< ဟေရှာယ 13 >
1 ၁ ဤဗျာဒိတ်တော်သည်ဘုရားသခင်ထံတော် မှဗာဗုလုန်ပြည်နှင့်ပတ်သက်၍ အာမုတ်၏ သားဟေရှာယခံယူရရှိသည့်ဗျာဒိတ် တော်ဖြစ်၏။
၁ဗာဗုလုန် မြို့ကို ရည်ဆောင်၍ အာမုတ် ၏သား ဟေရှာယ ခံရ သော ဗျာဒိတ် တော်အချက်ဟူမူကား၊
2 ၂ တောင်ကတုံးပေါ်တွင်စစ်အလံကိုလွှင့် ထူကြလော့။ မာန်မာနထောင်လွှားသည့်မြို့ တော်တံခါးတို့ကိုတိုက်ခိုက်ရန်ဟစ်အော် ကာ သင်တို့လက်ကိုမြှောက်၍ စစ်သည်တို့ အားအချက်ပေးကြလော့။-
၂ရှင်းလင်း သော တောင် ပေါ် မှာအလံ ကို ထူ ကြ။ ကျယ်သောအသံနှင့် အော်ဟစ် ကြ။ လက် ကိုလှုပ် ကြ။ သူတို့သည် မင်း တို့နေရာတံခါး များကို ဝင် ကြစေ။
3 ၃ ထာဝရဘုရားသည် မိမိအမျက်တော်ရှ သောသူတို့ကိုဒဏ်ခတ်ရန်အတွက် မိမိ၏ ယုံကြည်စိတ်ချဂုဏ်ယူဝါကြွားထိုက်သော စစ်သည်တော်တို့ကိုခေါ်ယူတော်မူပြီ။
၃ငါ သန့်ရှင်း စေသောသူတို့ ကို ငါ မှာ ထားပြီ။ ငါ ပေးသောဘုန်း အာနုဘော်ကြောင့် ဝမ်းမြောက် သောသူ၊ ငါ ၏သူရဲ တို့ကို ငါ့အမျက် ပြေစေခြင်းငှါ ငါခေါ် ပြီ။
4 ၄ တောင်ပေါ်ရှိလူအုပ်ကြီး၏အသံကိုနား ထောင်ကြလော့။ ထိုအသံသည်လူမျိုးတကာ တို့စုရုံးနေကြသောအသံဖြစ်၏။ ဗိုလ်ခြေ တို့၏အရှင်ထာဝရဘုရားသည် မိမိ၏စစ် သည်တော်တို့ကိုတိုက်ပွဲဝင်စေရန်အတွက် အသင့်ပြင်ဆင်လျက်နေတော်မူ၏။-
၄ကြီး စွာသော အလုံးအရင်း၏ အသံ ကဲ့သို့ တောင် တို့အပေါ် မှာ လူ များ၏ အသံ ဗလံ၊ စုဝေး သော တိုင်း သူပြည်သားများတို့၏ အုတ်အုတ် ကျက်ကျက်သော အသံ ဗလံရှိသည်နှင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် စစ်တိုက် ခြင်းငှါ၊ အလုံး အရင်းကိုစီရင် ခင်းကျင်းတော်မူ၏။
5 ၅ သူတို့သည်ကမ္ဘာအစွန်အဖျားရှိရပ်ဝေး နိုင်ငံများမှ လာရောက်ကြလိမ့်မည်။ ထာဝရ ဘုရားသည်အမျက်ထွက်တော်မူသဖြင့် လက်နက်ဖြင့် နိုင်ငံတစ်ခုလုံးကိုသုတ်သင် ဖျက်ဆီးပစ်ရန်ကြွလာတော်မူပေအံ့။
၅ထာဝရဘုရား နှင့် အတူတကွ အမျက် တော် လက်နက် တို့သည် တပြည် လုံး ကို ဖျက်ဆီး ခြင်းငှါ ၊ ဝေး သောပြည် ၊ ကောင်းကင် စွန်း မှ လာ ကြ၏။
6 ၆ အနန္တတန်ခိုးရှင်သည်ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေတော်မူမည့်နေ့ရက်ကာလ တည်းဟူသော ထာဝရဘုရားတရားစီရင် တော်မူရာနေ့ရက်ကာလကျရောက်လာ ရဦးမည်။ ဝေဒနာခံစားလျက်ငိုကြွေး မြည်တမ်းကြလော့။-
