< ဟေရှာယ 21 >

1 ဤ​ဗျာ​ဒိတ်​တော်​သည်​ဗာ​ဗု​လုန်​နှင့်​သက်​ဆိုင် သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ သဲ​က​န္တာ​ရ​ကို​ဖြတ်​ကျော်​၍​တိုက်​ခတ်​လာ သော​လေ​ဗွေ​ကဲ့​သို့ ဘေး​အန္တ​ရာယ်​ဆိုး​တစ်​ခု သည်​ကြောက်​မက်​ဖွယ်​ကောင်း​သည့်​တိုင်း​ပြည် တစ်​ပြည်​မှ​သက်​ရောက်​လာ​လိမ့်​မည်။-
מַשָּׂ֖א מִדְבַּר־יָ֑ם כְּסוּפֹ֤ות בַּנֶּ֙גֶב֙ לַֽחֲלֹ֔ף מִמִּדְבָּ֣ר בָּ֔א מֵאֶ֖רֶץ נֹורָאָֽה׃
2 ရက်​စက်​ကြမ်း​ကြုတ်​မှု​များ၊ သစ္စာ​ဖောက်​မှု နှင့်​သုတ်​သင်​ဖျက်​ဆီး​မှု​တို့​ကို​ဗျာ​ဒိတ် ရူ​ပါ​ရုံ​တွင်​ငါ​မြင်​ရ​ပြီ။ အို ဧ​လံ​တပ်​မ​တော်​သား​တို့၊ တိုက်​ခိုက်​ကြ လော့။ အို မေ​ဒိ​တပ်​မ​တော်​သား​တို့၊ မြို့​များ ကို​ဝိုင်း​ရံ​ထား​ကြ​လော့။ ဘု​ရား​သ​ခင်​သည် ဗာ​ဗု​လုန်​မြို့​သား​တို့​ပေး​သည့်​ဆင်း​ရဲ​ဒုက္ခ ကို​ချုပ်​ငြိမ်း​စေ​တော်​မူ​လိမ့်​မည်။
חָז֥וּת קָשָׁ֖ה הֻגַּד־לִ֑י הַבֹּוגֵ֤ד ׀ בֹּוגֵד֙ וְהַשֹּׁודֵ֣ד ׀ שֹׁודֵ֔ד עֲלִ֤י עֵילָם֙ צוּרִ֣י מָדַ֔י כָּל־אַנְחָתָ֖ה הִשְׁבַּֽתִּי׃
3 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မြင်​ရ​ကြား​ရ​သော​အ​မှု အ​ရာ​များ​ကြောင့် ငါ​သည်​သား​ဖွား​သည့်​အ​မျိုး သ​မီး​သ​ဖွယ်​ထိတ်​လန့်​၍​ဝေ​ဒ​နာ​ခံ​ရ​၏။-
עַל־כֵּ֗ן מָלְא֤וּ מָתְנַי֙ חַלְחָלָ֔ה צִירִ֣ים אֲחָז֔וּנִי כְּצִירֵ֖י יֹֽולֵדָ֑ה נַעֲוֵ֣יתִי מִשְּׁמֹ֔עַ נִבְהַ֖לְתִּי מֵרְאֹֽות׃
4 ငါ​၏​ဦး​ခေါင်း​သည်​ချာ​ချာ​လည်​လျက်​ငါ သည်​ကြောက်​စိတ်​ဖြင့်​တုန်​လှုပ်​၍​နေ​၏။ ငါ သည်​ညဥ့်​ဦး​ယံ​ကို​တမ်း​တ​လျက်​နေ​ခဲ့​၏။ သို့​ရာ​တွင်​ထို​အ​ချိန်​သည် ငါ့​အား​ထိတ်​လန့် မှု​ကို​ဖြစ်​စေ​သည်​မှ​တစ်​ပါး​အ​ဘယ်​သို့ မျှ​မ​ပြု။
תָּעָ֣ה לְבָבִ֔י פַּלָּצ֖וּת בִּֽעֲתָ֑תְנִי אֵ֚ת נֶ֣שֶׁף חִשְׁקִ֔י שָׂ֥ם לִ֖י לַחֲרָדָֽה׃
