< ဟေရှာယ 13 >
1 ၁ ဤဗျာဒိတ်တော်သည်ဘုရားသခင်ထံတော် မှဗာဗုလုန်ပြည်နှင့်ပတ်သက်၍ အာမုတ်၏ သားဟေရှာယခံယူရရှိသည့်ဗျာဒိတ် တော်ဖြစ်၏။
Uthenga onena za Babuloni umene Yesaya mwana wa Amozi anawulandira:
2 ၂ တောင်ကတုံးပေါ်တွင်စစ်အလံကိုလွှင့် ထူကြလော့။ မာန်မာနထောင်လွှားသည့်မြို့ တော်တံခါးတို့ကိုတိုက်ခိုက်ရန်ဟစ်အော် ကာ သင်တို့လက်ကိုမြှောက်၍ စစ်သည်တို့ အားအချက်ပေးကြလော့။-
Kwezani mbendera yankhondo pa phiri loti see, muwafuwulire ankhondo; muwakodole kuti adzalowe pa zipata za anthu olemekezeka.
3 ၃ ထာဝရဘုရားသည် မိမိအမျက်တော်ရှ သောသူတို့ကိုဒဏ်ခတ်ရန်အတွက် မိမိ၏ ယုံကြည်စိတ်ချဂုဏ်ယူဝါကြွားထိုက်သော စစ်သည်တော်တို့ကိုခေါ်ယူတော်မူပြီ။
Ine Yehova, ndalamulira ankhondo anga; ndasonkhanitsa ankhondo anga kuti akhale zida zanga zolangira amene amadzikuza ndi chipambano changa.
4 ၄ တောင်ပေါ်ရှိလူအုပ်ကြီး၏အသံကိုနား ထောင်ကြလော့။ ထိုအသံသည်လူမျိုးတကာ တို့စုရုံးနေကြသောအသံဖြစ်၏။ ဗိုလ်ခြေ တို့၏အရှင်ထာဝရဘုရားသည် မိမိ၏စစ် သည်တော်တို့ကိုတိုက်ပွဲဝင်စေရန်အတွက် အသင့်ပြင်ဆင်လျက်နေတော်မူ၏။-
Tamvani phokoso ku mapiri, likumveka ngati phokoso la gulu lalikulu la anthu! Tamvani phokoso pakati pa maufumu, ngati kuti mitundu ya anthu ikusonkhana pamodzi! Yehova Wamphamvuzonse akukhazika asilikali ake mokonzekera kuchita nkhondo.
5 ၅ သူတို့သည်ကမ္ဘာအစွန်အဖျားရှိရပ်ဝေး နိုင်ငံများမှ လာရောက်ကြလိမ့်မည်။ ထာဝရ ဘုရားသည်အမျက်ထွက်တော်မူသဖြင့် လက်နက်ဖြင့် နိုင်ငံတစ်ခုလုံးကိုသုတ်သင် ဖျက်ဆီးပစ်ရန်ကြွလာတော်မူပေအံ့။
Iwo akuchokera ku mayiko akutali, kuchokera kumalekezero a dziko Yehova ali ndi zida zake za nkhondo kuti adzawononge dziko la Babuloni.
6 ၆ အနန္တတန်ခိုးရှင်သည်ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေတော်မူမည့်နေ့ရက်ကာလ တည်းဟူသော ထာဝရဘုရားတရားစီရင် တော်မူရာနေ့ရက်ကာလကျရောက်လာ ရဦးမည်။ ဝေဒနာခံစားလျက်ငိုကြွေး မြည်တမ်းကြလော့။-
Lirani mofuwula, pakuti tsiku la Yehova layandikira; lidzabwera ngati chiwonongeko chochokera kwa Wamphamvuzonse.
7 ၇ လူအပေါင်းတို့၏လက်သည်နုံ့နဲ့၍နေလိမ့် မည်။ ထိုသူတို့သည်သတ္တိကြောင်၍နေလိမ့် မည်။-
Zimenezi zinafowoketsa manja onse, mtima wa munthu aliyense udzachokamo.
8 ၈ သူတို့အားလုံးပင်ထိတ်လန့်တုန်လှုပ်လျက် သားဖွားသောအမျိုးသမီးကဲ့သို့ပြင်းပြ စွာဝေဒနာခံရကြလိမ့်မည်။ သူတို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကြောက်စိတ်နှင့်ကြည့်ကြလိမ့်မည်။ သူတို့ ၏မျက်နှာများသည်လည်းရှက်သွေးသန်း လျက်နေလိမ့်မည်။-
Anthu adzagwidwa ndi mantha aakulu, zowawa ndi masautso zidzawagwera; adzamva zowawa zonga amamva mayi pobereka. Adzayangʼanana mwamantha, nkhope zawo zikufiira ngati malawi amoto.
