ဆင်​ရ​သည့်​ဝတ် လုံ​ကို​သူ့​အား​ဝတ်​ဆင်​စေ​၍ သင်​၏​ခါး​စည်း ကို​စည်း​စေ​လော့။ သင်​ရ​ရှိ​ခဲ့​သော​အ​ခွင့် အာ​ဏာ​ရှိ​သ​မျှ​ကို​အပ်​နှင်း​မည်။ ထို​သူ သည်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​များ​နှင့် ယု​ဒ​ပြည်​သူ​တို့​အ​တွက် ဖ​ခင်​သ​ဖွယ် ဖြစ်​လိမ့်​မည်။-
২১মই তোমাৰ ৰাজবস্ত্ৰ, আৰু তোমাৰ টঙালি তেওঁক পিন্ধাম, আৰু মই তোমাৰ ক্ষমতাৰ ভাৰ তেওঁৰ হাতত অৰ্পণ কৰিম। তেওঁ যিৰূচালেম নিবাসীসকলৰ আৰু যিহূদা বংশৰ পিতৃস্বৰূপ হ’ব।
22 ၂၂ ငါ​သည်​သူ့​အား​ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​သူ ပြည်​ရှင်​မင်း​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရန် အာ​ဏာ​အ​ပြည့်​အ​ဝ​အပ်​နှင်း​ပေး​မည်။ သူ သည်​အ​လုပ်​ဝတ္တ​ရား​များ​ဆောင်​ရွက်​ရာ​တွင် သော့​ချက်​သ​ဖွယ်​ဖြစ်​၍​သူ​ပြု​သည့်​အ​မှု တို့​ကို​အ​ဘယ်​သူ​မျှ​ပြင်​ဆင်​ပြောင်း​လဲ နိုင်​လိမ့်​မည်​မ​ဟုတ်။-
২২মই দায়ূদৰ বংশৰ চাবি তেওঁৰ কান্ধত দিম; তাতে তেওঁ খুলিব, আৰু কোনেও বন্ধ নকৰিব, তেওঁ বন্ধ কৰিব, আৰু কোনেও নোখুলিব।
23 ၂၃ ငါ​သည်​ခိုင်​မြဲ​စွာ​ရိုက်​ထား​သည့်​ငုတ်​ကဲ့​သို့ သူ့​အား​မြဲ​မြံ​စွာ​ထား​ရှိ​မည်။ သူ​သည်​လည်း မိ​မိ​အိမ်​ထောင်​စု​တစ်​စု​လုံး​၏​ဂုဏ်​အ​သ ရေ​ကို​ဆောင်​လိမ့်​မည်။
২৩মই সুৰক্ষিত স্থানত তেওঁক গজাল স্বৰূপে মাৰিম; আৰু তেওঁ নিজৰ পিতৃৰ বংশলৈ গৌৰৱৰ আসন স্বৰূপ হ’ব।
24 ၂၄ ``သို့​ရာ​တွင်​ဆွေ​မျိုး​ညာ​တိ​များ​နှင့်​မှီ​ခို သူ​တို့​သည် သူ​၏​အ​တွက်​ဝန်​ထုပ်​ဝန်​ပိုး​ဖြစ် ၍​နေ​လိမ့်​မည်။ ငုတ်​တွင်​ဆွဲ​ချိပ်​ထား​သည့်​အိုး ခွက်​များ​ကဲ့​သို့ သူ​တို့​သည်​သူ့​ကို​တွယ်​ကပ် နေ​ကြ​လိမ့်​မည်။-
২৪তেওঁৰ পিতৃ-বংশৰ সকলো গৌৰৱ, সন্তান সকল আৰু বংশধৰ, প্রতিটো সৰু পাত্র, আৰু পিয়লাৰ পৰা সকলো কলহলৈকে তেওঁলোকে নিজৰ ওপৰত আৰি থ’ব।
25 ၂၅ ဤ​သို့​ဖြစ်​ပျက်​လာ​သော​အ​ခါ​ခိုင်​မြဲ​စွာ ရိုက်​သွင်း​ထား​သည့်​ငုတ်​သည် ချောင်​၍​လာ ကာ​လဲ​ကျ​သွား​လိမ့်​မည်။ ယင်း​တွင်​ဆွဲ​ချိပ် ထား​သ​မျှ​သော​အ​ရာ​တို့​သည်​လည်း ပျက် စီး​သွား​ကြ​လိမ့်​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။
২৫সেই দিনা বাহিনীসকলৰ যিহোৱাই কৰা ঘোষণা এই, “দৃঢ় স্থানত মৰা খুটিটো খহি পৰিব, বিছিন্ন হ’ব, পতিত হ’ব, আৰু তাৰ ওপৰত আৰি থোৱা ভাৰ বিচ্ছিন্ন হ’ব” কিয়নো যিহোৱাই এই কথা ক’লে।

< ဟေရှာယ 22 >