< ဟေရှာယ 11 >
1 ၁ ဒါဝိဒ်မင်းဆက်သည်ခုတ်လှဲသည့်သစ်ပင်နှင့် တူ၏။ သို့ရာတွင်သစ်ငုတ်မှအကိုင်းအခက် များထွက်လာသကဲ့သို့ ဒါဝိဒ်၏သားမြေး များအထဲမှဘုရင်သစ်တစ်ပါးပေါ်ထွက် လာလိမ့်မည်။
ヱツサイの株より一つの芽いでその根より一つの枝はえて實をむすばん
2 ၂ သူသည်မိမိပြည်သူတို့အားအုပ်စိုးရန် ဉာဏ်ပညာ၊ အသိပညာနှင့်၊ စွမ်းရည်ကို ထာဝရဘုရား၏ဝိညာဉ်တော်တန်ခိုး အားဖြင့်ရလိမ့်မည်။ သူသည်ထာဝရဘုရား၏အလိုတော်ကိုသိ၍ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေလိမ့်မည်။
その上にヱホバの靈とどまらんこれ智慧聰明の靈謀略才能の靈知識の靈ヱホバをおそるるの靈なり
3 ၃ ကိုယ်တော်အားကြောက်ရွံ့ရိုသေမှု၌လည်း မွေ့လျော်ပျော်ပိုက်လိမ့်မည်။ သူသည်မျက်စိနှင့်မြင်ယုံသို့မဟုတ် တစ်ဆင့်စကားနှင့်ကြားယုံဖြင့်အဆုံး အဖြတ် ပေးလိမ့်မည်မဟုတ်။
かれはヱホバを畏るるをもて歡樂としまた目みるところによりて審判をなさず耳きくところによりて断定をなさず
4 ၄ ဆင်းရဲသားတို့အားဖြောင့်မှန်စွာတရားစီရင်၍ နိမ့်ကျသူတို့၏ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်လိမ့်မည်။ သူပေးသည့်ရာဇသံဖြင့်ပြည်သူတို့သည် ဒဏ်သင့်ကြလိမ့်မည်။ ဆိုးညစ်သူတို့သည်လည်း သေရကြလိမ့်မည်။
正義をもて貧しき者をさばき公平をもて國のうちの卑しき者のために斷定をなしその口の杖をもて國をうちその口唇の氣息をもて惡人をころすべし
5 ၅ သူသည်မိမိပြည်သူတို့အားမျှတဖြောင့် မတ်စွာ အုပ်စိုးလိမ့်မည်။
正義はその腰の帯となり忠信はその身のおびとならん
6 ၆ ဝံပုလွေများသည်သိုးတို့နှင့်အတူ အေးချမ်းစွာ နေကြလိမ့်မည်။ ကျားသစ်များသည်လည်းဆိတ်ငယ်များနှင့် အတူ အိပ်ကြလိမ့်မည်။ နွားသူငယ်များနှင့်ခြင်္သေ့များ၊ အတူတူအစာစားကြလျက် သူတို့အားကလေးသူငယ်များကထိန်းကျောင်း လိမ့်မည်။
おほかみは小羊とともにやどり豹は小山羊とともにふし犢をじし肥たる家畜ともに居てちひさき童子にみちびかれ
7 ၇ နွားမများနှင့်ဝက်ဝံမတို့သည်အတူတူ အစာစားကြလိမ့်မည်။ သူတို့၏သားငယ်များသည်လည်း အတူတူအေးချမ်းစွာနေကြလိမ့်မည်။ ခြင်္သေ့တို့သည်ကျွဲနွားများကဲ့သို့မြက်ကို စားလိမ့်မည်။
牝牛と熊とはくひものを同にし熊の子と牛の子とともにふし獅はうしのごとく藁をくらひ
8 ၈ အကယ်၍နို့စို့ကလေးသည်မြွေဆိုးတွင်းဝ၌ပင် ကစားစေကာမူ ဘေးအန္တရာယ်ရောက်ရလိမ့်မည်မဟုတ်။
乳兒は毒蛇のほらにたはふれ乳ばなれの兒は手をまむしの穴にいれん
9 ၉ ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့် ဇိအုန်တောင်တော်ပေါ်၌ ဘေးအန္တရာယ်ဖြစ်စေသည့်အရာသို့မဟုတ် ဆိုးညစ်သည့်အရာတစ်စုံတစ်ခုမျှ ရှိလိမ့်မည်မဟုတ်။ ပင်လယ်များသည်ရေနှင့်ပြည့်လျက်နေသကဲ့သို့၊ ထိုပြည်တော်သည်လည်းထာဝရဘုရားအား သိကျွမ်းမှုအသိပညာနှင့်ပြည့်ဝ၍နေလိမ့် မည်။
斯てわが聖山のいづこにても害ふことなく傷ることなからんそは水の海をおほへるごとくヱホバをしるの知識地にみつべければなり