9 ၉ သနားညှာတာမှုကင်းမဲ့သည့်ဒေါသအမျက် တော်ဒဏ်ကိုခံရကြမည့်နေရက်ကာလတည်း ဟူသော ထာဝရဘုရားတရားစီရင်တော်မူ ရာနေ့ရက်ကာလကျရောက်လာလိမ့်မည်။ ကမ္ဘာ မြေကြီးသည်လူသူဆိတ်ညံရာဖြစ်လျက် နေလိမ့်မည်။ အပြစ်ကူးလွန်သူမှန်သမျှ သည်လည်းသုတ်သင်ပယ်ရှင်းခြင်းကိုခံ ရကြလိမ့်မည်။-
Taonani, tsiku la Yehova likubwera, tsiku lopanda chisoni, lawukali ndi lamkwiyo; kudzasandutsa dziko kuti likhale chipululu ndi kuwononga anthu ochimwa a mʼmenemo.
10 ၁၀ ကြယ်နက္ခတ်အပေါင်းတို့သည်မတောက်ဘဲ နေလိမ့်မည်။ နေထွက်လာသောအခါမှောင် လျက်နေလိမ့်မည်။ လသည်လည်းအလင်း ရောင်ကိုပေးလိမ့်မည်မဟုတ်။
Nyenyezi zakumwamba ndiponso zonse zamlengalenga sizidzaonetsa kuwala kwawo. Dzuwa lidzada potuluka, ndipo mwezi sudzawala konse.
11 ၁၁ ထာဝရဘုရားက``ငါသည်ဘေးအန္တရာယ် ဆိုးကိုကမ္ဘာမြေပေါ်သို့သက်ရောက်စေ၍ သူ ယုတ်မာတို့အားမိမိတို့၏အပြစ်များ အတွက်အပြစ်ဒဏ်ခတ်မည်။ ငါသည်မာန် မာနကြီးသူမှန်သမျှကိုရှုတ်ချ၍ စိတ် ကြီးဝင်ကာရက်စက်ကြမ်းကြုတ်သူ အပေါင်းအားအပြစ်ဒဏ်ခတ်မည်။-
Ndidzalanga dziko lonse chifukwa cha zolakwa zake, anthu oyipa ndidzawalanga chifukwa cha machimo awo. Ndidzathetsa kunyada kwa odzikuza, ndipo ndidzatsitsa kudzitukumula kwa anthu ankhanza.
12 ၁၂ အသက်မသေဘဲကျန်ရှိသူတို့သည် ရွှေ ထက်လည်းကောင်းရှားလိမ့်မည်။-
Ndidzasandutsa anthu kukhala ovuta kupeza kuposa mmene amasowera golide wabwino. Iwo sazidzapezekapezeka kuposa mmene amasowera golide wa ku Ofiri.
13 ၁၃ အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် အမျက်တော်ကိုပြတော်မူသောအခါ မိုး ကောင်းကင်သည်တုန်လှုပ်၍ကမ္ဘာမြေကြီး သည်လည်းတည်နေရာမှရွေ့လျားသွား လိမ့်မည်။
Tsono ndidzagwedeza miyamba ndipo dziko lapansi lidzachoka pa maziko ake. Izi zidzachitika chifukwa cha ukali wa Wamphamvuzonse pa tsiku la mkwiyo wake woopsa.
14 ၁၄ မုဆိုးတို့၏ဘေးမှကစင့်ကလျားထွက်ပြေး ကြသည့်ဒရယ်များကဲ့သို့၊ ထိန်းကျောင်းသူမရှိ သည့်သိုးများကဲ့သို့ ဗာဗုလုန်ပြည်တွင်နေထိုင် သူလူမျိုးခြားတို့သည် မိမိတို့၏နေရင်း ပြည်သို့ပြန်ပြေးကြလိမ့်မည်။-
Ngati mbawala zosakidwa, ngati nkhosa zopanda wozikusa, munthu aliyense adzabwerera kwa anthu akwawo, aliyense adzathawira ku dziko lake.
15 ၁၅ သူတို့အထဲမှအဖမ်းခံရသူတို့သည် ဋ္ဌားဖြင့်ထိုးသတ်ခြင်းကိုခံကြလိမ့်မည်။-
Aliyense amene atadzapezeke ndi kugwidwa adzaphedwa momubaya ndi lupanga.
