< ဟေရှာယ 14 >
1 ၁ ထာဝရဘုရားသည်မိမိ၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့အား တစ်ဖန်ကရုဏာသက် တော်မူပြန်၏။ မိမိပိုင်ဆိုင်သူများအဖြစ်ဖြင့် ရွေးချယ်တော်မူလိမ့်မည်။ ကိုယ်တော်သည်သူ တို့အားမိမိတို့နေရင်းပြည်၌ပြန်လည်နေ ထိုင်ခွင့်ပြုတော်မူလိမ့်မည်။ လူမျိုးခြားများ သည်သူတို့နှင့်အတူလာရောက်နေထိုင် ကြလိမ့်မည်။-
Yehowa akpɔ nublanui na Yakob, aʋu ʋɔ atia Israel, eye wòatsɔ wo aɖo woawo ŋutɔ ƒe anyigba dzi. Dukɔ bubu me tɔwo akpe ɖe wo ŋuti, eye woawɔ ɖeka kple Yakob ƒe aƒe la.
2 ၂ လူမျိုးတကာတို့သည်ဣသရေလအမျိုး သားတို့အား ထာဝရဘုရားပေးသနား တော်မူသောပြည်တော်သို့ပြန်လာနိုင်ကြ စေရန်ကူညီမစကြလိမ့်မည်။ ထိုပြည်၌ လူမျိုးခြားတို့သည်ဣသရေလအမျိုး သားတို့အားကျွန်များကဲ့သို့အစေခံ ကြလိမ့်မည်။ ဣသရေလအမျိုးသားတို့ အားဖမ်းဆီးချုပ်နှောင်သူတို့သည် ယခု အခါဣသရေလအမျိုးသားတို့၏ဖမ်း ဆီးချုပ်နှောင်ခြင်းကိုခံရကြလိမ့်မည်။ ဣသရေလပြည်သူတို့သည်လည်းအခါ တစ်ပါးကမိမိတို့အား ဖိနှိပ်ချုပ်ချယ် ခဲ့သူတို့ကိုအုပ်စိုးရကြလိမ့်မည်။
Dukɔwo akplɔ wo va woawo ŋutɔ nɔƒee. Dukɔwo kple dɔlanyɔnuwo le Yehowa ƒe aƒe la dzi. Ale woalé ame siwo ɖe aboyo wo la, eye woaɖu gã ɖe ame siwo te wo ɖe to la dzi.
3 ၃ ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား မိမိတို့ခံစားရသောဝေဒနာ နှင့်ဆင်းရဲဒုက္ခများမှလည်းကောင်း၊ အလုပ် ကြမ်းလုပ်ကိုင်ရမှုမှလည်းကောင်းသက် သာခွင့်ပေးတော်မူလိမ့်မည်။-
Gbe si gbe Yehowa ana mi gbɔdzɔe tso miaƒe fukpekpewo, hiãkamewo kple dɔ sesẽ siwo miewɔ le aboyo me la,
4 ၄ ဤသို့ကိုယ်တော်ပြုတော်မူသောအခါ၌ သူတို့သည်ဗာဗုလုန်ဘုရင်အားပြက်ရယ် ပြုကာ၊ ``ရက်စက်ကြမ်းကြုတ်သောမင်းသည်ကျဆုံး လေပြီ။ သူသည်နောက်တစ်ဖန်အဘယ်သူကို မျှဖိနှိပ်ချုပ်ချယ်ရတော့မည်မဟုတ်။-
ado hamelo sia na Babilonia fia be, Ale funyafunyawɔame la wu nue nye esi! Ale eƒe ŋutasesẽ hã wu nue nye esi!
