< ဟေရှာယ 2 >

1 အောက်​ပါ​ဗျာ​ဒိတ်​တော်​မှာ၊ ယု​ဒ​ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​အ​ဘယ်​သို့​ဖြစ်​ပျက်​မည် ကို အာ​မုတ်​၏​သား​ဟေ​ရှာ​ယ​အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။
This is the vision that Isaiah, son of Amoz, saw about Judah and Jerusalem.
2 ဟေ​ရှာ​ယ​က နောင်​လာ​လတ္တံ့​သော​ကာ​လ​၌ ယ​ခု​ဗိ​မာန်​တော်​တည်​ရာ​တောင်​တော်​သည် တောင်​တ​ကာ​တို့​ကို​လွှမ်း​မိုး​၍ အ​မြင့်​ဆုံး​ဖြစ်​လိမ့်​မည်။ လူ​မျိုး​အပေါင်း​တို့​သည်​လည်း​ထို​တောင်​တော်​သို့ လာ​ရောက်​ကြ​လိမ့်​မည်။
In the last days the mountain where the Lord's Temple stands will be recognized as the highest of all mountains, rising above other hills. Many from the other nations will travel to it.
3 သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​ပေါ်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​သို့​ငါ​တို့​တက်​ကြ​ကုန်​အံ့။ ကိုယ်​တော်​၏​အ​လို​တော်​ကို​သင်​ယူ​ကြ​ကုန်​အံ့။ ကိုယ်​တော်​ရွေး​ချယ်​ပေး​တော်​မူ​သော​လမ်း​ကို ငါ​တို့​လိုက်​လျှောက်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ လိမ့်​မည်။ ``ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည် ဇိ​အုန်​တောင်​ပေါ်​မှ​လည်း​ကောင်း ပေါ်​ထွက်​လာ​လိမ့်​မည်။''
People will come and say, “Let's go up to the mountain of the Lord, to the Temple of the God of Jacob. There God will teach us his ways and we will follow his directions. God's teachings will spread out from Zion, his word from Jerusalem.”
4 ကိုယ်​တော်​သည်​လူ​မျိုး​ကြီး​တို့​အ​ငြင်း​ပွား မှု​ကို ပြေ​ငြိမ်း​စေ​တော်​မူ​လိမ့်​မည်။ သူ​တို့​သည်​လည်း​မိ​မိ​တို့​၏​ဋ္ဌား​များ​ကို ထွန်​သွား​အ​ဖြစ်၊ မိ​မိ​တို့​လှံ​များ​ကို​တံ​စဉ်​အ​ဖြစ်​သို့ ပြောင်း​လဲ​ပြု​လုပ်​ကြ​လိမ့်​မည်။ လူ​မျိုး​အ​ပေါင်း​တို့​သည်​နောင်​ဘယ်​အ​ခါ​မျှ စစ်​တိုက်​ကြ​တော့​မည်​မဟုတ်။ နောက်​တစ်​ဖန်​စစ်​တိုက်​ရန်​လည်း​ပြင်​ဆင် ကြ​တော့​မည်​မ​ဟုတ်။
The Lord will decide the cases of the nations; he will settle arguments between nations. They will hammer their swords and turn them into plough blades, and their spears into pruning hooks. Nations will not fight against each other anymore; they will no longer learn methods of warfare.
5 ယာ​ကုပ်​၏​သား​မြေး​တို့၊ ယ​ခု​ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​အ​လင်း ၌​ကျင်​လည်​ကြ​ကုန်​အံ့။
Come, you Israelites, let's walk in the Lord's light.
6 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ယာ​ကုပ်​၏ သား​မြေး​များ​ဖြစ်​သည့်​ကိုယ်​တော်​ရှင်​၏​လူ​မျိုး တော်​အား​စွန့်​ပစ်​တော်​မူ​ပါ​ပြီ။ သူ​တို့​၏​ပြည် သည်​လည်း​အ​ရှေ့​နိုင်​ငံ​သား​များ၊ ဖိ​လိတ္တိ အ​မျိုး​သား​တို့​၏​မှော်​အ​တတ်​ကို​ကျင့်​သုံး သူ​များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​ပါ​၏။ ပြည်​သူ တို့​သည်​နိုင်​ငံ​ခြား​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို လိုက်​လျှောက်​ကြ​ပါ​၏။-
For you, Lord, have given up on your people the Israelites, because they have adopted pagan practices from the East, they use spells like the Philistines, and make friends with foreigners.
