< ဟေရှာယ 21 >
1 ၁ ဤဗျာဒိတ်တော်သည်ဗာဗုလုန်နှင့်သက်ဆိုင် သောဗျာဒိတ်တော်ဖြစ်၏။ သဲကန္တာရကိုဖြတ်ကျော်၍တိုက်ခတ်လာ သောလေဗွေကဲ့သို့ ဘေးအန္တရာယ်ဆိုးတစ်ခု သည်ကြောက်မက်ဖွယ်ကောင်းသည့်တိုင်းပြည် တစ်ပြည်မှသက်ရောက်လာလိမ့်မည်။-
Revelação sobre o deserto do mar: Assim como os turbilhões de vento passam pelo Negueve, assim algo vem do deserto, de uma terra temível.
2 ၂ ရက်စက်ကြမ်းကြုတ်မှုများ၊ သစ္စာဖောက်မှု နှင့်သုတ်သင်ဖျက်ဆီးမှုတို့ကိုဗျာဒိတ် ရူပါရုံတွင်ငါမြင်ရပြီ။ အို ဧလံတပ်မတော်သားတို့၊ တိုက်ခိုက်ကြ လော့။ အို မေဒိတပ်မတော်သားတို့၊ မြို့များ ကိုဝိုင်းရံထားကြလော့။ ဘုရားသခင်သည် ဗာဗုလုန်မြို့သားတို့ပေးသည့်ဆင်းရဲဒုက္ခ ကိုချုပ်ငြိမ်းစေတော်မူလိမ့်မည်။
Uma visão terrível me foi informada: o enganador engana, e o destruidor destrói. Levanta-te, Elão! Faze o cerco, Média! [Pois] estou pondo fim em todos os gemidos que ela [causou].
3 ၃ ဗျာဒိတ်ရူပါရုံတွင်မြင်ရကြားရသောအမှု အရာများကြောင့် ငါသည်သားဖွားသည့်အမျိုး သမီးသဖွယ်ထိတ်လန့်၍ဝေဒနာခံရ၏။-
Por isso meus lombos estão cheios de sofrimento; fui tomado por dores, tais como as dores de parto; fiquei perturbado ao ouvir, e estou horrorizado de ver.
4 ၄ ငါ၏ဦးခေါင်းသည်ချာချာလည်လျက်ငါ သည်ကြောက်စိတ်ဖြင့်တုန်လှုပ်၍နေ၏။ ငါ သည်ညဥ့်ဦးယံကိုတမ်းတလျက်နေခဲ့၏။ သို့ရာတွင်ထိုအချိန်သည် ငါ့အားထိတ်လန့် မှုကိုဖြစ်စေသည်မှတစ်ပါးအဘယ်သို့ မျှမပြု။
Meu coração se estremece, o terror me apavora; o anoitecer, que eu desejava, [agora] me causa medo.
5 ၅ ဗျာဒိတ်ရူပါရုံတွင်ညစာစားပွဲကြီးတစ် ခုအသင့်ပြင်ဆင်ထားသည်ကိုငါမြင်ရ၏။ ဧည့်သည်တို့ထိုင်ရန်အတွက်ကော်ဇောများ ကိုခင်းထားလေသည်။ သူတို့သည်စားသောက် လျက်နေကြစဉ်``တပ်မှူးတို့၊ သင်တို့၏ဒိုင်းလွှား များကိုအသင့်ပြင်ကြလော့'' ဟူသောအမိန့် တော်တစ်ရပ်ရုတ်တရက်ထွက်ပေါ်၍လာ၏။
Eles preparam a mesa, estendem tapetes, comem e bebem. Levantai-vos, príncipes! Passai óleo nos escudos!
6 ၆ ထိုနောက်ထာဝရဘုရားကငါ့အား``သင် သွား၍ကင်းစောင့်တစ်ဦးကိုချထားပြီး လျှင် သူတွေ့မြင်ရသည့်အရာများကို အစီရင်ခံရန်မှာကြားလော့။-
Porque assim me disse o Senhor: Vai, põe um vigilante, [e] ele diga o que estiver vendo.
7 ၇ အကယ်၍နှစ်ယောက်တစ်တွဲနှစ်ယောက်တစ်တွဲ မြင်းစီးသူရဲများလာသည်ကိုလည်းကောင်း၊ မြည်းများကုလားအုတ်များကိုစီး၍လူတို့ လာကြသည်ကိုလည်းကောင်းမြင်လျှင် ထိုသူ တို့အားသတိထား၍ကြည့်ရန်ကင်းစောင့်ကို မှာကြားထားလော့'' ဟုမိန့်တော်မူပါ၏။
Caso ele veja uma carruagem, um par de cavaleiros, pessoas montadas em asnos, [ou] pessoas montadas em camelos, ele deve prestar atenção, muita atenção.
8 ၈ ကင်းစောင့်က``အရှင်၊ အကျွန်ုပ်သည်ဤမျှော်စင် ပေါ်တွင်ရပ်၍ နေ့ရောညပါကင်းစောင့်လျက် နေပါ၏'' ဟုအော်၍ပြောကြားစဉ်၊
E ele gritou [como] um leão: Senhor, na torre de vigia estou continuamente de dia; e em minha guarda me ponho durante noites inteiras.