5 ၅ ပြည်သူတို့အားအမျက်ဒေါသနှင့်ဖိနှိပ်ချုပ် ချယ်ကာ၊ မိမိနှိမ်နင်းအောင်မြင်သည့်လူမျိုး တို့အားလည်း အဆက်မပြတ်ညှင်းဆဲနှိပ် စက်တတ်သူမင်းဆိုးမင်းညစ်များ၏တန်ခိုး အာဏာကိုထာဝရဘုရားပျက်သုဉ်းစေ တော်မူပြီ။-
Yehowa ŋe ame vɔ̃ɖi ƒe ameƒoti, eye wòŋe fiawo ƒe tsiamiti
siwo wotsɔ ƒo dukɔwo atraɖii, eye le woƒe dɔmedzoe me, wobɔbɔ dukɔwo ɖe anyi heti wo yome kutɔkutɔe.
7 ၇ ဤအခါကျမှကမ္ဘာတစ်ခုလုံးသည် ငြိမ် သက်အေးချမ်းလျက်လူအပေါင်းတို့သည် လည်းရွှင်ပြစွာသီချင်းဆိုရကြ၏။-
Anyigbawo katã gbɔ ɖe eme le ŋutifafa me, eye wode asi hadzidzi kple dzidzɔkpɔkpɔ me.
8 ၈ လေဗနုန်တောမှထင်းရှူးပင်များနှင့်အာရစ် ပင်(သစ်ကတိုး) တို့ကသင်ကျဆုံးပြီဖြစ် ၍ငါတို့အားခုတ်လှဲမည့်သူမရှိတော့ဟု ဆို၍ဗာဗုလုန်ဘုရင်ကျဆုံးမှုအတွက် ရွှင်လန်းဝမ်းမြောက်ကြကုန်၏။
Logotiwo kple Lebanon ƒe sedatiwo le dzidzɔ kpɔm ɖe ŋu wò, eye wogblɔ be, “Azɔ esi wolã wo ƒu anyi la, atidzela aɖeke magava lã mi aƒu anyi o.”
9 ၉ ``မရဏနိုင်ငံသည် ဗာဗုလုန်ဘုရင်အားကြို ဆိုလက်ခံရန်အသင့်ပြင်ဆင်လျက်နေ၏။ ကမ္ဘာ မြေကြီးပေါ်တွင်ရှိစဉ်အခါကတန်ခိုးကြီး မားခဲ့သူတို့၏နာမ်ဝိညာဉ်များသည် လှုပ်ရှား သွားလာလျက်နေကြ၏။ ဘုရင်တို့၏ဝိညာဉ် များသည်လည်း မိမိတို့ရာဇပလ္လင်များမှ တက်ကြွလျက်နေကြ၏။- (Sheol )
Tsĩeƒe le dzadzraɖo wɔm be woado go wò ne èva. Ènyɔ ame kukuwo ƒe gbɔgbɔwo be woado go wò, ame siwo nye dziɖulawo le xexe sia me kpɔ. Èna ame siwo ɖu fia ɖe xexemedukɔwo dzi kpɔla tso le woƒe fiazikpuiwo dzi. (Sheol )
10 ၁၀ သူတို့အားလုံးကဗာဗုလုန်ဘုရင်အား`သင် သည်ယခုအခါ၊ ငါတို့ကဲ့သို့ချည့်နဲ့လျက်နေ ပါပြီတကား၊ ငါတို့လူစုတွင်အပါအဝင် ဖြစ်လေပြီတကား။-
Wo katã woaɖo eŋu na wò kple gbe ɖeka be, “Wò hã èzu ame beli abe míawo ke ene; èle abe mia dometɔ ɖeka ene azɔ.”