၆ထာဝရဘုရား ၏နေ့ ရက်သည်နီး သောကြောင့်၊ ငိုကြွေး မြည်တမ်းကြလော့။အနန္တ တန်ခိုးရှင်စီရင်တော်မူသောဘေး အန္တရာယ်ကဲ့သို့ လာ လိမ့်မည်။
7 ၇ လူအပေါင်းတို့၏လက်သည်နုံ့နဲ့၍နေလိမ့် မည်။ ထိုသူတို့သည်သတ္တိကြောင်၍နေလိမ့် မည်။-
၇ထိုကြောင့် ၊ ရှိသမျှ သော လက် တို့သည် ကျ ကြ လိမ့်မည်။ လူ အပေါင်း တို့သည် စိတ် ပျက် ၍ ကြောက်လန့် ခြင်းသို့ ရောက်ကြလိမ့်မည်။
8 ၈ သူတို့အားလုံးပင်ထိတ်လန့်တုန်လှုပ်လျက် သားဖွားသောအမျိုးသမီးကဲ့သို့ပြင်းပြ စွာဝေဒနာခံရကြလိမ့်မည်။ သူတို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကြောက်စိတ်နှင့်ကြည့်ကြလိမ့်မည်။ သူတို့ ၏မျက်နှာများသည်လည်းရှက်သွေးသန်း လျက်နေလိမ့်မည်။-
၈နာ ခြင်းဝေဒနာ အမျိုးမျိုးကိုခံရ ကြလိမ့်မည်။ သားဘွား သော မိန်းမကဲ့သို့ ဝေဒနာ ကို ခံရလျက်၊ တယောက် ကိုတယောက်ကြည့်ရှု ၍မှိုင်တွေသဖြင့်၊ သူ တို့ မျက်နှာ သည် မီးလျှံ အဆင်း ရှိလိမ့်မည်။
9 ၉ သနားညှာတာမှုကင်းမဲ့သည့်ဒေါသအမျက် တော်ဒဏ်ကိုခံရကြမည့်နေရက်ကာလတည်း ဟူသော ထာဝရဘုရားတရားစီရင်တော်မူ ရာနေ့ရက်ကာလကျရောက်လာလိမ့်မည်။ ကမ္ဘာ မြေကြီးသည်လူသူဆိတ်ညံရာဖြစ်လျက် နေလိမ့်မည်။ အပြစ်ကူးလွန်သူမှန်သမျှ သည်လည်းသုတ်သင်ပယ်ရှင်းခြင်းကိုခံ ရကြလိမ့်မည်။-
၉ထိုပြည် ကို ဖျက်ဆီး ၍ ၊ အပြစ် ကြီးသော ပြည်သူပြည်သားတို့ကို သုတ်သင် ဖယ်ရှင်းခြင်းငှါ ၊ ထာဝရဘုရား ၏ ကြမ်းကြုတ် သောနေ့ ရက်သည် ပြင်းထန် သော ဒေါသ အမျက်ထွက်လျက်လာ လိမ့်မည်။
10 ၁၀ ကြယ်နက္ခတ်အပေါင်းတို့သည်မတောက်ဘဲ နေလိမ့်မည်။ နေထွက်လာသောအခါမှောင် လျက်နေလိမ့်မည်။ လသည်လည်းအလင်း ရောင်ကိုပေးလိမ့်မည်မဟုတ်။
၁၀မိုဃ်းကောင်းကင် ကြယ် နက္ခတ် တို့သည် အလင်း ကိုမ ပေး။ နေ သည်လည်း ထွက် သောအခါ မိုက် လျက်၊ လ သည်လည်း မထွန်း မ လင်းဘဲလျက်ရှိလိမ့်မည်။
11 ၁၁ ထာဝရဘုရားက``ငါသည်ဘေးအန္တရာယ် ဆိုးကိုကမ္ဘာမြေပေါ်သို့သက်ရောက်စေ၍ သူ ယုတ်မာတို့အားမိမိတို့၏အပြစ်များ အတွက်အပြစ်ဒဏ်ခတ်မည်။ ငါသည်မာန် မာနကြီးသူမှန်သမျှကိုရှုတ်ချ၍ စိတ် ကြီးဝင်ကာရက်စက်ကြမ်းကြုတ်သူ အပေါင်းအားအပြစ်ဒဏ်ခတ်မည်။-
၁၁ထိုလောကီ နိုင်ငံ၏ အပြစ် ကို၎င်း ၊ မတရား သောသူတို့ ၏ ဒုစရိုက် များကို၎င်းငါစစ်ကြော မည်။ မာန ကြီး သောသူတို့၏ ထောင်လွှားခြင်းကို ငါနှိပ်စက် ၍၊ ကြမ်းကြုတ် သောသူတို့၏ စော်ကား ခြင်းကို ငါနှိမ့်ချ မည်။