7 သူ​တို့​၏​ပြည်​သည်​ရွှေ၊ ငွေ​ပေါ​များ​သ​ဖြင့် အ​တိုင်း​မ​သိ​အောင်​ချမ်း​သာ​ကြွယ်​ဝ​ပါ​၏။ သူ​တို့​၏​ပြည်​၌​မြင်း​ပေါ​များ​၍ မြင်း​ရ​ထား အ​ရေ​အ​တွက်​မှာ​လည်း​အ​တိုင်း​မ​သိ​အောင် များ​ပါ​၏။-
Their country is full of silver and gold, and endless wealth. Their land is full of horses; and they have an endless amount of chariots.
8 သူ​တို့​၏​ပြည်​သည်​ရုပ်​တု​ဆင်း​တု​များ​နှင့်​ပြည့် နှက်​နေ​လျက်​လူ​တို့​သည် မိ​မိ​တို့​လက်​ဖြင့်​ပြု လုပ်​သည့်​အ​ရာ​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် ကြ​ပါ​၏။
Their country is full of idols; they bow down and worship what they have made themselves—produced by their own hands!
9 သို့​ဖြစ်​၍​လူ​တိုင်း​ပင်​လျှင် ရှုတ်​ချ​ခြင်း​ကို​ခံ​ရ ၍​အ​ရှက်​ကွဲ​ကြ​ပါ​လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​တော်​မ​မူ​ပါ​နှင့်။
These people will be brought down and humiliated—Lord, don't forgive them!
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်၊ ကိုယ်​တော် ၏​တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော်​တို့​၏ အ​ရှိန်​အ​ဝါ​မှ​ကင်း​လွတ်​ကြ​စေ​ရန် သူ​တို့ သည်​ကျောက်​တောင်​လှိုဏ်​ဂူ​များ​၌​သော်​လည်း ကောင်း၊ မြေ​တွင်း​တူး​၍​သော်​လည်း​ကောင်း​ပုန်း အောင်း​နေ​ကြ​လိမ့်​မည်။-
Run away into rock caves, hide underground from the terrifying presence of the Lord, from the glory of his majesty.
11 ၁၁ လူ​တို့​၏​မာန်​စွယ်​ကျိုး​မည့်​အ​ချိန်၊ မောက်​မာ ထောင်​လွှား​မှု​ပျက်​သုဉ်း​မည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး တည်း​သာ​လျှင်​ချီး​မြှောက်​ခြင်း​ကို​ခံ​တော်​မူ​ရ လိမ့်​မည်။-
Those who look with arrogance will be brought low; those who are proud will be humbled. On that day only the Lord will be lifted high.
12 ၁၂ ထို​ကာ​လ​၌​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​တန်​ခိုး​ကြီး​သူ၊ မာန်​မာ​န​ကြီး​သူ​နှင့်​စိတ် ကြီး​ဝင်​သူ​မှန်​သ​မျှ​ကို​ရှုတ်​ချ​တော်​မူ​လိမ့်​မည်။-
The Lord has set aside a day when he will deal with the proud and arrogant. He will end all self-glorification, bringing it down.
13 ၁၃ ကိုယ်​တော်​သည်​လေ​ဗ​နုန်​တောင်​မှ​အာ​ရစ်​ပင် မြင့်​တို့​နှင့် ဗာ​ရှန်​တော​မှ​ဝက်​သစ်​ချ​ပင်​များ ကို​ချိုး​ချ​တော်​မူ​လိမ့်​မည်။-
He will cut down the cedars of Lebanon, tall and high, and all the great oaks of Bashan,
14 ၁၄ တောင်​ကြီး​တောင်​ငယ်​တို့​ကို​ဖြို​ချ​တော်​မူ​၍၊-
He will bring down the tall mountains and the high hills.