11 ၁၁ အခါတစ်ပါးကသင်သည်စောင်းသံများ ဖြင့်ဂုဏ်ပြုဖျော်ဖြေခြင်းကိုခံခဲ့ရသော် လည်း ယခုအခါမရဏနိုင်ငံသို့ရောက်ရှိ နေပါပြီတကား။ လောက်ကောင်များကိုအိပ် ရာလုပ်၍လဲလျောင်းကာတီကောင်များကို စောင်လုပ်၍ခြုံရလေပြီတကား' ဟုဟစ် အော်ပြောဆိုကြ၏။'' (Sheol )
Wotsɔ wò atsyɔ̃ɖoɖo katã ɖi ɖe yɔ me kpe ɖe wò kasaŋkuwo ƒe ɖiɖi ŋuti. Nyẽwo le dodom le tewò, eye ŋɔviwo le tatam le dziwò. (Sheol )
12 ၁၂ အို နံနက်အရုဏ်၏သား၊ ဗာဗုလုန်ဘုရင်၊ ထွန်း လင်းတောက်ပသည့်မိုးသောက်ကြယ်၊ သင်သည် မိုးကောင်းကင်မှပြုတ်ကျရလေပြီ။ အတိတ် ကာလကသင်သည်လူမျိုးတကာကိုနှိမ် နင်းခဲ့၏။ သို့ရာတွင်ယခုအခါ၌မြေ ပေါ်သို့ပစ်ချခြင်းကိုခံရလေပြီ။-
Aleke nèhege tso dziƒoe, o ŋukeɣletivi! Wokɔ wò ƒu gbe ɖe anyigba dzi; wò ame si te dukɔwo ɖe anyi kpɔ!
13 ၁၃ သင်သည်မိုးကောင်းကင်သို့အရောက်တက်၍ အမြင့်ဆုံးသောကြယ်များ၏အထက်တွင် မိမိ၏ရာဇပလ္လင်ကိုတည်ထားရန်သံန္နိဋ္ဌာန် ပြုခဲ့၏။ သင်သည်နတ်ဘုရားတို့စုဝေးရာ မြောက်အရပ်ရှိတောင်တော်ပေါ်တွင်ဘုရင် တစ်ပါးပီပီထိုင်နေရလိမ့်မည်ဟုထင်မှတ် ခဲ့၏။-
Ègblɔ le wò dzi me be, “Malia nu ayi ɖe dziƒo. Mali nye fiazikpui ɖe Mawu ƒe ɣletiviwo tame. Manɔ nye fiazikpui dzi le takpekpeto la dzi, le to kɔkɔe la tame ʋĩi ke.
14 ၁၄ ``ငါသည်မိုးတိမ်များပေါ်သို့တက်၍အနန္တ တန်ခိုးရှင်နှင့်တူအောင်ပြုမည်'' ဟုဆင့်ဆို ခဲ့၏။-
Malia ayi ɖe lilikpowo tame ke, eye mawɔ ɖokuinye be masɔ ta kple Dziƒoʋĩtɔ la.”
15 ၁၅ သို့ရာတွင်ထိုသို့ဖြစ်မည့်အစားသင်သည် မရဏနိုင်ငံတွင်အနက်ရှိုင်းဆုံးသောအရပ် သို့ရောက်ရှိလျက်နေရ၏။ (Sheol )
Ke wohe wò ƒu gbe ɖe yɔ me, ɖe tsiẽƒe ƒe gogloƒe ke. (Sheol )
16 ၁၆ သူသေတို့သည်သင့်ကိုအကြောင်သားငေး၍ ကြည့်နေကြလိမ့်မည်။ သူတို့က``ကမ္ဘာကိုတုန် လှုပ်စေ၍တိုင်းနိုင်ငံတို့ကိုချောက်ချားစေ သောသူကားဤသူပင်လော။-
Ame siwo kpɔ wò la, woafɔ ŋku ɖe dziwò, eye woabu nu si dzɔ ɖe dziwò la ŋuti ahabia be, “Ɖe menye ame siae nye ame si ʋuʋu anyigba la, eye wòna fiaɖuƒewo dzo nyanyanya,
17 ၁၇ မြို့များကိုပျက်ပြုန်းစေ၍ကမ္ဘာလောက ကို သဲကန္တာရဖြစ်စေသူကားဤသူပင်လော။ အကျဉ်းသမားတို့ကိုအစဉ်ချုပ်နှောင်ထား ကာ မိမိတို့နေရပ်သို့ပြန်၍မလွှတ်ဘဲနေ သူကားဤသူပင်လော'' ဟုမေးမြန်းကြ လိမ့်မည်။
ame si na xexea me zu gbegbe, ame si gbã du gãwo, eye wòɖe aboyo emenɔlawo oa?”