12 ၁၂ အသက်မသေဘဲကျန်ရှိသူတို့သည် ရွှေ ထက်လည်းကောင်းရှားလိမ့်မည်။-
၁၂လူ သည် ရွှေ စင်ထက် အဘိုးထိုက်မည် အကြောင်း၊ ဆင်းရဲသား သည် ဩဖိရ ရွှေ ကျောက်ထက် အဘိုးထိုက်မည်အကြောင်းငါ ပြုမည်။
13 ၁၃ အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် အမျက်တော်ကိုပြတော်မူသောအခါ မိုး ကောင်းကင်သည်တုန်လှုပ်၍ကမ္ဘာမြေကြီး သည်လည်းတည်နေရာမှရွေ့လျားသွား လိမ့်မည်။
၁၃သို့ဖြစ်၍ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား ၏ ဒေါသ အမျက်တော်ပြင်း စွာထွက်သော နေ့ ရက် ၌ ၊ မိုဃ်းကောင်းကင် ကို ငါလှုပ်ရှား မည်။ မြေကြီး လည်း မိမိ နေရာ မှ ရွေ့ ရလိမ့်မည်။
14 ၁၄ မုဆိုးတို့၏ဘေးမှကစင့်ကလျားထွက်ပြေး ကြသည့်ဒရယ်များကဲ့သို့၊ ထိန်းကျောင်းသူမရှိ သည့်သိုးများကဲ့သို့ ဗာဗုလုန်ပြည်တွင်နေထိုင် သူလူမျိုးခြားတို့သည် မိမိတို့၏နေရင်း ပြည်သို့ပြန်ပြေးကြလိမ့်မည်။-
၁၄ပြည်သားတို့သည် ကြောက်၍ပြေးသောဒရယ် မ၊ ထိန်းသိမ်း သူမ ရှိသော သိုး များကဲ့သို့ ဖြစ် ၍၊ အသီးအသီး မိမိ အမျိုးသား ချင်းတို့ကို မျက်နှာ ပြု၍ ၊ အသီးအသီး မိမိ ပြည် သို့ ပြေး ကြလိမ့်မည်။
15 ၁၅ သူတို့အထဲမှအဖမ်းခံရသူတို့သည် ဋ္ဌားဖြင့်ထိုးသတ်ခြင်းကိုခံကြလိမ့်မည်။-
၁၅တွေ့ မိသမျှ သောသူတို့ ကို လှံနှင့်ထိုး ရ၏။ စုဝေး လျက်ရှိသောသူအပေါင်း တို့လည်း ထား ဖြင့် ဆုံး ကြ လိမ့်မည်။
16 ၁၆ သူတို့သည်ခိုကိုးရာမဲ့ငေးလျက်ကြည့်နေ စဉ် သူတို့၏နို့စို့ကလေးများသည်ဆောင့်ဖွပ် ၍ အသတ်ခံရကြလိမ့်မည်။ သူတို့၏အိမ်များ မှာအလုအယက်ခံရ၍ သူတို့၏ဇနီးများ သည်မုဒိန်းအကျင့်ခံရကြလိမ့်မည်'' ဟုမိန့် တော်မူ၏။
၁၆သူ တို့သားသမီး များကို သူ တို့မျက်မှောက်၌ မြေ ပေါ်မှာ ဆောင့် ဖွပ်လိမ့်မည်။ သူ တို့ အိမ် များကို လုယက် ၍ ၊ သူ တို့ မယား များကို အဓမ္မ ပြုကြလိမ့်မည်။
17 ၁၇ ထာဝရဘုရားက``ငါသည်မေဒိအမျိုး သားတို့အား ဗာဗုလုန်ပြည်ကိုတိုက်ခိုက် ရန်လှုံ့ဆော်လျက်ရှိ၏။ သူတို့သည်ငွေကို ပမာဏမပြု။ ရွှေကိုလည်းမမက်မော။-
၁၇ကြည့်ရှု လော့။ ငွေ ကို ပမာဏ မ ပြု၊ ရွှေ ကိုအလို မ ရှိသော မေဒိ လူများကို သူ တို့ တဘက် ၌ ငါ နှိုးဆော် မည်။