10 ၁၀ ဒါဝိဒ်မင်းဆက်မှပေါ်ထွန်းလာသည့်ဘုရင် သည် လူမျိုးတကာတို့အဖို့အချက်ပြအမှတ် လက္ခဏာတစ်ရပ်ဖြစ်သည့်အချိန်ကာလကျ ရောက်လာလိမ့်မည်။ သူတို့သည်သူ၏မြို့တော် သို့လာရောက်စုရုံးကြလျက် သူ့အားဂုဏ်ပြု ချီးမြှင့်ကြလိမ့်မည်။-
その日ヱツサイの根たちてもろもろの民の旂となりもろもろの邦人はこれに服ひきたり榮光はそのとどまる所にあらん
11 ၁၁ ထိုနေ့ရက်ကာလကျရောက်လာသောအခါ ထာဝရဘုရားသည် မိမိတန်ခိုးတော်ကို အသုံးပြုတော်မူလျက်အာရှုရိပြည်၊ အီဂျစ် ပြည်၊ ပါသရုပြည်၊ ဆူဒန်ပြည်၊ ဧလံပြည်၊ ဗာဗုလုန်ပြည်၊ ဟာမတ်ပြည်၊ ပင်လယ်ကမ်း ခြေဒေသများနှင့်ကျွန်းများတွင် ကျန်ရှိ နေသေးသောဣသရေလအမျိုးသားတို့ အားမိမိတို့ဌာနေသို့ပြန်လည်ပို့ဆောင် တော်မူလိမ့်မည်။-
その日主はまたふたたび手をのべてその民ののこれる僅かのものをアツスリヤ、エジプト、パテロス、エテオピア、エラム、シナル、ハマテおよび海のしまじまより贖ひたまふべし
12 ၁၂ မိမိသည်ကွဲလွင့်လျက်နေသောဣသရေလ ကိုလည်းကောင်း၊ ပြန့်ကျဲနေသောယုဒလူမျိုး တို့အား ကမ္ဘာမြေပြင်အရပ်လေးမျက်နှာမှ ပြန်လည်စုသိမ်းလျက်နေတော်မူကြောင်း ကိုလည်းကောင်း ဖော်ပြရန်ထာဝရဘုရား သည်အချက်ပြအလံတော်ကိုလွှင့်ထူ တော်မူလိမ့်မည်။-
ヱホバは國々の爲に旂をたててイスラエルの逐やられたる者をあつめ地の四極よりユダの散失たるものを集へたまはん
13 ၁၃ ဣသရေလပြည်သူတို့သည်၊ ယုဒပြည်သူ တို့အပေါ်တွင်ငြူစူစိတ်ရှိကြတော့မည် မဟုတ်။ ယုဒပြည်သူတို့သည်လည်းဣသရေ လပြည်သူတို့၏ရန်ဘက်ဖြစ်ကြတော့မည် မဟုတ်။-
またエフライムの猜はうせユダを惱ますものは斷れエフライムはユダをそねまずユダはエフライムを惱ますことなかるべし
14 ၁၄ ထိုပြည်သူနှစ်ရပ်တို့သည်ပူးပေါင်း၍ အနောက်ဘက်ရှိဖိလိတ္တိအမျိုးသားတို့ အားတိုက်ခိုက်၍ အရှေ့ပြည်တွင်နေထိုင် ကြသူတို့၏ဥစ္စာပစ္စည်းများကိုလုယူကြ လိမ့်မည်။ သူတို့သည်ဧဒုံအမျိုးသားများ နှင့်မောဘအမျိုးသားတို့ကိုအနိုင်ရ၍ အမ္မုန်အမျိုးသားတို့အားလည်းမိမိတို့ ၏သြဇာခံဖြစ်စေကြလိမ့်မည်။-
かれらは西なるペリシテ人の境にとびゆき相共にひがしの子輩をかすめその手をエドムおよびモアブにのべアンモンの子孫をおのれに服はしめん
15 ၁၅ ထာဝရဘုရားသည်လေပူကိုတိုက်စေ၍ စူးအက်ပင်လယ်ကွေ့နှင့်ဥဖရတ်မြစ်တို့ကို ခန်းခြောက်စေတော်မူပြီးလျှင် မည်သူမဆို လမ်းလျှောက်ကျော်ဖြတ်နိုင်သည့်ချောင်းငယ် ကလေးခုနစ်ခုသာလျှင် ကျန်ရှိစေတော် မူလိမ့်မည်။-
ヱホバ、エジプトの海汊をからし河のうへに手をふりて熱風をふかせその河をうちて七の小流となし履をはきて渉らしめたまはん
16 ၁၆ အီဂျစ်ပြည်မှဣသရေလအမျိုးသားတို့ ထွက်ခွာလာစဉ်အခါကကဲ့သို့ပင် အာရှုရိ ပြည်တွင်ကျန်ရှိနေသေးသူကိုယ်တော်၏လူ မျိုးတော်ထွက်ခွာရန်အတွက်လမ်းမကြီး တသွယ်ကိုဖြစ်ပေါ်စေတော်မူလိမ့်မည်။
斯てその民ののこれる僅かのものの爲にアツスリヤより來るべき叫つの大路あり昔しイスラエルがエジプトの地よりいでし時のごとくなるべし