18 ၁၈ ကမ္ဘာမြေပေါ်ရှိဘုရင်အပေါင်းတို့သည် မိမိ တို့၏လှပသောသင်္ချိုင်းများတွင်လဲလျောင်း လျက်ရှိကြ၏။-
Dukɔwo katã ƒe fiawo mlɔ anyi ɖe woƒe yɔdowo me le bubu me.
19 ၁၉ သို့ရာတွင်သင့်မှာမူသင်္ချိုင်းမရှိ။ ပုပ်ပျက်စေ ရန်သင်၏အလောင်းကိုစွန့်ပစ်ထားလိုက်ကြ လေပြီ။ ထိုအလောင်းသည်တိုက်ပွဲတွင်ကျ ဆုံးသည့်အသေကောင်များနှင့်ဖုံးလျက်၊ ဋ္ဌားနှင့်ထိုးဖောက်ခံရ၍ကျောက်တွင်းထဲ သို့ပစ်ချကျော်နင်းခြင်းကိုခံရ၏။-
Ke wo ya la, wokɔ wò ƒu gbe ɖe wò yɔdo me abe atilɔ si gbɔ wogbe nu le la ene. Wolɔ ame siwo wowu kple ame siwo tsi yi nu la li kɔe ɖe dziwò, ame siwo woɖi ɖe agakpetowo ƒe gogloƒe ke, eye wole abe ŋutilã kuku siwo wofanya kple afɔ la ene.
20 ၂၀ သင်သည်မိမိ၏တိုင်းပြည်ကိုပျက်ပြုန်းစေ၍ ကိုယ့်ပြည်သူတို့ကိုသတ်ဖြတ်ပစ်သည်ဖြစ်၍ အခြားဘုရင်များကဲ့သို့သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်မဟုတ်။ သင်၏ဆိုးညစ်သော အမျိုးအနွယ်ဝင်တို့သည်လည်း တစ်ဦးတစ် ယောက်မျှအသက်မသေဘဲကျန်ရစ်လိမ့် မည်မဟုတ်။-
Womaɖi wò abe woawo ene o, elabena ègblẽ wò anyigba, eye nèwu wò amewo. Womagayɔ ame vɔ̃ɖiwo ƒe dzidzimeviwo ƒe ŋkɔ azɔ o.
21 ၂၁ ဘိုးဘေးတို့၏အပြစ်ကြောင့်သားတို့အား ကွပ် မျက်မှုကိုအစပြုကြစေ။ ဤဘုရင်၏သား မြေးတို့အနက်အဘယ်သူမျှကမ္ဘာမြေပေါ် တွင်အုပ်စိုးခွင့်ကိုရရှိကြလိမ့်မည်မဟုတ်။
Dzra teƒe ɖo ne nàwu ŋutsuwo le afi ma, ɖe wo fofowo ƒe nu vɔ̃wo ta. Womatsi tsitre be woanyi anyigba la ƒe dome, eye woatso du gãwo, wòaxɔ anyigba la dzi o.
22 ၂၂ အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါသည် ဗာဗုလုန်မြို့ကိုတိုက်ခိုက်၍ပျက်စီးယိုယွင်း စေမည်။ ထိုမြို့တွင်ရှိသမျှသောအရာတို့ကို ဖျက်ဆီးပစ်မည်။ ကလေးသူငယ်များပင်လျှင် အသက်မသေဘဲကျန်ရှိလိမ့်မည်မဟုတ်။-
Yehowa, Dziƒoʋakɔwo ƒe Aƒetɔ la gblɔ be, “Matso ɖe wo ŋuti. Maɖe Babilonia ƒe ŋkɔ, ame siwo tsi agbe, viawo kple eƒe dzidzimeviwo ɖa” Yehowae gblɔe.