16 ၁၆ သူတို့သည်ခိုကိုးရာမဲ့ငေးလျက်ကြည့်နေ စဉ် သူတို့၏နို့စို့ကလေးများသည်ဆောင့်ဖွပ် ၍ အသတ်ခံရကြလိမ့်မည်။ သူတို့၏အိမ်များ မှာအလုအယက်ခံရ၍ သူတို့၏ဇနီးများ သည်မုဒိန်းအကျင့်ခံရကြလိမ့်မည်'' ဟုမိန့် တော်မူ၏။
Ana awo akhanda adzaphwanyidwa iwo akuona; nyumba zawo zidzafunkhidwa ndipo akazi awo adzagwiriridwa.
17 ၁၇ ထာဝရဘုရားက``ငါသည်မေဒိအမျိုး သားတို့အား ဗာဗုလုန်ပြည်ကိုတိုက်ခိုက် ရန်လှုံ့ဆော်လျက်ရှိ၏။ သူတို့သည်ငွေကို ပမာဏမပြု။ ရွှေကိုလည်းမမက်မော။-
Taona, Ine ndidzadzutsa Amedi amene safuna siliva ndipo sasangalatsidwa ndi golide, kuti amenyane ndi Ababuloni.
18 ၁၈ မိမိတို့၏လေးမြားများဖြင့်လူငယ်လူရွယ် တို့ကို ပစ်ခတ်သတ်ကြလိမ့်မည်။ သူတို့သည် နို့စို့သူငယ်များအားကရုဏာပြလိမ့်မည် မဟုတ်။ ကလေးသူငယ်တို့ကိုလည်းသနား လိမ့်မည်မဟုတ်။-
Adzapha anyamata ndi mauta awo; sadzachitira chifundo ana ngakhale kumvera chisoni ana akhanda.
19 ၁၉ ဗာဗုလုန်မြို့သည်မြို့တကာတို့တွင်အလှဆုံး ဖြစ်၍ မြို့သူမြို့သားတို့ဂုဏ်ယူဝါကြွားရာ ဖြစ်ပေသည်။ သို့ရာတွင်ငါထာဝရဘုရားသည် သောဒုံနှင့်ဂေါမောရမြို့တို့ကိုပြုခဲ့သည်နည်း တူဗာဗုလုန်မြို့ကိုလည်းပျက်သုဉ်းစေမည်။-
Babuloni, ufumu wake ndi waulemerero kuposa mafumu onse. Anthu ake amawunyadira. Koma Yehova adzawuwononga ngati mmene anawonongera Sodomu ndi Gomora.
20 ၂၀ ထိုမြို့တွင်အဘယ်အခါ၌မျှလူတို့နေထိုင် ရကြလိမ့်မည်မဟုတ်။ အဘယ်အာရပ်အမျိုး သားခရီးသည်မျှလည်းတဲထိုးတည်းခိုရ ကြလိမ့်မည်မဟုတ်။ အဘယ်သိုးထိန်းမျှ လည်းထိုအရပ်တွင်မိမိ၏သိုးအုပ်ကိုထိန်း ကျောင်းရလိမ့်မည်မဟုတ်။-
Anthu sadzakhalamonso kapena kukhazikikamo pa mibado yonse; palibe Mwarabu amene adzayimike tenti yake, palibe mʼbusa amene adzawetamo ziweto zake.
21 ၂၁ ထိုအရပ်သည်တောတိရစ္ဆာန်များကျက်စားရာ နေရာ၊ ဇီးကွက်များအသိုက်လုပ်ရာဖြစ်လိမ့်မည်။ ယင်းအရပ်တွင်ငှက်ကုလားအုတ်များနေ၍ တော ဆိတ်များသည်လည်း အဆောက်အဦးပျက်များ ၏အကြိုအကြားတွင်ခုန်ပေါက်မြူးတူးကြ လိမ့်မည်။-
Koma nyama zakuthengo ndizo zidzakhale kumeneko, nyumba zake zidzadzaza ndi nkhandwe; mu mzindamo muzidzakhala akadzidzi, ndipo atonde akuthengo azidzalumphalumphamo.
22 ၂၂ မျှော်စင်များနှင့်နန်းတော်အဆောက်အဦး များသည်တောခွေးနှင့်ခွေးအများဟောင်ကြ သည့်အသံဖြင့် ပဲ့တင်ထပ်လျက်နေလိမ့်မည်။ ဗာဗုလုန်မြို့အပြစ်ဒဏ်သင့်မည့်နေ့ရက်ကာ လရောက်ရှိလာလေပြီ။ ထိုမြို့တည်ရှိမည့် နေ့ရက်ကာလသည်လည်းဆုံးခန်းတိုင် ရောက်လုပြီ။
Mu nsanja zake muzidzalira afisi, mʼnyumba zake zokongola muzidzalira nkhandwe. Nthawi yake yayandikira ndipo masiku ake ali pafupi kutha.