5 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ည​စာ​စား​ပွဲ​ကြီး​တစ် ခု​အ​သင့်​ပြင်​ဆင်​ထား​သည်​ကို​ငါ​မြင်​ရ​၏။ ဧည့်​သည်​တို့​ထိုင်​ရန်​အ​တွက်​ကော်​ဇော​များ ကို​ခင်း​ထား​လေ​သည်။ သူ​တို့​သည်​စား​သောက် လျက်​နေ​ကြ​စဉ်``တပ်​မှူး​တို့၊ သင်​တို့​၏​ဒိုင်း​လွှား များ​ကို​အ​သင့်​ပြင်​ကြ​လော့'' ဟူ​သော​အ​မိန့် တော်​တစ်​ရပ်​ရုတ်​တ​ရက်​ထွက်​ပေါ်​၍​လာ​၏။
עָרֹ֧ךְ הַשֻּׁלְחָ֛ן צָפֹ֥ה הַצָּפִ֖ית אָכֹ֣ול שָׁתֹ֑ה ק֥וּמוּ הַשָּׂרִ֖ים מִשְׁח֥וּ מָגֵֽן׃ פ
6 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``သင် သွား​၍​ကင်း​စောင့်​တစ်​ဦး​ကို​ချ​ထား​ပြီး လျှင် သူ​တွေ့​မြင်​ရ​သည့်​အ​ရာ​များ​ကို အ​စီ​ရင်​ခံ​ရန်​မှာ​ကြား​လော့။-
כִּ֣י כֹ֥ה אָמַ֛ר אֵלַ֖י אֲדֹנָ֑י לֵ֚ךְ הַעֲמֵ֣ד הַֽמְצַפֶּ֔ה אֲשֶׁ֥ר יִרְאֶ֖ה יַגִּֽיד׃
7 အ​ကယ်​၍​နှစ်​ယောက်​တစ်​တွဲ​နှစ်​ယောက်​တစ်​တွဲ မြင်း​စီး​သူ​ရဲ​များ​လာ​သည်​ကို​လည်း​ကောင်း၊ မြည်း​များ​ကု​လား​အုတ်​များ​ကို​စီး​၍​လူ​တို့ လာ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​လျှင် ထို​သူ တို့​အား​သတိ​ထား​၍​ကြည့်​ရန်​ကင်း​စောင့်​ကို မှာ​ကြား​ထား​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။
וְרָ֣אָה רֶ֗כֶב צֶ֚מֶד פָּֽרָשִׁ֔ים רֶ֥כֶב חֲמֹ֖ור רֶ֣כֶב גָּמָ֑ל וְהִקְשִׁ֥יב קֶ֖שֶׁב רַב־קָֽשֶׁב׃
8 ကင်း​စောင့်​က``အ​ရှင်၊ အ​ကျွန်ုပ်​သည်​ဤ​မျှော်​စင် ပေါ်​တွင်​ရပ်​၍ နေ့​ရော​ည​ပါ​ကင်း​စောင့်​လျက် နေ​ပါ​၏'' ဟု​အော်​၍​ပြော​ကြား​စဉ်၊
וַיִּקְרָ֖א אַרְיֵ֑ה עַל־מִצְפֶּ֣ה ׀ אֲדֹנָ֗י אָנֹכִ֞י עֹמֵ֤ד תָּמִיד֙ יֹומָ֔ם וְעַל־מִ֨שְׁמַרְתִּ֔י אָנֹכִ֥י נִצָּ֖ב כָּל־הַלֵּילֹֽות׃
