< ဟေရှာယ 15 >

1 ဤ​ဗျာ​ဒိတ်​တော်​သည်​မော​ဘ​ပြည်​နှင့် သက် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ အာ​ရ​မြို့​နှင့်၊ ကိ​ရ​မြို့​တို့​သည်​တစ်​ညဥ့်​ချင်း ၌​ပျက်​ပြုန်း​၍​သွား​ရကြ​လေ​သည်။ မော​ဘ ပြည်​သည်​လည်း​ဆိတ်​ငြိမ်​လျက်​နေ​၏။-
מַשָּׂ֖א מֹואָ֑ב כִּ֠י בְּלֵ֞יל שֻׁדַּ֨ד עָ֤ר מֹואָב֙ נִדְמָ֔ה כִּ֗י בְּלֵ֛יל שֻׁדַּ֥ד קִיר־מֹואָ֖ב נִדְמָֽה׃
2 ဒိ​ဘုန်​မြို့​သား​တို့​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ ဌာ​န​သို့ သွား​ရောက်​ငို​ကြွေး​ရန်​တောင်​ပေါ်​သို့ တက်​ကြ​၏။ မော​ဘ​ပြည်​သူ​တို့​သည်​လည်း နေ​ဗော​မြို့​နှင့်​မေ​ဒ​ဘ​မြို့​အ​တွက်​ဝမ်း​နည်း သ​ဖြင့်​အော်​ဟစ်​ငို​ကြွေး​ကြ​ကုန်​၏။ သူ​တို့ သည်​ဝမ်း​နည်း​ခြင်း​အ​ထိမ်း​အ​မှတ်​ဖြင့် ဆံ​ပင်​နှင့် မုတ်​ဆိတ်​များ​ကို​ရိတ်​ပစ်​ကြ​လေ သည်။-
עָלָ֨ה הַבַּ֧יִת וְדִיבֹ֛ן הַבָּמֹ֖ות לְבֶ֑כִי עַל־נְבֹ֞ו וְעַ֤ל מֵֽידְבָא֙ מֹואָ֣ב יְיֵלִ֔יל בְּכָל־רֹאשָׁ֣יו קָרְחָ֔ה כָּל־זָקָ֖ן גְּרוּעָֽה׃
3 လမ်း​များ​ပေါ်​ရှိ​လူ​တို့​သည်​လျှော်​တေ​ကို ဝတ်​ထား​ကြ​၏။ မြေ​ကွက်​လပ်​များ​နှင့်​အိမ် ခေါင်​မိုး​များ​အ​ပေါ်​၌​လည်း​ဝမ်း​နည်း ကြေ​ကွဲ​မှု​ကို​ပြ​၍​ငို​ကြွေး​ကြ​၏။-
בְּחוּצֹתָ֖יו חָ֣גְרוּ שָׂ֑ק עַ֣ל גַּגֹּותֶ֧יהָ וּבִרְחֹבֹתֶ֛יהָ כֻּלֹּ֥ה יְיֵלִ֖יל יֹרֵ֥ד בַּבֶּֽכִי׃
4 ဟေ​ရှ​ဘုန်​နှင့်​ဧ​လာ​လေ​မြို့​သူ​မြို့​သား​တို့ သည်​အော်​ဟစ်​ငို​ကြွေး​ကြ​ရာ သူ​တို့​ငို​ကြွေး သံ​ကို​ယာ​ဟတ်​မြို့​တိုင်​အောင်​ကြား​ရ​သ​ဖြင့် မော​ဘ​စစ်​သူ​ရဲ​များ​ပင်​လျှင်​တုန်​လှုပ်​ချောက် ချား​ကာ​ကြောက်​စိတ်​ဝင်​၍​လာ​ကုန်​၏။-
וַתִּזְעַ֤ק חֶשְׁבֹּון֙ וְאֶלְעָלֵ֔ה עַד־יַ֖הַץ נִשְׁמַ֣ע קֹולָ֑ם עַל־כֵּ֗ן חֲלֻצֵ֤י מֹואָב֙ יָרִ֔יעוּ נַפְשֹׁ֖ו יָ֥רְעָה לֹּֽו׃
