< ဟေရှာယ 17 >
1 ၁ ဤဗျာဒိတ်တော်သည်ဒမာသက်မြို့နှင့် သက်ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ထာဝရဘုရားက``ဒမာသက်မြို့သည်မြို့ အဖြစ်နှင့်ရပ်တည်နေတော့မည်မဟုတ်။ ယို ယွင်းပျက်စီးနေသည့်အဆောက်အဦးစု သာလျှင်ဖြစ်ပေတော့အံ့။-
[the] oracle of Damascus there! Damascus [is] about to be removed from a city and it will be a ruin of a ruin.
2 ၂ ရှုရိမြို့များသည်လည်းထာဝစဉ်လူသူ ဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။ ထိုမြို့တို့သည်သိုး များနှင့်ကျွဲနွားများ၏စားကျက်ဖြစ်လိမ့် မည်။ ထိုတိရစ္ဆာန်တို့အားမောင်းထုတ်မည့်သူ ရှိလိမ့်မည်မဟုတ်။-
[will be] abandoned [the] cities of Aroer for flocks they will be and they will lie down and there not [will be one who] terrifies.
3 ၃ ဣသရေလပြည်သည်ရန်သူတို့အားခုခံ နိုင်စွမ်းကင်းမဲ့လျက်နေလိမ့်မည်။ ဒမာသက် မြို့သည်လည်းလွတ်လပ်ရေးဆုံးရှုံး၍သွား လိမ့်မည်။ အသက်မသေဘဲကျန်ရှိနေသူ ရှုရိအမျိုးသားတို့သည် ဣသရေလအမျိုး သားတို့နည်းတူအသရေပျက်ရကြလိမ့် မည်။ ဤကားအနန္တတန်ခိုးရှင်၊ ငါထာဝရ ဘုရားမြွက်ဟသည်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
And it will cease fortress from Ephraim and kingship from Damascus and [the] remnant of Aram like [the] glory of [the] people of Israel they will be [the] utterance of Yahweh of hosts.
4 ၄ ထာဝရဘုရားက``ဣသရေလပြည်၏ ဘုန်းအသရေမှေးမှိန်ရာနေ့ရက်ကာလ ကျရောက်လာလိမ့်မည်။ ထိုပြည်သည်ကြွယ် ဝချမ်းသာရာမှဆင်းရဲနွမ်းပါး၍သွား လိမ့်မည်။-
And it will be in the day that it will become low [the] glory of Jacob and [the] fatness of flesh its it will be made lean.
5 ၅ ဣသရေလပြည်သည်အသီးအနှံများရိတ် သိမ်းထားသည့်လယ်ကွက်ကဲ့သို့လည်းကောင်း၊ အကုန်အစင်ကောက်သင်းကောက်ထားသည့် ရေဖိမ်ချိုင့်ဝှမ်းမှ လယ်ယာကဲ့သို့လည်း ကောင်းပြုတ်ပြုတ်ပြုန်း၍နေပေလိမ့်မည်။-
And it will be like [the] gathering of a harvest of standing grain and arm his ears of grain someone will reap and it will be like [one who] gathers ears of grain in [the] valley of Rephaim.
6 ၆ လူအနည်းငယ်သာလျှင်အသက်မသေဘဲ ကျန်ရှိခါ ဣသရေလသည်လည်းအသီးများ ကိုအကုန်အစင်ဆွတ်ခူးပြီးနောက် အပင် ထိပ်ဖျားတွင်နှစ်လုံးသုံးလုံးနှင့်အကိုင်းများ တွင် လေးငါးလုံးမျှသာကျန်ရှိသည့်သံလွင် ပင်နှင့်တူလိမ့်မည်။ ဤကားအနန္တတန်ခိုးရှင် ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
And it will be left in it gleanings like [the] beating of an olive tree two three olives at [the] top of [the] tree-top four five on branches its fruit-bearing [the] utterance of Yahweh [the] God of Israel.
7 ၇ ထိုနေ့ရက်ကာလကျရောက်လာသောအခါ၊ လူတို့သည်မိမိတို့အားကူမတော်မူရန် ဣသရေလအမျိုးသားတို့၏ သန့်ရှင်းတော် မူသောဘုရားသခင်တည်းဟူသောဖန်ဆင်း တော်မူရှင်ကိုဖူးမြော်ကြလိမ့်မည်။-
In the day that he will look person on maker his and eyes his to [the] holy [one] of Israel they will see.