23 ၂၃ ငါသည်ဗာဗုလုန်မြို့ကိုညွန်ပျောင်းဖြစ်စေ ၍၊ ဇီးကွက်တို့သည်ထိုအရပ်တွင်နေကြလိမ့် မည်။ ငါသည်တံမြက်လှည်းသူကဲ့သို့ဗာဗုလုန် မြို့မှရှိသမျှသောအရာတို့ကိုသုတ်သင် ပယ်ရှင်းမည်။ ဤကားအနန္တတန်ခိုးရှင်ငါ ထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူ၏။
“Mana wòazu hlɔ̃madɛwo nɔƒe, eye matsɔ gbegblẽ ƒe xa akplɔ woe.” Yehowa, Dziƒoʋakɔwo ƒe Aƒetɔ lae gblɔe.
24 ၂၄ အနန္တတန်ခိုးရှင်ထာဝရဘုရားကကျိန် ဆိုလျက်``ငါအကြံအစည်ပြုထားသည့် အမှုအရာတို့သည်ဖြစ်ပျက်ကြလိမ့်မည်။ သန္နိဋ္ဌာန်ချမှတ်ထားသည့်အတိုင်းဖြစ်ပျက် ရကြလိမ့်မည်။-
Nyagblɔɖi la ɖi Asiria ŋu. Yehowa, Dziƒoʋakɔwo ƒe Aƒetɔ la, ka atam be, “Le nyateƒe me, ale si meɖoe la, nenemae wòanɔ, eye ale si meɖo ɖe ta me la, nenema wòava emee.
25 ၂၅ ငါသည်မိမိ၏ဣသရေလပြည်တော်တွင် အာရှုရိအမျိုးသားတို့အားသုတ်သင်ဖျက် ဆီး၍၊ ငါ၏တောင်ရိုးများအပေါ်တွင်သူ တို့ကိုခြေနှင့်ကျော်နင်းပစ်မည်။ ငါ၏လူမျိုး တော်အား သူတို့ထမ်းရကြသည့်ထမ်းပိုး နှင့်ဒုက္ခဝန်ထုပ်များမှလွတ်မြောက်စေမည်။-
Magbã Asiriatɔwo le nye anyigba dzi, eye mafanya wo le nye towo tame. Maɖe kɔkuti ɖa le nye amewo ƒe kɔ, eye maɖe eƒe agba kpekpe ɖa le woƒe abɔta.”
26 ၂၆ ဤကားကမ္ဘာလောကအတွက်ငါ၏အကြံ အစည်တော်ပင်ဖြစ်၍၊ ငါသည်လူမျိုးတကာ တို့အားအပြစ်ဒဏ်ခတ်ရန်လက်တော်ကိုချိန် ရွယ်လျက်ထားသတည်း'' ဟုမိန့်ကြားတော် မူ၏။-
Esia nye ɖoɖo si mewɔ ɖe xexea me katã ŋu, nye asi si mekɔ ɖe dukɔwo katã dzi,
27 ၂၇ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ အတိုင်းပြုတော်မူရန်သန္နိဋ္ဌာန်ချမှတ်တော် မူလေပြီ။ ကိုယ်တော်သည်လည်း အပြစ်ဒဏ် ခတ်ရန်လက်တော်ကိုချိန်ရွယ်လျက်ထား တော်မူ၏။ ကိုယ်တော်အားအဘယ်သူမျှ ဆီးတားနိုင်လိမ့်မည်မဟုတ်။
elabena esiae Yehowa, Dziƒoʋakɔwo katã ƒe Aƒetɔ la ɖo. Ame kae ate ŋu agblẽ eme? Ekɔ eƒe asiwo dzi, ame kae ate ŋu aɖiɖii?