9 ၉ မြင်းစီးသူရဲတို့သည်နှစ်ယောက်တစ်တွဲနှစ် ယောက်တစ်တွဲရုတ်တရက်ပေါ်လာကြ၏။ ထို ကြောင့်ကင်းစောင့်က``ဗာဗုလုန်မြို့ကျဆုံး သွားလေပြီ။ သူတို့ကိုးကွယ်သည့်ရုပ်တုမှန် သမျှသည်လည်းမြေပေါ်တွင်ကျိုးပဲ့ကြေမွ လျက်နေပါ၏'' ဟုသတင်းပေးပို့လိုက်၏။
E eis que está vindo uma carruagem de homens, um par de cavaleiros. Então ele respondeu: Caiu! Caiu a Babilônia, e todas as imagens esculpidas de seus deuses foram quebradas contra a terra.
10 ၁၀ ငါ၏အမျိုးသားတို့၊ သင်တို့သည်ဂျုံနှံ သဖွယ်အနင်းအနယ်ခံခဲ့ရကြ၏။ သို့ရာ တွင်ငါသည်ဣသရေလအမျိုးသားတို့၏ ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရ ဘုရားထံတော်မှကြားရသည့်သတင်းကို ယခုသင်တို့အားကြေညာပြီးလေပြီ။
Ó meu [povo] debulhado por batidas, e trigo de minha eira! O que ouvi do SENHOR dos exércitos, Deus de Israel, isso eu vos disse.
11 ၁၁ ဤဗျာဒိတ်တော်သည်ဧဒုံပြည်နှင့်သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ဧဒုံပြည်မှလူတစ်ယောက်ကငါအား``အို ကင်းစောင့်၊ ညဥ့်ယံကုန်ဆုံးရန်အဘယ်မျှ ကြာပါဦးမည်နည်း။ အဘယ်အခါ၌ကုန် ဆုံးမည်ကိုငါ့အားပြောပါလော့'' ဟုအော် ဟစ်မေးမြန်း၏။
Revelação sobre Dumá: Alguém está gritando de Seir. Guarda, o que houve de noite? Guarda, o que houve de noite?
12 ၁၂ ငါကလည်း``မိုးသောက်ယံရောက်တော့မည်၊ သို့ရာတွင်ညဥ့်ယံပြန်လည်ကျရောက်လာ လိမ့်မည်။ သင်ထပ်မံမေးမြန်းလိုလျှင်နောက် တစ်ဖန်လာ၍မေးမြန်းလော့'' ဟုဖြေကြား လိုက်၏။
O guarda disse: Vem a manhã, e também a noite; se quereis perguntar, perguntai; voltai-vos, e vinde.
13 ၁၃ ဤဗျာဒိတ်တော်ကားအာရပ်ပြည်နှင့်သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ သစ်ပင်မပေါက်သည့်အာရပ်နယ်မြေ၌၊ ကုန် စည်လှည်းရထားများကိုစခန်းချတတ် သည့်အချင်းဒေဒန်အမျိုးသားတို့၊-
Revelação sobre a Arábia: Nos matos da Arábia passareis a noite, ó caravanas de dedanitas.
14 ၁၄ သင်တို့ထံသို့လာရောက်ကြသည့်ရေငတ် သူတို့အားရေကိုပေးကြလော့။ အချင်း တေမပြည်သူတို့၊ စစ်ပြေးဒုက္ခသည်တို့ အားအစားအစာများကိုပေးကြလော့။-
Saí ao encontro dos sedentos com água; os moradores da terra de Temá com seu pão encontram aos que estavam fugindo;
15 ၁၅ လူတို့သည်မိမိတို့အားခုတ်ရန်အသင့် ရှိသည့်ဋ္ဌားများ၏ဘေးမှလည်းကောင်း၊ ပစ်ရန်အသင့်ရှိသည့်လေးမြားတို့၏ဘေး မှလည်းကောင်း၊ စစ်ဘေးအန္တရာယ်ဟူသမျှမှ လည်းကောင်းလွတ်မြောက်ရန်ထွက်ပြေးလျက် ရှိကြ၏။
Pois fogem de diante de espadas, de diante da espada desembainhada, e diante do arco armado, e de diante do peso da guerra.
16 ၁၆ ထိုနောက်ထာဝရဘုရားကငါ့အား``တစ်နှစ် တိတိကြာသောအခါ ကေဒါလူမျိုးစု၏ ဘုန်းအသရေသည်လုံးဝကွယ်ပျောက်သွား လိမ့်မည်။-
Porque assim me disse o Senhor: Dentro de um ano (tal como ano de empregado), será arruinada toda a glória de Quedar.
17 ၁၇ ထိုလူမျိုးစုတွင်ရဲစွမ်းသတ္တိအရှိဆုံးဖြစ် သောလေးသည်တော်တို့သည်လည်း အနည်း ငယ်မျှသာလျှင်ကျန်ရှိပေတော့မည်။ ဤကား ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ ငါထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူပါ၏။
E os que restarem do número de flecheiros, os guerreiros dos filhos de Quedar, serão reduzidos a poucos. Pois assim disse o SENHOR, Deus de Israel.