< ဟေရှာယ 16 >

1 သဲ​ကန္တာ​ရ​ရှိ​သေ​လ​မြို့​မှ​မော​ဘ​အ​မျိုး​သား တို့​သည် ဇိ​အုန်​တောင်​၏​သ​မီး​ထံ​သို့​သိုး​တစ် ကောင်​ကို​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ပေး​ပို့​လိုက် ကြ​၏။-
Lieber schicket, ihr Landesherren, Lämmer von Sela aus der Wüste zum Berge der Tochter Zion.
2 သူ​တို့​သည်​အာ​နုန်​မြစ်​ကမ်း​ပေါ်​တွင်​စောင့် ဆိုင်း​လျက်​နေ​စဉ် အ​သိုက်​ကို​စွန့်​ခွာ​ခဲ့​ရ​သည့် ငှက်​များ​ကဲ့​သို့ ခြေ​ဦး​တည့်​ရာ​ခေါက်​တုံ့ ခေါက်​ပြန်​သွား​လာ​လျက်​နေ​ကြ​၏။
Aber wie ein Vogel dahinfleugt, der aus dem Nest getrieben wird, so werden sein die Töchter Moabs, wenn sie vor Arnon vorüberziehen.
3 သူ​တို့​က​ယု​ဒ​ပြည်​သူ​တို့​အား``ငါ​တို့​ကို အ​ကြံ​ပေး​ကြ​ပါ။ ငါ​တို့​သည်​စစ်​ပြေး​ဒုက္ခ သည်​များ​ဖြစ်​ပါ​၏။ မွန်း​တည့်​ချိန်​၌​အေး​မြ သော​သစ်​ပင်​၏​အ​ရိပ်​ကဲ့​သို့ သင်​တို့​သည်​ငါ တို့​အား​အ​ကာ​အ​ကွယ်​ပေး​ကြ​ပါ။ အ​ဘယ် သူ​မျှ​ရှာ​၍​မ​တွေ့​စေ​ရန်​ငါ​တို့​အား​ဝှက် ထား​ကြ​ပါ။-
Sammelt Rat, haltet Gericht; mache dir Schatten des Mittags wie eine Nacht; verbirg die Verjagten und melde die Flüchtigen nicht.
4 သင်​တို့​၏​ပြည်​တွင်​နေ​ခွင့်​ပြု​ကြ​ပါ။ ငါ​တို့ ကို​သုတ်​သင်​ဖျက်​ဆီး​လို​သူ​တို့​၏​ဘေး​မှ ကာ​ကွယ်​စောင့်​ရှောက်​ကြ​ပါ'' ဟု​မော​ဘ ပြည်​သူ​တို့​ပြော​ကြား​ကြ​၏။ (ဖိ​နှိပ်​ချုပ်​ချယ်​မှု​နှင့်​သုတ်​သင်​ဖျက်​ဆီး​မှု တို့​သည်​ပ​ပျောက်​၍​သွား​လိမ့်​မည်။ တိုင်း​ပြည် ကို​ပျက်​ပြုန်း​စေ​သော​သူ​တို့​သည်​လည်း​ရှိ ကြ​တော့​မည်​မ​ဟုတ်။-
Laß meine Verjagten bei dir herbergen; liebes Moab, sei du ihr Schirm vor dem Verstörer; so wird der Treiber ein Ende haben, der Verstörer aufhören und der Untertreter ablassen im Lande.
5 ထို​အ​ခါ​ဒါ​ဝိဒ်​၏​သား​မြေး​တစ်​ဦး​တည်း နန်း​တက်​၍​ပြည်​သူ​တို့​အား​သစ္စာ၊ မေတ္တာ​နှင့် အုပ်​စိုး​လိမ့်​မည်။ သူ​သည်​မှန်​ရာ​ကို​ပြု​ရန် လက်​နှေး​လိမ့်​မည်​မ​ဟုတ်။ တ​ရား​သ​ဖြင့် စီ​ရင်​ဆုံး​ဖြတ်​ပေး​လိမ့်​မည်။)
Es wird aber ein Stuhl bereitet werden aus Gnaden, daß einer darauf sitze in der Wahrheit, in der Hütte Davids, und richte und trachte nach Recht und fördere Gerechtigkeit.