28 ၂၈ ဤဗျာဒိတ်တော်သည်အာခတ်မင်းနတ်ရွာ စံသည့်နှစ်၌ပြန်ကြားသောဗျာဒိတ်တော် ဖြစ်၏။
Mexɔ nyagblɔɖi sia le ƒe si me fia Ahaz ku.
29 ၂၉ အို ဖိလိတ္တိအမျိုးသားတို့၊ သင်တို့အားရိုက် နှက်သည့်တုတ်သည်ကျိုး၍သွားပြီဖြစ်သော် လည်းသင်တို့ဝမ်းမြောက်ကြရန်အကြောင်း မရှိ။ မြွေတစ်ကောင်သေသောအခါထိုမြွေ ထက်ဆိုးသည့်အခြားမြွေတစ်ကောင်ပေါက် ၍လာလိမ့်မည်။ မြွေဥမှအဆိပ်ပြင်းသော နဂါးပျံပေါက်ဖွားလာတတ်ပါသည် တကား။-
Mi Filistitɔwo, migakpɔ dzidzɔ be ameƒoti si wotsɔ ƒo mi la ŋe o, elabena da vɔ̃ɖi ado tso da ma ke me, eye eƒe metsonu nye da vɔ̃ɖi si noa aɖi, eƒe kutsetse anye da to aʋala si yɔ fũu kple aɖi.
30 ၃၀ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ထဲမှ ဆင်းရဲနွမ်းပါးသူတို့ကို သိုးထိန်းသဖွယ် စောင့်ရှောက်တော်မူ၍ဘေးမဲ့လုံခြုံစွာနေစေ တော်မူလိမ့်မည်။ သို့ရာတွင်သင်တို့မူကား ကြောက်မက်ဖွယ်ရာငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုက်ရောက်စေတော်မူမည်ဖြစ်၍ သင်တို့ တစ်စုံတစ်ယောက်မျှအသက်မသေဘဲကျန် ရှိရလိမ့်မည်မဟုတ်။
Ame dahewo ƒe ame dahe akpɔ nyuiƒe, eye hiãtɔwo atsyɔ akɔ anyi le dedinɔnɔ me. Ke matsɔ dɔtoto atsrɔ̃ wò ame siwo tsi agbe la.
31 ၃၁ အို ဖိလိတ္တိမြို့အပေါင်းတို့၊ ညည်းတွားမြည် တမ်းလျက်အကူအညီအော်ဟစ်တောင်းခံ ကြလော့။ သင်တို့အားလုံးပင်ထိတ်လန့်တုန် လှုပ်လျက်ရှိနေကြလော့။ သူရဲဘောကြောင် သူတစ်ဦးတစ်ယောက်မျှမပါသည့်တပ် မတော်ကြီးတစ်ခုသည်ဖုတ်တထောင်း ထောင်းနှင့်မြောက်အရပ်မှချီတက်လာနေ၏။
Fa avi, o agbo! Do ɣli, o du! Mi Filistitɔwo katã milolõ. Dzudzɔ babla tso anyiehe, eye ame beli aɖeke mele woƒe aʋakɔwo dome o.
32 ၃၂ ဖိလိတ္တိပြည်မှရောက်ရှိလာသောသံတမန် တို့အား ငါတို့အဘယ်သို့ပြန်ကြားရပါ မည်နည်း။ ထာဝရဘုရားသည်ဇိအုန်မြို့ ကိုတည်တော်မူပြီဖြစ်၍ ထိုမြို့တွင်ကိုယ် တော်၏ဒုက္ခသည်လူစုသည်ဘေးမဲ့လုံခြုံ မှုကိုရရှိကြတော့မည်ဖြစ်ကြောင်း သူတို့ အားငါတို့ပြောကြားကြကုန်အံ့။
Ŋuɖoɖo kae woana dukɔ ma ƒe ame dɔdɔawo? “Yehowa gaɖo Zion te, eye le afi ma hiãtɔ akpɔ sitsoƒe.”