18 ၁၈ မိမိတို့၏လေးမြားများဖြင့်လူငယ်လူရွယ် တို့ကို ပစ်ခတ်သတ်ကြလိမ့်မည်။ သူတို့သည် နို့စို့သူငယ်များအားကရုဏာပြလိမ့်မည် မဟုတ်။ ကလေးသူငယ်တို့ကိုလည်းသနား လိမ့်မည်မဟုတ်။-
၁၈သူတို့သည် လူပျို တို့ကို လေး နှင့်ရိုက်ခတ် ကြ လိမ့်မည်။ ကလေး တို့ကို မ သနား ကြ။ သူ တို့မျက်စိ သည် သူငယ် တို့ကို မ နှမြော ရ။
19 ၁၉ ဗာဗုလုန်မြို့သည်မြို့တကာတို့တွင်အလှဆုံး ဖြစ်၍ မြို့သူမြို့သားတို့ဂုဏ်ယူဝါကြွားရာ ဖြစ်ပေသည်။ သို့ရာတွင်ငါထာဝရဘုရားသည် သောဒုံနှင့်ဂေါမောရမြို့တို့ကိုပြုခဲ့သည်နည်း တူဗာဗုလုန်မြို့ကိုလည်းပျက်သုဉ်းစေမည်။-
၁၉တိုင်း နိုင်ငံတို့၏ အထွဋ် ၊ ခါလဒဲ အမျိုးသားတို့၏ ဘုန်း အသရေဖြစ်သော ဗာဗုလုန် မြို့သည် ဘုရား သခင်ဖျက်ဆီး တော်မူသောသောဒုံ မြို့နှင့် ဂေါမောရ မြို့ကဲ့သို့ ဖြစ် လိမ့်မည်။
20 ၂၀ ထိုမြို့တွင်အဘယ်အခါ၌မျှလူတို့နေထိုင် ရကြလိမ့်မည်မဟုတ်။ အဘယ်အာရပ်အမျိုး သားခရီးသည်မျှလည်းတဲထိုးတည်းခိုရ ကြလိမ့်မည်မဟုတ်။ အဘယ်သိုးထိန်းမျှ လည်းထိုအရပ်တွင်မိမိ၏သိုးအုပ်ကိုထိန်း ကျောင်းရလိမ့်မည်မဟုတ်။-
၂၀ထိုမြို့၌ ကာလအစဉ်၊ လူမျိုး အဆက်ဆက်အဘယ်သူမျှမ နေ ရ။ ထို မြို့၌ အာရပ် လူသည် တဲကိုမျှ မ ဆောက် ရ။ သိုးထိန်း တို့သည် သိုးခြံကိုမျှ မ လုပ် ရကြ။
21 ၂၁ ထိုအရပ်သည်တောတိရစ္ဆာန်များကျက်စားရာ နေရာ၊ ဇီးကွက်များအသိုက်လုပ်ရာဖြစ်လိမ့်မည်။ ယင်းအရပ်တွင်ငှက်ကုလားအုတ်များနေ၍ တော ဆိတ်များသည်လည်း အဆောက်အဦးပျက်များ ၏အကြိုအကြားတွင်ခုန်ပေါက်မြူးတူးကြ လိမ့်မည်။-
၂၁တောသားရဲ တို့သည် ထို မြို့၌ အိပ် ကြလိမ့်မည်။ အိမ် တို့သည် မြည်တတ်သော တိရစ္ဆာန် များနှင့် အပြည့် ရှိကြလိမ့်မည်။ ကုလားအုပ် ငှက်တို့လည်း နေရာ ကျ၍ ၊ မျောက် တို့လည်း ကခုန် ကြလိမ့်မည်။
22 ၂၂ မျှော်စင်များနှင့်နန်းတော်အဆောက်အဦး များသည်တောခွေးနှင့်ခွေးအများဟောင်ကြ သည့်အသံဖြင့် ပဲ့တင်ထပ်လျက်နေလိမ့်မည်။ ဗာဗုလုန်မြို့အပြစ်ဒဏ်သင့်မည့်နေ့ရက်ကာ လရောက်ရှိလာလေပြီ။ ထိုမြို့တည်ရှိမည့် နေ့ရက်ကာလသည်လည်းဆုံးခန်းတိုင် ရောက်လုပြီ။
၂၂တောခွေး တို့သည်လည်း ၊ ဘုံ ဗိမာန်များ၌ ၎င်း၊ မြေခွေး တို့သည်လည်း ၊ ကြက်သရေတိုက်များ၌၎င်း၊ အူ ကြ၊ မြည်ကြလိမ့်မည်။ ထိုသို့သော ကာလ နီး လှပြီ။ ထိုမြို့ ၏ အသက်တာ မ ရှည် ရ။