6 ယု​ဒ​ပြည်​သူ​တို့​က``မော​ဘ​ပြည်​သူ​တို့​သည် အ​ဘယ်​မျှ​မာန်​မာ​န​ကြီး​ကြ​ကြောင်း​ကို​ငါ တို့​ကြား​ရကြ​လေ​ပြီ။ သူ​တို့​သည်​မောက်​မာ ထောင်​လွှား​လျက်​မိ​မိ​တို့​ကိုယ်​ကို​အ​ထင်​ကြီး လျက်​နေ​ခဲ့​ကြ​သော်​လည်း သူ​တို့​ဝါ​ကြွား​မှု များ​သည်​အ​ချည်း​နှီး​သာ​ဖြစ်​ကြောင်း​ကို ငါ​တို့​သိ​ပါ​၏'' ဟု​ဆို​ကြ​၏။
Wir hören aber von dem Hochmut Moabs, daß er fast groß ist, daß auch ihr Hochmut, Stolz und Zorn größer ist denn ihre Macht.
7 မော​ဘ​ပြည်​သူ​တို့​သည်​မိ​မိ​တို့​ခံ​ရ​သည့် ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​ငို​ယို​ကြ​လိမ့်​မည်။ ကိ​ရ​ဟ​ရက်​မြို့​တွင်​မိ​မိ​တို့​စား​ခဲ့​ရ​ဖူး သည့်​ကောင်း​သော​အ​စား​အ​စာ​များ​ကို ပြန်​လည်​သ​တိ​ရ​သော​အ​ခါ​သူ​တို့​အား လုံး​ပင်​ငို​ယို​ကြ​လိမ့်​မည်။ စိတ်​ပျက်​အား ငယ်​လျက်​နေ​ကြ​လိမ့်​မည်။-
Darum wird ein Moabiter über den andern heulen, allesamt werden sie heulen. Über die Grundfesten der Stadt Kir-Hareseth werden die Verlähmten seufzen:
8 ဟေ​ရှ​ဘုန်​မြို့​အ​နီး​ရှိ​လယ်​ယာ​များ​နှင့်​စိ ဗ​မာ​စ​ပျစ်​ဥ​ယျာဉ်​များ​သည်​ပျက်​ပြုန်း​၍ သွား​ကြ​၏။ လူ​မျိုး​ခြား​မင်း​အ​ပေါင်း​တို့​သည် ထို​စ​ပျစ်​ဥ​ယျာဉ်​တို့​မှ​ထွက်​သော​စ​ပျစ်​ရည် များ​ဖြင့်​မူး​ယစ်​နေ​ခဲ့​ကြ​ဖူး​၏။ အ​ခါ​တစ် ပါး​က​စ​ပျစ်​နွယ်​များ​သည် အ​ရှေ့​ဘက်​သို့ ယာ​ဇာ​မြို့​နှင့်​သဲ​ကန္တာ​ရ​တိုင်​အောင်​လည်း ကောင်း၊ အ​နောက်​ဘက်​သို့​ပင်​လယ်​သေ​တစ် ဘက်​ကမ်း​တိုင်​အောင်​လည်း​ကောင်း​ရောက်​ရှိ ခဲ့​ကြ​၏။-
Denn Hesbon ist ein wüstes Feld worden, der Weinstock zu Sibma ist verderbt, die HERREN unter den Heiden haben seine edlen Reben zerschlagen und sind kommen bis gen Jaeser und ziehen um in der Wüste; ihre Feser sind zerstreuet und über das Meer geführt.