5 ငါ​သည်​မော​ဘ​ပြည်​အ​တွက်​ငို​ကျွေး​၏။ ပြည် သူ​တို့​သည်​ဇော​ရ​မြို့​ဧ​ဂ​လတ်​ရှ​လိ​ရှိ​ယ အ​ထိ​ထွက်​ပြေး​ကြ​၏။ အ​ချို့​သော​သူ​တို့ သည်​မျက်​ရည်​ကျ​လျက် လု​ဟိတ်​တောင်​လမ်း အ​တိုင်း​တက်​သွား​ကြ​၏။ အ​ချို့​တို့​က​မူ ဝမ်း​နည်း​အော်​ဟစ်​ငို​ကြွေး​ကာ ဟော​ရ​နိမ် မြို့​သို့​ထွက်​ပြေး​ကြ​ကုန်​၏။-
לִבִּי֙ לְמֹואָ֣ב יִזְעָ֔ק בְּרִיחֶ֕הָ עַד־צֹ֖עַר עֶגְלַ֣ת שְׁלִשִׁיָּ֑ה כִּ֣י ׀ מַעֲלֵ֣ה הַלּוּחִ֗ית בִּבְכִי֙ יַֽעֲלֶה־בֹּ֔ו כִּ֚י דֶּ֣רֶךְ חֹורֹנַ֔יִם זַעֲקַת־שֶׁ֖בֶר יְעֹעֵֽרוּ׃
6 နိ​မ​ရိမ်​ချောင်း​သည်​ခန်း​ခြောက်​လျက် ချောင်း​နံ ဘေး​ရှိ​မြက်​တို့​သည်​လည်း​ခြောက်​သွေ့​ခဲ့​ပြီ ဖြစ်​၍​စိမ်း​စို​နေ​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု မျှ​မ​ကျန်​မ​ရှိ​တော့​ပေ။-
כִּֽי־מֵ֥י נִמְרִ֖ים מְשַׁמֹּ֣ות יִֽהְי֑וּ כִּֽי־יָבֵ֤שׁ חָצִיר֙ כָּ֣לָה דֶ֔שֶׁא יֶ֖רֶק לֹ֥א הָיָֽה׃
7 လူ​တို့​သည်​မိ​မိ​တို့​၏​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​ကို ယူ​၍ မိုး​မ​ခ​ပင်​ချိုင့်​ဝှမ်း​ကို​ဖြတ်​ကျော်​ထွက် ပြေး​ရန်​ကြိုး​စား​ကြ​၏။-
עַל־כֵּ֖ן יִתְרָ֣ה עָשָׂ֑ה וּפְקֻדָּתָ֔ם עַ֛ל נַ֥חַל הָעֲרָבִ֖ים יִשָּׂאֽוּם׃
8 မော​ဘ​ပြည်၊ နယ်​စပ်​အ​နှံ့​အ​ပြား​တွင်​ငို ကြွေး​မြည်​တမ်း​သံ​ကို​ကြား​ရကြ​၏။ ထို အ​သံ​ကို​ဧ​ဂ​လိမ်​မြို့​နှင့်​ဗေ​ရ​ဧ​လိမ်​မြို့ မှ​ပင်​ကြား​ရ​ကြ​လေ​သည်။-
כִּֽי־הִקִּ֥יפָה הַזְּעָקָ֖ה אֶת־גְּב֣וּל מֹואָ֑ב עַד־אֶגְלַ֙יִם֙ יִלְלָתָ֔הּ וּבְאֵ֥ר אֵילִ֖ים יִלְלָתָֽהּ׃
9 ဒိ​ဘုန်​မြို့​၌​မြစ်​ရေ​သည်​သွေး​များ​ဖြင့်​နီ မြန်း​လျက်​ရှိ​၏။ ဘု​ရား​သ​ခင်​သည်​လည်း ထို​မြို့​မှ​လူ​တို့​သည်​ပို​မို​ဆိုး​ရွား​သည့်​ဘေး အန္တ​ရာယ်​ကို​စီ​မံ​ထား​တော်​မူ​လေ​ပြီ။ မော​ဘ ပြည်​တွင်​ကြွင်း​ကျန်​နေ​သူ​မှန်​သ​မျှ​သည် ထို​အ​ရပ်​တွင်​ရက်​စက်​ကြမ်း​ကြုတ်​စွာ အ​သတ်​အ​ဖြတ်​ခံ​ရ​ကြ​လိမ့်​မည်။
כִּ֣י מֵ֤י דִימֹון֙ מָ֣לְאוּ דָ֔ם כִּֽי־אָשִׁ֥ית עַל־דִּימֹ֖ון נֹוסָפֹ֑ות לִפְלֵיטַ֤ת מֹואָב֙ אַרְיֵ֔ה וְלִשְׁאֵרִ֖ית אֲדָמָֽה׃

< ဟေရှာယ 15 >