9 မြင်း​စီး​သူ​ရဲ​တို့​သည်​နှစ်​ယောက်​တစ်​တွဲ​နှစ် ယောက်​တစ်​တွဲ​ရုတ်​တ​ရက်​ပေါ်​လာ​ကြ​၏။ ထို ကြောင့်​ကင်း​စောင့်​က``ဗာ​ဗု​လုန်​မြို့​ကျ​ဆုံး သွား​လေ​ပြီ။ သူ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု​မှန် သ​မျှ​သည်​လည်း​မြေ​ပေါ်​တွင်​ကျိုး​ပဲ့​ကြေ​မွ လျက်​နေ​ပါ​၏'' ဟု​သ​တင်း​ပေး​ပို့​လိုက်​၏။
וְהִנֵּה־זֶ֥ה בָא֙ רֶ֣כֶב אִ֔ישׁ צֶ֖מֶד פָּֽרָשִׁ֑ים וַיַּ֣עַן וַיֹּ֗אמֶר נָפְלָ֤ה נָֽפְלָה֙ בָּבֶ֔ל וְכָל־פְּסִילֵ֥י אֱלֹהֶ֖יהָ שִׁבַּ֥ר לָאָֽרֶץ׃
10 ၁၀ ငါ​၏​အ​မျိုး​သား​တို့၊ သင်​တို့​သည်​ဂျုံ​နှံ သ​ဖွယ်​အ​နင်း​အ​နယ်​ခံ​ခဲ့​ရ​ကြ​၏။ သို့​ရာ တွင်​ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ကြား​ရ​သည့်​သ​တင်း​ကို ယ​ခု​သင်​တို့​အား​ကြေ​ညာ​ပြီး​လေ​ပြီ။
מְדֻשָׁתִ֖י וּבֶן־גָּרְנִ֑י אֲשֶׁ֣ר שָׁמַ֗עְתִּי מֵאֵ֨ת יְהוָ֧ה צְבָאֹ֛ות אֱלֹהֵ֥י יִשְׂרָאֵ֖ל הִגַּ֥דְתִּי לָכֶֽם׃ ס
11 ၁၁ ဤ​ဗျာ​ဒိတ်​တော်​သည်​ဧ​ဒုံ​ပြည်​နှင့်​သက် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ဧ​ဒုံ​ပြည်​မှ​လူ​တစ်​ယောက်​က​ငါ​အား``အို ကင်း​စောင့်၊ ညဥ့်​ယံ​ကုန်​ဆုံး​ရန်​အ​ဘယ်​မျှ ကြာ​ပါ​ဦး​မည်​နည်း။ အ​ဘယ်​အ​ခါ​၌​ကုန် ဆုံး​မည်​ကို​ငါ့​အား​ပြော​ပါ​လော့'' ဟု​အော် ဟစ်​မေး​မြန်း​၏။
מַשָּׂ֖א דּוּמָ֑ה אֵלַי֙ קֹרֵ֣א מִשֵּׂעִ֔יר שֹׁמֵר֙ מַה־מִלַּ֔יְלָה שֹׁמֵ֖ר מַה־מִלֵּֽיל׃
12 ၁၂ ငါ​က​လည်း``မိုး​သောက်​ယံ​ရောက်​တော့​မည်၊ သို့​ရာ​တွင်​ညဥ့်​ယံ​ပြန်​လည်​ကျ​ရောက်​လာ လိမ့်​မည်။ သင်​ထပ်​မံ​မေး​မြန်း​လို​လျှင်​နောက် တစ်​ဖန်​လာ​၍​မေး​မြန်း​လော့'' ဟု​ဖြေ​ကြား လိုက်​၏။
אָמַ֣ר שֹׁמֵ֔ר אָתָ֥ה בֹ֖קֶר וְגַם־לָ֑יְלָה אִם־תִּבְעָי֥וּן בְּעָ֖יוּ שֻׁ֥בוּ אֵתָֽיוּ׃ ס