15 ၁၅ မြင့်​မား​သော​မျှော်​စင်​မှန်​သ​မျှ​နှင့် မြို့​ရိုး မှန်​သ​မျှ​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။-
He will tear down every high tower and every defensive wall.
16 ၁၆ ကိုယ်​တော်​သည်​အ​ကြီး​ဆုံး​အ​လှ​ဆုံး​သော သင်္ဘော​များ​ကို​ပင် နစ်​မြုပ်​စေ​တော်​မူ​လိမ့်​မည်။-
He will wipe out all the commercial ships of Tarshish as well as the pleasure vessels.
17 ၁၇ လူ​တို့​၏​မာန်​စွယ်​သည်​ကျိုး​၍​မောက်​မာ​ထောင် လွှား​မှု​များ​သည်​ပျက်​သုဉ်း​ရ​လိမ့်​မည်။ ထို ကာ​လ​ကျ​ရောက်​သော​အ​ခါ​ထာ​ဝ​ရ​ဘု​ရား တစ်​ပါး​တည်း​သာ​လျှင် ချီး​မြှောက်​ခြင်း​ကို ခံ​တော်​မူ​ရ​လိမ့်​မည်။-
The arrogant will be humbled; the proud will be brought low. On that day only the Lord will be lifted high.
18 ၁၈ ရုပ်​တု​ဆင်း​တု​တို့​သည်​လုံး​ဝ​ကွယ်​ပျောက်​၍ သွား​လိမ့်​မည်။
Idols will completely vanish away.
19 ၁၉ ကမ္ဘာ​မြေ​ကြီး​ကို​တုန်​လှုပ်​ချောက်​ချား​စေ​ရန် ကိုယ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ၊ လူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်၊ ကိုယ် တော်​၏​တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော် အ​ရှိန်​အ​ဝါ​မှ​ကင်း​လွတ်​ကြ​စေ​ရန် ကျောက် တောင်​လှိုဏ်​ဂူ​များ​တွင်​သော်​လည်း​ကောင်း၊ မြေ တွင်း​တူး​၍​သော်​လည်း​ကောင်း​ပုန်း​အောင်း နေ​ကြ​လိမ့်​မည်။-
People will run away into rock caves and holes in the ground to try and hide from the terrifying presence of the Lord, from the glory of his majesty, when he arrives to shake the earth.
20 ၂၀ ထို​နေ့​ရက်​ကာ​လ​ရောက်​သော​အ​ခါ​လူ​တို့​သည် မိ​မိ​တို့​သွန်း​လုပ်​ထား​သည့်​ရွှေ၊ ငွေ​ရုပ်​တု​များ ကို​ပွေး​ကောင်​နှင့်​လင်း​နို့​တို့​၏​အ​ကြား​တွင် စွန့်​ပစ်​၍​ထား​ကြ​လိမ့်​မည်။-
On that day the people will take the idols of silver and gold that they made to worship and throw them away to the rats and the bats.
21 ၂၁ ကမ္ဘာ​မြေ​ကြီး​ကို​တုန်​လှုပ်​ချောက်​ချား​စေ​ရန် ကိုယ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ လူ​တို့ သည်​ကိုယ်​တော်​၏​အ​မျက်​တော်၊ တန်​ခိုး​တော် နှင့်​ဘုန်း​အ​သ​ရေ​တော်​၏​အ​ရှိန်​အ​ဝါ​မှ ကင်း​ဝေး​ကြ​စေ​ရန် မြေ​တွင်း​များ​နှင့်​ကျောက် တောင်​လှိုဏ်​ဂူ​များ​တွင်​ပုန်း​အောင်း​နေ​ကြ လိမ့်​မည်။
They will run to cracks in the rocks and gaps on the cliffs to try and hide from the terrifying presence of the Lord, from the glory of his majesty, when he arrives to shake the earth.
22 ၂၂ သေ​မျိုး​ဖြစ်​သော​သူ​တို့​အား ယုံ​ကြည်​ကိုး စား​မှု​မ​ပြု​ကြ​နှင့်။ သူ​တို့​သည်​အ​ဘယ် မျှ​တန်​ဖိုး​ရှိ​ပါ​သ​နည်း။
Don't bother trusting human beings who only live for a while. How much do they count?

< ဟေရှာယ 2 >