8 ၈ သူတို့သည်မိမိတို့ကိုယ်တိုင်ပြုလုပ်ထားသည့် ယဇ်ပလ္လင်များကိုသော်လည်းကောင်း၊ အာရှရ နတ်သမီးအားဝတ်ပြုကိုးကွယ်ရန် မိမိလက် စွမ်းလက်စတံခွန်တိုင်များနှင့်နံ့သာပေါင်း မီးရှို့ရာယဇ်ပလ္လင်များကိုလည်းကောင်း ယုံ ကြည်ကိုးစားကြတော့မည်မဟုတ်။
And not he will look to the altars [the] work of hands his and [that] which they have made fingers his not he will see and the Asherah poles and the incense altars.
9 ၉ ထိုနေ့ရက်ကျရောက်လာသောအခါ၊ အခိုင် အမာတံတိုင်းကာရံထားသည့်မြို့များသည် ဟိဝိနှင့်အာမောရိအမျိုးသားတို့သည် ဣသရေလအမျိုးသားများထံမှထွက်ပြေး ရာတွင် စွန့်ပစ်ထားခဲ့သည့်မြို့များကဲ့သို့လူ သူဆိတ်ငြိမ်ရာဖြစ်လျက်ပျက်စီးယိုယွင်း ၍နေလိမ့်မည်။
In the day that they will be - [the] cities of refuge his like [the] forsaken [place] of the forest and the tree-top which they abandoned because of [the] people of Israel and it will be a desolation.
10 ၁၀ အို ဣသရေလပြည်၊ သင်သည်မိမိအားကယ် ဆယ်တော်မူ၍ကျောက်တုံးကြီးသဖွယ်ကွယ် ကာတော်မူသောဘုရားသခင်ကိုမေ့လျော့ ခဲ့လေပြီ။ သင်သည်လူမျိုးခြားများ၏ဘုရား ကိုဝတ်ပြုကိုးကွယ်ရန်အတွက် မွန်မြတ်သော အပင်များကိုစိုက်ပျိုးခဲ့ပေသည်။
For you have forgotten [the] God of salvation your and [the] rock of refuge your not you have remembered there-fore you plant plantations of pleasantness and [the] vine branch of a stranger you sow it.
11 ၁၁ သို့သော်ထိုဥယျာဉ်များမှသစ်စေ့တို့သည် သင်စိုက်ပျိုးသည့်နေ့နံနက်၌ပင်အပင်ပေါက် ၍အပွင့်များပွင့်ကြသည်ဆိုစေကာမူ ယင်း တို့မှသင်သည်အသီးများကိုဆွတ်ခူးရလိမ့် မည်မဟုတ်။ ဆင်းရဲဒုက္ခနှင့်မပျောက်နိုင်သည့် ဝေဒနာကိုသာလျှင်ခံစားရလိမ့်မည်။
On [the] day of planting your you cause to grow and in the morning seed your you cause to sprout a heap a harvest in a day of [being] sick and pain incurable.
12 ၁၂ တန်ခိုးကြီးမားသည့်နိုင်ငံများသည် ပင်လယ် မြည်ဟည်းသံ၊ လှိုင်းလုံးကြီးများရိုက်ပုတ် သံကဲ့သို့သောအသံနှင့်ထကြွသောင်း ကျန်းလျက်ရှိကြ၏။-
Woe to! [the] tumult of peoples many as roar [the] seas they roar! and [the] uproar of nations like [the] uproar of waters mighty they are in an uproar!
13 ၁၃ ထိုနိုင်ငံသားတို့သည်လှိုင်းလုံးများသဖွယ် တစ်ဟုန်တည်းရှေ့သို့ချီတက်လာကြ၏။ သို့ ရာတွင်ဘုရားသခင်ကသူတို့အားဖြင့် ပြင်း ပြင်းထန်ထန်မိန့်ကြားဆုံးမတော်မူသော အခါသူတို့သည်တောင်နံရံမှမြေမှုန့်များ ကဲ့သို့လည်းကောင်း၊ လေဗွေတွင်လွင့်ပါသွား သည့်ဖွဲကဲ့သို့လည်းကောင်းဆုတ်ပြေးကြ ကုန်၏။-
Nations like [the] uproar of waters many they are in an uproar! and he will rebuke it and it will flee from a distance and it will be chased like chaff of mountains before a wind and like whirling dust before a storm-wind.
14 ၁၄ သူတို့သည်လူတို့အားညဥ့်ဦးယံ၌ တုန်လှုပ် ချောက်ချားစေကြသော်လည်း မိုးသောက်ယံ၌ မရှိကြတော့ပါတကား။ ဤကားငါတို့ပြည် ကိုလုယက်တိုက်ခိုက်သူမှန်သမျှတို့၏ကံ ကြမ္မာပင်ဖြစ်လေသည်။
To a time of evening and there! sudden terror before morning there not [is] it this [will be] [the] portion of [those who] plunder us and [the] lot of [those who] despoil us.