9 ယ​ခု​အ​ခါ​ငါ​သည်​ယာ​ဇာ​မြို့​အ​တွက်​ငို ယို​မိ​သ​ကဲ့​သို့ စိ​ဗ​မာ​စ​ပျစ်​ပင်​များ​အ​တွက် လည်း​ငို​ယို​မိ​ပါ​၏။ လူ​တို့​ဝမ်း​မြောက်​စွာ​စု သိမ်း​ရန်​အ​သီး​အ​နှံ​များ​မ​ရှိ​တော့​သ​ဖြင့် ငါ​သည်​ဟေ​ရှ​ဘုန်​မြို့​နှင့်​ဧ​လာ​လေ​မြို့ တို့​အ​တွက်​မျက်​ရည်​ကျ​ပါ​၏။-
Darum weine ich um Jaeser und um den Weinstock zu Sibma und vergieße viel Tränen um Hesbon und Eleale. Denn es ist ein Gesang in deinen Sommer und in deine Ernte gefallen,
10 ၁၀ ယ​ခု​အ​ခါ​မြေ​သြ​ဇာ​ကောင်း​သည့်​လယ်​များ တွင် ဝမ်း​မြောက်​ရွှင်​လန်း​သူ​မ​ရှိ။ စ​ပျစ်​ဥ​ယျာဉ် များ​၌​ကြွေး​ကြော်​သီ​ဆို​သူ​မ​ရှိ။ စ​ပျစ်​သီး များ​ကို​နယ်​၍​စ​ပျစ်​ရည်​လုပ်​သူ​လည်း​မ​ရှိ တော့​ပေ။ ပျော်​ရွှင်​စွာ​ကြွေး​ကြော်​မှု​များ​သည် ဆိတ်​သုဉ်း​ခဲ့​လေ​ပြီ။-
daß Freude und Wonne im Felde aufhöret, und in Weinbergen jauchzet noch ruft man nicht. Man keltert keinen Wein in den Keltern; ich habe des Gesangs ein Ende gemacht.
11 ၁၁ ငါ​သည်​မော​ဘ​ပြည်​အ​တွက်​စိတ်​ညှိုး​ငယ် လျက်၊ ကိ​ရ​ဟ​ရက်​မြို့​အ​တွက်​ဝမ်း​နည်း လျက်​ညည်း​ညူ​မိ​ပါ​၏။-
Darum brummet mein Herz über Moab wie eine Harfe und mein Inwendiges über Kir-Hares.
12 ၁၂ မော​ဘ​ပြည်​သူ​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ ပြု​ရန်​အ​ပင်​ပန်း​ခံ​ကာ​ရုပ်​တု​ကိုး​ကွယ်​ရာ ဌာ​န​များ​နှင့် ဝတ်​ကျောင်း​များ​သို့​သွား​ရောက် ကြ​သော်​လည်း​အ​ဘယ်​သို့​မျှ​အ​ကျိုး​ရှိ လိမ့်​မည်​မ​ဟုတ်။
Alsdann wird's offenbar werden, wie Moab müde ist bei den Altären und wie er zu seiner Kirche gegangen sei zu beten, und doch nichts ausgerichtet habe.
13 ၁၃ ဤ​ဗျာ​ဒိတ်​တော်​ကား​မော​ဘ​ပြည်​နှင့်​ပတ် သက်​၍​စော​စော​ပိုင်း​က ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​ခဲ့​သော​ဗျာ​ဒိတ်​တော်​ဖြစ်​ပေ​သည်။-
Das ist's, das der HERR dazumal wider Moab geredet hat.
14 ၁၄ ယ​ခု​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သုံး​နှစ်​တိ တိ​ရှိ​သော​အ​ခါ မော​ဘ​ပြည်​၏​စည်း​စိမ်​ဥစ္စာ များ​သည်​ကွယ်​ပျောက်​သွား​လိမ့်​မည်။ မြောက် မြား​စွာ​သော​ပြည်​သူ​တို့​အ​နက်​မှ​လူ အ​နည်း​ငယ်​သာ​လျှင် အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​လိမ့်​မည်။ သူ​တို့​သည်​လည်း​အား​အင် ချည့်​နဲ့​၍​နေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Nun aber redet der HERR und spricht: In dreien Jahren, wie eines Taglöhners Jahre sind, wird die HERRLIchkeit Moabs geringe werden in der großen Menge, daß gar ein wenig überbleibe und nicht viel.

< ဟေရှာယ 16 >