13 ၁၃ ဤ​ဗျာ​ဒိတ်​တော်​ကား​အာ​ရပ်​ပြည်​နှင့်​သက် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ သစ်​ပင်​မ​ပေါက်​သည့်​အာ​ရပ်​နယ်​မြေ​၌၊ ကုန် စည်​လှည်း​ရ​ထား​များ​ကို​စ​ခန်း​ချ​တတ် သည့်​အ​ချင်း​ဒေ​ဒန်​အ​မျိုး​သား​တို့၊-
מַשָּׂ֖א בַּעְרָ֑ב בַּיַּ֤עַר בַּעְרַב֙ תָּלִ֔ינוּ אֹֽרְחֹ֖ות דְּדָנִֽים׃
14 ၁၄ သင်​တို့​ထံ​သို့​လာ​ရောက်​ကြ​သည့်​ရေ​ငတ် သူ​တို့​အား​ရေ​ကို​ပေး​ကြ​လော့။ အ​ချင်း တေ​မ​ပြည်​သူ​တို့၊ စစ်​ပြေး​ဒုက္ခ​သည်​တို့ အား​အ​စား​အ​စာ​များ​ကို​ပေး​ကြ​လော့။-
לִקְרַ֥את צָמֵ֖א הֵתָ֣יוּ מָ֑יִם יֹשְׁבֵי֙ אֶ֣רֶץ תֵּימָ֔א בְּלַחְמֹ֖ו קִדְּמ֥וּ נֹדֵֽד׃
15 ၁၅ လူ​တို့​သည်​မိ​မိ​တို့​အား​ခုတ်​ရန်​အ​သင့် ရှိ​သည့်​ဋ္ဌား​များ​၏​ဘေး​မှ​လည်း​ကောင်း၊ ပစ်​ရန်​အ​သင့်​ရှိ​သည့်​လေး​မြား​တို့​၏​ဘေး မှ​လည်း​ကောင်း၊ စစ်​ဘေး​အန္တ​ရာယ်​ဟူ​သ​မျှ​မှ လည်း​ကောင်း​လွတ်​မြောက်​ရန်​ထွက်​ပြေး​လျက် ရှိ​ကြ​၏။
כִּֽי־מִפְּנֵ֥י חֲרָבֹ֖ות נָדָ֑דוּ מִפְּנֵ֣י ׀ חֶ֣רֶב נְטוּשָׁ֗ה וּמִפְּנֵי֙ קֶ֣שֶׁת דְּרוּכָ֔ה וּמִפְּנֵ֖י כֹּ֥בֶד מִלְחָמָֽה׃ ס
16 ၁၆ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``တစ်​နှစ် တိ​တိ​ကြာ​သော​အ​ခါ ကေ​ဒါ​လူ​မျိုး​စု​၏ ဘုန်း​အ​သ​ရေ​သည်​လုံး​ဝ​ကွယ်​ပျောက်​သွား လိမ့်​မည်။-
כִּי־כֹ֛ה אָמַ֥ר אֲדֹנָ֖י אֵלָ֑י בְּעֹ֤וד שָׁנָה֙ כִּשְׁנֵ֣י שָׂכִ֔יר וְכָלָ֖ה כָּל־כְּבֹ֥וד קֵדָֽר׃
17 ၁၇ ထို​လူ​မျိုး​စု​တွင်​ရဲ​စွမ်း​သတ္တိ​အ​ရှိ​ဆုံး​ဖြစ် သော​လေး​သည်​တော်​တို့​သည်​လည်း အ​နည်း ငယ်​မျှ​သာ​လျှင်​ကျန်​ရှိ​ပေ​တော့​မည်။ ဤ​ကား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စကား​ပင် ဖြစ်​၏'' ဟု​မိန့်​တော်​မူ​ပါ​၏။
וּשְׁאָ֧ר מִסְפַּר־קֶ֛שֶׁת גִּבֹּורֵ֥י בְנֵֽי־קֵדָ֖ר יִמְעָ֑טוּ כִּ֛י יְהוָ֥ה אֱלֹהֵֽי־יִשְׂרָאֵ֖ל דִּבֵּֽר׃ ס

< ဟေရှာယ 21 >